#World_Science
Published 11 November 2024
▪️ ကမ္ဘာပေါ်ကို ဂြိုဟ်သားတွေ လာကြတဲ့ ယူဆချက်တွေဟာ ဆယ်စုနှစ်တွေကြာအောင် ကြားနေခဲ့ရပါတယ်။
▪️ ၁၉၆၀ နဲ့ ၇၀ ဝန်းကျင်တွေမှာ အမျိုးအမည်မသိယာဉ်ပျံတွေ အမေရိကန်ရှိ စစ်စခန်းများပေါ်မှာ ဝဲနေတာကို တွေ့ခဲ့ရတာက ဂြိုဟ်သားကျူးကျော်တာ ဖြစ်နိုင်တယ်လို့ ယူဆစရာဖြစ်လာပါတယ်။
▪️ UFO ပညာရှင်တစ်ဦးက အာကာသယာဉ်တွေဟာ ထိုနှစ်တွေမှာ နျူကလီးယားဒုံးကျည်စခန်းတိုင်းကို သွားရောက်ခဲ့တယ်လို့ အခိုင်အမာ ဆိုလိုက်ပါတယ်။
▪️ အမှုထမ်းဟောင်း ၁၂၀ ကျော်ကို မေးမြန်းရာမှာ နျူကလီးယားလက်နက် သိုလှောင်ရေးနဲ့ စမ်းသပ်နေရာတွေနားမှာ ယာဉ်ပျံတွေ တွေ့ခဲ့တယ်လို့ ဝန်ခံခဲ့ကြတယ်လို့ ဆိုပါတယ်။
▪️ ထိုတွေ့ရှိမှုတွေကို သေချာ မစစ်ဆေးနိုင်ခဲ့ကြဘူးလို့လည်း ဖော်ပြထားပါတယ်။
စစ်စခန်းနေရာတွေနားမှာ UFO တွေ့ခဲ့ကြတာကို အစိုးရမှမှတ်တမ်းသစ်များ ဖော်ပြပြီးနောက်မှာပဲ အခုလို ဆိုလာတာ ဖြစ်ပါတယ်။
▪️ ဒီဇင်ဘာ ၂၀၂၃ တုန်းက Joint Base Langley-Eustis နားမှာ ၁၇ ညအတွင်း UFOအများအပြားကို တွေ့ခဲ့ကြပါတယ်။
▪️ ပင်တဂွန်၊ ရဲတပ်ဖွဲ့၊ နာဆာတို့မှပင် ပါဝင်စုံစမ်းခဲ့ကြပေမယ့် UFOတွေအကြောင်း မတွေ့ရှိခဲ့ကြပါဘူး။
▪️ UFO တွေ့ရှိခြင်းအပေါ် လေ့လာရာမှာ ထိုအရာတွေက နျူကလီးယားအကြောင်း နားလည်သိရှိကြတယ်လို့ ယခုနှစ်ဇွန်လမှာ ဖော်ပြထားပါတယ်။
▪️ အမေရိကန် လေတပ်မှ အငြိမ်းစားဆာဂျင်တစ်ဦးက စစ်အေးကာလက UFOတွေ့ရှိမှု ၅၀၀ ကျော်ကို ဆန်းစစ်ခဲ့ပါတယ်။
▪️ ထောက်ခံချက် အခိုင်အမာရှိပြီး သက်သေအများအပြား တွေ့ထားတဲ့ အချက်အလက်များကိုသာ ထည့်သွင်းစဉ်းစားပါတယ်။
▪️ နျူကလီးယားနဲ့ မဆိုင်တဲ့ စစ်စခန်းတွေမှာ တွေ့ရှိချက်တွေကိုလည်း ထည့်သွင်းထားပါတယ်။
▪️ ၁၉၄၈ ကနေ ၁၉၇၅ အထိ အမေရိကားမှာ နျူကလီးယားအင်အား များလာတာကို အခြားထောက်လှမ်းရေးတွေနဲ့ ဂြိုဟ်သားများ စောင့်ကြည့်နေကြတယ်လို့ သုတေသီများ မှတ်ချက်ပြုခဲ့ပါတယ်။
#Source: WION
#World_Health
Published 10 November 2024
▪️ ကင်ဆာရောဂါဆိုတာ အသက်ကြီးမှ ဖြစ်တဲ့ရောဂါလို့ ထင်ရပေမယ့် အသက် ၅၀ အောက် အမေရိကန်တွေမှာ အဖြစ်များလာတယ်လို့ တွေ့ရှိလာပါတယ်။
ဥပမာအားဖြင့် အူမကြီးကင်ဆာဆိုရင် အသက် ၁၈ နှစ်မှ ၄၄ နှစ်ကြားလူတွေမှာ ၁၅ ရာခိုင်နှုန်း အဖြစ်များလာပါတယ်။
▪️ ဒါကြောင့် အသက်ငယ်လို့ ကင်ဆာမဖြစ်နိုင်ဘူးဆိုတာ မဟုတ်ဘူးလို့ မီချီဂန်တက္ကသိုလ်မှ ပရော်ဖက်ဆာ အယ်လီနာစတိုဖယ်က ပြောပါတယ်။
မီချီဂန်တက္ကသိုလ်မှ ဆရာဝန်များက အသက်စောစီးတဲ့အချိန်မှာ ကင်ဆာဖြစ်နိုင်ခြေ လျှော့ချနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြသွားပါတယ်။
▪️ (၁) ဆရာဝန်နဲ့ တိုင်ပင်ပါ မိသားစုတွေထဲမှာ အူမကြီးကင်ဆာ ဖြစ်ဖူးတဲ့သူတွေအကြောင်း ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
ဒါ့အပြင် ပုံမှန်မဟုတ်တဲ့ လက္ခဏာများကိုလည်း ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရမှာ ဖြစ်ပါတယ်။
▪️ (၂) ဆေးလိပ်ဖြတ်ပါ ဆေးလိပ်သောက်ခြင်းဟာ အမေရိကန်မှာ ကင်ဆာဖြစ်ပွားမှုအားလုံးရဲ့ ၂၀ ရာခိုင်နှုန်း သက်ဆိုင်နေပြီး ကင်ဆာကြောင့် သေဆုံးခြင်းရဲ့ ၃၀ ရာခိုင်နှုန်းနီးပါး ရှိနေပါတယ်။
▪️ ဆေးလိပ်ပစ္စည်းများ ရောင်းချခြင်းကို ပိတ်ပင်လိုက်ပါက နှစ် ၇၀ အတွင်း ကမ္ဘာပေါ်မှာ အဆုတ်ရောဂါကြောင့် သေဆုံးနိုင်သူ ၁.၂ သန်းကို ကာကွယ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
▪️ (၃) အရက်သေစာလျှော့ပါ အယ်လ်ကိုဟောကို အနည်းငယ်မျှ သောက်လျှင်ပင် ကျန်းမာရေး ထိခိုက်စေပါတယ်။
▪️ အယ်လ်ကိုဟောကြောင့် ခန္ဓာကိုယ်ကနေ အာဟာရဓာတ်များ စုပ်ယူနိုင်စွမ်း ခက်ခဲစေပြီး အသည်းထိခိုက်စေပါတယ်။
▪️ (၄) ကျန်းမာရေးညီညွတ်စွာ စားပါ အဆီများခြင်း၊ အမျှင်နည်းခြင်းတို့က အူမကြီးကင်ဆာဖြစ်နိုင်ခြေ များစေပါတယ်။
▪️ ဒီအစား ကောက်ပဲသီးနှံများ၊ အသီး၊ အရွက်တို့ကို ပိုစားသင့်ပြီး အသားကြီးငါးကြီး၊ အဆင့်ဆင့်ထုပ်ပိုးသော အသားများ၊ အချိုဓာတ်တို့ကို လျှော့ချသင့်ပါတယ်။
▪️ (၅) လုံလောက်စွာအိပ်စက်ပါ တစ်ညကို ၇ နာရီမှ ၉ နာရီအထိ အိပ်ချိန်ရှိသင့်ပါတယ်။
▪️ ဒီလိုမဟုတ်ပါက ဟော်မုန်းမညီမျှ ဖြစ်စေပြီး ရင်သား၊ အူမကြီး၊ သားဥအိမ်၊ ဆီးကျိတ်ကင်ဆာများ ဖြစ်နိုင်ခြေ များစေတယ်လို့ တွေ့ရှိထားပါတယ်။
▪️ (၆) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် အဝလွန်ခြင်းကို ကာကွယ်ပေးကာ ကင်ဆာအမျိုးမျိုးမှ ကာကွယ်ပေးပါတယ်။
▪️ ဒါ့အပြင်ဟော်မုန်းများ ထိန်းညှိနိုင်ပြီး အစာခြေစနစ်၊ ကိုယ်ခံအားစနစ်တို့ ကောင်းမွန်စေပါတယ်။
▪️ (၇) နေရောင်ကာလိမ်းပါ
ခရမ်းလွန်ရောင်ခြည် ထိတွေ့ခြင်းဖြင့် အရေပြားကင်ဆာ ဖြစ်နိုင်ပါတယ်။
▪️ SPF 30 အနည်းဆုံးပါတဲ့ နေကာခရင်မ်တွေက ခရမ်းလွန်ရောင်ခြည် ၉၇ ရာခိုင်နှုန်းကို ကာကွယ်ပေးပါတယ်။
▪️ (၈) HPV ရောဂါကာကွယ်ပါ လိင်မှတဆင့်ကူးစက်တဲ့ HPVက အမေရိကန်မှာ နှစ်စဉ် ၁၃ သန်းလောက် ကူးစက်နေပါတယ်။
▪️ ဒီရောဂါကြောင့် ဦးခေါင်းနဲ့ လည်ပင်းကင်ဆာတို့ ဖြစ်နိုင်ပါတယ်။
▪️ (၉) လေထုရေထုညစ်ညမ်းမှုမှ ရှောင်ကြဉ်ပါ အိမ်တွင်းလေထု သန့်ရှင်းစေရန် လေစစ်ပစ္စည်းများ တပ်ဆင်သင့်ပြီး ရေထဲမှာလည်း ညစ်ညမ်းမှုန် ပါဝင်မှုကို စစ်ဆေးသင့်ပါတယ်။
Source: New York Post.
#World_Health
Published 10 November 2024
▪️ ယမန်နှစ်က ကမ္ဘာတဝှမ်းမှာ တီဘီရောဂါ တွေ့ရှိသူ ၈ သန်းကျော်ရှိခဲ့ပြီး WHO စောင့်ကြည့်ခဲ့သမျှထဲမှာ အများဆုံးဖြစ်ခဲ့ပါတယ်။
▪️ ယမန်နှစ်က တီဘီရောဂါကြောင့် လူ ၁.၂၅ သန်းသေဆုံးခဲ့ကာ ကမ္ဘာပေါ်မှာ အသေအပျောက်အများဆုံး ကူးစက်ရောဂါ ပြန်ဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။
▪️ ၂၀၂၃ တုန်းက HIV ကြောင့် သေဆုံးသူအရေအတွက်ထက် ၂ ဆနီးပါးလောက် ရှိနေပါတယ်။
▪️ တီဘီရောဂါက အရှေ့တောင်အာရှ၊ အာဖရိကတို့မှာ အများဆုံးဖြစ်ကြပြီး ပစိဖိတ်အနောက်ပိုင်းဖြစ်တဲ့ အိန္ဒိယ၊ အင်ဒို၊ တရုတ်၊ ဖိလစ်ပိုင်၊ ပါကစ္စတန်တို့မှာ တစ်ကမ္ဘာလုံးဖြစ်ပွားမှုရဲ့ တဝက်ကျော်လောက် ရှိနေပါတယ်။
▪️ တီဘီရောဂါကို ကာကွယ်ကုသနည်းတွေ ရှိနေလျက်နဲ့ ကူးစက်သေဆုံးနေကြရတယ်လို့ WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရိုစ်အက်ဒါနွမ်ဂေဘရီယေဆပ်စ်က ဖော်ပြသွားပါတယ်။
▪️ တီဘီကြောင့် သေဆုံးမှုတွေ လျော့ကျနေပေမယ့် နောက်ထပ်ကူးစက်သူတွေတော့ မြင့်တက်နေပါတယ်။
▪️ ယမန်နှစ်က တီဘီဆေးယဉ်ပါးလူနာပေါင်း ၄ သိန်းကျော်ရှိမယ်လို့ ခန့်မှန်းရကာ တဝက်အောက်လောက်သာ ရောဂါတွေ့ရှိကုသနိုင်ခဲ့ပါတယ်။
▪️ တီဘီရောဂါဟာ လေထဲက ဘက်တီးရီးဘားကြောင့် ကူးစက်ပြီး အဆုတ်ကို အများဆုံးထိခိုက်ပါတယ်။
▪️ ကမ္ဘာပေါ်မှာ တီဘီရောဂါဖြစ်ပွားသူ ၄ ပုံ ၁ ပုံရှိမယ်လို့ ခန့်မှန်းရပြီး ၅-၁၀ ရာခိုင်နှုန်းကသာ ရောဂါလက္ခဏာ ပေါ်ပါတယ်။
▪️ တီဘီစစ်ဆေးကိရိယာတွေကို ဆင်းရဲနိုင်ငံများမှာပါ အသုံးပြုနိုင်အောင် ထုတ်လုပ်ပေးဖို့ အမေရိကန်ကုမ္ပဏီ Cepheid ကို တောင်းဆိုနေကြပါတယ်။
Source: India Today
၉ နိုဝင်ဘာ ၂၀၂၄
ထိုင်းနိုင်ငံ ကမ္ဘာလှည့်ခရီးသွားရဲတွေက ဆမွီးကျွန်းမှာ ကမ္ဘာလှည့်ခရီးသွားတွေကို ဝန်ဆောင်မှုပေးနေတဲ့ အလှ ပြင်ဆရာနှင့် လက်သည်းခြေသည်းအလှပြင်သူ မြန်မာနိုင်ငံသားတော်တော်များများကို ဖမ်းဆီးလိုက်ပါတယ်။ ဘာဖြစ်လို့ဖမ်းဆီးရသလဲဆိုတော့ အဲဒီအလုပ်တွေဟာ ထိုင်းနိုင်ငံသားတွေပဲလုပ်ရမယ့် အလုပ်တွေလို့ သတ်မှတ် ထားလို့ဖြစ်ပါတယ်လို့ ဆိုပါတယ်။
ဆူရတ်သနီပြည်နယ် ခိုဆမွီးခရိိုင်က မာရက်အရပ်က လက်သည်းခြေသည်းအလှပြင်ဆိုင်တစ်ဆိုင်ကို နိုဝင်ဘာ ၈ ရက်က ဝင်ရောက်စစ်ဆေးစဉ် နိုင်ငံခြားခရီးသွားတွေကို ခြေသည်းလက်သည်းအလှပြင်ပေးနေတဲ့ နိုင်ငံခြားသား ငါးဦးကိုတွေ့ရှိဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အဲဒီ ၅ ဦးစလုံးဟာ မြန်မာနိုင်ငံကဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိတဲ့ငါးဦးဟာ မြန်မာနိုင်ငံက အမျိုးသမီး (၃)ဦးနှင့် အမျိုးသား (၂)ဦးတို့ဖြစ်ကြပါတယ်။ အသက် ၂၈ နှစ်အရွယ် ပွင့်၊ အသက် ၂၉နှစ်အရွယ် ဇဝါ၊ အသက် ၂၄နှစ်အရွယ်ခင်ဆိုတဲ့ အမျိုးသမီးတွေဖြစ်ပြီး အမျိုးသားနှစ် ဦးကတော့ အသက် ၂၂နှစ်အရွယ် မော် နှင့် အသက် ၂၉နှစ်အရွယ် ဝင်း တို့ဖြစ်ကြတယ်လို့သိရပါတယ်။
အဲဒီထဲက ဇဝါ၊ မော်တို့ဟာ တရားမဝင် ဝင်ရောက်မှုနှင့်ပါ ဖမ်းဆီးခံရတာဖြစ်ပါတယ်။
သူတို့အားလုံးကို ဘိုဖွတ်ရဲဌာနသို့ ခေါ်ဆောင်သွားပါတယ်။
ယခုတစ်ပတ်ထဲမှာ ကမ္ဘာလှည့်ခရီးသွားရဲတွေ၊ လူဝင်မှုကြီးကြပ်ရေးရဲတွေနှင့် ဒေသအလိုက် ရဲတပ်ဖွဲ့တွေဟာ ထိုင်းရဲချုပ် ရဲဗိုလ်ချုပ်ကြီး ကစ်ရက်ပန်ဖက်ထံမှ ကဏ္ဍ(၁၀)ခုထဲပါဝင်နေတဲ့ နယ်စပ်ဖြတ်ကျော်မှုခင်းတွေနှင့် တရားမဝင်အလုပ်သမားတွေကို နှိမ်နှင်းဖို့ အမိန့်ရရှိခဲ့ကြပါတယ်။
အဲဒီ ကဏ္ဍ (၁၀)ခုကတော့
၁။ ခရီးသွားလုပ်ငန်းနှင့် ဧည့်လမ်းညွှန်ဥပဒေကိုချိုးဖောက်တဲ့ အရည်အသွေးနိမ့် ခရီးသွားလုပ်ငန်း
၂။ အရည်အသွေးမမီပစ္စည်းတွေနှင့် ဝန်ဆောင်မှုတွေကို ဈေးကြီးကြီးနှင့် လိမ်ညာရောင်းချတဲ့လုပ်ငန်း
၃။ ယာဉ်နှင့်ဆက်စပ်ဆောင်ရွက်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေကိုခေါင်းပုံဖြတ်တဲ့လုပ်ငန်း
၄။ တရားမဝင်ဖျော်ဖြေရေးလုပ်ငန်း
၅။ ယာဉ်ကြောစီမံခန့်ခွဲတဲ့လုပ်ငန်း
၆။ ကမ္ဘာလှည့်ခရီးသွား နေရာတွေမှာ မူးယစ်ဆေးဝါးရောင်းချခြင်းလုပ်ငန်း
၇။ နယ်စပ်ဖြတ်ကျော်မှုခင်းများနှင့်တရားမဝင်ဝင်ရောက်ခြင်း
၈။ မတော်တဆထိခိုက်မှုနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအန္တရာယ်ကင်းရှင်းရေး စံနှုန်းများ
၉။ ကမ္ဘာလှည့်တွေအပေါ် ထိခိုက်တဲ့ မှုခင်းကြီးများ
၁၀။ ကမ္ဘာလှည့်ခရီးသွားနေရာတွေမှာ လူသိများပုဂ္ဂိုလ်တွေက လက်နက်တွေကိုင်ဆောင်ခြင်း
#ymg/knl
ရေကြီးမှုကြောင့် အနည်းဆုံး ၁၂၇ ဦးသေဆုံးကာ ၈၉ ဦး ပျောက်ဆုံးနေပါတယ်။
စီးပွားရေးအရ ပျက်စီးဆုံးရှုးမှု ယူရိုငွေ ၁၀ ဘီလီယံကျော်တယ်လို စပိန်အစိုးရက ထုတ်ပြန်ထားကာ ပြန်လည်တည်ဆောက်ရေးတွေ ပြုလုပ်ဖို ခက်ခဲနေပါတယ်။
ကယ်ဆယ်ရေးနဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် အစိုးရက ရဲအရာရှိနဲ့ စစ်သားပေါင်း ၁၅၀၀၀ ကို စေလွှတ်ထားပါတယ်။
#World_News
Published 9 November 2024
#စပိန်နိုင်ငံဗလင်စီယာ #ရေကြီးမှုကြောင့်၈၉ ဦးပျောက်ဆုံး
#Daily_News
Published 9 November 2024
၁။ရာသီဥတုအခြေအနေအရ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရက်ပြောင်းလဲ
၂။အောက်တိုဘာလအတွင်း ဆန်နှင့် ဆန်ကွဲ တန်ချိန်လေးသိန်းကျော်တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်လျာထားချက်ထက်ကျော်လွန်ခဲ့
၃။လေအေးနှင့်လေနွေးတွေ့ဆုံမှုအပြင် လေဖိအားနည်းရပ်ဝန်းထပ်မံဖြစ်ပေါ်မည်ဖြစ်၍မိုးသည်းထန်ပြီးလေပြင်းတိုက်ဦးမည်
၄။ ရေဘေးဒဏ်ခံခဲ့ရသည့်စပိန်နိုင်ငံဗလင်စီယာတွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းပြုလုပ်နေ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#World_News
Published 09 November 2024
▪️ မြောက်ကိုရီးယားဟာ စနေနေ့အထိ ၂ ရက်တိုက် နယ်စပ်နားတဝိုက်မှ GPS အချက်ပြစနစ်တွေကို နှောင့်ယှက်နေတယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောလိုက်ကာ လေယာဉ်ခရီးစဉ်များနဲ့ သင်္ဘောသွားလာမှုများကို သက်ရောက်နေပါတယ်။
▪️ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်များကို ဆက်လက်ဖော်ဆောင်နေပြီး အီလက်ထရွန်နစ်နဲ့ စိတ်ဓာတ်ရေးရာ တိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် ကိုရီးယားနှစ်နိုင်ငံကြား တင်းမာမှုမြင့်တက်နေပါတယ်။
▪️ ကဲဆောင်နယ်စပ်မြို့နဲ့ အနီးနားရှိ ဟဲဂျူမြို့နားတဝိုက်မှာ သောကြာနေ့နဲ့ စနေနေ့တို့ကနေ GPS အချက်ပြစနစ်တွေကို မြောက်ကိုရီးယားတို့ နှောင့်ယှက်ခဲ့သဖြင့် အရပ်ဘက်လေယာဉ်ဒါဇင်ခန့်နဲ့ သင်္ဘောအများအပြား သွားလာမှု အနှောင့်အယှက် ဖြစ်ရတယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ကြေညာလိုက်ပါတယ်။
▪️ အနောက်ဘက်နယ်စပ်နားတဝိုက်က လေယာဉ်များနဲ့ သင်္ဘောများကို သတိပေးထားပေမယ့် မြောက်ကိုရီးယားတို့ GPS တွေကို ဘယ်လောက်အထိ နှောင့်ယှက်နေလဲဆိုတာတော့ အတိအကျ မဖော်ပြပါဘူး။
▪️ GPS နှောင့်ယှက်မှု ဖြစ်စေတာတွေကို ချက်ချင်းရပ်ဆိုင်းရန် မြောက်ကိုရီးယားကို တိုက်တွန်းလိုပြီး ဖြစ်လာတဲ့ အကျိုးဆက်များအတွက် အပြည့်အဝတာဝန်ယူရန် အပြင်းအထန် သတိပေးလိုကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ထုတ်ပြန်ထားပါတယ်။
▪️ နှစ်စဉ် လူပေါင်း ၅၆ သန်းနဲ့ ကုန်ပစ္စည်းတန်ချိန် ၃.၆ သန်း သယ်ယူပို့ဆောင်နေတဲ့ အင်ချွန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဟာ မြောက်ကိုရီးယားကနေ ၁၀၀ ကီလိုမီတာအောက်သာ ကွာဝေးပါတယ်။
▪️ အခုထက်ထိတော့ လေကြောင်းမတော်တဆမှုကြီးတွေ မဖြစ်သေးပေမယ့် GPS နှောင့်ယှက်မှုကြောင့် လေယာဉ်များ မြင်ကွင်းအားနည်းသွားနိုင်ကြောင်း၊ ဒါဟာ နိုင်ငံတကာ လမ်းကြောင်းဘေးကင်းရေး စည်းမျဉ်းများကို ချိုးဖောက်ရာကျကြောင်း တောင်ကိုရီးယား သုံးသပ်ရေးသမား ဆော့ဂျွန်ယွန်းက ဖော်ပြထားပါတယ်။
▪️ ကင်မ်ဂျုံအန်းဟာ ယခုနောက်ပိုင်းနှစ်တွေမှာ တောင်ကိုရီးယားအစိုးရအပေါ် မကျေနပ်မှုတွေ ပြသလာပြီး ကိုရီးယားနှစ်နိုင်ငံ သင့်မြတ်ရေး သဘောတူညီချက် စွန့်လွှတ်တာတွေ၊ တောင်နဲ့ဆက်စပ်နေတဲ့ ရထားလမ်းတွေ ဖောက်ခွဲပစ်တာတွေ၊ တိုက်ချင်းပစ်ဒုံးကျည်သစ် စမ်းသပ်တာတွေ ပြုလုပ်ခဲ့ပါတယ်။
#Source: AP News
ရန်ကုန်မြို့မှာသုံးရက်ကြာကျင်းပနေတဲ့ တန်ဆောင်တိုင်ဈေးရောင်းပွဲတော်မှာ မြေပဲဆီနဲ့ နှမ်းဆီတွေအကန့်အသတ်မရှိ ရောင်းချပေးနေတာကြောင့် လွတ်လပ်စွာ ဝယ်ယူနိုင်ပြီလို့ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းက သိရပါတယ်။
#Local_News
Published 9 November 2024
#တန်ဆောင်တိုင်ဈေးရောင်းပွဲတော် #မြေပဲဆီနှင့်နှမ်းဆီရောင်းချပေး
#YMG/NN #Yangon_Times
လေအေးနဲ့လေနွေးတွေ့ဆုံမှုအပြင် လေဖိအားနည်းရပ်ဝန်းထပ်ဖြစ်လာပြီး မိုးသည်းဦးမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 9 November 2024
#လေအေးနဲ့လေနွေးတွေ့ဆုံ #မိုးသည်းဦးမည်
#YMG/tthl #Yangon_Times
ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လတာအတွင်း ဆန်နဲ့ ဆန်ကွဲ တန်ချိန်လေးသိန်းကျော်တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်လျာထားချက်ထက်ကျော်လွန်ခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 9 November 2024
#ဆန်နှင့်ဆန်ကွဲ #ပို့ကုန်လျာထားချက်ထက်ကျော်လွန်
#YMG/NN #Yangon_Times
တောင်ကြီးတန်ဆောင်တိုင်ရိုးရာ မီးပုံးပျံပြိုင်ပွဲကိုရာသီဥတုအခြေအနေအရ မူလက ကျင်းပမယ့်နိုဝင်ဘာလ(၉)ရက်မှာ မကျင်းပဖြစ်ဘဲ နောက်နှစ်ရက်ဆုတ်ကာ နိုဝင်ဘာ(၁၁)ရက်နေ(၁၇)ရက်အထိရက်အထိပြောင်းလဲကျင်းပသွားမှာဖြစ်ပါတယ်။
#Local_News
Published 9 November 2024
#ရာသီဥတုအခြေအနေ #တောင်ကြီးတန်ဆောင်ရက်ပြောင်း
#YMG/tthl #Yangon_Times
#Local_News
Published 9 November 2024
▪️ ဧရာဝတီတိုင်းဒေသကြီး၊ကျိုက်လတ်မြို့၌ မိုးသည်းထန်စွာရွာသွန်း၍
သစ်ပင်များ လဲကျမှုများယနေ့မနက်အစောပိုင်း၌ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှသိရသည်။
▪️ နိုဝင်ဘာ ၈ ရက်နေ့၊ မနက် ၄နာရီ၂၂မိနစ် အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ (၆)ဖြတ်လမ်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေသားပျော့အိမှုကြောင့်လမ်းမပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ကျိုက်လတ်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ခုတ်ထွင်ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မနက် ၅နာရီ အချိန်တွင်ရှင်းလင်းပြီးစီးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 484 of 1934