#Local_News
Published 14 May 2025
▪️ ဝန်ထမ်းများ အခက်အခဲမရှိ တာဝန်ထမ်းဆောင်နိုင်ရန်အတွက် မိုးမကျမီ ယာယီရုံးအဆောက်အအုံများ အမြန်တပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှသိရသည်။
▪️ ပြည်ပနိုင်ငံများမှ ပေးပို့လှူဒါန်းသည့် Modular (Prefabricated) Office/House များအနက်မှရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှတစ်ဆင့် မီးရထားအတွဲ ၂၇ တွဲဖြင့် နေပြည်တော် ရွာတော်ဘူတာသို့ Modular (Prefabricated) Office/House စုစုပေါင်းအလုံး ၂၀၀ ထပ်မံရောက်ရှိလာကြောင်း၊ထို Modular (Prefabricated) Office/House အလုံး ၂၀၀ ကို မီးရထားပေါ်မှ ကရိန်းကားများဖြင့် မော်တော်ယာဉ်များပေါ်သို့ စနစ်တကျတင်ဆောင်နေမှု၊ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ သယ်ယူပို့ဆောင်နေမှုအခြေအနေများ၊ Modular (Prefabricated) Office/ House များ စနစ်တကျနေရာချထားမှုအခြေအနေတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်နှင့်အတူလိုက်လံစစ်ဆေးပြီး အန္တရာယ်ကင်းရှင်းစွာသယ်ဆောင်နိုင်ရေးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ အချိန်မီရောက်ရှိအောင် ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သိရသည်။
▪️ မေလ ၁၃ ရက်တွင် ထပ်မံရောက်ရှိလာသည့် Modular (Prefabricated) Office/House စုစုပေါင်းအလုံး ၂၀၀ အနက် Modular (Prefabricated) Office ၁၆ လုံးကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသို့ နှစ်လုံး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသို့ လေးလုံး၊ အလုပ်သမားဝန်ကြီးဌာနသို့ ခြောက်လုံး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လေးလုံးဖြန့်ဝေပေးပို့မည်ဖြစ်ပြီး Modular (Prefabricated) House ၁၈၄ လုံးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ ၁၀၄ လုံး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသို့အလုံး ၄၀ ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ အလုံး ၄၀ ဖြန့်ဝေပေးပို့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times