22 February 2024
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖေဖော်ဝါရီလ ၂၂ရက်၊နံနက် (၁၁:၄၀) နာရီ အချိန်ခန့်တွင် ဓာတ်အားစနစ် ချို့ယွင်းမှုဖြစ်ပေါ် သွားကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းYESC မှ သိရသည်။
ယင်းကဲ့သို့ ဓာတ်အားစနစ် ချို့ယွင်းမှုဖြစ်ပေါ် သွားပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာယီဓာတ်အားပြတ်တောက်နေပါ ကြောင်းနှင့် ဓာတ်အားပြန်လည် ပေးနိုင်ရေး အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေး ပန်ကြားအပ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
တာမွေမြို့နယ် YESCမှလည်း မီးသုံးစွဲသူမိဘပြည်သူများသို့အသိပေးပန်ကြားခြင်း (၂၂.၂.၂၀၂၄)ရက်နေ့ (၁၁:၄၀)ခန့်အချိန်တွင် SystemBreakdown ဖြင့် တာမွေတစ်မြို့နယ်လုံး ဓာတ်အားပြတ်တောက်နေပါကြောင်း အသိပေးပန်ကြားအပ်ကြောင်း ဖော်ပြထားသည်။
သင်္ဃန်းကျွန်းမြို့နယ် YESCမှလည်း22-2-24 (11:40)SYSTEMချို့ယွင်းမှု ဖြစ်၍သင်္ဃန်းမြို့နယ်အတွင်းရှိခွဲရုံများအားလုံး ယာယီဓာတ်အားပြတ်တောက်နေကြောင်း အသိပေးထားပြီး မြို့နယ်အသီးသီးတွင် လျှပ်စစ်ဓာတ်အားများယာယီပြတ်တောက်နေကြောင်းနှင့်အချိန်မီ ပြုပြင်သွားမည်ဖြစ်ကြောင်း YESC၏ထုတ်ပြန်ချက်အရ သိရသည်။
Yangon Times/tthl
#Local_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ပုံမှန်တစ်ရက်ကို(၃)(၄)ကြိမ်မှ အခုရက် ပိုင်းမှာ တစ်ရက်တည်းကို မီး(၁၀)ကြိမ်လောင် ကျွမ်းသည့်အထိ ကြုံလာတယ်။
ပူပြင်းခြောက်သွေ့လာတဲ့အတွက် မီးကြွင်းမီးကျန်တွေကနေတစ်ဆင့် နေအိမ်လောင်ကျွမ်းတာ အများဆုံးဖြစ်ပြီး ကားမီးလောင်တာ၊ ဂိမ်းစက်၊ ခြင်ဆေးခွေ၊ ကိုင်းတောနဲ့ စက်ရုံမီးလောင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး
Yangon Times/tthl
#Local_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရှမ်းတောင်ရှိ အရှူံးပေါ်နေသည့် မုန်ညှင်းနှင့် အခြားဟင်းသီးဟင်းရွက်များအား နောက်ဆုံးဈေးကွက်ဖြင့် ချိတ်ဆက်ပေးနေ
'ဒီနှစ်က အောင်ပန်းဈေးကွက်က ဈေးမရတာကြောင့် တစ်ချို့အခင်းတွေဒီတိုင်းပဲပစ်လိုက်ရတာ တွေ့ရတယ်၊တစ်ချို့ကားလေးတွေနဲ့ တစ်အိတ်လောက်ဖြစ်ဖြစ် လိုက်ရောင်းတာရှိတယ်၊ ထွက်တဲ့ကုန်ချိန်နဲ့ဆိုရင် ဈေးကွက်ကြီးတစ်ခုကိုသွားမှဖြစ်မယ်ဆိုပြီး နောက်ဆုံး ဈေးကွက်နဲ့ချိတ်ဆက်ပေးတာပါ'
Yangon Times/NN
#Local_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ကောင်စစ်ဆိုင်ရာ လျှောက်ထားသူများအနေနဲ့ လျှောက်ထားမှုအလိုက် သံရုံးငွေ စာရင်းသို့ ငွေပေးသွင်းရာမှာ မိမိပေးသွင်းရတဲ့ ငွေပမာဏ အတိ အကျကိုသာ ပေးသွင်းကြဖို့ လိုအပ်တယ်။
Yangon Times/tthl
#Local_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 22 February 2024
ဂါဇာတောင်ပိုင်းရှိ ရာဖာမြို့ကို အစ္စရေးလ်က အပြင်းအထန် တိုက်ခိုက်နေရာ လူတစ်ဒါဇင်ကျော်ရှိတဲ့ မိသားစုကြီးတစ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြောင်း ဒေသခံများ ပြောကြားလိုက်ပါတယ်။
စစ်ပွဲကြောင့် ယခုအချိန်ထိ ပါလက်စ်တိုင်းဘက်မှ ၂၉၃၁၃ ဦးသေဆုံထားကြောင်း ဂါဇာကျန်းမာရေး ဝန်ကြီးဌာနမှ ကြေညာထားပါတယ်။
စစ်ပွဲရပ်ဆိုင်းရေးအတွက် အမေရိကန်၊ အီဂျစ်၊ ကာတာတို့ ဆွေးနွေးမှုများပြုလုပ်နေရာ ဂါဇာမှာ ဟားမတ်စ်တို့ဖမ်းဆီးထားတဲ့ ဓားစာခံများ လွှတ်ပေးရေး အစောပိုင်းတိုးတက်မှု အရိပ်အယောင်များ မြင်တွေ့လာရတယ်လို့ အစ္စရေးလ် စစ်ပွဲဝန်ကြီးများအဖွဲ့ဝင် ဘင်နီဂန့်ဇ်က ပြောကြားလိုက်ပါတယ်။
ရာဖာမြို့မြောက်ဘက်ရှိ ခန်းယူနစ်မှာ အစ္စရေးလ်စစ်တပ်က စစ်ဆင်ရေးများ မြှင့်တင်လုပ်ဆောင်နေတယ်လို့ ဆိုလိုက်ကာ ရာဖာကို တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး မဖော်ပြထားပါဘူး။
ရာဖာမြို့ထဲ လူပေါင်း ၁ သန်းခွဲခန့် ရောက်နေတယ်လို့ ခန့်မှန်းရကာ အများစုက အစ္စရေးလ်စစ်တပ် သတ်ဖြတ်တာတွေကနေ ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။
အီဂျစ်ကနေ ဂါဇာကိုဝင်လာတဲ့ အကူအညီတွေဟာ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ကုန်ခမ်းလာပြီး ဘေးကင်းလုံခြုံမှုလည်း မရေရာတာကြောင့် စားနပ်ရိက္ခာဖြန့်ဝေရန် ပိုမိုခက်ခဲလာကြောင်း ကုလသမဂ္ဂက ဆိုပါတယ်။
ရာဖာမြို့ခံတွေက စာမက်ဆေ့ချ်ဖြင့် သတင်းပေးပို့ရာမှာ အစ္စရေးလ်လေကြောင်း တိုက်ခိုက်မှု များစွာဖြစ်နေပြီး ပေါက်ကွဲမှုကြီးများ ဖြစ်ပေါ်နေကြောင်း ကမ်းခြေတွေမှာလည်း ရေတပ်သင်္ဘောတွေက ပစ်ခတ်နေကြကြောင်း ဆိုကြပါတယ်။
တိုက်ခိုက်မှုပြီးဆုံးပြီးနောက် ရာဖာရှိ အယ်လ်နိုအာမိသားစုနေအိမ်ကို ရိုက်တာသတင်းထောက်များ ဗီဒီယိုရိုက်ကူးကြကာ အပျက်အစီးများကြားထဲ အလောင်းတစ်ဒါဇင်ကျော် ထုပ်ပိုးထားတာတွေကို မြင်တွေ့ရပါတယ်။
ဟားမတ်စ်စစ်သွေးကြွတွေက လူနေအိမ်တွေမှာ အကာအကွယ်ယူထားကြတယ်လို့ အစ္စရေးလ်တို့က ပြောထားပေမယ့် ဟားမတ်စ်တို့က ငြင်းဆန်ထားပါတယ်။
တင့်ကားတွေက ကမ်းရိုးတန်းလမ်းမကြီးကို ရောက်ရှိလာကာ ခန်းယူနစ်နဲ့ ရာဖာမြို့ကို ဂါဇာကမ်းမြောင်ကနေ ပိုင်းခြားလိုက်ခဲ့ပေမယ့် ခဏအကြာမှာ ဆုတ်ခွာသွားတယ်လို့ ဒေသခံများက ဆိုပါတယ်။
ဓားစာခံလွတ်မြောက်ရေးမှာ သဘောတူညီချက်အသစ် မရဘူးဆိုရင် မွတ်ဆလင်ဥပုသ်လမှာပင် ဆက်လက်တိုက်ခိုက်နေမယ်လို့ ဘင်နီဂန့်ဇ်က သတိပေးလိုက်ပါတယ်။
Source: Reuters
#World_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 22 February 2024
အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်းနဲ့ လေ့ကျင့်ခန်းပြုလုပ်ရန် ခက်ခဲခြင်းတို့ဟာ အဖြစ်များတဲ့ ကိုဗစ်နောက်ဆက်တွဲ လက္ခဏာများ ဖြစ်နေပြီး ဘာကြောင့်ဖြစ်ရလဲဆိုတာကို သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ဟန်ရှိပါတယ်။
အချို့လက္ခဏာတွေဆိုရင် ပိုမိုကြာရှည်ဆိုးရွားလာကာ လေ့ကျင့်ခန်းပြုလုပ်ပြီးနောက် ခန္ဓာကိုယ်မှာ ဇီဝပြောင်းလဲမှု ဖြစ်လာတာတွေကို တွေ့ရှိလာရပါတယ်။
ကြွက်သားတွေမှာ ပြောင်းလဲလာတာတွေကို မြင်လာရတယ်လို့ အမ်စတာဒမ်မှ ပရော်ဖက်ဆာ မိုက်ကယ်ဗန်ဗက်ဂ်က ပြောပြသွားပါတယ်။
လေ့လာချက်အရ ကိုဗစ်နောက်ဆက်တွဲ ခံစားနေရတဲ့ လူနာတွေမှာ အလွန်အမင်း နွမ်းနယ်ခြင်း၊ ကြွက်သားတည်ဆောက်ပုံ ပြောင်းလဲခြင်း၊ ကြွက်သားထိခိုက်ခြင်းတို့ ခံစားနေရပါတယ်။
လှုပ်ရှားလေ့ကျင့်ခန်း အနည်းငယ် ပြုလုပ်ပြီးနောက် ပင်ပန်းနုံးချည့်သွားတဲ့ လူနာ ၂၅ ဦးနဲ့ ကျန်းမာတဲ့သူ ၂၁ ဦးတို့ကို ၁၅ မိနစ်ကြာ စက်ဘီးစီးခိုင်းခဲ့ပါတယ်။
ထိုလူနာတွေဟာ အထုပ်သယ်ယူခြင်း၊ သွားတိုက်ခြင်းတို့ ပြုလုပ်လျှင်ပင် ပင်ပန်းနေကြပါတယ်။
သူတို့ရဲ့ သွေးနဲ့ ကြွက်သားတစ်ရှူး နမူနာများကို ဆန်းစစ်ကြည့်ရာ ကြွက်သားတစ်ရှူးတွေမှာ အမျိုးမျိုးသော မူမမှန်ပုံများကို တွေ့ရှိခဲ့ကြပါတယ်။
ကြွက်သားတွေထဲက စွမ်းအင်သိုလှောင်ရာ ဆဲလ်တွေဟာ ပုံမှန်အလုပ်မလုပ်တော့ဘဲ စွမ်းအင်ထုတ်လုပ်မှု လျော့ကျသွားကြောင်း လက်ထောက်ပရော်ဖက်ဆာ ရော့ဘ်ဝက်စ်က ရှင်းပြသွားပါတယ်။
သူတို့ရဲ့ ကြွက်သားမျှင်တွေက စွမ်းအင်ကုန်ဆုံးတာ မြန်ဆန်ပြီး အလျင်အမြန် အားကုန်သွားပါတယ်။
ဒါ့အပြင် လေ့ကျင့်ခန်း မလုပ်ခင်နဲ့ လုပ်ပြီးမှာလည်း ကြွက်သားထိခိုက်ခြင်း၊ ရောင်ရမ်းခြင်း၊ သွေးခဲခြင်းတို့ ဖြစ်ကြပါတယ်။
ယခုလို တွေ့ရှိလာခြင်းက ကိုဗစ်နောက်ဆက်တွဲ လက္ခဏာခံစားနေရသူများ အတွက် သင့်လျော်တဲ့ကုသမှုများ ပေါ်ထွက်လာနိုင်ဖွယ် ရှိပါတယ်။
Source: New York Post.
#World_Health
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ပြန်ဝယ်ပေးမည့်လက်နက်များတွင် မြေပြင်မှဝေဟင်ပစ်ဒုံးကျည်များအထိပါဝင်
၂၂ ဖေဖော်ဝါရီ ၂၀၂၄
မြန်မာနိုင်ငံအထဲက လက်နက်ကိုင်သောင်းကျန်းသူ အုပ်စုတစ်စုအတွက် နျူကလီးယားပစ္စည်းများနှင့်မူးယစ်ဆေး ဝါးများ ပြည်ပသို့ရောင်းချပေးပြီး ယင်းတို့အတွက် လက်နက်များပြန်ဝယ်ပေးတဲ့ဂျပန်လူမျိုး ယာကူဇာ ရာဇဝတ် ဂိုဏ်းခေါင်းဆောင်တစ်ဦးကို အမေရိကန်အာဏာပိုင်များက ဖမ်းဆီးတရားစွဲဆိုလိုက်တယ်လို့ နယူးယောက်မှ သတင်းကို ကိုးကားပြီး နိုင်ငံတကာမီဒီယာတွေက ယနေ့ ဖေဖော်ဝါရီ ၂၂ရက်မှာ ဖော်ပြရေးသားကြပါတယ်။
ဒါပေမယ့် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းဆိုတာကိုတော့သတင်းတွေမှာဖော်ပြမထားပါဘူး။
အသက်၆၀အရွယ်ရှိပြီဖြစ်တဲ့ အီဘီဆာဝါနှင့် ၆၁နှစ်အရွယ် ဆင်ဟာဆီရီတို့ဟာ မြန်မာနိုင်ငံမှ လက်နက်ကိုင် သောင်းကျန်သူတစ်ဖွဲ့ကိုယ်စား မြန်မာနိုင်ငံမှယူရေနီယမ်နှင့် လက်နက်အဆင့်ရှိ ပလူတိုနီယမ် ပစ္စည်းတွေနှင့် မူးယစ်ဆေးဝါးတွေရယူရောင်းချကာ လက်နက်တွေပြန်ဝယ်ပေးတဲ့ လျှို့ဝှက်ကြံစည်မှုကို ကျူးလွန် ခဲ့ကြတယ်လို့ လက်ထောက်ရှေ့နေချုပ် မက်သျူးအိုဆန်က ပြောတယ်လို့ ရိုက်တာသတင်းရေးသားပါတယ်။
နျူကလီးယားပစ္စည်းတွေကို အီရန်နျူကလီယားလက်နက်ထုတ်လုပ်ရေးမှာ အသုံးပြုဖို့ဖြစ်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ထားတယ်လို့လည်း အမေရိကန်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌနာရဲ့အကြီးအကဲ အန်နီမီလ်ဂရမ်က ပြော ပါတယ်။ နှစ်ဦးစလုံးကို ရမန်ဖြင့်ချုပ်နှောင်ထားတယ်လို့လည်း သတင်းများကဆိုပါတယ်။
သောင်းကျန်းသူအဖွဲ့အတွက် ဝယ်မယ့်စစ်လက်နက်ထဲမှာ မြေပြင်မှဝေဟင်ပစ်ဒုံးကျည်တွေလည်းပါတယ်လို့ တရားစွဲဆိုချက်မှာဖော်ပြထားပါတယ်။
၂၀၂၀ခုနှစ်ကစပြီး အီဘီဆာဝါဟာ အသွင်ယူထားတဲ့ အရာရှိတစ်ဦးကို သူ့ဆီမှာ နျူကလီးယားပစ္စည်းတွေ အမြောက်အများရောင်းဖို့ရှိတယ်လို့ကြွားဝါပြီး ပုံတွေပါထုတ်ပြခဲ့ပါတယ်။
အဲဒါကြောင့်သူတို့ဟာ ဖမ်းဆီးရမိရေးအတွက်လျှို့ဝှက်စစ်ဆင်ရေးတွေလုပ်နေစဉ်အတွင်း ထိုင်းအာဏာပိုင် တွေကလည်း အမေရိကန်စုံစမ်းထောက်လှမ်းသူတွေကို အဝါရောင်အမှုန့်နှစ်ထုတ်ပ်ကို သိမ်းဆည်းရမိရေး ကူညီပေးခဲ့တယ်လို့ရိုက်တာသတင်းအရသိရပါတယ်။အဲဒီအမှုန့်ကို တရားခံတွေက အဝါရောင်ကိတ်လို့ ခေါ်ကြပါတယ်။
“ နျူကလီးယားနမူနာထဲမှာတွေ့ရတဲ့ ပလူတိုနီယမ်ရဲ့ အိုင်ဆိုတုပ်ဖွဲ့စည်းပုံအရ ယင်းဟာ လက်နက်အဆင့် ဖြစ်တယ်လို့ အမေရိကန်ဓာတ်ခွဲခန်းက အတည်ပြုဆုံးဖြတ်ပါတယ်။ ဆိုလိုတာကတော့ အဲဒါကိုလုံလောက်တဲ့ အရေအတွက်နှင့်သာဆိုရင် နျူကလီးယားလက်နက်ထုတ်ဖို့သင့်လျော်တဲ့အနေအထားဖြစ်နေတယ်” လို့ တရားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အီဘီဆာဝါရဲ့လက်ထောက်တွေထဲက တစ်ဦးက သူတို့ဆီမှာ Thorium-232 ကီလိုနှစ်ထောက်ကျော်နှင့် အဝါရောင်ကိတ်လို့သိကြတဲ့ U3O8 ကွန်ပေါင်းထဲ ယူရေနီယမ် ၁၀၀ကီလိုကျော်ရှိနေတယ်လို့ ပြောခဲ့ပါတယ်။
အီဘီဆာဝါက သူတို့ဟာ မြန်မာနိုင်ငံက လက်နက်ကိုင်သောင်းကျန်းသူတစ်ဖွဲ့ကိုယ်စား လက်နက်တွေ ဝယ်ဖို့အတွက်နျူကလီးယားပစ္စည်းတွေကိုရောင်းဖို့လုပ်တာလို့ စွဲချက်မှာဖော်ပြထားပါတယ်။
မြေပြင်မှဝေဟင်ပစ်ဒုံးကျည်ဝယ်ဖို့ကြိုးစားတဲ့အတွက် အီဘီဆာဝါဟာ ထောင်ဒဏ်အနည်းဆုံး ၂၅နှစ်ကျခံရဖို့ ရှိနေပြီး နျူကလီးယားပစ္စည်းတွေကို နိုင်ငံတကာမှာတရားမဝင်ရောင်းဝယ်မှုအတွက်လည်း ထောင်ဒဏ် အနှစ် (၂၀) အထိကျခံရဖို့ရှိနေပါတယ်။
အီဘီဆာဝါဟာ ယာကူဇာဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်ပြီးသူတို့ဟာ ကမ္ဘာတစ်လွှားမှာ မူးယစ်ဆေးဝါးနှင့်လက်နက်မှောင်ခိုလုပ်နေကြတဲ့ အဆင့်မြင့်မြင့်ဖွဲ့စည်းထားတဲ့ ဂျပန်ရဲ့ရာဇဝတ်ကွန်ယက်ကြီး တစ်ခုဖြစ်တယ်လို့ တရားစွဲဆိုသူတွေက ဖော်ပြကြပါတယ်။
Source: Reuters/AFP
Published 22 February 2024
နာဆာ(NASA)နဲ့ ဂျပန်အာကာသ လေ့လာရေးအေဂျင်စီ(JAXA)တို့က ကမ္ဘာ့ပထမဆုံး သစ်သားဂြိုဟ်တု LignoSat Probe ကို အာကာသသို့ လွှတ်တင်ရန် ကြံရွယ်နေကြပြီး အာကာသဂြိုဟ်တုများ ရေရှည်လည်ပတ်နိုင်ရန် ကြိုးပမ်းလာတာ ဖြစ်ပါတယ်။
အဆိုပါဂြိုဟ်တုကို ကျိုတိုတက္ကသိုလ်မှ သိပ္ပံပညာရှင်များက ဆူမီတိုမိုဖောရက်စ်ထရီ သစ်သားကုမ္ပဏီနဲ့ ပူးပေါင်းဆောက်လုပ်ထားတာ ဖြစ်ပါတယ်။
ဂြိုဟ်တုက ဇီဝပြိုကွဲမှုသဘာဝက ကမ္ဘာကြီးရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို ကူညီပေးနိုင်မယ်လို့ ယူဆနေကြပါတယ်။
ကမ္ဘာမြေရဲ့ လေထုအလွှာဟာ အာကာသယာဥ်တွေ ဂြိုဟ်တုတွေကနေ ထွက်လာတဲ့ သတ္တုအမှုန်များနဲ့ ထိခိုက်ပြီး ကမ္ဘာကြီးရဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတယ်လို့ ကျိုတိုတက္ကသိုလ်မှ ဂျပန်အာကာသ အင်ဂျင်နီယာက ပြောပြခဲ့ပါတယ်။
ထိုသတ္တုတွေက ကမ္ဘာ့အိုဇုန်းလွှာကို ထိခိုက်စေနိုင်ကြောင်း ကျွမ်းကျင်သူများ ယူဆထားပါတယ်။
ဒီအတွက် အာကာသထဲမှာ မလောင်ကျွမ်း မပုပ်မသိုးနိုင်တဲ့ သစ်သားနဲ့ အစားထိုးအသုံးပြုရန် စဥ်းစားလာကြပါတယ်။
နိုင်ငံတကာ အာကာသစခန်းမှာ ယခုနှစ်အစောပိုင်းက သစ်သားနမူနာများဖြင့် အောင်မြင်စွာ စမ်းသပ်ပြီးနောက် ဂြိုဟ်တုကို လွှတ်တင်နိုင်မယ်လို့ ယုံကြည်လာကြပါတယ်။
ကော်ဖီကရား အရွယ်အစားလောက်သာရှိတဲ့ ဂြိုဟ်တုဟာ အာကာသထဲမှာ အနည်းဆုံး ၆ လလောက် လုပ်ဆောင်နေနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
LignoSat ဂြိုဟ်တုကိုသာ အောင်မြင်စွာ လွှတ်တင်နိုင်ပြီး အာကာသထဲမှာ လုပ်ဆောင်နိုင်တယ်ဆိုရင် နောက်ထပ်ဂြိုဟ်တုတွေကို သစ်သားဖြင့် ဆောက်လုပ်လာနိုင်မယ့် အခွင့်အလမ်းများ ရှိလာနိုင်ပါတယ်။
Source: WION.
#World_Science
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
၂၁ ဖေဖော်ဝါရီ ၂၀၂၄
နစကဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း သည် အိန္ဒိယ တပ်မတော်၊ အမှတ်(၃)တပ်မကြီးမှူး ဒုတိယဗိုလ်ချုပ်ကြီး Harjeet Singh Sahi နှင့် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်လုံခြုံရေးပူးပေါင်းဆောင်ရွက်မည့်ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံ နေပြည်တော်သို့ရောက်ရှိနေတဲ့ အိန္ဒိယတပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး Harjeet Singh Sahi ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယနေ့ဖေဖော်ဝါရီ၂၁ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံရာ၌ ယင်းကိစ္စရပ်များကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါ တယ်။
ထိုသို့တွေ့ဆုံကြရာတွင် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးနှင့် ဆက်လက်ပူပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို တိုးမြှင့်ဆောင်ရွက် နိုင်မည့်အခြေအနေများ၊ ၊နှစ်နိုင်ငံနယ်စပ် ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေ များနှင့် ပတ်သက် ၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တွေ့ဆုံပွဲသို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အတူ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဒုတိယဗိုလ်ချုပ်ကြီး Harjeet Singh Sahi နှင့်အတူ အိန္ဒိယစစ်သံမှူး ဗိုလ်မှူးကြီး Jaswinder Singh Gill နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သိရှိရပါတယ်။
@ymg/knl
ဖေဖော်ဝါရီလ အစောပိုင်းက ဆူဒန်နိုင်ငံမှာ အင်တာနက်နဲ့ ဆက်သွယ်ရေး ပြတ်တောက်မှုများကြောင့် ပြည်သူတွေရဲ့ နေရေးထိုင်ရေးကို အလွန်ထိခိုက်နေပါတယ်။
တိုင်းပြည်အတွင်း ပဋိပက္ခဖြစ်ပွားနေတာ ၁၀ လကြာမြင့်နေပြီဖြစ်ရာ ဆက်သွယ်ရေးနဲ့ အင်တာနက်ဝန်ဆောင်မှုများ ပြတ်တောက်နေရတာကြောင့် မြို့တော်ခါတွန်နဲ့ ပတ်ပတ်လည် ဒေသတွေမှာ ဆက်သွယ်ရေး အမှောင်ကျနေရပါတယ်။
#World_Crisis
#Published_ 21 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 21 February 2024
၁။ သင်္ဘောသားများနှင့် ၄င်းတို၏မိသားစုဝင်များ အပတ်စဥ်ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးနိုင်
၂။ ကိုရီးယားတွင်ကျောင်းတတ်ရန် သင်တန်းကြေးများနှင့် ကျောင်းဝင်ကြေးများကို ကြားခံကတဆင့် ပေးသွင်းသူများ သေချာစုံစမ်းပြီးမှသာ ငွေလွဲပေးဖို့ မြန်မာသံရုံး အသိပေး
၃။ ပထမဆုံး မြင်းလေလံပွဲ ကြမ်းခင်းဈေး ကျပ်၃၅သိန်းဖြင့် ပြုလုပ်
၄။ ဆူဒန်နိုင်ငံ တဝှမ်းဆက်သွယ်ရေးနှင့် အင်တာနက်ပြတ်တောက်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၂၁ ဖေဖော်ဝါရီ ၂၀၂၄
ဘန်ကောက်,ဖေဖော်ဝါရီ ၂၁ (ရိုက်တာ)- အကျဉ်းကျနေရာမှ ယခုတစ်ပတ်အတွင်းလွတ်မြောက်လာခဲ့သည့် ထိုင်းနိုင်ငံ၏ အရှိန်အဝါရှိ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝတ်ထရာထံသို့ ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်း ဟွန်ဆန်က ဗုဒ္ဓဟူးနေ့ ဖေဖော်ဝါရီ ၂၁ရက်တွင် သွားရောက်လည်ပတ်ခဲ့ပါတယ်။ ဟွန်ဆန်သည် သက်ဆင် မိမိကိုယ်မိမိပြည်ပသို့ရှောင်တိမ်းနေခဲ့သည့် ၁၅နှစ်တာကာလအတွင်း သူ၏ အရင်းနှီးဆုံးမဟာမိတ်များထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။
နိုင်ငံရေးဟဲဗီးဝိတ်နှင့် ကိုယ်ပိုင်ဟန်နှင့်ဩဇာအာဏာထူထောင်ခဲ့သည့် ဟွန်ဆန်သည် ပြီးခဲ့တဲ့ လက သူ့သားထံ အာဏာလွှဲ မပေးခင်အထိ ကမ္ဘောဒီးယားနိုင်ငံ၏ ဝန်ကြီးချု်အဖြစ် ဆယ်စုနှစ် လေးစုနီးပါးမျှ ကမ္ဘောဒီးယားကို အုပ်ချုပ်ခဲ့ပါတယ်။
သက်ဆင်ပြည်ပြေးဘဝဖြစ်ရှိစဉ်မှာ ဟွန်ဆန်ဟာ သူ့ကို ခိုလှုံစရာပေးခဲ့ပြီး အထူးအကြံပေးအဖြစ်ပါ ခန့်အပ်ခဲ့ပါတယ်။ သက် ဆင်ကို ကမ္ဘောဒီးယားသို့ မကြာခဏလာရောက်ပြီးသူ့မဟာမိတ်တွေနှင့်တွေ့ဆုံခွင့်ကို ဟွန်ဆန်ကပေးခဲ့ပါတယ်။ ဒါဟာ အိမ်နီးချင်းတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းလို့မြင်ကြတဲ့ သက်ဆင်ရဲ့ပြိုင်ဘက်တွေအတွက် အဲဒါတွေက စိတ်တိုစရာဖြစ်ခဲ့ရပါတယ်။
သက်ဆင်ဟာ အသက်အရွယ်နှင့်ကျန်းမာရေးကြောင့် တနင်္ဂနွေနေ့က လွတ်ငြိမ်းခွင့်နှင့် ပြန်လညလွတ်မြောက်လာခဲ့ပါတယ်။ အသက်၇၄နှစ်အရွယ်သက်ဆင်ဟာ အဲဒီကတည်းက ကြိုးသိုင်းပတ်တီး၊ဘီးတပ်ကုလားထိုင်တွေနှင့် တွေ့နေရပါတယ်။ သူနှင့် တွေ့ဆုံခဲ့တဲ့ အကြီးတန်းအရာရှိတစ်ဦးကတော့ “သက်ဆင်ဟာ တကယ့်ကိုနာမကျန်းဖြစ်နေတာ”လို့ပြောခဲ့ပါတယ်။
“ ဝန်ကြီးချုပ်ဟောင်းနှစ်ဦးတွေ့ကြတယ်။ နိုင်ငံရေးအကြောင်းမပြောခဲ့ကြဘူး” လို့ ဟွန်ဆန်က ဖေ့စ်ဘုတ်မှာ ပို့စ်ရေး တင်ပါ တယ်။ ပို့စ်ထဲမှာ ပခုံးသိုင်းပတ်တီးဝတ်ထားပြီး မရွှင်မပျမြင်ရတဲ့ သက်ဆင်နှင့်အတူ ဆိုဖာမှာတွဲထိုင်နေတဲ့ ဓာတ်ပုံလည်း ပါဝင်ပါတယ်။
သက်ဆင်ကျန်းမာရေးအခြေအနေအပြည့်အစုံကို မထုတ်ပြန်တဲ့အတွက် ဝေဖန်သူတွေက သူတကယ်ရော မကျန်းမာတာမှ ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။
သက်ဆင်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လထဲ သူ့ရဲ့ သစ္စာခံ ဆရက်သာ သာဗီဆင် ဝန်ကြီးချုပ်ဖြစ်ပြီး ဟွန်ဆန်ကလည်း အိမ်နီးချင်းကမ္ဘောဒီးယားနိုင်ငံမှာ အာဏာလွှဲပေးလိုက်တဲ့ တစ်ရက်တည်းမှာပဲ မထင်မှတ်ဘဲ ပြည်တော် ပြန်လာခဲ့ပါတယ်။
သက်ဆင်ကို အကျိုးစီးပွားပဋိပက္ခဖြစ်ပြီးအာဏာအလွဲသုံးစားလုပ်မှုနှင့် ထောင်(၈)နှစ်ချခဲ့ပြီး သူ့ရဲ့ အကျဉ်းထောင်ထဲက ပထမညမှာပဲ ရင်ဘတ်အောင့်လာလို့ဆိုကာ ဆေးရုံသို့ရွှေ့ပြောင်းပေးခဲ့ပါတယ်။
အဲဒီနောက်ဘုရင်က သူ့ကို ထောင်ဒဏ်(၁)နှစ်သို့ လျှော့ချပေးခဲ့ပြီး ခြောက်လအကြာမှာ လွတ်ငြိမ်းခွင့်နှင့်လွတ်လာခဲ့တာ ဖြစ်ပါတယ်။
ဟွန်ဆန်ရဲ့အလည်ခရီးဟာ သူတို့ရဲ့ နက်ရှိုင်းလှတဲ့ ပုဂ္ဂိုလ်ရေးချိတ်ဆက်မှုကိုပြသနေပြီး အဲဒါတွေက သက်ဆိုင်ရာ အစိုးရတွေ ဆီ သူတို့ရဲ့ဩဇာလွှမ်းမိုးစေပြီး နှစ်နိုင်ငံဆက်ဆံရေးပိုပြီး ခိုင်မြဲလာမယ့်သဘောရှိတယ်လို့ အကဲဖြတ်တွေကဆိုကြပါတယ်။
“ဒီအလည်အပတ်ခရီးဟာ အရှေ့တောင်အာရှရဲ့ နိုင်ငံရေးလူ့မလိုင်ကို ထင်ဟပ်နေတာဖြစ်တယ်” လို့ ချူလာလောင်ကွန်း တက္ကသိုလ်ရဲ့ နိုင်ငံရေးသိပ္ပံပါမောက္ခ ဆီရီပန်နိုဂူအန်ကပြောပါတယ်။
သူတို့ရဲ့ဆက်ဆံရေးကြောင့် ဆယ်စုနှစ်များစွာရပ်တန့်နေခဲ့တဲ့ နှစ်နိုင်ငံပူးပေါင်းပြီး ကမ်းလွန်ဟိုက်ဒရိုကာဘွန်ရှာဖွေတူးဖော် ရေးလိုမျိုးလုပ်ငန်းတွေလို ခက်ခဲတဲ့ နှစ်နိုင်ငံဆက်ဆံရေးပြဿနာတွေကို ပြန်လည်အစဖော်ရာမှာအကူအညီဖြစ်စေနိုင်မယ် လို့ သုံးသပ်နေကြပါတယ်။
@ymg/knl
Page 485 of 1647