#World_Health
Published 22 August 2024
▪️ ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပြတ်ခြင်း ပြဿနာတွေဟာ မျိုးဗီဇ၊ ဟော်မုန်း အပြောင်းအလဲ၊ ကျန်းမာရေး၊ စိတ်ဖိစီးမှု၊ အာဟာရချို့တဲ့ခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။
▪️ အာယုဗေဒဆေးပင်တွေဟာ ဆံပင်ကျွတ်ခြင်းကို သက်သာစေပြီး ဆံကေသာ ဖွံ့ဖြိုးမှုကို ကောင်းမွန်စေပါတယ်။
▪️ (၁) Amla - ဗိုက်တာမင်-စီနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝပြီး ဆံပင်မွေးညင်းပေါက်တွေကို အားသန်စေကာ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ကာကွယ်ပေးပါတယ်။
▪️ (၂) Bhringraj - ဦးရေပြား သွေးလည်ပတ်မှုကို အားကောင်းစေကာ ဆံကေသာ ဖွံ့ဖြိုးမှု အားကောင်းစေတဲ့အပြင် အေးမြတဲ့အစွမ်းသတ္တိကြောင့် ဖိစီးမှုကို သက်သာစေပါတယ်။
▪️ (၃) Brahmi - ဗောက်သက်သာစေပြီး ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ပေးကာ အေးမြတဲ့သတ္တိကြောင့် ဖိစီးမှု လျော့ကျစေပါတယ်။
▪️ (၄) တမာ - ပိုးမွှားသေစေနိုင်တဲ့ အစွမ်းသတ္တိရှိကာ ဦးရေပြား ရောဂါကူးစက်မှုတွေကို ကာကွယ်ပေးတဲ့အပြင် ဦးရေပြားကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
▪️ (၅) Shikakai - သဘာဝအတိုင်း ဦးရေပြား သန့်စင်ပေးပြီး ဗောက်ထခြင်းမှ ကာကွယ်ပေးကာ ဦးရေပြားအဆီကို ထိန်းသိမ်းပေးပါတယ်။
▪️ (၆) Ashwagandha - ဖိစီးမှုနဲ့ ဟော်မုန်းပြဿနာတို့ကြောင့် ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ပေးပြီး ဦးရေပြား သွေးလှည့်ပတ်မှုကို မြှင့်တင်ပေးပါတယ်။
▪️ (၇) ရှားစောင်းလက်ပက် - ဆံကေသာ ဖွံ့ဖြိုးမှု ကောင်းမွန်စေပြီး ဦးရေပြား pH ကိုညီမျှစေတဲ့ အင်ဇိုင်းများ ပါဝင်ကာ ဦးရေပြားချောမွေ့စေပါတယ်။
#Source: DoctorNDTV
#World_Science
Published 22 August 2024
▪️ တရုတ်ပြည်မှာတွေ့ရတဲ့ ရှားပါးကွဲပြား ဒိုင်နိုဆောမျိုးစိတ်တွေရဲ့ ခြေရာတွေကြောင့် ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်တွေ အံ့အားသင့်နေရပါတယ်။
▪️ ထိုအချိန်က ရေတွေအနီးနားမှာ နေထိုင်ခဲ့တဲ့ ကြက်အရွယ်အစား ဒိုင်နိုဆောတွေရဲ့ ခြေရာတွေဖြစ်တယ်လို့ ဆိုပါတယ်။
▪️ ဒီခြေရာတွေကြောင့် ဒိုင်နိုဆောကနေ ငှက်တွေအဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားပုံ ပဟေဌိကို ဖြေရှင်းပေးနိုင်မယ့် အထောက်အထား ဖြစ်လာပါတယ်။
▪️ ကြက်အရွယ်အစား ဒိုင်နိုဆောတွေမှာ ခြေချောင်း ၃ ချောင်းရှိပြီး လူလက်မထက် မကြီးကြပါဘူး။ ထိုအမျိုးအစားက မီနီဆော်ရီပက်စ်လို့ခေါ်တဲ့ အသေးဆုံး ဒိုင်နိုဆောအဖွဲ့ထဲမှာ ပါဝင်ပါတယ်။
▪️ ဒီအမျိုးအစားတွေကို သူတို့ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ခြေရာတွေကြောင့်သာ ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။
▪️ ဒီခြေရာတွေကို တရုတ်အနောက်မြောက်ပိုင်း ကန်ဆုမှ သိပ္ပံပညာရှင်များ ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။
▪️ မီနီဆောရီပက်စ်တွေက ငှက်တွေရဲ့ ဦးဆုံးတိုက်ရိုက်မျိုးနွယ် မဟုတ်ပေမယ့် ဆင့်ကဲပြောင်းလဲရာမှာ အဓိကပါဝင်နေပါတယ်။
▪️ ခရီတေရှပ်စ်ခေတ် အပူချိန်ပူနွေးတဲ့အချိန်တုန်းက ထိုဒိုင်နိုဆောတွေ ကမ္ဘာပေါ်မှာ လှည့်ပတ်သွားလာနေခဲ့ပါတယ်။
▪️ ထိုအချိန်မှာ တိုင်ရန်နိုဆောရပ်ရက်စ်နဲ့ ထရိုင်ဆရာတော့ပ်စ်လိုမျိုး ဒိုင်နိုဆောအသစ်တွေလည်း ထွက်ပေါ်လာပါပြီ။
▪️ တရုတ်ဘူမိသိပ္ပံတက္ကသိုလ်မှ သုတေသီများက အရွယ်အစား ၁ - ၃ စင်တီမီတာကြားရှိ ခြေချောင်း ၃ ချောင်းပါ ရုပ်ကြွင်းခြေရာ ၅ ခုကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။
▪️ ယင်းတို့ရဲ့ အရွယ်အစားက ၂၅ စင်တာခန့်ရှိပြီး အမြီးက တဝက်ခန့်လောက်ရှိကြောင်း ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင် တွဲဖက်ပရော်ဖက်ဆာ ရှင်လီဒါက ပြောပြပါတယ်။
▪️ ဒီတွေ့ရှိမှုကြောင့် ဒိုင်နိုဆော မျိုးကွဲတွေအကြောင်း ပိုမိုသိရှိလာနိုင်ပြီး ငှက်အဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားပုံကို နားလည်နိုင်ရန် အကူအညီဖြစ်စေမယ့် ယုံကြည်နေကြပါတယ်။
▪️ ဒီလိုမျိုး အကောင်သေးလေးတွေက ပြောင်းလဲမှုဖြစ်စဉ်မှာ အဓိကကျနေတယ်လို့ ပြောသွားပါတယ်။
#Source: WION
ကမ္ဘာတဝှမ်းမှာ မျောက်ကျောက်ရောဂါ ပျံ့ပွားမှု ထိန်းချုပ်ရန်အတွက် ရောဂါထိရောက်စွာ စောင့်ကြည့်ရေး၊ ရောဂါထိတွေ့သူများကို ခြေရာခံလိုက်ခြင်း၊ ကူးစက်နိုင်ခြေများတဲ့ နေထိုင်မှု၊ ဆွေးနွေးတိုင်ပင်ခြင်း၊ ကာကွယ်ဆေး ထုတ်လုပ်မှုတို့က အဓိကဦးစားပေးအရာများ ဖြစ်တယ်လို့ WHO မှ ပညာရှင်တစ်ဦးက ဆိုပါတယ်။
#World_Health
Published 21 August 2024
#မျောက်ကျောက်ရောဂါ #ပညာရှင်တစ်ဦးအကြံပြု
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 21 August 2024
၁။ တောရိုင်းတိရစ္ဆာန်များ၏ နေထိုင်မှုသဘာဝနှင့် နေထိုင်မှုပုံစံများအား လေ့လာနိုင်သည့် Keeper Talks အစီအစဉ် Yangon Zoo ၌တင်ဆက်ပေးနေ
၂။ ဒိုက်ဦး၊ ကဝ၊ ဝေါနဲ့ သနပ်ပင်မြို့နယ်များရှိ ရေကြီးနစ်မြုပ်ခဲ့သည့်ကျေးရွာများ၌ သောက်သုံးရေနှင့် ကျောင်းသုံးစာအုပ်များလိုအပ်နေ
၃။ လေဖိအားနည်းရပ်ဝန်းနှင့် မုတ်သုံလေအရှိန်ကြောင့် နေရာအနှံ့မိုးပိုသည်းပြီးမြစ်ရေတက်လာနိုင်
၄။ မျောက်ကျောက်ရောဂါအတွက် ဦးစားပေးဆောင်ရွက်ရမည်များကို ပညာရှင်တစ်ဦးအကြံပြု ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပုဂ္ဂလိကကျောင်းတွေရဲ့ ကျောင်းလခတွေကို သင့်တင့်မျှတအောင်သတ်မှတ်ပေးနိုင်သော်လည်း ကျောင်းတည်နေရာ၊ အကျယ်အဝန်းနဲ့ ရင်းနှီးမြုပ်နှံထားရတာတွေမတူညီတဲ့အတွက် ပုဂ္ဂလိက ကျောင်းအားလုံးလခ တပြေးညီ သတ်မှတ်ဖိုတော့မဖြစ်နိုင်သေးဘူးလို့ မြန်မာနိုင်ငံပုဂ္ဂလိကကျောင်းများအသင်းမှ သိရပါတယ်။
#Local_News
Published 21 August 2024
#ပုဂ္ဂလိကျောင်းများ #ကျောင်းလခတပြေးညီသတ်မှတ်ရန်မဖြစ်နိုင်
#YMG/tthl #Yangon_Times
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဒေါ်လာ သန်း၁၀၀နီးပါးထုတ်ရောင်းပေးပြီးနောက် ဒေါ်လာဈေး တွေကျရိပ်ပြလာပြီး ရွှေဈေးကတော့ တစ်ရက်ထဲနဲ့ ကျပ်ခုနှစ်သောင်းကျော် မြင့်တက်လာတယ်လို့ ဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 21 August 2024
#ဒေါ်လာဈေးများကျလာ #ရွှေဈေးမြင့်တက်
#YMG/NN #Yangon_Times
လေဖိအားနည်းရပ်ဝန်းအရှိန်နဲ့ မုတ်သုံအားပြန်ကောင်းလာတဲ့အတွက် ရန်ကုန်အပါအဝင်နိုင်ငံတစ်ဝှမ်း မိုးပိုသည်းလာဖို့ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 21 August 2024
#လေဖိအားနည်းရပ်ဝန်း #မုတ်သုံအားပြန်ကောင်း
#YMG/tthl #Yangon_Times
#Local_News
Published 21 August 2024
▪️ သန်လျင်-ကျိုက်ခေါက်ဘုရားလမ်းတွင် ဆီဘောက်ဆာ ယာဉ်(၁)စီးတိမ်းမှောက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဩဂုတ်၂၁ရက်နေ့ မနက် ၁၁ နာရီ၅၆ မိနစ်အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ သန်လျင်-ကျိုက်ခေါက်ဘုရားလမ်းတွင် ယာဉ်(၁)စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ "ဆီတင်တဲ့ကားပါ၊တုံးလုံးလဲနေပါတယ်၊ ကားသမားတော့ထိခိုက်တာမရှိတာမရှိဘူး" ဟု ဒေသခံတစ်ဦးက ပြောသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် တောင်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန်လျင်မြိုနယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး ထွက်ခွာလျက်ရှိပြီး ၁၂ နာရီ ၆ မိနစ်အချိန်၌ လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းသိရသည်။
#YMG/NN #Yangon_Times
ပြီးခဲ့တဲ့လအတွင်းက ပဲခူးမြစ်ရေကြီးတာကြောင့် ဒိုက်ဦး၊ ကဝ၊ ဝေါနဲ့ သနပ်ပင်မြို့နယ်ရှိ ရေကြီးနစ်မြုပ်ခဲ့တဲ့ ကျေးရွာတွေမှာ သောက်သုံးရေနဲ့ကျောင်းသုံးစာအုပ်တွေ အရေးကြီး လိုအပ်နေ တယ်လို့ ပရဟိတအသင်းတွေက သိရပါတယ်။
#Local_News
Published 21 August 2024
#ရေကြီးနစ်မြုပ်ခဲ့သည့်ကျေးရွာ #သောက်သုံးရေလိုအပ်နေ
#YMG/NN #Yangon_Times
#Local_News
Published 21 August 2024
▪️ အလွတ်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲ၊ တက္ကသိုလ်အဆင့် ပန်းချီပြိုင်ပွဲနှင့် အခြေခံအဆင့် စာစီစာကုံးပြိုင်ပွဲ အောက်တိုဘာလအတွင်းကျင်းပသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။
▪️ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် “အနာဂတ်မှာ ကြံ့ကြံ့ခံနိုင်ဖို့၊ မျိုးဆက်သစ်တို့ စွမ်းအားမြှင့်တင်စို့” ခေါင်းစဉ်ဖြင့် အလွတ်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲ၊ တက္ကသိုလ်အဆင့် ပန်းချီပြိုင်ပွဲနှင့် အခြေခံပညာအဆင့် စာစီစာကုံး ပြိုင်ပွဲ ကျင်းပသွားမည် ဖြစ်သည်။ နေပြည်တော်ကျင်းပမည့် အထိမ်းအမှတ်အခမ်းအနားနေ့တွင် ဆုရရှိသူများကို ဆုငွေနှင့် ဆုတံဆိပ်များ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Yangon Zoo မှာ တောရိုင်းတိရစ္ဆာန်တွေရဲ့နေထိုင်မှုသဘာဝနဲ့ နေထိုင်မှုပုံစံတွေကို လေ့လာနိုင်မယ့် Keeper Talks အစီအစဉ်ကိုနေ့စဉ် တင်ဆက်ပေးနေတယ်လို့ သိရပါတယ်။#Local_News
Published 21 August 2024
# Yangon_Zoo #Keeper_Talks
#YMG/NN #Yangon_Times
၂၁ ဩဂုတ် ၂၀၂၄
မြန်မာနိုင်ငံအရေးကိစ္စ၏ဖြစ်ကြောင်းကုန်စင်ကို နက်ရှိုင်းစွာလေ့လာပြီး တရားမျှတ၍ ပကတိဖြစ်သည့်ရပ်တည်ချက်ကို အရင်းခံဆောင်ရွက်ပေးဖို့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi မစ္စတာဝမ်ယိက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာအထူးသံတမန် Ms. Julie Bishop မစ္စ ဂျူလီဘစ်ရှော့ကို တိုက်တွန်းပြောဆိုလိုက်တယ်လို့သိရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယိဟာ ကုလသမဂ္ဂ မြန်မာအထူးသံတမန် မစ္စ ဂျူလီဘစ်ရှော့ကို ယမန်နေ့ဩဂုတ် ၂၀ရက် က တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် လက်ခံတွေ့ဆုံစဉ် ယင်းကိုပြောကြားခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။
“ အထူးသံတမန်အနေဖြင့် မြန်မာနိုင်ငံ၏ထူးခြားသော နိုင်ငံအခြေအနေနှင့် မြန်မာနိုင်ငံအရေးကိစ္စ၏ ဖြစ်ကြောင်းကုန်စင်ကို နက်ရှိုင်းစွာလေ့လာပြီး တရားမျှတ၍ ပကတိဖြစ်သည့်ရပ်တည်ချက်ကိုအရင်းခံကာ ဘက်အသီးသီးနှင့်ဆက်ဆံရေးကို ဟန်ချက်ညီစွာဖြေရှင်း၍ မြန်မာနိုင်ငံပြည်သူများ၏ ရေရှည်အကျိုးစီးပွားအတွက် မြန်မာနိုင်ငံက သဘောထားကွဲလွဲမှုကို ပေါင်းစပ်နိုင်မည့် ထိရောက်သည့်နည်းလမ်းကို ကူညီရှာဖွေပေးရန် မျှော်လင့်ပါတယ်” လို့ မစ္စတာဝမ်ယီက ပြောကြားခဲ့ ပါတယ်။
မစ္စတာဝမ်ယိက က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်နီးချင်းနိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ပြန်လည် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရန် တရုတ်နိုင်ငံထက် ပိုလိုလားသောနိုင်ငံမရှိဘူးလို့ မစ္စ ဂျူလီဘစ်ရှော့ကို ပြောကြားပါတယ်။
ယင်းအပြင်မြန်မာနိုင်ငံအရေးကိစ္စတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ နိုင်ငံတစ်သား တည်းဖြစ်မှုနှင့် နယ်မြေတည်တံ့မှုကို ခိုင်မာစွာလေးစားကြောင်း၊ ပြည်တွင်းရေးကို မစွက်ဖက်ခြင်းနှင့် မြန်မာပြည်သူ များကပိုင်ဆိုင်၍ မြန်မာပြည်သူများဦးဆောင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အခိုင်အမာလိုက်နာတယ်လို့လည်း တရုတ် နိုင်ငံခြားရေးဝန်ကြီးက ကုလ အထူးသံတမန်ကို ဆက်လက်ပြောကြားခဲ့တယ်လို့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မစ္စတာဝမ်ယိက အာဆီယံက အဓိကလမ်းကြောင်းအဖြစ် အခန်းကဏ္ဍမှပါဝင်မှုကို ထောက်ခံအားပေးကြောင်း၊ အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ ဘုံသေဘာတူညီချက် ၅ ရပ်နှင့် မြန်မာနိုင်ငံ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်အသစ်တို့ အပြန်အလှန် ကူညီမြှင့်တင်၍ ထိရောက်စွာဖော်ဆောင်နိုင်ရန် မျှော်လင့်ကြောင်းလည်းပြောကြားခဲ့ပါတယ်။
အထူးသံတမန် တာဝန်ထမ်းဆောင်ရန်အတွက် တရုတ်နိုင်ငံမှ ကူညီထောက်ပံ့ပေးရန်ဆန္ဒရှိကာ မြန်မာနိုင်ငံ နိုင်ငံရေး ပြန်လည်သင့်မြတ်မှုနှင့် ရေရှည်တည်ငြိမ်အေးချမ်းရေး ဖော်ဆောင်ရန်အတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်သွားလိုကြောင်းလည်း မစ္စတာဝမ်ယိကဆက်လက်ပြောကြားပါတယ်။
မစ္စ ဂျူလီဘစ်ရှော့က တရုတ်နိုင်ငံက မိမိတာဝန်စတင်ထမ်းဆောင်ချိန်တွင် တရုတ်နိုင်ငံခရီးစဉ်အတွင်း မိမိအားဧည့်ခံမှုကို ကျေးဇူးတင်ရှိပါကြောင်းစတင်ပြောဆိုပါတယ်။
အဲဒီနောက် မြန်မာနိုင်ငံအရေးကိစ္စသည် ရှုပ်ထွေး၍ စိန်ခေါ်မှုရှိကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးကြီး အိမ်နီးချင်းနိုင်ငံနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် တမူထူးခြားသော အကျိုးသက်ရောက်မှုရှိတယ်လို့လည်း အထူးသံတမန်ကဆက်လက်ပြောဆိုတဲ့အကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
မစ္စ ဂျုလီဘစ်ရှော့က တရုတ်နိုင်ငံ၊ အာဆီယံတို့နှင့်အတူ နီးကပ်စွာဆက်ဆံကာ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်၍ မြန်မာ နိုင်ငံအရေးကိစ္စကို ကောင်းမွန်စွာဖြေရှင်းနိုင်မည့် သဘောတူညီချက်ကို ကြိုးပမ်းဖော်ဆောင်ပြီး ပဋိပက္ခကို ဆောလျင် စွာအဆုံးသတ်ကာ လူသားချင်းစာနာထောက်ထားမှုအခြေအနေကို ပြေလျော့စေခြင်းဖြင့် မြန်မာပြည်သူများက ဦးဆောင်သည့် ရေရှည်ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို ဖော်ဆောင်သွားရန်လိုကြောင်း မစ္စတာဝမ်ယိကို ပြန်လည် ပြောကြားခဲ့တယ်လို့ သိရပါတယ်။
@ymg/knl

Page 489 of 1862