#World_Health
Published 10 May 2025
▪️ အမေရိကန် ကျန်းမာရေးဝန်ကြီး ရောဘတ်ကင်နက်ဒီဂျူနီယာက မီဒီယာကွန်ဖရန့်တစ်ခုမှာ သကြားအဆိပ်သင့်တဲ့အကြောင်း ပြောသွားပြီး အမေရိကန်တွေအနေနဲ့ အစားစားတဲ့အခါမှာ သကြားထပ်ထည့်ခြင်း မလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။
▪️ "သကြားကို လုံးဝတားမြစ်ဖို့ကတော့ မဖြစ်နိုင်တာသိပေမယ့် ဘယ်လောက်အထိ စားမိနေလဲဆိုတာကို အသိပေးချင်တာ ဖြစ်ပါတယ်" လို့ ပြောပါတယ်။
▪️ ပစ္စည်းအညွှန်းတံဆိပ်နဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ဥပဒေတွေ စားသောက်လမ်းညွှန်ချက်အသစ်တွေ အစိုးရမှ ထုတ်ပြန်ဖို့လိုပြီး အဝလွန်ခြင်း၊ ဆီးချို၊ နှလုံးရောဂါတို့နဲ့ ဆက်စပ်နေတဲ့ သကြားကို ရှောင်ရှားစေနိုင်မယ်လို့ ဆိုပါတယ်။
▪️ အမေရိကန်မှာ အစိုးရက ၂၀၂၆ မှာ ထုတ်လုပ်ဆိုးဆေး ၈ မျိုးပယ်ဖျက်ဖို့ စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။
▪️ အမေရိကန်မှ ကလေးတွေဟာ ဓာတုပစ္စည်းတွေနဲ့ အဆိပ်သင့်လာပြီး FDA က ပက်ထရိုလီယံအခြေပြု ဆိုးဆေးများကို စားသောက်ကုန်ကွင်းဆက်ကနေ ဖယ်ရှားသွားမယ်လို့ FDA ကော်မရှင်နာ မာတီမက်ကရီက ပြောပါတယ်။
▪️ ဂျိုးဘိုင်ဒင်လက်ထက်မှာ ဆိုးဆေး Red No.3 ကို ၂၀၂၇ နဲ့ ၂၀၂၈ တို့မှာ ပိတ်ပင်သွားဖို့ ဆုံးဖြတ်ထားပေမယ့် FDA ကတော့ စားသုံးရန်ဘေးကင်းစိတ်ချရတယ်လို့ ဆိုထားဆဲဖြစ်ပါတယ်။
▪️ ကင်နက်ဒီက ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကလေးသူငယ်များ ထိုးနှံသင့်တဲ့ ကာကွယ်ဆေးစာရင်းကနေ ဖယ်ရှားဖို့ စဉ်းစားနိုင်ဖွယ်ရှိတယ်လို့ ဖော်ပြထားကြပါတယ်။
#Source: India Today