#World_Health
Published 10 May 2025

▪️ အသုံးများတဲ့ ဆံပင်ပေါက်ဆေးတစ်မျိုးရဲ့ တံဆိပ်မပါအမျိုးအစားတွေနဲ့ ပတ်သက်လို့ FDA က သတိပေးလိုက်ပါတယ်။

▪️ ဒီဆေးကို Hims နဲ့ Keeps တို့လို အွန်လိုင်းကျန်းမာရေးဝန်ဆောင်မှုတွေကနေ ဖြန့်ချိလေ့ရှိပါတယ်။

▪️ finasteride လိမ်းဆေးတွေကြောင့် ဆိုးကျိုးဖြစ်ပေါ်တဲ့ဖြစ်ရပ် ၃၂ ခု သိရှိထားရပါတယ်။

▪️ ထိုဖြစ်ရပ်တွေထဲမှာ လိင်အင်္ဂါမထောင်မတ်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ သေကြောင်းကြံစည်လိုစိတ်ပေါ်ခြင်း၊ ဦးနှောက်ထိုင်းမှိုင်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ နွမ်းနယ်ခြင်း၊ အိပ်မပျော်ခြင်း၊ လိင်စိတ်ဆန္ဒလျော့ပါးခြင်းနဲ့ လိင်အင်္ဂါအောင့်ခြင်းတို့ ပါဝင်နေပါတယ်။

▪️ finasteride ဖြန်းဆေးနဲ့ပတ်သက်ပြီး သတိပေးထားတာဖြစ်ကာ Propecia သောက်ဆေးမှာလည်း ပါဝင်တဲ့ပစ္စည်း ဖြစ်ပါတယ်။

▪️ FDA ကတော့ အဆိုပါ လိမ်းဆေးတွေဟာ တရားဝင်အသိအမှတ်ပြု မရထားသလို ဘေးကင်းစိတ်ချရတဲ့ အချက်အလက်လည်း ခွင့်ပြုထားခြင်းမရထားဘူးလို့ ဆိုပါတယ်။

▪️ ယခုအချိန်မှာ FDA ကအသိအမှတ်ပြုတဲ့ finasteride ထုတ်ကုန်တွေထဲမှာ Proscar နဲ့ Propecia တို့သာရှိပါတယ်။

▪️ finasteride မှာယူသုံးစွဲခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် အမေရိကန်တပ်ကြပ် မတ်မီလစ်ချ်ဟာ ဘေးထွက်ဆိုးကျိုးများ ဆိုးဆိုးရွားရွားခံစားရတယ်လို့ ဖော်ပြထားပါတယ်။

▪️ လိင်စိတ်ဆန္ဒ ကျဆင်းနေကာ လိင်အင်္ဂါကျုံ့သွားပြီး ပုံသဏ္ဍာန်ပြောင်းသွားကာ ဆရာဝန်ကတော့ ဒါဟာ ဆေးဝါးကြောင့်လို့ ပြောပါတယ်။

▪️ အွန်လိုင်းကျန်းမာရေးဝန်ဆောင်မှုတွေက ဆေးတွေကြော်ငြာရာမှာ ဘေးထွက်ဆိုးကျိုးတွေကို သိပ်ပြီးဖော်ပြလေ့မရှိပါဘူး။

▪️ ကြော်ငြာတွေမှာ လူနာတွေရဲ့ ဘေးကင်းစိတ်ချရမှုအပေါ် လုံလောက်စွာ ထည့်သွင်းမစဉ်းစားတဲ့အပေါ် ကျွမ်းကျင်သူတွေကတော့ စိုးရိမ်လာပါတယ်။

#Source: New York Post