#World_News
Published 10 May 2025

▪️ အိန္ဒိယနဲ့ ပါကစ္စတန်ကြား တင်းမာမှုဆက်လက်မြင့်တက်နေရာ စနေနေ့အစောပိုင်းက ပါကစ္စတန်ရှိ လေတပ်အခြေစိုက်စခန်း အနည်းဆုံး ၄ ခုကို အိန္ဒိယတိုက်ခိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်များက ဆိုပါတယ်။

▪️ အိန္ဒိယနိုင်ငံ နေရာ ၂၆ ခုကို ပါကစ္စတန်တိုက်ခိုက်ပြီးနောက်မှာပဲ အိန္ဒိယဘက်က ချက်ချင်းလက်တုံ့ပြန် တိုက်ခိုက်တာဖြစ်တယ်လို့ သတင်းရင်းမြစ်များက ANI သတင်းဌာနကို ပြောပြပါတယ်။

▪️ အိန္ဒိယနဲ့ ပါကစ္စတန်ကြား နယ်မြေပိုင်းခြားသတ်မှတ်ထားတဲ့ Line of Control စစ်တပ်ထိန်းချုပ်စည်းတလျှောက် နေရာအများအပြားမှာ ပစ်ခတ်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။

▪️ "နိုင်ငံတကာနယ်စပ်နဲ့ စစ်တပ်ထိန်းချုပ်စည်းတလျှောက်မှာ ဒရုန်းတွေတွေ့ထားပါတယ်။ ဖီရိုပူရမှာဆိုရင် လက်နက်တပ်ဆင်ဒရုန်းတစ်စင်းက အရပ်ဖက်နေရာကို ပစ်မှတ်ထားခဲ့တာကြောင့် ဒေသခံမိသားစုတစ်ခု ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူတွေထံ ဆေးအကူအညီများ ထောက်ပံ့ပေးထားပြီး ထိုနေရာကို လုံခြုံရေးတပ်များ ရှင်းလင်းလိုက်ပါတယ်။

▪️ အိန္ဒိယတပ်တွေက အထူးတပ်လှန့်ထားရှိပြီး ဒရုန်းဖျက်စနစ်များဖြင့် စောင့်ကြည့်နေပါတယ်။ နယ်စပ်နားမှ အရပ်သားများအနေနဲ့ အိမ်ထဲမှာပဲနေကြပြီး မလိုအပ်ဘဲ မထွက်ကြဖို့၊ ဘေးကင်းလမ်းညွှန်ချက်များ တင်းတင်းကြပ်ကြပ်လိုက်နာဖို့ မှာထားပါတယ်" လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

▪️ "မေလ ၈ ရက်နေ့ နှင့် ၉ ရက်နေ့ ညတွင် ပါကစ္စတန်စစ်တပ်သည် အနောက်ဘက်နယ်စပ် တလျှောက်ရှိ အိန္ဒိယလေပိုင်နက်ကို ချိုးဖောက်ပြီး စစ်ရေးအခြေခံအဆောက်အအုံများကို ပစ်မှတ်ထားရန် ရည်ရွယ်ချက်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။အပြည်ပြည်ဆိုင်ရာနယ်စပ်နှင့် ထိန်းချုပ်ရေးမျဉ်းတစ်လျှောက်တွင် ဒရုန်းယာဉ် ၃၀၀ မှ ၄၀၀ ခန့်ဖြင့် နေရာ ၃၆ ခုတွင် Leh မှ Sir Creek သို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးပမ်းခဲ့ပါတယ်။ အိန္ဒိယစစ်တပ်အနေနှင့် Kinetic နှင့် non-kinetic နည်းလမ်းများဖြင့် အဆိုပါ ဒရုန်းအများအပြားကို ဖြုတ်ချခဲ့ပါတယ်" လို့ အိန္ဒိယတပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

▪️ ပါကစ္စတန်၏ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ပါကစ္စတန်ရှိ လေကြောင်းရန်ကာကွယ်ရေးနေရာ လေးခုတွင် လက်နက်တပ်ဆင်ထားသောမောင်းသူမဲ့လေယာဉ်များကို ပစ်လွှတ်ခဲ့သည်။ ဒရုန်းများထဲမှ တစ်စီးက AD ရေဒါကို ဖျက်ဆီးနိုင်ခဲ့တယ်လို့လည်း အိန္ဒိယကပြောပါတယ်။

▪️ ပါကစ္စတန်ကစစ်ရေးပစ်မှတ်တွေ အပြင် အိန္ဒိယ မြို့ကြီးတွေနဲ့ အရပ်ဘက် အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထားရန်စခဲ့ပါတယ်။အိန္ဒိယစစ်တပ်က အဆိုပါလုပ်ရပ်များကို လုံလောက်စွာနှင့် တာဝန်သိသိဖြင့် တုံ့ပြန်ခဲ့ပါတယ်"လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

▪️ အခြားဒေသတွေမှာလည်း ပေါက်ကွဲသံတွေ မီးခိုးလုံးကြီးတွေ ကြားခဲ့မြင်ခဲ့ရပါတယ်။

▪️ သောကြာနေ့ကလည်း ဂျမ်မူ၊ ဆမ်ဘာ၊ ပါထန်ကော့တို့မှာ ပါကစ္စတန်ဒရုန်းတွေ ထပ်မံမြင်တွေ့ခဲ့ရပါတယ်။

▪️ မေလ ၇-၈ ရက်နေ့ညတွေမှာ အိန္ဒိယတပ်တွေက နိုင်ငံမြောက်ပိုင်းနဲ့ အနောက်ပိုင်းတို့ရှိ အိန္ဒိယစစ်စခန်းအများအပြားကို တိုက်ခိုက်ဖို့လာတဲ့ ပါကစ္စတန်ဒရုန်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုကြီးကို အောင်မြင်စွာ ချေဖျက်နိုင်ခဲ့ပါတယ်။

▪️ ပါကစ္စတန်ကြောင့် ပထမဆုံးတင်းမာမှုဖြစ်စေတဲ့ ပါဟယ်ဂမ်အကြမ်းဖက်တိုက်ခိုက်မှုအပြီး အိန္ဒိယက ပါကစ္စတန်ဘက်ကို တိုက်ခိုက်မှုများ ပြုလုပ်ထားပါတယ်။

#Source: ANI News/wire news