#Daily_News
Published 6 November 2024
၁။ စားအုန်းဆီအိမ်အရောက်ပို့စနစ် (၃)ပိဿာနီးပါးကို ကျပ်(၂၄၀၀၀)ကျော်ဖြင့်မှာယူနိုင်
၂။ ဓာတ်မြေဩဇာ ရည်ညွှန်းဈေးများမြင့်တက်လာ
၃။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပဲခူး၊ ကယား၊ ဧရာဝတီ၌မိုးကြီးနိုင်
၄။ ငွေကြေးအရှုပ်တော်ပုံများကြောင့် ဂျပန်အာဏာရဝန်ကြီးအဖွဲ့အား ထောက်ခံမှုနှုန်းသိသိသာသာကျဆင်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ပြုလုပ်မယ့် တန်ဆောင်တိုင်ပွဲတော်မှာ နေ့လွှတ်၊ ညလွှတ်မီးပုံးပျံအလုံးရေ (၂၅၈)လုံး လွှတ်တင်သွားမယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်းရိုးရာ မီးပုံးပျံ ပညာရှင်များအသင်းက သိရပါတယ်။
#Local_News
Published 6 November 2024
#တောင်ကြီးတန်ဆောင်တိုင် #ညလွှတ်မီးပုံးပျံ
#YMG/NN #Yangon_Times
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်နေတဲ့ လေပွေလှိုင်းနဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရှမ်းပြည်တောင်ပိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ဧရာဝတီတိုင်းတို့မှာ မိုးကြီးဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 6 November 2024
#လေပွေလှိုင်း #လေဖိအားနည်းရပ်ဝန်း
#YMG/tthl #Yangon_Times
ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီက ထုတ်ပြန်လိုက်တဲ့ စာရင်းတွေအရဓာတ်မြေဩဇာ ရည်ညွှန်းဈေးနှုန်းတွေအရင်လကထက် မြင့်တက်လာတယ်လို့ သိရပါတယ်။
#Local_News
Published 6 November 2024
#ဓာတ်မြေဩဇာ #ဝယ်ယူဖြန့်ဖြူးရောင်းချ
#YMG/NN #Yangon_Times
စားအုန်းဆီအိမ်အရောက်ပို့စနစ်နဲ့ မှာယူနိုင်ပြီး စားအုန်းဆီ(၂)ပိဿာ(၇၅)ကျပ်သားကို သယ်ယူပို့ဆောင်ခအပါအဝင် စုစုပေါင်းကျသင့်ငွေ (၂၄၀၀၀)ကျော်ဖြင့်သာအိမ်အရောက်ပို့ဆောင်ပေးနေတယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။
#Local_News
Published 6 November 2024
#စားအုန်းဆီ #ဆီလုပ်ငန်းရှင်များအသင်း
#YMG/tthl #Yangon_Times
#Local_News
Published 6 November 2024
▪️ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က တရုတ်ယွမ် ၇ သန်းနှင့် ထိုင်းဘတ်သန်း ၂၀ ကို ထပ်မံထုတ်ရောင်း ပေးမည်ဖြစ်ကြောင်း နိုဝင်ဘာ၅ရက် က အသိပေးထားသည်။
▪️ နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် တရုတ်ယွမ် ၇ သန်းနှင့် ထိုင်းဘတ်သန်း ၂၀ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ နိုဝင်ဘာလ ၄ရက်နေ့ကလည်း ငွေလဲနှုန်း ၃,၅၇၅ ကျပ်နှင့် အမေရိကန်ဒေါ်လာ ၁၅ သန်း၊ ငွေလဲနှုန်း ၅၂၉.၉၀ ကျပ်နှုန်းအတိုင်း တရုတ် (ယွမ်) ၁.၅ သန်း နှင့် ငွေလဲနှုန်း ၁၂၅ ကျပ်နှုန်းအတိုင်း ထိုင်း (ဘတ်) သန်း ၁၀၀ ကျော်တို့အား အွန်လိုင်းရောင်းဝယ်ရေးပလက်ဖောင်းဈေးကွက်မှတစ်ဆင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Politics
Published 06 November 2024
▪️ အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူက ကာကွယ်ရေးဝန်ကြီး ယိုအက်ဗ်ဂဲလန့်ကို ယုံကြည်မှုပြဿနာနဲ့ ပတ်သက်ပြီး အင်္ဂါနေ့မှာ ရာထူးမှ ထုတ်ပယ်လိုက်ကာ ဂါဇာနဲ့ လက်ဘနွန်စစ်ပွဲ ဦးဆောင်ဖို့အတွက် နီးစပ်တဲ့ အစ္စရေးလ်ကက်ဇ်နဲ့ အစားထိုးလိုက်ပါတယ်။
▪️ အစ္စရေးလ်တို့က အီရန်တို့လက်တုံ့ပြန်မှုတွေကို ရင်ဆိုင်နေရချိန်မှာ ဂဲလန့်က တိုင်းပြည်လုံခြုံရေးထက် နိုင်ငံရေးကို ရှေ့တန်းတင်နေတယ်လို့ နေတန်ညာဟူက ဝေဖန်စွပ်စွဲလိုက်ပါတယ်။
▪️ ဂဲလန့်ရာထူးမှ ထုတ်ပယ်ခံရပြီးနောက် ဆန္ဒပြသူတွေက အဝေးပြေးလမ်းတွေကို ပိတ်ဆို့ပြီး မီးပုံများ ပြုလုပ်ခဲ့ကြတယ်လို့ ရဲတွေက ဆိုပါတယ်။
▪️ ကက်ဇ်ရဲ့နေရာမှာတော့ ဂီဒွန်ဆားကို နိုင်ငံခြားရေးဝန်ကြီးအသစ် ခန့်အပ်ခဲ့ပါတယ်။
▪️ ဂဲလန့်နဲ့ နေတန်ညာဟူတို့ဟာ လက်ယာရောက် လီကွတ်ပါတီကဖြစ်ပြီး ဟားမတ်စ်တို့နဲ့ တိုက်ခိုက်နေတဲ့ ဂါဇာစစ်ပွဲ လုပ်ဆောင်ချက်များနဲ့ ပတ်သက်ပြီး အငြင်းအခုံဖြစ်နေတာ ကြာပါပြီ။
▪️ ဒါပေမဲ့ ဂဲလန့်ကိုထုတ်ပယ်လိုက်ချိန်ဟာ မထင်မှတ်တဲ့ အချိန်ဖြစ်နေပြီး အမေရိကန်သမ္မတ ရွေးကောက်ပွဲပြုလုပ်ချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
▪️ ယခုနောက်ပိုင်းလတွေမှာ အစ္စရေးလ်တို့က ဟားမတ်စ်နဲ့ လက်ဘနွန်လက်နက်ကိုင် ဟက်ဇ်ဘိုလာတို့ရဲ့ ထိပ်သီးကွန်မန်ဒါတွေကို ရှင်းလင်းနိုင်ခဲ့ပါတယ်။
▪️ ဂဲလန့်ဟာ အစိုးရအဖွဲ့နဲ့ ဝန်ကြီးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေကို ဆန့်ကျင်ကြောင်း နေတန်ညာဟူက ပြောခဲ့ပေမယ့် ဂဲလန့်ကတော့ အစ္စရေးလ်နိုင်ငံ လုံခြုံဖို့ကိုပဲ အမြဲစိတ်ထဲထားတယ်လို့ တုံ့ပြန်သွားပါတယ်။
▪️ ဂါဇာမှ အစ္စရေးလ်ဓားစာခံများ လွတ်မြောက်ရန်နဲ့ ဟားမတ်စ်၊ ဟက်ဇ်ဘိုလာတို့ ပျက်စီးစေရန် ကက်ဇ်က ကြုံးဝါးထားပါတယ်။
▪️ ကက်ဇ်ဟာ နိုင်ငံခြားရေးဝန်ကြီးဖြစ်စဉ်က အီရန်ဒုံးကျည်တိုက်ခိုက်မှုကို ရှုတ်ချရန် ပျက်ကွက်ခဲ့သည့် ကုလအထွေထွေအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်စ်ကို အစ္စရေးလ်နိုင်ငံသို့ ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။
▪️ စက်တင်ဘာလတုန်းက လက်ဘနွန်မှာ ၂၁ ရက်တာ အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်နဲ့ ပြင်သစ်တို့မှ အဆိုပြုချက်များကိုလည်း ငြင်းပယ်ခဲ့ပါတယ်။
▪️ အမေရိကန် အိမ်ဖြူတော် လုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဂဲလန့်ဟာ အရေးကြီးမိတ်ဖက်ဖြစ်ပြီး ကက်ဇ်နဲ့ ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
▪️ ဂဲလန့်ဟာ စစ်တပ်မှာ ၃၅ နှစ်ကြာ တာဝန်ထမ်းဆောင်စဉ်အတွင်း ဗိုလ်ချုပ်အဆင့်သို့ တက်လှမ်းခဲ့သူ ဖြစ်ပါတယ်။
#Source: Reuters
#Local_News
Published 6 November 2024
▪️ မော်တော်ယာဉ်အားလုံး ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၁)ရက်မှစ၍ ယာဉ်စစ်ဆေးပြီးမှသာမှတ်ပုံတင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်များအနက် Road Safety အရေးကြီးသည့်အများပြည်သူခရီးသည်ပို့ဆောင်ရေးယာဉ်များ၊ ယာဉ်မှန်မမှန်စစ်ဆေးခြင်း၊ ပြောင်းလဲများများအတွက် ယာဉ်စစ်ဆေးခြင်း၊ နယ်ဝင်ယာဉ်များကိုစစ်ဆေးခြင်းတို့ဖြင့် အကျုံးဝင်သောယာဉ်များ၊ တက်စီယာဉ်များ၊ ကျောင်းကားများနှင့် နှစ်တန်နှင့်အထက်အငှားယာဉ် များကိုယာဉ်စစ်ဆေးပြီး သက်တမ်းတိုးခြင်းများဆောင်ရွက်ပေးလျက်ရှိကြောင်း၊
▪️ ယခုအခါ ယာဉ်ကြံ့ခိုင်မှုကောင်းမွန်စေရေးနှင့်အများပြည်သူဆိုင်ရာလမ်းများပေါ်တွင် အန္တရာယ်ကင်းစွာသွားလာရေးအတွက် မှတ်ပုံတင်မော်တော်ယာဉ်တွေအားလုံးကို၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်မှစ၍ ယာဉ်သက်တမ်းတိုးခြင်းများ အပါအဝင် ယာဉ်မှတ်ပုံတင်လုပ်ငန်းများအတွက် ယာဉ်စစ်ဆေးပြီးမှသာဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
#YMG/tthl #Yangon_Times
#World_Science
Published 06 November 2024
▪️ ရှေးဟောင်းပစ္စည်း တူးဖော်ရေးပညာရှင်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅၀ လောက်က မြှုပ်နှံခဲ့ကြတဲ့ အထက်တန်းစား အမျိုးသမီး သွေးစုပ်ဖုတ်ကောင်ကို တူးဖော်တွေ့ရှိပြီး ထုတ်ဖော်တင်ပြခဲ့ကြပါတယ်။
▪️ လက်တွေ့လောကမှ သွေးစုပ်ဖုတ်ကောင်ရဲ့ အုတ်ဂူကို လွန်ခဲ့တဲ့ ၂ နှစ်က ပိုလန်နိုင်ငံ ပီယင်ရှိ အလယ်ခေတ်သင်္ချိုင်းမှာ တူးဖော်တွေ့ရှိခဲ့ကြပါတယ်။
▪️ သုတေသီတွေက သွေးစုပ်ဖုတ်ကောင်ကို ဇိုရှာလို့ အမည်ပေးထားပြီး ပုံဖော်ကြည့်ရာမှာ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်ဖြစ်ပြီး အသားဖြူဖြူ၊ ဆံပင်တို၊ မျက်လုံးပြာတို့ရှိပြီး ချွန်ထွက်နေတဲ့ အစွယ်သွားလည်း ရှိပါတယ်။
▪️ အလောင်းတွေ့တဲ့အချိန်မှာ ဦးခေါင်းပေါ် ပိုးသားဦးထုပ် တွေ့ရတဲ့အတွက် အသိုင်းအဝိုင်းမြင့်တဲ့ထဲမှ ဖြစ်နိုင်ပါတယ်။
▪️ ဒါပေမဲ့ မကောင်းဆိုးဝါး ပုံပေါက်တယ်လို့ စွပ်စွဲခံရပြီး အလောင်းရဲ့ လည်ပင်းမှာ တံစဉ်းဖြင့်ပိတ်ထားပြီး ခြေမတွေကို သော့ခလောက်ကြီးနဲ့ ခတ်ထားတာ တွေ့ရပါတယ်။
▪️ ဒါဟာ ထိုအမျိုးသမီးသာ သွေးစုပ်ဖုတ်ကောင်ဖြစ်ခဲ့ရင် အုတ်ဂူကနေ ပြန်ထလာမှာစိုးတဲ့အတွက် ယခုလိုခတ်ထားတာ ဖြစ်မယ်လို့ ယူဆရကြောင်း သုတေသန ပရော်ဖက်ဆာ ဒဲရီယပ်ဇ်ပိုလင်စကီက ပြောပါတယ်။
▪️ အကယ်၍ သွေးစုပ်ဖုတ်ကောင် ပြန်ထလာတဲ့အခါ လည်ပင်းက တံစဉ်းနဲ့ဖြတ်မိစေရန် ကာထားတာ ဖြစ်နိုင်ပါတယ်။
▪️ အရိုးတွေကို ဓာတ်မှန်ရိုက်ကြည့်ရာမှာ ရင်သားအရိုးမှာ ပုံမှန်မဟုတ်ဘဲ နာကျင်ခံစားခဲ့ရဖွယ် ရှိတယ်လို့ ဆေးဘက်ဆိုင်ရာ စစ်ဆေးရေးမှူး ဒေါက်တာ ဟယ်သာအက်ဂါက ဆိုပါတယ်။
▪️ ထိုသင်္ချိုင်းနေရာကို သွေးစုပ်ဖုတ်ကောင်ကွင်းပြင်လို့ ခေါ်ကြပြီး ထိုထဲက အုတ်ဂူ ၁၀၀ မှာ ၃၀ လောက်က ဒီလိုမျိုး ထိန်းချုပ်ကာကွယ်ထားတာမျိုး တွေ့ရတတ်ပါတယ်။
▪️ အချို့အလောင်းတွေရဲ့ မျက်နှာတွေကို အောက်ဘက်စိုက်ထားကြကာ အချို့ဆိုရင် ကျောက်တုံးတွေနဲ့ ဖိထားသလို ပါးစပ်ထဲမှာ အကြွေစေ့တွေ ထားတတ်ကြပါတယ်။
▪️ ပိုလန်မှာ ၁၇ ရာစုနှစ်လောက်က သွေးစုပ်ဖုတ်ကောင်များ ပျံ့နှံ့နေတယ်ဆိုပြီး သတင်းထွက်ပေါ်နေခဲ့တာကြောင့် ထူးထူးခြားခြား မြှုပ်နှံခဲ့ကြပါတယ်။
#Source: WION
#World_Health
Published 06 November 2024
▪️ အမျိုးသမီးများ အတူတူရှိနေပါက ယင်းတို့ ဘယ်လိုခံစားရတယ်၊ ဘာက ကောင်းတယ် မကောင်းဘူးဆိုတာတွေကို ဖွင့်ဟပြောဆိုတတ်ကြပါတယ်။
▪️ ဒါပေမဲ့ အွန်လိုင်းမှာဆိုရင်တော့ ယင်းတို့အပေါ် လူအများက တုံ့ပြန်လာမှာကို စိုးရိမ်တဲ့အတွက် နှုတ်ဆိတ်နေတတ်တယ်လို့ သိရပါတယ်။
▪️ ဒါကို ဂျေရုဆလမ် ဟီဘရူးတက္ကသိုလ်၊ ဘင်ဂူရီယန်တက္ကသိုလ်နဲ့ ရော့တာဒမ် အီရတ်စ်မတ်စ် စီးပွားရေးကျောင်းတို့မှ သုတေသီများက ဦးဆောင်လေ့လာခဲ့တာ ဖြစ်ပါတယ်။
▪️ စမ်းသပ်ခန်းထဲမှာ လူပေါင်း ၁၁၇၀ ကျော်ကို ခေါ်ယူခဲ့ရာ ယင်းတို့မကျေနပ်တဲ့အခါ ယောက်ျားတွေလောက် လိုင်းပေါ်မတင်ဘဲ ကျေနပ်မှုရှိတဲ့ အမျိုးသမီးရော အမျိုးသားရော တူညီတဲ့နှုန်းရှိပါတယ်။
▪️ မကောင်းတဲ့ ကိစ္စတွေကို ဝေမျှမှုနှုန်း ကွာခြားရတဲ့ အကြောင်းအရင်းကတော့ အမျိုးသမီးတွေက အွန်လိုင်းပေါ်မှာ အခြားသူတွေ တိုက်ခိုက်မှာကို စိုးရိမ်တာကြောင့် ဖြစ်ပါတယ်။
▪️ ကမ္ဘာကြီးမှာ အမျိုးသမီးတွေလည်း မပူမပန်ရဘဲ ယင်းတို့ခံစားချက်တွေကို ထုတ်ဖော်ခွင့်ရဖို့ ပြောင်းလဲမှုတွေ လိုအပ်ကြောင်း သုတေသီများ ထောက်ပြသွားပါတယ်။
▪️ အခြားအကြောင်းအရာတွေမှာ မိန်းမတွေနဲ့ ယောက်ျားတွေက ထင်မြင်ချက် တူညီကြပေမယ့် မကောင်းတဲ့ အကြောင်းအရာကို ထုတ်ဖော်တဲ့နေရာမှာတော့ မိန်းမတွေက အကျိုးဆက်ကို စိုးရိမ်တဲ့အတွက် တုန့်နှေးနေတတ်တယ်လို့ တွေ့ရှိကြပါတယ်။
▪️ ဒီလိုမျိုး ထင်မြင်ချက် ကွာဟမှု အနည်းငယ်ဖြစ်ရုံမျှဖြင့် အွန်လိုင်းကနေ သုံးသပ်ချက်တွေ ကောက်ယူရာမှာ ထိခိုက်စေပြီး စီးပွားရေးအပေါ် သက်ရောက်နိုင်တယ်လို့ သတိပေးနေကြပါတယ်။
▪️ သုံးစွဲသူများ၊ စီးပွားရေးလုပ်ငန်းများ၊ အသင်းအဖွဲ့များကြားမှာ ဒီလိုကွာဟချက်တွေက အထင်လွဲမှားမှုတွေ ဖြစ်လာနိုင်စေတယ်လို့ ပြောထားပါတယ်။
#Source: The Jerusalem Post
၅ နိုဝင်ဘာ ၂၀၂၄
မြန်မာနိုင်ငံနှင့်ယူနန်ပြည်နယ်အကြား နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်နိုင်ရန် နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး အလေးထားဆောင်ရွက်ကြရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့သို့ရောက်ရှိနေတဲ့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲဝင်နှင့် ယူနန် ပြည်နယ်ပါတီ ကော်မတီအတွင်းရေးမှူး Mr. Wang Ning နှင့် နိုဝင်ဘာ ၅ ရက်က ကူမင်းမြို့တွင် တွေ့ဆုံစဉ် တိုက်တွန်းပြောကြားခဲ့တယ်လို့သိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးဟာ ယူနန်ပြည်နယ်ပါတီကော်မတီအတွင်းရေးမှူးနှင့် တွေ့ဆုံစဉ် နှစ်ဘက် ပူးပေါင်းဆောင်ရွက် မည့်ကိစ္စများဆွေးနွေးရာ၌ အဆိုပါအချက်ကိုထည့်သွင်းဆွေးနွေးခဲ့တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန် ချက်မှာဖော်ပြထားတာဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးက နှစ်နိုင်ငံအကြား ခွဲခြား၍မရသည့်ဆက်ဆံရေးကောင်းကိုပိုင်ဆိုင်ထားမှုမြန်မာနိုင်ငံ နှင့် ယူနန် ပြည်နယ်အကြားနှစ်ဘက် ပူးပေါင်း ဆောင်ရွက်မှုများကိုပိုမိုမြှင့်တင်နိုင်ရေးအတွက် နယ်စပ်ဒေသတည်ငြိမ် အေး ချမ်းရေးကို အလေးထားဆောင်ရွက်သွားရန်လိုအပ်တယ်လို့ပြောခဲ့ပါတယ်။
ယင်းအပြင်နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှသာ သွင်းကုန် ပို့ကုန်ကဏ္ဍကိုပိုမိုဆောင်ရွက်နိုင်မှာဖြစ်ပြီး စီးပွား ရေးအရကူးလူးဆက်သွယ်မှုကို ပိုမိုအကောင်အထည်ဖော်နိုင်မှာဖြစ်တဲ့အတွက် နှစ်နိုင်ငံအကြား နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အတူတကွပူးပေါင်းဆောင်ရွက်သွားဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။
Mr. Wang Ning ကလည်း ယူနန်ပြည်နယ်နှင့်မြန်မာနိုင်ငံအကြား အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်မှု နယ်ပယ်အလိုက်ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်ရေး နှစ်နိုင်ငံသဘောတူညီပြီးဖြစ်သည့် စီမံကိန်းလုပ် ငန်းများ အမြန်ဆုံးအကောင် အထည်ဖော်နိုင်ရေးကြိုးပမ်းဆောင်ရွက်မည့်ကိစ္စများကို ဆွေးနွေးခဲ့ပါတယ်။
နှစ်ဘက်ဆွေးနွေးကြရာတွင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲကဏ္ဍများအပါအဝင် ရင်းနှီးမြှပ်နှံ နိုင်မည့် အခြေအနေများ၊မြန်မာနိုင်ငံနှင့်ယူနန်ပြည်နယ်အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့် ဆောင်ရွက်နိုင်မည့်အခြေအနေများ၊နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက်ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ ၊ရင်းနှီးမြှပ်နှံမှု ကုန်သွယ်မှုနှင့် လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် လူသားအရင်းအမြစ်များမွေးထုတ်ရေးစသည့်ကိစ္စများ ဆွေးနွေး ခဲ့ကြတာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
@ymg/knl
ပါလက်စ်တိုင်းကို လူမျိုးသုဉ်းသတ်ဖြတ်နေသည့် အစ္စရေးလ်အားထောက်ပံ့နေသောအမေရိကန်အစိုးရကို ပြည်သူများဆန္ဒပြကန့်ကွက်
မီချီဂန် ဒီယာဘွန်းမှာ စနေနေ့က ဆန္ဒပြသူရာနဲ့ချီ စုဝေးခဲ့ကြပြီး အရှေ့အလယ်ပိုင်းအရေးနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးမူဝါဒကို ဆန့်ကျင်ထုတ်ဖော်ခဲ့ကြပါတယ်။
#World_News
Published 5 November 2024
#ပါလက်စ်တိုင်း #ဆန္ဒပြသူရာနဲ့ချီစုဝေး
#YMG #Yangon_Times #Yangon_Media_Group
Page 488 of 1934