#World_Health
Published 06 July 2025

▪️ အချို့သောစားစရာတွေ သောက်စရာတွေက ကိုယ်ခံအားစနစ်ကို ထောက်ပံ့ကူညီကြတယ်ဆိုပေမယ့် အယ်ကိုဟောနဲ့ ပတ်သက်ပြီး ကျန်းမာရေးအပေါ် ဆိုးကျိုးဖြစ်နိုင်ကြောင်းကို ကျွမ်းကျင်သူများ သတိပေးနေကြသလို အယ်ကိုဟောက ကိုယ်ခံအားစနစ်ကို ဖိနှိပ်တဲ့နေရာမှာ ပါဝင်နေတယ်လို့ သိထားပါတယ်။

▪️ အဓိကကတော့ အယ်ကိုဟောက ဆီးရွှင်စေတဲ့ အာနိသင်ရှိတာကြောင့် ခန္ဓာကိုယ်ကနေ လိုအပ်တာထက်ပိုပြီး အရည်ဆုံးရှုံးကာ ရေဓာတ်ခန်းခြောက်စေပါတယ်။

▪️ ရေဓာတ်ခန်းခြောက်တဲ့အခါ ကိုယ်ခံအားစနစ်က ပုံမှန်အလုပ်မလုပ်နိုင်ဘဲ ပဋိဇီဝပစ္စည်းတွေ ထုတ်လုပ်ဖို့ခက်ခဲပြီး ရောဂါပိုးမွှားတွေကို မတိုက်ထုတ်နိုင်တော့ပါဘူး။

▪️ ဒါကြောင့်မို့လို့ ညဘက်အသောက်များသွားရင် နေမကောင်းသလိုဖြစ်ကာ ရေဓာတ်ဆုံးရှုံးနေတာကြောင့် ဗိုင်းရပ်စ်တွေကို ထိရောက်စွာ မတုံ့ပြန်တော့ပါဘူး။

▪️ နောက်တစ်ချက်က အူလမ်းကြောင်းအခြေအနေကိုပါ ထိခိုက်တာဖြစ်ပါတယ်။

▪️ အယ်ကိုဟောက အူလမ်းကြောင်းပိုးမွှားစနစ်ကို နှောင့်ယှက်ကာ အစာခြေခြင်းနဲ့ ကိုယ်ခံအားစနစ်မှာ အရေးပါတဲ့ အကျိုးပြုဘက်တီးရီးယားများကို ထိခိုက်စေပြီး ကိုယ်ခံအားလုပ်ဆောင်ချက် ကျဆင်းစေတာဖြစ်ပါတယ်။

▪️ ကော့တေးလိုမျိုး ယမကာဆိုရင် သကြားဓာတ်ပါဝင်ပြီး သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေကာ ကိုယ်ခံအားဆဲလ်တွေ လုပ်ဆောင်ချက်ကို ယိုယွင်းစေပါတယ်။

▪️ အယ်ကိုဟောရဲ့ ဆိုးကျိုးတွေလျှော့ချနိုင်ဖို့ တစ်နေ့ကို နှစ်ခွက်ထက်ပိုမသောက်ဖို့ အကြံပြုထားကြပါတယ်။

▪️ အယ်ကိုဟောကို သင့်တော်ရုံသောက်သုံးတာက ကိုယ်ခံအားစနစ် မထိခိုက်စေပေမယ့် လျှော့ချသောက်သုံးရင်တော့ ကျန်းမာရေးအတွက် ကောင်းစေမှာပါ။

#Source: Glass Almanac