#Local_News
Published 5 July 2025

▪️ နှစ်စဥ်ကျင်းပနေကြတောင်ပြုံးပွဲ‌တော်ကို ယခုနှစ်တွင် ဝါဆိုလဆန်း၈ရက် (သြဂုတ်လ၁ရက်မှ ၈ရက်) မှ ၁၅ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပ ရေးကော်မတီက အသိပေးထုတ်ပြန်သည်။

▪️ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကျေး ရွာအုပ်စု၊ တောင်ပြုံးကြီးကျေးရွာရှိ အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင် တောင်ပြုံးဆုတောင်းပြည့်-ဆုတောင်းရ မြတ်စွာဘုရား ဗုဒ္ဓပူဇနိယဆွမ်းတော်ကြီးလောင်းလှူပွဲနှင့် တောင်ပြုံး အရှင်နှစ်ပါး ပွဲတော်သို့ ဘုရားဖူးတိုင်းရင်းပြည်သူများ၊ ရိုးရာဓလေ့ ကိုးကွယ်သူများ၊ ဈေးသူ/ဈေးသားများအား စိတ်အေးချမ်းသာစွာဖြင့် လာရောက်နိုင်ကြရန် ပွဲတော်ကျင်းပရေးကော်မတီမှ အသိပေးကြေညာထားခြင်းဖြစ်ကာ နယ်မြေဒေသအခြေအနေသည်လည်း အေးချမ်းတည်ငြိမ်လျက်ရှိကြောင်း သိရသည်။

▪️ တောင်ပြုံးပွဲတော်ကို နှစ်စဉ် ဝါခေါင်လဆန်း၈ရက်မှ စတင်ပြီး ကျင်းပလေ့ရှိရာ ဝါခေါင်လဆန်း ၈ရက်နှင့်၉ရက်တို့တွင် ကန်တော့ခံပွဲ၊ ဝါခေါင်လဆန်း၁၀ရက်တွင် ညီလာခံဝင်၊ ဝါခေါင်လဆန်း ၁၁ရက်တွင် ချိုးရေတော်သုံးပွဲ၊ ဝါခေါင်လဆန်း ၁၂ ရက်တွင် နန်းတက်ပွဲ၊ ဝါခေါင်လဆန်း ၁၃ ရက်တွင် ယုန်ထိုးပွဲ၊ ဝါခေါင်လဆန်း ၁၄ ရက်တွင် ထိန်ပင်ခုတ်ပွဲ၊ ဝါခေါင်လဆန်း ၁၅ရက်တွင် ပခန်းမင်းပို့ပွဲနှင့် ဝါခေါင်လပြည့်ကျော် တရက်တွင် ရွှေဘုံဆင်းပွဲတို့ကို ရှေးအစဉ်အလာများအတိုင်း ကျင်းပခြင်းဖြစ်ကာ အနယ်နယ်အရပ်ရပ်မှ လာရောက်ဆင်နွဲကြသည့် ရိုးရာပွဲတော်တစ်ခုဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times