Mytel (၇)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားနှင့်အတူ Mytel၏ ပထမဦးဆုံး AI နည်းပညာသုံး Brand Ambassador များဖြစ်ကြသော "Mi Mi" နှင့် "Mike Mike" တိုကို တရားဝင် မိတ်ဆက်ခဲ့သည်။

photo 2025 07 04 19 42 41


AI နည်းပညာများကို ကမ္ဘာနှင့်တဝှမ်း တွင်ကျယ်စွာအသုံးပြုလာကြသည်နှင့်အမျှ Mytel သည်လည်း သုံးစွဲသူများ၏ အတွေ့အကြုံများကို မြှင့်တင်ရန် ပထမဦးဆုံး AI နည်းပညာသုံး Brand Ambassador များဖြစ်ကြသော "Mi Mi" နှင့် "Mike Mike" တိုကို Mytel ၏ AI Brand Ambassador များအဖြစ် တရားဝင် မိတ်ဆက်နိုင်ခဲ့ပြီး "Mi Mi" နှင့် "Mike Mike" တိုကို မိတ်ဆက်ခြင်းသည် ရုပ်ပုံများ ထည့်သွင်းခြင်းသက်သက်မဟုတ်ဘဲ၊ Mytel ၏ သုံးစွဲသူများနှင့် ပိုမိုအပြန်အလှန်ချိတ်ဆက်နိုင်ရန်၊ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုနှင့် ပိုမိုထိရောက်သော ဆက်ဆံရေးများအတွက် AI နည်းပညာကို ကောင်းမွန်စွာ အသုံးချခြင်းဖြစ်‌သည်။

photo 2025 07 04 19 42 23photo 2025 07 04 19 42 28

ယခုအခါ Mytel သည်လည်း "Mi Mi" နှင့် "Mike Mike" တိုကို Mytel AI Brand Ambassador များအဖြစ် မိတ်ဆက်ကာ အဆင့်မြင့် AI နည်းပညာများဖြင့် သုံးစွဲသူများအတွက် ပိုမိုထက်မြတ်ချောမွေ့သော ဒစ်ဂျစ်တယ် အတွေ့အကြုံများကို ပေးစွမ်းသွားတော့မည် ဖြစ်သည်။

photo 2025 07 04 19 42 37

"Mi Mi" နှင့် "Mike Mike" တိုသည် Mytel နှင့် သုံးစွဲသူများကြားကို ချိတ်ဆက်ပေးမည်ဖြစ်သကဲ့သို ဝန်ဆောင်မှုများ၊ ဗဟုသုတများလည်း မျှဝေပေးသွားမည်ဖြစ်ပြီးသုံးစွဲသူများ၏ ပြဿနာများကိုလည်း ကူညီဖြေရှင်းပေးသွားမည် ဖြစ်သည်။ထိုအပြင်Mytel ၏ပရိုမိုးရှင်း ကမ်ပိန်းများ၊ ဝန်ဆောင်မှုများ၊ မိုဘိုင်းအင်တာနက်၊ ကိုယ်ပိုင်စိတ်ကြိုက် package များနှင့် ပရိုမိုးရှင်းအစီအစဉ်များအားလုံးကို "Mi Mi" နှင့် "Mike Mike" တိုမှ တဆင့် မိတ်ဆက်ပေးသွားမည် ဖြစ်ပြီး Mytel ၏ အခြားသော အပ်ဒိတ်များကိုလည်း အမြဲမပြတ် "Mi Mi" နှင့် "Mike Mike" တိုကပဲ ပြောပြပေးသွားမည်ဖြစ်သည်။

photo 2025 07 04 19 42 33

Mytelသုံးစွဲသူ‌များအ‌ေနဖြင့်အခြားသိလိုသည်များကိုလည်း "Mi Mi" နှင့် "Mike Mike" တိုကို လွတ်လပ်စွာ မေးမြန်းနိုင်ပြီး သုံးစွဲသူတိုင်းကို ကူညီရန်အမြဲအသင့်ရှိနေမည်ဖြစ်သည်။