#Local_News
Published 5 July 2025

▪️ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပျဉ်းမနား-တောင်ညိုလမ်းပိုင်း ပြန်လည်ပြုပြင်မှု အမြန်ပြီးစီးရေး လူအင်အား၊ စက်ယန္တရား များတိုးမြှင့်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

▪️ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော် ကောင်စီမှ ကောင်စီဝင် ဦးခင်မောင်လတ်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် ကော်မတီဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပျဉ်းမနား-တောင်ညိုလမ်းတွင် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

▪️ မြို့တော်ဝန်က လုပ်ငန်းများ အပိုင်းလိုက် အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ လူအင်အား၊ စက်ယန္တရား များတိုးမြှင့်ဆောင်ရွက်ရေး၊ ကျောက်များအား သတ်မှတ်အရွယ် အစားအတိုင်း အသုံးပြုရေးနှင့် လမ်းဘေး ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

▪️ ထို့နောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ်၊ မင်္ဂလာကန်တွင် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ကန်ပတ်လမ်းအား ဖယ်ရှားရှင်းလင်း ဆောင်ရွက်နေမှုနှင့် ပြန်လည်ပြုပြင်နိုင်ရေးဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

#YMG/SW #Yangon_Times