#World_Health
Published 09 May 2025

▪️ အသက်အရွယ်ရလာတဲ့သူတွေ ဒီဂျစ်တယ်နည်းပညာတွေကို ပုံမှန်အသုံးပြုပါက ဦးနှောက်လုပ်ဆောင်ချက် ကျဆင်းခြင်းနဲ့ ဒီမန်ရှာရောဂါ ဖြစ်ခြင်းတို့ လျော့ကျနိုင်ကြောင်း လေ့လာချက်အသစ်မှာ တွေ့ရှိထားပါတယ်။

▪️ ဒါဟာ ဒီဂျစ်တယ်ပစ္စည်းတွေကို ကြာရှည်ကြည့်ရှုခြင်းက ဦးနှောက်ကို ထိခိုက်စေတယ်ဆိုတဲ့ အယူအဆတွေကို စိန်ခေါ်လာပါတယ်။

▪️ တက္ကဆပ်တက္ကသိုလ်မှ သုတေသီတွေက အသက် ၅၀ နဲ့အထက် လူပေါင်း ၄၁၁,၀၀၀ ကျော်ပါဝင်တဲ့ လေ့လာချက် ၁၃၆ ခုကို ဆန်းစစ်ခဲ့ကြပါတယ်။

▪️ ဒီလေ့လာချက်တွေဟာ ၁၈ နှစ်ကြာတဲ့အထိကြာခဲ့ပြီး စမတ်ဖုန်း၊ ကွန်ပျူတာ၊ အင်တာနက်စတဲ့ ဒီဂျစ်တယ်နည်းပညာများက ဦးနှောက်လုပ်ဆောင်ချက် ကျန်းမာရေးအပေါ် ဘယ်လောက်အထိ သက်ရောက်လဲဆိုတာကို စောင့်ကြည့်ခဲ့ကြပါတယ်။

▪️ အများစုယူဆထားတာဆိုရင် ဒီဂျစ်တယ်နည်းပညာ ဖန်သားပြင်ကြာရှည်ကြည့်ရှုရင် ဦးနှောက်လုပ်ဆောင်ချက် ပိုမိုဆိုးရွားစေတယ်ဆိုပေမယ့် ယခုလေ့လာချက်ကတော့ ဒါနဲ့ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။

▪️ ဒီဂျစ်တယ်ပစ္စည်းတွေက အသုံးပြုသူတွေကို စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်ပေးပြီး လူမှုဆက်ဆံရေး ပြုလုပ်နိုင်စေတဲ့အတွက် အသက်ကြီးလာတဲ့အခါ ဦးနှောက်ကျန်းမာရေး ထိန်းသိမ်းနိုင်ဖွယ်ရှိပါတယ်။

▪️ ဆန်းစစ်ချက်အရဆိုရင် ဒီဂျစ်တယ်နည်းပညာ အသုံးပြုခြင်းဟာ ဦးနှောက်စွမ်းရည်ချို့ယွင်းနိုင်ခြေကို ၅၈ ရာခိုင်နှုန်း၊ ဦးနှောက်စွမ်းရည် ကျဆင်းလာခြင်းကို ၂၆ ရာခိုင်နှုန်း လျော့ကျစေတာနဲ့ ဆက်စပ်နေတယ်လို့ တွေ့ရပါတယ်။

▪️ ဒါပေမဲ့ ဒီတွေ့ရှိချက်တွေအကြောင်း သေချာသိရှိရဖို့ နောက်ထပ်လေ့လာမှုတွေ လိုအပ်သေးတယ်လို့ သုတေသီများ သတိပေးသွားပါတယ်။

#Source: India Today