#Local_News
Published  15 May 2025

ယနေ့မနက်ပိုင်း မတ္တရာနှင့်ဆွာမြို့အနီး၌ ငလျင်ငယ်များလှုပ်ခတ်ခဲ့ကြောင်း မြေငလျင်သတင်းများစင်တာမှ သိရသည်။

ထိုသို့လှုပ်ခတ်ရာတွင် ယနေ့မနက် မြန်မာစံတော်ချိန် ၅  နာရီ၂၈မိနစ်အချိန်က မန္တလေးမြို့မှ မြောက်ဘက်၊ပိုင်း ၁၉ မိုင်ခန့်၊ မတ္တရာမြို့အနောက်မြောက်ဘက် ၅ မိုင်ကျော်ခန့်အကွာ မြေအောက်ဒေသအနက် ၆ မိုင်‌ကျော်မှ နောက်ထပ် မဂ္ဂနီကျု ၃.၂ အဆင့်မြေငလျင်ငယ် ထပ်မံလှုပ်ရှားသွားခဲ့ကြောင်း သိရသည်။

ထို့နောက် ယနေ့မနက် မြန်မာစံတော်ချိန် ၈  နာရီ၄၂မိနစ်အချိန်ကလည်း  ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှ မြောက်ဘက်၊ပိုင်း ၂၃ မိုင်ခန့်၊ ရေတာရှည်မြို့မြောက်ဘက် ၇ မိုင်ကျော်ခန့်အကွာ ဆွာအနီး ကညင်အိုင်ကျေးရွာကိုဗဟိုပြုကာ မြေအောက်ဒေသအနက် ၆ မိုင်‌ကျော်မှ နောက်ထပ် မဂ္ဂနီကျု ၃.၀ အဆင့်မြေငလျင်ငယ် ထပ်မံလှုပ်ရှားသွားခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times