#World_Health
Published 12 May 2025
▪️ စားပြီးသောက်ပြီး ကြာသွားတဲ့အခါ သွေးတွင်းသကြားဓာတ် ထိုးကျသွားတဲ့သူတွေဟာ အခြားလူတွေထက် ဗိုက်ဆာတတ်ပြီး ကယ်လိုရီအများကြီး စားမိစေတယ်လို့ သုတေသနတစ်ခုမှာ တွေ့ထားပါတယ်။
▪️ နာမည်ကြီးတက္ကသိုလ်အများအပြားမှ သုတေသီအဖွဲ့ဟာ အချို့လူတွေ ထိန်းသိမ်းစားသောက်တာတောင် ကိုယ်အလေးချိန်ကျရန် ခက်ခဲနေတဲ့အကြောင်းအရင်းကို တွေ့ရှိခဲ့ကြကာ တစ်ဦးချင်းစီရဲ့ ဇီဝကမ္မဖြစ်စဉ်အကြောင်း သိရှိရန်အရေးကြီးပုံကို ဖော်ပြခဲ့ကြပါတယ်။
▪️ စမ်းသပ်ခံသူ ၁,၀၇၀ ဦးထံမှ ကျန်းမာရေးအချက်အလက်များနဲ့ သွေးတွင်းသကြားဓာတ် တုံ့ပြန်မှုတွေကို စုဆောင်းခဲ့ပြီး သာမန်နံနက်စာအမျိုးအစားများစွာကို ရွေးချယ်စားသောက်စေပါတယ်။
▪️ သူတို့ကို အစာမရှိချိန် သွေးတွင်းသကြားဓာတ်တုံ့ပြန်စစ်ဆေးချက်ဖြင့် တိုင်းတာခဲ့ပါတယ်။
▪️ တစ်နေကုန် သွေးတွင်းသကြားဓာတ် တိုင်းတာဖို့အတွက်လည်း CGM စက်များ တပ်ဆင်ထားပါတယ်။
▪️ ဖုန်းအက်ပလီကေးရှင်းတစ်ခုဖြင့် ဆာလောင်စိတ်နဲ့ နိုးကြားစိတ်တို့ကို မှတ်သားတဲ့အပြင် တစ်နေတာအတွင်း ဘယ်အချိန်ဘာစားလဲဆိုတာကိုလည်း အတိအကျ မှတ်သားပါတယ်။
▪️ ထိုအခါမှာ အချို့လူတွေက အစပိုင်းအမြင့်ဆုံးရောက်ပြီးနောက် ၂ - ၄ နာရီအကြာမှာ သကြားဓာတ်သိသိသာသာ ကျဆင်းသွားပါတယ်။
▪️ သကြားဓာတ်ထိုးဆင်းတဲ့သူတွေဟာ ဆာလောင်စိတ် ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး နောက်တစ်ခေါက်မစားခင် နာရီဝက်အောက်သာ စောင့်ဆိုင်းကြပါတယ်။
▪️ သွေးတွင်းသကြားဓာတ် ထိုးဆင်းသူတွေဟာ နံနက်စားပြီးနောက် ၃-၄ နာရီအကြာမှာ ၇၅ ကယ်လိုရီ ပိုစားမိပြီး တစ်နှစ်ကို အလေးချိန်ပေါင် ၂၀ လောက် ပိုတက်လာနိုင်ပါတယ်။
▪️ ကောက်ချက်ချရရင် သကြားဓာတ်ထိုးဆင်းတဲ့သူတွေဟာ ဆာလောင်စိတ်ပိုဖြစ်စေပြီး ကယ်လိုရီပိုစားမိစေတယ်လို့ ကင်းစ်ကောလိပ်လန်ဒန်မှ ဒေါက်တာ ဆာရာဘယ်ရီက ပြောပါတယ်။
▪️ သကြားဓာတ်ထိုးကျသူဖြစ်ဖြစ် တခြားသူဖြစ်ဖြစ် အသက်အရွယ်၊ ကိုယ်အလေးချိန်၊ BMI တို့ကြား ဆက်စပ်မှုမရှိပါဘူး။
▪️ မိမိအတွက်ကိုက်ညီမယ့် အစားအစာတွေကို ရွေးချယ်ခြင်းဖြင့် ကြာမြင့်စွာ ဗိုက်ပြည့်စေပြီး နည်းနည်းသာ စားစေမှာဖြစ်ပါတယ်။
#Source: DoctorNDTV