#World_News
Published 12 May 2025

▪️ အမေရိကန်နဲ့ တရုတ်တို့ဟာ အလွန်အရေးပါတဲ့ ကုန်သွယ်ရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာမှာ အပြုသဘောဆောင်ခဲ့ကြပြီး အမေရိကန်အရာရှိများက အမေရိကန်ကုန်သွယ်ရေးလိုငွေပြခြင်းကို လျှော့ချနိုင်ဖို့ သဘောတူညီချက် ရယူလိုတဲ့သဘောရှိပါတယ်။

▪️ တရုတ်အရာရှိများပြောကြားချက်အရ နှစ်နိုင်ငံစလုံးကနေ အရေးပါတဲ့ ဘုံသဘောတူညီမှု ရရှိခဲ့ပြီး နောက်ထပ် စီးပွားရေးဆွေးနွေးပွဲဖိုရမ်အသစ် ပြုလုပ်သွားဖို့ သဘောတူညီခဲ့ကြပါတယ်။

▪️ ဆွစ်ဇာလန်မှာ နှစ်ရက်တာပြောဆိုခဲ့ကြပြီးနောက် နှစ်ဖက်စလုံးက အတိအကျထုတ်ပြန်ခြင်း မရှိသေးပါဘူး။

▪️ တရုတ်ဒုဝန်ကြီးချုပ် ဟီလိုင်ဖန်းက တနင်္လာနေ့ကျရင် ဂျီနီဗာမှာ ပူးတွဲထုတ်ပြန်မှု ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

▪️ စီးပွားကူးသန်းဒုဝန်ကြီး လီချန်ကန်ကလည်း ဒါဟာ တစ်ကမ္ဘာလုံးအတွက် သတင်းကောင်းပါဝင်နိုင်တယ်လို့ ပြောသွားပါတယ်။

▪️ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်နဲ့ ကုန်သွယ်ရေးကိုယ်စားလှယ် ဂျေမီဆန်ဂရီယာတို့က ဆွေးနွေးမှုတွေဟာ သိသိသာသာ တိုးတက်မှုရှိခဲ့ပြီး တနင်္လာနေ့မှာ အသေးစိတ်ကြေညာသွားမယ်လို့ ဆိုပါတယ်။

▪️ သတင်းထောက်တွေနဲ့ သီးခြားပြောဆိုရာမှာတော့ တရုတ်ကုန်ပစ္စည်းတွေအပေါ် အမေရိကန်မှ စည်းကြပ်ခွန် ၁၄၅ ရာခိုင်နှုန်းကို ဖြတ်တောက်ဖို့နဲ့ အမေရိကန်ကုန်ပစ္စည်းများအပေါ် တရုတ်အခွန် ၁၂၅ ရာခိုင်နှုန်း ဖြတ်တောက်ဖို့ သဘောတူညီချက်အကြောင်းတော့ နှစ်ဖက်စလုံးမှ မပြောသွားပါဘူး။

▪️ ဒီအခွန်နှုန်းထားတွေဟာ ကမ္ဘာ့စီးပွားရေးအင်အား အကြီးဆုံးနှစ်နိုင်ငံကြားမှာ ကုန်သွယ်ရေးပိတ်ဆို့မှု ဖြစ်စေနိုင်သဖြင့် တင်းမာမှုလျော့ကျရန် လိုအပ်ကြောင်း ဘက်ဆန့်ကပြောပါတယ်။

▪️ ဂျီနီဗာအစည်းအဝေးနိဂုံးချုပ်မှာ တရုတ်နဲ့သဘောတူညီချက်က အမေရိကန်ရဲ့ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁.၂ ထရီလီယံကို လျှော့ချပေးနိုင်လိမ့်မယ်လို့ ဂရီယာက ဆိုပါတယ်။

▪️ တရုတ်ဒုဝန်ကြီးချုပ်ကလည်း အစည်းအဝေးပွဲဟာ တိုးတက်မှုအများအပြား ရှိခဲ့ပြီး အရေးကြီးတဲ့ ဘုံသဘောတူညီချက် ရရှိခဲ့တယ်လို့ ပြောပါတယ်။

#Source: Reuters