#Local_News
Published 7 May 2025

▪️ OWIC ကတ်လျောက်ထားရာတွင် စာရွက်စာတမ်းပြည့်စုံ ၊ကြည်လင်မှုမရှိပါက တန်းစီးစနစ်အတိုင်းပြန်လည်လျှောက်ထားရမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

▪️ ခွင့်ပြန်နှင့် ကျွမ်းကျင် OWIC ပြုလုပ်ခွင့်တင်ထားသူများအနက်မှ စာရွက်စာတမ်းမပြည့်စုံသူများစာရင်းကို Safe Migration Telegram channel မှ ထုတ်ပြန်ပေးလျှက်ရှိပြီး စာရင်းတွင်ပါဝင်သူများအ‌ေနဖြင့်စာရွက်စာတမ်းပြည့်စုံစွာဖြင့် ပြန်လည်တင်ပြရန်လိုအပ်မည်ဖြစ်‌ေကြာင်း သိရသည်။

▪️ "ကိုယ်တိုင်ကျသေချာစွာမတင်ကြ ပွဲစားကဖြစ်သလိုတင် ဘာအထောက် အထားတွေလိုပါတယ်ဆိုတာကို ပုံစံနဲ့တကွတင်ပေးထားတာကို တလွဲတွေတင်ကြတယ် တန်းစီဇယားစနစ်မလို့ လိုအပ်ချက်ဖြစ်လာရင် အရမ်းနစ်နာတယ် ကိုယ်တိုင်တင်တင် ပွဲစားကပဲတင်တင် သေချာစွာ ကြည်တောက်ရှင်းတွေတွဲပေးစေချင်တယ် အထူးသဖြင့် QR code တွေပေါ့" ဟု Safe Migration မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

▪️ ထို့ပြင် ဖောင်တင်ရာ၌ အကြောင်းအရာဖြည့်စွက်ရာတွင် ကျွမ်းကျင်အတွက် သင်တန်းနှင့် OWIC ပြုလုပ်ခွင့်ပြုရန်၊ ခွင့်ပြန်အတွက် OWIC ပြုလုပ်ခွင့်ပြုရန်၊OWIC ပျောက်ဆုံးအတွက် OWIC ပြုလုပ်ခွင့်ပြုရန်၊OWIC သက်တမ်းတိုးခွင့်ပြုရန် စသည်ဖြင့် လျှောက်ချင်သည့်ပုံစံအပေါ်မူတည်ပြီး မှန်မှန်ကန်ကန် ဖြည့်စွက်ရန်လိုပြီး ဖောင်ပုံစံများကို Safe Migration Facebook ၌ကြည့်နိုင်ကြောင်း သိရသည်။

#YMG/SW #Yangon_Times