၇ မေ ၂၀၂၅

ရုရှားနိုင်ငံ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၅၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနား  တက်ရောက်မယ့် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာအဆင့် မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ ယနေ့ မေလ ၇ ရက် မွန်းလွဲပိုင်းတွင် မော်စကိုမြို့ရှိ ဘနူကာဘာ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြပါတယ်၊

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. AndreyRudenko နှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊လေ) ဗိုလ်မှူးချုပ် ကျော်စိုးဦးတို့က လေဆိပ်တွင် လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ ကြပါတယ်။

ထိုသို့ကြိုဆိုစဉ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့မှလည်း လျှောက်လမ်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ခြံရံ၍ နိုင်ငံတော်အဆင့်ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။

#ymg/knl

44