#Local_News
Published_3 March 2025

▪️ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လစ်အုန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊လေ) တို့လိုက်ပါ၍ ယနေ့ ဒေသစံတော်ချိန် ညနေပိုင်းတွင် မော်စကိုမြို့ရှိမြန်မာထေရဝါဒ ဗုဒ္ဓစင်တာသို့သွားရောက်၍ ဆရာတော်အား ဖူးမြော်ကြည်ညိုကြကြောင်း သိရသည်။

▪️ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ချစ် ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင် များ ကမော်စကိုမြို့၊ မြန်မာထေရဝါဒဗုဒ္ဓစင်တာသို့ ရောက်ရှိကြပြီး သဒ္ဓမဇောတိကသိမ်တော်အတွင်း၌ ကျောင်း ထိုင်ဆရာတော် မဟာသဒ္ဓမဇောတိကဓဇ၊ ဒေါက်တာ ဘဒ္ဒန္တအစ္ဆရိယအားဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စရပ်များ၊ သီတင်းသုံးနေထိုင်ရမှုနှင့် သွားလာရေးအခြေအနေများ၊ ထေရဝါဒဗုဒ္ဓစင်တာအတွက် လိုအပ်ချက်များ ၊ရုရှားနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာပြန့်ပွားရေးနှင့်ပတ်သက်၍ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ မေးမြန်းလျှောက်ထားပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြကြောင်း သိရသည်။

▪️ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ချစ်ကြည်ရေးခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များသည် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး တရားတော်များ နာယူကြည်ညိုကြကာကျောင်း ထိုင်ဆရာတော်ကြီးနှင့် သံဃာတော်အရှင်သူမြတ်တို့အား နဝကမ္မဝတ္ထုငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

▪️ အဆိုပါမော်စကိုမြို့ရှိ မြန်မာထေရဝါဒ ဗုဒ္ဓစင်တာအား ရုရှားနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်ထွန်းကား ပြန့်ပွားရေးအတွက် နိုင်ငံတော် ဩဝါဒါစရိယ၊ ရွှေကျင်နိကာယ ဥက္ကဋ္ဌ ဂဏာဓိပတိ သောဠသမ ရွှေကျင် သာသနာပိုင်၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူ ဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ နှင့် အပြည်ပြည်ဆိုင်ရာ သာသနာပြုတက္ကသိုလ်၊ ပါမောက္ခ မဟာဌာနမှူး ဓမ္မဒူတဆရာတော်ဒေါက်တာအရှင်ဆေကိန္ဒတို့၏ ဩဝါဒကိုခံယူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့အား အမှူထား၍ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးနှင့် စစ်သံရုံး မိသားစုများ၊ ရုရှားနိုင်ငံတွင် ပညာတော် သင် ရောက်ရှိလျက်ရှိသည့် သင်တန်းသား မိသားစုများ ပူးပေါင်းကာ ၂၀၁၃ ခုနှစ်တွင် စတင်စီစဉ် ဆောင်ရွက် ခဲ့ကြကာ ၂၀၁၅ ခုနှစ်တွင် ကျောင်းရေစက်ချ အခန်းအနားကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

▪️ အလားတူ မြန်မာ့ထေရဝါဒ ဗုဒ္ဓဝိဟာရ၌ ရဟန်းရှင်လူများ စိတ်အေးချမ်းသာစွာဖြင့် တရား အားထုတ်နိုင်ရန် သီတဂူဆရာ တော်ကြီး၏ ဩဝါ ဒကိုခံယူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်ကြူကြူလှ၊ မြန်မာသံရုံးနှင့် မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) မိသားစုများ၊ ရဟန်းရှင်လူပြည်သူအများ၊ ရုရှား နိုင်ငံရောက်ပညာတော်သင် သင်တန်းသားအရာရှိများ စုပေါင်း၍ တည်ဆောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အလှူရှင်များက ရေစက်ချလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါတွင် ရုရှားနိုင်ငံရှိဗုဒ္ဓဘာသာဝင်များနှင့် အိမ်နီးချင်းနိုင်ငံများမှ ဗုဒ္ဓဘာသာဝင်များ သာသနာရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အလေးထားရသည့်နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

#Yangon_Times/PP