Published_3 March 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ တရားဝင် ချစ် ကြည် ရေးခရီးစဉ် သွားရောက်ရန်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားနိုင်ငံသို့ရောက်ရှိပြီ ဖြစ်ကြောင်း သိရသည်။
ယနေ့နံနက်ပိုင်း တွင် အထူး လေယာဉ်ဖြင့် နေပြည်တော်တပ်မတော် လေဆိပ်မှထွက်ခွာခဲ့သည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင် သည့် မြန်မာအဆင့်မြင့်ကိုယ်စား လှယ်အဖွဲ့ သည်ဒေသစံတော်ချိန် ညနေပိုင်းတွင် မော်စကိုမြို့ရှိ ဘနုကာဘာအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ ကြရာ ရုရှား စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး Mr, Maxim Reshetnikov ၊ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်း အုန်း၊ မြန်မာ နိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizovi မြန်မာစစ် သံ(ကြည်း၊ ရေ၊လေ) ဗိုလ်မှူးချုပ်မိုးကျော်တို့က ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရသည်။
လေဆိပ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့ က နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် လာရောက် သည့် နိုင်ငံ့ခေါင်းဆောင်များ အား ကြိုဆိုသည့် အစဉ်အလာနှင့်အညီ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။
ကြိုဆိုရာတွင်နှစ်နိုင်ငံနိုင်ငံတော် သီချင်း များကို တီးမှုတ်ဂုဏ်ပြု အလေးပြု ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ် ဖွဲ့၏ ချီတက်အလေးပြုခြင်းကို ခံယူခဲ့ကြောင်း သိရသည်။