#Local_News
Published_18 Nov 2024
▪️ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် ဗုံးခွဲတိုက်ခိုက်ခံရ၍ ရပ်ကွက်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်တစ်ပါးပျံလွန်မှု ယနေ့နိုဝင်ဘာလ ၁၈ ရက် နံနက် ၈ နာရီ ကျော်အချိန်က ဖြစ်ပွားခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
▪️ မေတ္တာညွန့်ရပ်ကွက်၊ သံသုမာလမ်း၊ မြန်မာ့ဂုဏ်ရောင်အိမ်ရာဝန်းအတွင်းရှိ မြို့ဦးပရိယတ္တိစာသင်တိုက်တွင် လက်လုပ်လက်ပစ်ဗုံး ၁ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အတွက် မြို့ဦးပရိယတ္တိစာသင် တိုက်(၃)ထပ်ကျောင်း ဆောင်အောက်ထပ်၊ ခြံစည်းရိုးဘေးကပ်လျက်အခန်း၌ သီတင်းသုံးနေသော သက်တော် (၅၇)နှစ်၊ ဝါတော် (၃၇)နှစ်ရှိရပ်ကွက်သံဃာနာယကဥက္ကဋ္ဌ ဆရာတော် ဦးဉာဏဝံသ ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
▪️ ယခုအခါ အဆိုပါ အကြမ်းဖက်ဖောက်ခွဲမှုကျူးလွန်ခဲ့သည့် တရားခံများကို သက်ဆိုင်ရာက အမြန်ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးရှာဖွေမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
#Yangon_Times/PP
အခေါက်ရွှေရည်ညွှန်းဈေးတစ်ပတ်တာအတွင်း တစ်ကျပ်သားကိုကျပ်သုံးသိန်းခွဲဝန်းကျင်အထိ ကျဆင်းလာတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်
ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 18 November 2024
#ရွှေဈေးကျဆင်း #ရွှေလုပ်ငန်းရှင်များအသင်း
#YMG/NN #Yangon_Times
အခုအပတ်မှာတော့ စားအုန်းဆီရည်ညွှန်းဈေးနှုန်းတက်လာပြီး တစ်ပိဿာကို (၇၀၁၅)ကျပ်နဲ့ရောင်းချဖို့ သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။ တစ်လလျှင်၂ပိဿာ ၇၅ကျပ်သားကို အိမ်အရောက်ကျပ် (၂၅၀၀၀)ဝန်းကျင်နဲ့ဖုန်းဆက်မှာယူနိုင်ပါတယ်။
#Local_News
Published 18 November 2024
#စားအုန်းဆီဈေးတက် #ရည်ညွှန်းဈေး
#YMG/tthl #Yangon_Times
#Local_News
Published 18 November 2024
▪️ ရန်ကုန်စတော့အိပ်ချိန်း၏ ဒုတိယမြောက်ဈေးကွက် (Pre Listing Board-PLB) တွင် ပထမဆုံးစာရင်းဝင်ကုမ္ပဏီဖြစ်သည့် မြန်မာ့လယ်ယာနှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက် (MAGDPL) သည်မှ သာမန်အစုရှယ်ယာတစ်စုအပေါ် အမြတ်ငွေ ၅၀၀ ကျပ်ကို ယနေ့ နိုဝင်ဘာလ (၁၈) ရက်နေ့မှစတင်၍ ခွဲဝေပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ ၂၀၂၄ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် ကုန်ဆုံးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် သာမန်အစုရှယ်ယာတစ်စုအပေါ်တွင် အမြတ်ငွေ ၅၀၀ ကျပ်အား ခွဲဝေပေးခြင်းဖြစ်သည်။
▪️ မြန်မာ့လယ်ယာနှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက် (MAGDPL) ကို မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၏ အမှုဆောင်ကော်မတီဝင်အများစုဖြင့် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး သီလဝါအထူးစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်မှုအများပိုင်ကုမ္ပဏီ (Myanmar Thilawa SEZ Holdings Public Company Limited-MTSH) တွင် ကနဦးတည်ထောင်သူ အစုရှယ်ယာရှင်လည်းဖြစ်၍ Myanmar National Telecom Holdings Public Company Ltd (MNTH) တွင်လည်း ကနဦးတည်ထောင်သူ အစုရှယ်ယာရှင်အဖြစ် ပါဝင်ဆောင်ရွက်ထားကာ
ကုမ္ပဏီ၌ အစုရှယ်ယာရှင်အရေအတွက် ၁၀၉ ဦးရှိပြီး စုစုပေါင်းအစုရှယ်
ယာတန်ဖိုးမှာ ကျပ်ငွေ ၁၀ ဘီလီယံကျော်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ငွေချေးသက်သေခံလက်မှတ်စာရင်းဖွင့်လှစ်ထားသော အစုရှယ်ယာရှင်များအတွက် အစုရှယ်ယာရှင်များ စာရင်းဖွင့်လှစ်ထားသည့် Securities Account များသို့ အမြတ်ငွေကို တိုက်ရိုက်လွှဲပြောင်းပေးမည်ဖြစ်ပြီး စာရင်းဖွင့်လှစ်ထားခြင်းမရှိသေးသော အစုရှယ်ယာရှင်များအနေဖြင့် ကိုယ်တိုင်ဖြစ်ပါက Share Certificate (မူရင်းနှင့်မိတ္တူ)နှင့် မှတ်ပုံတင်မူရင်း ပြသ၍သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့် ထုတ်ယူလိုပါက ကိုယ်စားလှယ်လွှဲစာနှင့်အတူ Share Certificate (မူရင်းနှင့်မိတ္တူ)၊ အစုရှယ်ယာရှင်၏ မှတ်ပုံတင်မိတ္တူ၊ ကိုယ်စားလှယ်၏ မှတ်ပုံတင် (မူရင်းနှင့် မိတ္တူ) တို့နှင့်အတူ MAGDPL ရုံးချုပ်သို့ သွားရောက်ကာ ထုတ်ယူနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
မှတ်ပုံတင်မော်တော်ယာဉ်များအားလုံး ယာဉ်စစ်ဆေးပြီးမှသာ ယာဉ်မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ပေးသွားမယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့မှာထပ်မံအသိပေးလာပါတယ်။
#Local_News
Published 18 November 2024
#ယာဉ်မှတ်ပုံတင် #ယာဉ်စစ်ဆေးပြီး
#YMG/NN #Yangon_Times
သက်ကြီးစာပေပညာရှင် ပူဇော်ကန်တော့ပွဲမှာ အသက် (၁၀၀) ကျော်စာရေးဆရာကြီး(၂)ဦးအပါအဝင် ကန်တော့ခံပုဂ္ဂိုလ်(၂၇၆)ဦးကိုပူဇော်ကန်တော့ဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 18 November 2024
#အသက်(၁၀၀)ကျော် #စာရေးဆရာကြီး(၂)ဦး
#YMG/tthl #Yangon_Times
#Local_News
Published 18 November 2024
▪️ မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်မှ ဆောင်းရာသီစိုက်ပျိုးရေးစရိတ်ချေးငွေအဖြစ် စုစုပေါင်းချေးငွေကျပ် ၁၄၀ ဒသမ ၀၅ ဘီလီယံကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတွင် သတ်မှတ်ကာလအတွင်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ထုတ်ချေးပေးရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခု ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလမှ လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလကုန်အထိ သတ်မှတ်ကာလ လေး လ သတ်မှတ်၍ တောင်သူ များအား ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ဆောင်းရာသီစိုက်ပျိုးသီးနှံများအတွက် ချေးငွေများကို ပြီးခဲ့သည့် အောက်တိုဘာလကုန်အထိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ ၄၀ မှ ငွေကျပ် ၃,၁၂၁ သန်းကျော်ကို အသီးသီးထုတ်ချေးပေးထားပြီးဖြစ်သည်။
▪️ ၎င်းချေးငွေ များကို စပါးတစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းနှင့် အခြားသီးနှံတစ်ဧကလျှင် ငွေကျပ် တစ်သိန်းနှုန်း ထုတ်ချေး ပေးထားခြင်းဖြစ်သည်။
▪️ အဆိုပါချေးငွေများအတွက် စပါးသီးနှံတစ်ဧကလျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းသာ ကောက်ခံသွားမည် ဖြစ်ပြီး တောင်သူများအနေဖြင့် ရာသီအလိုက်ချေးငွေများရယူကာ သတ်မှတ်ကာလအတွင်းပုံမှန်ပြန်လည်ပေးဆပ်ပါက နောက်ရာသီအတွက် ချေးငွေအသစ်ကို အလွယ်တကူထပ်မံလျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 18 November 2024
▪️ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစိုးရအုပ်ချုပ်ရေးအဖွဲ့က ရုရှားနိုင်ငံထဲသို့ ပစ်ခတ်ရန်အတွက် ယူကရိန်းကို အမေရိကန်ထုတ် လက်နက်များ အသုံးပြုခွင့်ပေးလိုက်ကြောင်း သတင်းရင်းမြစ်တစ်ခုနဲ့ အမေရိကန်အရာရှိ ၂ ဦးတို့က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ရာ ယူကရိန်း-ရုရှားအရေးမှာ အမေရိကန်ရဲ့မူဝါဒက သိသိသာသာ ပြောင်းလဲလာပါတယ်။
▪️ ယူကရိန်းက လာမယ့်ရက်တွေမှာ ပထမဆုံး အဝေးပစ်တိုက်ခိုက်မှုများ ပြုလုပ်ရန်စီစဉ်နေပြီး အတိအကျကိုတော့ လုံခြုံရေးကိစ္စရပ်များကြောင့် မဖော်ပြဘူးလို့ သိရပါတယ်။
▪️ ဇန်နဝါရီ ၂၀ ရက်နေ့ သမ္မတအဖြစ် ရွေးချယ်ခံရတဲ့ ဒေါ်နယ့်ထရမ့် တာဝန်လွှဲပြောင်းမယူခင် ၂ လအလိုမှာ အခုလို ဆုံးဖြတ်လိုက်တာဖြစ်ပြီး ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇယ်လန်စကီက နယ်စပ်နဲ့ဝေးကွာတဲ့ ရုရှားစစ်ရေးပစ်မှတ်တွေကို အမေရိကန်လက်နက်များဖြင့် ပစ်ခတ်ခွင့်ပြုစေလိုတာ ကြာပြီဖြစ်ပါတယ်။
▪️ ဒီမတိုင်ခင် ရုရှားက မြောက်ကိုရီးယားတပ်တွေကို ခေါ်ဆောင်နေရာချထားတာကိုလည်း တုံ့ပြန်တဲ့သဘော ဖြစ်လာနိုင်ပါတယ်။
▪️ ရုရှားအစိုးရဘက်က ဘာမှမပြောကြားသေးဘဲ ဒီလိုခွင့်ပြုတာဟာ တင်းမာမှုကြီး ဖြစ်လာလိမ့်မယ်လို့တော့ သတိပေးထားပါတယ်။
▪️ ရုရှားအထက်လွှတ်တော် နိုင်ငံတကာရေးရာကော်မတီမှ လက်ထောက်အကြီးအကဲ ဗလာဒီမာဒီဇာဘာရော့ဗ်က ယူကရိန်းကို ဒီလိုခွင့်ပြုလိုက်ခြင်းဖြင့် တတိယကမ္ဘာစစ် ဖြစ်လာနိုင်စေတယ်လို့ ပြောထားပါတယ်။
▪️ ယူကရိန်းနိုင်ငံ ဖြစ်တည်မှု လုံးဝပျက်သုဉ်းသွားနိုင်တဲ့ တင်းမာမှုမျိုး ဖြစ်စေလာဖို့ အနောက်တိုင်းဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ရုရှားအထက်လွှတ်တော် ဖက်ဒရေးရှင်းကောင်စီ အကြီးတန်းအဖွဲ့ဝင် အန်ဒရီကလီရှာစ်က တယ်လီဂရမ်ကနေ ပြောသွားပါတယ်။
▪️ ယူကရိန်းက ပထမဆုံးအနေနဲ့ အကွာအဝေး မိုင် ၁၉၀ လောက်သွားနိုင်တဲ့ ATACMS ဒုံးပျံတွေ အသုံးပြုသွားဖွယ်ရှိပါတယ်။
▪️ ဒီလိုပစ်ခတ်ခြင်းဖြင့် လက်ရှိမှာ အသာရနေတဲ့ ရုရှားကို အထိနာစေပြီး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးတဲ့အချိန်မှာ ယူကရိန်းက အလေးသာနိုင်တယ်လို့ အမေရိကန်အရာရှိအချို့က ယူဆနေပါတယ်။
▪️ ယူကရိန်းကို စစ်ရေးနဲ့ ဘဏ္ဍာရေး အကူအညီပေးနေတဲ့ ဆုံးဖြတ်ချက်ကို ထရမ့်သမ္မတဖြစ်လာတဲ့အခါ ပြန်ပြောင်းမှာလားဆိုတာ မသိရသေးဘဲ ထရမ့်ကတော့ စစ်ပွဲကို အမြန်အဆုံးသတ်မယ်လို့ ဆိုထားကာ ဘယ်လိုလဲတော့ မရှင်းပြထားပါဘူး။
▪️ ထရမ့်နဲ့ အနီးစပ်ဆုံး နိုင်ငံခြားရေးမူဝါဒ အကြံပေးတစ်ဦးဖြစ်တဲ့ ရစ်ချတ်ဂရဲနဲလ်က ယခုဆုံးဖြတ်ချက်ကို ဝေဖန်လိုက်ကာ ရာထူးမှအနားမယူခင် စစ်ပွဲတင်းမာအောင် ပြုလုပ်နေတယ်လို့ X ဆိုရှယ်မီဒီယာမှာ ပြောသွားပါတယ်။
#Source: Reuters
#World_Health
Published 18 November 2024
▪️ အိုမီဂါ-၃နဲ့ အိုမီဂါ-၆ ဖက်တီးအက်ဆစ်တို့ အများအပြားပါဝင်တဲ့ အစားအစာတွေဟာ ကျန်းမာရေး ကောင်းမွန်ဖို့ မရှိမဖြစ်လိုအပ်တယ်ဆိုတာကို လေ့လာတွေ့ရှိပြီးသား ဖြစ်ပါတယ်။
▪️ ကျန်းမာရေး အကျိုးကျေးဇူးတွေထဲမှာ ကင်ဆာအများအပြားကိုလည်း ကာကွယ်ပေးနိုင်တာနဲ့ ဆက်စပ်နေတယ်လို့ ယခုတွေ့ရှိလာပါတယ်။
▪️ ဂျော်ဂျီယာတက္ကသိုလ်မှ သုတေသနအဖွဲ့က လူပေါင်း ၂ သိန်းခွဲကို ၁၀ နှစ်ကြာ လေ့လာပြီးနောက် သွေးထဲက အိုမီဂါ-၃ နဲ့ အိုမီဂါ-၆ တို့ဟာ ကင်ဆာ ၁၉ မျိုး ကာကွယ်နိုင်ခြင်းနဲ့ ဆက်စပ်နေတာကို တွေ့ရှိခဲ့ပါတယ်။
▪️ ထိုဖက်တီးအက်ဆစ်တွေဟာ အကျိုးပြုအဆီများလို့ ခေါ်ပြီး လူ့ကျန်းမာရေးအတွက် မရှိမဖြစ် အရေးကြီးပြီး အဆီပါသောငါး၊ အခွံမာသီးများ၊ ထောပတ်သီး၊ ကာနိုလာဆီတို့မှာ ပါဝင်ကြပါတယ်။
▪️ ငါးကြီးဆီ ဖြည့်စွက်ဆေးများ အသုံးပြုခြင်းက ခန္ဓာကိုယ်ထဲမှာ အကျိုးပြုအဆီများ တိုးများစေပေမယ့် လိုအပ်ချက်နဲ့တော့ မကိုက်ညီပါဘူး။
▪️ ဒါပေမဲ့ အိုမီဂါ-၃ ပမာဏမြင့်မားခြင်းက ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ အနည်းငယ်မြင့်တက်စေနိုင်တာနဲ့ ဆက်စပ်ကြောင်းလည်း တွေ့ရှိထားပါတယ်။
▪️ ဒါကြောင့် အမျိုးသမီးတွေကတော့ အိုမီဂါ-၃ ပိုမိုစားသုံးနိုင်တယ်လို့ ဖရန်ကလင် သိပ္ပံကောလိပ်မှ တွဲဖက်ပရော်ဖက်ဆာ ကိုင်ရှောင်ယီက ပြောသွားပါတယ်။
#Source: India Today
#World_Health
Published 18 November 2024
▪️ အချိုအရသာ ကြိုက်တတ်သူတွေဟာ စိတ်သဘောထား နူးညံ့တတ်ကြတယ်လို့ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိထားပါတယ်။
▪️ အချိုကြိုက်တတ်သူတွေဟာ သဘောတူလက်ခံတတ်ကြတယ်လို့ ပန်ဆယ်ဗေးနီးယား ဂက်တီစ်ဘာ့ဂ်ကောလိပ်မှ သုတေသီများ တွေ့ရှိထားပါတယ်။
▪️ စမ်းသပ်ခံမယ့်သူ ၁၆၂၉ ဦးကို ခေါ်ယူကာ ယင်းတို့ရဲ့ စိတ်သဘောထားများအကြောင်း စစ်တမ်းကောက်ယူခဲ့ပါတယ်။
▪️ ဒီနောက် သကြားလုံးကနေ သကာရည်နဲ့ စပျစ်ခြောက်အထိ စားစရာ ၁၀ မျိုးကို မကြိုက်ဆုံး အမှတ် ၁ ကနေ အကြိုက်ဆုံး အမှတ် ၆ အထိ သတ်မှတ်ခိုင်းခဲ့ပါတယ်။
▪️ သူတို့ရဲ့ အရသာ နှစ်သက်မှုအတိုင်း ချို ချဉ် ငံ ခါး အစပ်စတဲ့ စားစရာများကို အဆင့်သတ်မှတ်ခဲ့ကြပါတယ်။
▪️ အချိုကြိုက်တဲ့သူတွေရဲ့ ယေဘုယျစိတ်နေစိတ်ထားက အပြုသဘောဆန်တယ်လို့ သတ်မှတ်လို့ရတယ်လို့ သုတေသီများ ဆိုပါတယ်။
▪️ လူတွေဟာ သူတို့ကြိုက်နှစ်သက်တဲ့ အရာတွေအတိုင်း သဘောထားထင်ဟပ်နေတယ်လို့ ဖော်ပြထားပါတယ်။
▪️ ဒါပေမဲ့ ပူပူစပ်စပ်စားတဲ့သူတွေက ဒေါသထွက်တယ်၊ အခါးကြိုက်တဲ့သူတွေ စိတ်မမှန်ဘူး ဆိုတာမျိုးတော့ မဆိုလိုပါဘူး။
▪️ ယခင်သုတေသနမှာ အခါးကြိုက်တဲ့သူတွေနဲ့ စိတ်မမှန်ခြင်း၊ လူမှုရေးညံ့ဖျင်းခြင်း၊ ဝမ်းနည်းတတ်ခြင်းတို့ကြား ဆက်စပ်မှုရှိတာတော့ တွေ့ရှိဖူးပါတယ်။
#Source: New York Post
၁၇ နိုဝင်ဘာ ၂၀၂၄
အမေရိကန်သမ္မတရွေးကောက်ပွဲအပြီးမှာ တည်ငြိမ်သန်စွမ်းပြီး တည်တံ့တဲ့ တရုတ်-အမေရိကန် ဆက်ဆံ ရေးဟာ ဘေဂျင်းရဲ့ မူဝါဒရည်မှန်းချက်ပဲဖြစ်တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို ထပ်မံပြောကြားခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ၃၁ကြိမ်မြောက် အေပက်အဖွဲ့စီးပွားရေး ခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်ရန် ပီရူးနိုင်ငံ လီမာမြို့တော်သို့ရောက်ရှိနေစဉ်အတွင်း သီးခြားတွေ့ဆုံကြစဉ် ရှီကပြောကြားလိုက်တာဖြစ်ပါတယ်။
Source CCTV+
၁၇ နိုဝင်ဘာ ၂၀၂၄
တရုတ်နိုင်ငံမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်ပွားပြီး တစ်ပတ်ခန့်အကြာမှာ နောက်ထပ် ဓားထိုးမှု တစ်ခုကြောင့် လူ(၈)ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိသွားတယ်လို့ ရဲတွေက တနင်္ဂနွေနေ့က ပြောပါ တယ်။
စနေနေ့ညမှာ တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်ဆုပြည်နယ် ဝူရှီပြည်နယ် ယီရှင်းက ဝူရှီ ဝိဇ္ဇာနှင့်နည်းပညာ အသက်မွေးဝမ်းကျောင်းကောလိပ်မှာ ကျောင်းသားဟောင်းတစ်ဦးကဓားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့တာပါ။ တရားခံအဖြစ်သံသယရှိရသူ ကို အခင်းဖြစ်ပွားရာနေရာမှာပဲ ဖမ်းမိပြီး သူကလည်း ဝန်ခံတယ်လို့ ရဲတွေ ကပြောပါတယ်။
ပြီးခဲ့တဲ့တနင်္လာတုန်းကလည်း တရုတ်နိုင်ငံတောင်ပိုင်း ဇူဟိုင်းမြို့မှာ အသက် ၆၁နှစ်အရွယ် ယာဉ်မောင်း က လူအပ်ထဲ ကားမောင်းဝင်လို့ လူ ၃၅ ဦးသေဆုံးပြီး ၄၃ ဦး ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
ဝူရှီရဲတပ်ဖွဲ့ရဲ့ပြောကြားချက်အရ အဆိုပါလူငယ်မှာ သူစာမေးပွဲကျပြီး သူဘွဲလက်မှတ်မရတာနှင့် အလုပ် သင်နစ်နာကြေးရရှိတဲ့အပေါ် စိတ်ဆိုးပြီး ဓားဖြင့်တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့တာလို့ သိရပါတယ်။
ကနဦးစစ်ဆေးချက်များအရ တရားခံဟာ အသက် ၂၁ နှစ်အရွယ် ရှုဆိုသူဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် မှာကောလိပ်ပြီးသွားတဲ့ကျောင်းသားဖြစ်ပါတယ်။
Source Reuters
Page 281 of 1738