#Local_News
Published 07 August 2025
▪️ ထိုင်းနိုင်ငံတွင် ၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက်က ဖလမ်းဆောင် (RAMA-2) အမြန်လမ်းရှိ ကွန်ကရစ်ဘလောက်တုံးများ ချိတ်ဆက်တပ်ဆင်သည့် ကရိန်းသံဘောင်ပြိုကျမှုတွင် သေဆုံးခဲ့ရသည့် မြန်မာလုပ်သားအတွက် လူမှုဖူလုံရေး အာမခံကြေး ဘတ် (၇) သိန်းခွဲ ကို ကျန်ရစ်သူမိသားစုထံ ယခုလ၅ရက်နေ့ကပေးအပ်ခဲ့ကြောင်းမြန်မာအလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်ထားသည်။
▪️ အဆိုပါ ဖြစ်စဉ်တွင် မြန်မာရွှေ့ပြောင်းလုပ်သား (၃) ဦးနှင့် ထိုင်းနိုင်ငံသား လုပ်သား (၃) ဦး သေဆုံးခဲ့ပြီးသေဆုံးခဲ့သည့် မြန်မာအလုပ်သမား (၃) ဦးမှာ ကိုဇင်ကိုအောင်၊ ကိုနေလင်းအောင်နှင့်ကိုထိုက်ဝေယံ တို့ ဖြစ်ကြောင်း၊ ယခု အာမခံကြေးကို MoU စနစ်ဖြင့် လာရောက်ခဲ့သည့် ကိုနိုင်လင်းအောင် အတွက် လူမှုဖူလုံရေးဥပဒေနှင့်အညီ ရသင့်ရထိုက်သည့် လူမှုဖူလုံရေးအာမခံကြေး ဘတ် ၇၅၂,၅၉၀ ကို သံအရာရှိရုံး ကပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထိုကရိန်းသံဘောင်ပြိုကျမှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူ ၂၉ ဦးခန့်ရှိပြီး ၄င်းတို့ထဲတွင် မြန်မာအလုပ်သမား ၁၀ ဦး ထက်မနည်းပါဝင်ကာ ထိခိုက်ဒဏ်ရာ ပြင်းထန်သူများလည်းရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times