၈ ဩဂုတ် ၂၀၂၅
နယူးဒယ်လီ — သမ္မတ ထရမ့်က အိန္ဒိယကုန်ထုတ်ကုန်များအပေါ် အခွန်တိုးမြှင့်ချမှတ်သည့် ဆုံးဖြတ်ချက်အပြီးတွင် အိန္ဒိယသည် အမေရိကန်လက်နက်နှင့် လေယာဉ်များ ဝယ်ယူရေး အစီအစဉ်များ ကို ယာယီရပ်ဆိုင်းလိုက်သည်။ ဤဆောင်ရွက်ချက်သည် နှစ်ပေါင်းများစွာအတွင်း အမေရိကန်–အိန္ဒိယ ဆက်ဆံရေးကို အနိမ့်ဆုံးအဆင့်သို့ သက်ဆင်းသွားစေသည်။
◾️ ဇာတ်ရှိန်မြင့်တက်ခြင်း
အိန္ဒိယအရာရှိ သုံးဦးက အိန္ဒိယသည် Stryker တိုက်ခိုက်ရေးယာဉ်များနှင့် Javelin ဒုံးကျည်များအပါအဝင် အဓိကကာကွယ်ရေးဆိုင်ရာ သဘော တူညီချက်များကို ဆိုင်းငံ့လိုက်ကြောင်း Reuters သတင်းဌာနသို့ အတည်ပြုပြောကြားခဲ့သည် ။ အိန္ဒိယကာကွယ်ရေးဝန်ကြီး ဝါရှင်တန်သို့ သွားရောက်ရန် စီစဉ်ထားသည့် ခရီးစဉ်ကိုလည်း ဖျက်သိမ်းလိုက်သည်
◾️ဘာကြောင့်အရေးကြီးသလဲ:
ထရမ့်သည် အိန္ဒိယကုန်စည်များအပေါ် အခွန်ကို ၅၀ ရာခိုင်နှုန်းအထိ နှစ်ဆ တိုးချထားသည်။ ဒေလီ က ရုရှားရေနံဝယ်ယူခြင်းဖြင့် ယူကရိန်းစစ်ကို ငွေကြေးထောက်ပံ့နေသည်ဟု စွပ်စွဲထားသည်။ အိန္ဒိယက ထိုအခွန်ကို မမျှတသော နိုင်ငံရေးအခြေခံလုပ်ဆောင်မှုဟုမြင်နေသည်။
▪️သဘောပေါက်သင့်သည့်အချက်:
အိန္ဒိယအနေဖြင့် စာချုပ်များကို တရားဝင်ဖျက်သိမ်းခြင်းမဟုတ်ဘဲ ရွှေ့ဆိုင်းထားခြင်းဖြစ်သည်။ အရာရှိတဦးကဆိုသည်မှာ အခွန်နှင့် နှစ်နိုင်ငံဆက်ဆံရေးကိစ္စ ပိုမိုရှင်းလင်းလာသည့်အခါတွင် ယင်းတို့ကို ပြန်လည်ဆောင်ရွက်နိုင်ပါသည်ဟုပြောသည်။
◾️ မဟာဗျူဟာ အနေအထား:
အိန္ဒိယသည် မကြာသေးမီနှစ်များအတွင်းက ရုရှားလက်နက်များမှ ဖယ်ခွာ၍ အမေရိကန်နှင့် ဥရောပ နိုင်ငံများထံသို့ပြောင်းလဲချည်းကပ်ခဲ့သည်။ သို့သော် ရုရှားနှင့် စစ်ရေးဆက်နွယ်မှုသည် နှစ်ပေါင်းများစွာ ခိုင်မာနေသဖြင့် အိန္ဒိယသည် ရုရှားစနစ်များနှင့် ဆက်လက်ချိတ်ဆက်နေဆဲဖြစ်သည်။
◾️ ရုရှားရေနံကိစ္စ
အိန္ဒိယက အမေရိကန်အပါအဝင်အခြားသော နိုင်ငံများထံမှ ရေနံဈေးပိုသက်သက်သာသာနှင့်ရလျှင် ရုရှား ထံမှ ရေနံတင်ပို့မှု လျှော့ချမည်ဟုပြောသည်။
◾️ဗလောင်ဆူလာသောတင်းမာမှုများ
ထရမ့်က ၂၀၂၅ တွင် အိန္ဒိယနှင့် ပါကစ္စတန်အကြား သူသည် ငြိမ်းချမ်းရေး အကျိုးဆောင်ခဲ့သည်ဟု ပြောခဲ့သော်လည်း အိန္ဒိယကမူ ယင်းကိုပယ်ချခဲ့သည်။ ထို့အပြင် ပါကစ္စတန်တပ်ချုပ်ကို အိမ်ဖြူတော်သို့ ဖိတ်ကြားမှုကလည်း အိန္ဒိယ၏ စိတ်နာမှုကိုတိုးစေခဲ့သည်။
◾️နောက်တစ်ဆင့်
အိန္ဒိယသည် မဟာဗျူဟာလွတ်လပ်အမှီအခိုကင်းမှု၊ ပြည်သူများ၏ခံစားချက်အမြင်နှင့် ကာကွယ်ရေး လိုအပ်ချက်တို့အကြား သတိကြီးစွာထား၍ ချိန်ညှိလုပ်ဆောင်ဖွယ်ရှိနေသည်။ ထရမ့်၏ အခွန်မူဝါဒ ပြန်လည်ပြောင်းလဲနိုင်ခြေကိုလည်း စောင့်ကြည့်နေသည်။
Source : International News outlets