#Local_News
Published 18 November 2024


▪️ မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်မှ ဆောင်းရာသီစိုက်ပျိုးရေးစရိတ်ချေးငွေအဖြစ် စုစုပေါင်းချေးငွေကျပ် ၁၄၀ ဒသမ ၀၅ ဘီလီယံကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတွင်  သတ်မှတ်ကာလအတွင်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ထိုသို့ထုတ်ချေးပေးရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခု ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလမှ လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလကုန်အထိ သတ်မှတ်ကာလ လေး လ သတ်မှတ်၍ တောင်သူ များအား ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ဆောင်းရာသီစိုက်ပျိုးသီးနှံများအတွက် ချေးငွေများကို ပြီးခဲ့သည့်  အောက်တိုဘာလကုန်အထိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ ၄၀ မှ ငွေကျပ် ၃,၁၂၁ သန်းကျော်ကို အသီးသီးထုတ်ချေးပေးထားပြီးဖြစ်သည်။

 

▪️ ၎င်းချေးငွေ များကို စပါးတစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းနှင့် အခြားသီးနှံတစ်ဧကလျှင် ငွေကျပ် တစ်သိန်းနှုန်း ထုတ်ချေး ပေးထားခြင်းဖြစ်သည်။

 

▪️ အဆိုပါချေးငွေများအတွက် စပါးသီးနှံတစ်ဧကလျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းသာ ကောက်ခံသွားမည် ဖြစ်ပြီး တောင်သူများအနေဖြင့်  ရာသီအလိုက်ချေးငွေများရယူကာ သတ်မှတ်ကာလအတွင်းပုံမှန်ပြန်လည်ပေးဆပ်ပါက နောက်ရာသီအတွက် ချေးငွေအသစ်ကို အလွယ်တကူထပ်မံလျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times