#Daily_News
Published 04 August 2026
၁။ YBS ဆူးလေ–ဒလယာဉ်လိုင်းတွင် Scania Marcopolo City Bus များ ပြန်လည်ပြေးဆွဲ
၂။ ရေကြီးနစ်မြုပ်ပြီး ထိခိုက်ပျက်စီးမှုဖြစ်ပေါ်သော နေရာဒေသများရှိစပါးခင်းများအတွက် ထောက်ပံ့ကူညီမည်
၃။ ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ချေးငွေ ကျပ် ၆ ဒသမ ၈၆ ဘီလီယံ ထုတ်ချေးရန်အတည်ပြု
၄။ ဗုံးရှင်းလင်းရေးစက်ရုပ်ပြိုင်ပွဲ တရုတ်ရှင်ကျန်း၌ကျင်းပ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်ပြီး ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်သော နေရာဒေသများရှိစပါးခင်းများအတွက် ထောက်ပံ့ကူညီသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသိပေးလာပါတယ်။
#Local_News
Published 04 August 2026
#မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် #ရေကြီးနစ်မြုပ်
#YMG/NN #Yangon_Times
ငါးနှစ်ခန့် ရပ်နားထားခဲ့တဲ့ Scania Marcopolo Torino Low Entry City Bus တွေကို YBS ဆူးလေ–ဒလယာဉ်လိုင်းမှာ ဩဂုတ်(၁) ရက်မှစတင်ကာ ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 04 August 2026
#Scania_Marcopolo_City_Bus
#YMG/SW #Yangon_Times
#World_News
Published 04 August 2026
■ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံခြားသံတမန်ရုံး ၅ ခုကို ပိတ်သိမ်းဖို့ အစီအစဉ်များအကြောင်း လွှတ်တော်သို့ အကြောင်းကြားခဲ့ပါတယ်။
■ ပိတ်သိမ်းဖို့ လျာထားတဲ့ ရုံးတွေထဲမှာ ဝင်နီပက်(ကနေဒါ)၊ နာဂိုယာ(ဂျပန်)၊ မေဒန်(အင်ဒိုနီးရှား)တို့ရှိ ကောင်စစ်ဝန်ရုံးများ ပါဝင်ပါတယ်။
■ အခြားပိတ်သိမ်းမယ့် ၂ ခုက ဂရီနေဒါရှိ သံရုံးနဲ့ ကင်မရွန်းရှိ သံတမန်ရုံးခွဲတစ်ခုတို့ ဖြစ်ပါတယ်။
■ ဒါဟာ အကျပ်အတည်း အခြေအနေကြောင့် မဟုတ်ဘဲ နိုင်ငံခြားသံတမန်ရုံးများကို ရည်ရွယ်ချက်ရှိရှိ ရုပ်သိမ်းလျှော့ချမယ့် ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။
■ အစိုးရတာဝန်ရှိသူများက ရုံးလုပ်ငန်းစဉ်များ ပိုမိုသွက်လက်စေရန်နဲ့ ကုန်ကျစရိတ် လျှော့ချရန် ဆောင်ရွက်ချက်အဖြစ် ဒီလိုမျိုး ပိတ်သိမ်းမှုတွေ ဖော်ပြလာတာ ဖြစ်ပါတယ်။
■ ပိတ်သိမ်းလိုက်တဲ့ နေရာတွေရဲ့ လုပ်ငန်းတာဝန်တွေကို အနီးအနားရှိ ပိုမိုကြီးမားတဲ့ ဒေသဆိုင်ရာ အမေရိကန်သံရုံးများသို့ ပေါင်းစည်းသွားမှာ ဖြစ်ပါတယ်။
■ ယခုလိုမျိုး သံတမန်ရုံးများ ပိတ်သိမ်းခြင်းက အမေရိကန်ရဲ့ သံတမန်ရေးရာ ဩဇာလွှမ်းမိုးမှုကို လျော့ပါးစေနိုင်ကြောင်း ဝေဖန်သူများက စိုးရိမ်မကင်း ဖော်ပြကြပါတယ်။
■ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ကျန်ရှိနေတဲ့ သံတမန်ရုံးတွေဟာ ခေတ်သစ်လိုအပ်ချက်များနဲ့ ကိုက်ညီပြီး ထိရောက်မှုရှိနေစေမှာ ဖြစ်ကြောင်း အလေးပေးပြောကြားသွားပါတယ်။
Source: Reuters
#World_Health
Published 04 August 2026
■ စာသင်ယူလေ့လာနေရတဲ့ ကျောင်းသားကျောင်းသူများအနေဖြင့် အာရုံစူးစိုက်မှု၊ မှတ်ဉာဏ်တို့ တိုးတက်စေဖို့လိုပြီး စားသောက်လိုက်တဲ့ အစားအစာတွေက ဦးနှောက်ကျန်းမာရေးအပေါ် များစွာသက်ရောက်စေနိုင်ပါတယ်။
■ (၁) အစိမ်းရောင်ဟင်းရွက်များ - ကိုက်လံ၊ ဟင်းနုနွယ်၊ မုန်ညင်း၊ ပန်းဂေါ်ဖီစိမ်းတို့လို အစိမ်းရောင်ဟင်းရွက်တွေမှာ ပါဝင်တဲ့ ဗိုက်တာမင်-ကေ၊ လူတိန်း၊ ဖောလိတ်၊ ဘီတာကယ်ရိုတင်းတို့က ဦးနှောက်သိရှိမှုစွမ်းရည် ကျဆင်းခြင်းကို နှေးစေနိုင်ပါတယ်။
■ (၂) အဆီပါသောငါး - ဆယ်လ်မွန်၊ တူနာတို့လို ငါးတွေမှာ အိုမီဂါ(၃)ဖက်တီးအက်ဆစ် များစွာပါဝင်ကာ ဦးနှောက်အတွင်း ပျက်စီးမှုတွေဖြစ်စေတဲ့ ဘီတာအမိုင်လွိုက်ပမာဏကို လျှော့ချပေးနိုင်ပါတယ်။
■ (၃) ဘယ်ရီသီးများ - သဘာဝရောင်ခြယ်ပစ္စည်းဖြစ်တဲ့ ဖလေဗိုနွိုက်များ ပါဝင်ကာ မှတ်ဉာဏ်စွမ်းရည် တိုးတက်စေပြီး ဦးနှောက်ကျန်းမာရေး ပိုမိုကောင်းမွန်စေပါတယ်။
■ (၄) လက်ဖက်ကြမ်း၊ ကော်ဖီ - သူတို့မှာပါဝင်တဲ့ ကဖင်းဓာတ်က မှတ်သားလိုက်တဲ့ မှတ်ဉာဏ်တွေကို ကောင်းစွာထိန်းသိမ်းပေးနိုင်တယ်လို့ သုတေသနအသစ်မှာ တွေ့ရှိထားပါတယ်။
■ (၅) သစ်ကြားသီး - အိုမီဂါ(၃)ဖက်တီးအက်ဆစ် တစ်မျိုးဖြစ်တဲ့ ALA အက်ဆစ်ပါဝင်ကာ သွေးပေါင်ကျစေပြီး သွေးကြောတွေ သန့်စင်စေတာကြောင့် နှလုံးနဲ့ ဦးနှောက်အတွက် အကျိုးရှိစေပါတယ်။
Source: Hindustan Times
#World_Science
Published 04 August 2026
■ GJ 3378b ပြင်ပဂြိုဟ်ဟာ ကမ္ဘာမြေနဲ့ အလင်းနှစ် ၂၅ နှစ်သာ ဝေးကွာပြီး အနီးဆုံး အိမ်နီးချင်းစကြဝဠာတွေထဲက တစ်ခုဖြစ်ပါတယ်။
■ ယင်းဂြိုဟ်ဟာ မျက်နှာပြင်ပေါ်မှာ ရေထုတည်ရှိနိုင်လောက်တဲ့ အပူချိန်ရှိတဲ့ Red dwarf ကြယ်ရဲ့ သက်ရှိနေထိုင်နိုင်ဖွယ်ရှိတဲ့ နယ်ပယ်အတွင်း လှည့်ပတ်နေပါတယ်။
■ ထိုဂြိုဟ်က ကမ္ဘာထက် ၅ ဆပိုလေးပြီး လေထုဖိအားပြင်းထန်တဲ့ စူပါဂြိုဟ်ကြီးအဖြစ် နက္ခတ်ဗေဒပညာရှင်များ ယခင်က ယူဆခဲ့ကြပါတယ်။
■ ဒါပေမဲ့ UC Irvine မှ သုတေသီများရဲ့ လေ့လာမှုသစ်တစ်ခုအရ ယင်းဂြိုဟ်ဟာ မျှော်လင့်ထားတာထက် ပိုမိုပေါ့ပါးပြီး ကမ္ဘာ့ဒြပ်ထုရဲ့ ၂ ဆမျှသာရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။
■ ဒီလိုမျိုး နောက်ထပ်တွေ့ရှိတဲ့ ဒြပ်ထုပမာဏကြောင့် ယင်းဂြိုဟ်ပေါ်မှာ သက်ရှိများ ရှင်သန်နိုင်မယ့် မျက်နှာပြင်အခြေအနေများ ရှိနိုင်ခြေ ပိုမိုမြင့်မားသွားစေပါတယ်။
■ ဒါပေမဲ့ ယင်းရဲ့လေထုက စကြဝဠာ ရောင်ခြည်ဖြာထွက်မှုများကို ကာကွယ်ပေးနိုင်လောက်အောင် ထူထဲမှု ရှိမရှိဆိုတာကတော့ သိပ္ပံနည်းကျ မေးခွန်းထုတ်စရာအဖြစ် ကျန်ရှိနေပါသေးတယ်။
■ ဒါ့အပြင် သုတေသီများအနေဖြင့် ပေါက်ကွဲလွယ်တဲ့ Red dwarf ရဲ့ နေရောင်ခြည်လျှပ်စီးများနဲ့ ဂြိုဟ်ရဲ့ တစ်ခြမ်းတည်းသော မူလကြယ်ဘက်သို့ အမြဲလှည့်နေမယ့် အခြေအနေ ခြိမ်းခြောက်မှုများကိုလည်း ဆက်လက်ဆန်းစစ်ရန် လိုအပ်နေပါသေးတယ်။
Source: Futurism
#Local_News
ဒါကာ၊ ဩဂုတ် ၄
■ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ပြည်တွင်းသဘာဝဓာတ်ငွေ့ ရရှိမှု ကျဆင်းလာနေသည့် အခြေအနေကြောင့် မြန်မာနိုင်ငံနှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကြိုးပမ်းသည့်အနေဖြင့် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ကို ပိုက်လိုင်းဖြင့်တင်သွင်းနိုင်ရေး အဆိုပြုထားကြောင်း ဘင်္ဂလားဒေ့ရှ် လျှပ်စစ်၊ စွမ်းအင်နှင့် ဓာတ်သတ္တုအရင်းအမြစ်ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ကိုကိုးကား၍ ဘင်္ဂလားဒေ့ရှ်မီဒီယာများတွင်ဖော်ပြထားသည်။
■ အဆိုပါအဆိုပြုချက်ကို ဘင်္ဂလားဒေ့ရှ် လျှပ်စစ်၊ စွမ်းအင်နှင့် ဓာတ်သတ္တုအရင်းအမြစ်ဝန်ကြီး အစ်က်ဘယ်လ် ဟာဆန် မာမွတ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးနှင့်ယနေ့ပြုလုပ်သည့်တွေ့ဆုံဆွေးနွေးပွဲတွင်တင်ပြခဲ့ခြင်းဖြစ်သည်။
■ ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ဘင်္ဂလားဒေ့ရှ်သည် မြန်မာနိုင်ငံမှ စစ်တကောင်းမြို့သို့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖောက်လုပ်ရေးနှင့်ပတ်သက်၍ ယခင်ကအဆိုပြုထားသည့် အစီအစဉ်ကိုလည်း ပြန်လည်အသက်သွင်းရန် စိတ်ဝင်စားနေသည်။
■ တွေ့ဆုံစဉ် ဝန်ကြီး မာမွတ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သဘာဝဓာတ်ငွေ့ လိုအပ်ချက် မြင့်မားနေပြီး မြန်မာနိုင်ငံမှပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့တင်သွင်းနိုင်ရေးကို အထူးစိတ်ဝင်စားကြောင်းပြောကြားခဲ့သည်။
■ ယင်းအဆိုပြုချက်အပေါ် မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးက အပြုသဘောတုံ့ပြန်ခဲ့ပြီး သဘာဝ ဓာတ်ငွေ့ရည် (LNG) ပုံစံဖြင့် ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့နိုင်ရေးဖြစ်နိုင်ခြေကိုလည်း နှစ်နိုင်ငံ ဆွေးနွေးနိုင်ကြောင်း ပြောကြားခဲ့သည်။
■ နှစ်ဖက်သည် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးများအကြား တွေ့ဆုံဆွေးနွေးပွဲ ကျင်းပနိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။
■ ဘင်္ဂလားဒေ့ရှ် စွမ်းအင်ဝန်ကြီးက မြန်မာနိုင်ငံစွမ်းအင်ဝန်ကြီးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင် ဖိတ်ကြားသွားမည်ဖြစ်ပြီးလိုအပ်ပါက မိမိကိုယ်တိုင်မြန်မာနိုင်ငံသို့ သွားရောက်ရန်လည်း အသင့်ရှိကြောင်းပြောကြားခဲ့သည်။
■ ဘင်္ဂလားဒေ့ရှ်၏ ပြည်တွင်းသဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုမှာ ဆက်လက်ကျဆင်းနေပြီး လျှပ်စစ် ဓာတ်အားပေးစက်ရုံများ၊ စက်မှုလုပ်ငန်းများနှင့် အခြားကဏ္ဍများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ပြည်ပမှတင်သွင်းရသည့် သဘာဝဓာတ်ငွေ့ရည် (LNG) အပေါ် ပိုမိုမှီခိုနေရကြောင်း သိရသည်။
■ ဝန်ကြီး မာမွတ်က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရစ် ရာမန်၏ မကြာသေးမီက တရုတ်နိုင်ငံခရီးစဉ်အတွင်း ဆွေးနွေးခဲ့သည့် တရုတ်–မြန်မာ–ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံ အဆိုပြုချက်ကို ရည်ညွှန်း၍ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံကို ချိတ်ဆက်မည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ဒေသတွင်း ချိတ်ဆက်ဆောင်ရွက်မှုကို အထောက်အကူပြုနိုင်ကြောင်းလည်းပြောကြားခဲ့သည်။
■ ထို့ပြင် နှစ်နိုင်ငံသည် ရေရှည်ကုန်သွယ်ရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး၊ အပြန်အလှန် အကျိုးစီးပွားဆိုင်ရာ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆက်လက်ဆွေးနွေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် လျှပ်စစ်၊ စွမ်းအင်နှင့် ဓာတ်သတ္တုအရင်းအမြစ်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၃ ဩဂုတ်၊၂၀၂၆
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)၏ ကိုယ်စားလှယ်တစ်ဦးသည် ယနေ့ ဩဂုတ်လ ၃ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခဲ့ကြောင်း ICRC ကသတင်းထုတ်ပြန်သည်။
ယခုတွေ့ဆုံမှုကို လွတ်လပ်ခွင့် ဆုံးရှုံးနေသူများထံ သွားရောက်တွေ့ဆုံခြင်းဆိုင်ရာ ICRC ၏ စံနှုန်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် သီးသန့် စကားပြောဆိုခွင့်လည်း ပါဝင်ခဲ့ကြောင်း အဆိုပါသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ICRC ၏ လုပ်ငန်းဆောင်ရွက်မှု နည်းလမ်းများနှင့်အညီ ထိန်းသိမ်းခံရသူများထံ သွားရောက် တွေ့ဆုံခြင်းသည် လွတ်လပ်ခွင့် ဆုံးရှုံးနေသူများအား ၎င်းတို့၏ မိသားစုများနှင့် သတင်းအချက်အလက် ဖလှယ်နိုင်သည့် အခွင့်အလမ်းကို ရရှိစေမည်ဖြစ်ကြောင်းလည်း ICRC ကပြောသည်။
ICRC ၏ ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများတွင် အစဉ်အလာရှိသည့်အတိုင်း ယခုတွေ့ဆုံမှုနှင့် ပတ်သက် သည့် တွေ့ရှိချက်များနှင့် အကြံပြုချက်များကို ထိန်းသိမ်းထားသည့် အာဏာပိုင်များနှင့်သာ သီးသန့် လျှို့ဝှက်စွာ မျှဝေသွားမည် ဖြစ်ကြောင်းလည်း အဆိုပါသတင်းထုတ်ပြန်ချက်အရသိရသည်။
ICRC အနေဖြင့် မြန်မာနိုင်ငံရှိ ထိန်းသိမ်းရေးနေရာများသို့ ဝင်ရောက်တွေ့ဆုံခွင့် ဆက်လက်ရရှိရန်နှင့် ပိုမိုတိုးချဲ့ရရှိရန်အတွက် သက်ဆိုင်သူများအားလုံးနှင့် ဆက်လက် ဆွေးနွေးဆောင်ရွက်လျက်ရှိသည်ဟု လည်း သတင်းထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူတွေ့ဆုံ
နေပြည်တော် ဩဂုတ် ၃
ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က ယနေ့ နံနက်ပိုင်းတွင် လာရောက် တွေ့ဆုံခဲ့ကြောင်း အစိုးရက ယနေ့ဩဂုတ် ၃ရက်နေ့က သတင်းထုတ်ပြန်သည်။
#World_Health
Published 03 August 2026
■ ၂ နာရီခြား ၃ နာရီခြားတစ်ခါ အစားစားပေးခြင်းက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်တယ်ဆိုတဲ့ ပြောဆိုချက်တွေဟာ အများအားဖြင့်တော့ လွဲမှားတဲ့အယူအဆတစ်ခုသာ ဖြစ်ပါတယ်။
■ ခန္ဓာကိုယ်ရဲ့ နေ့စဉ်စွမ်းအင်သုံးစွဲမှုတွေထဲမှာ ပုံမှန်အနားယူချိန် စွမ်းအင်သုံးစွဲမှု၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ အစာခြေဖျက်မှုတို့ ပါဝင်ပါတယ်။
■ အာဟာရဓာတ်များကို ခြေဖျက်ပြီး စုပ်ယူရန်စွမ်းအင်လိုအပ်ပြီး အစာခြေဖျက်မှုဆိုင်ရာ အပူဓာတ်ထွက်ရှိမှု စားသုံးလိုက်တဲ့ ကယ်လိုရီရဲ့ ၁၀ ရာခိုင်နှုန်းခန့်ကို လောင်ကျွမ်းစေပါတယ်။
■ ပါမောက္ခ ဂျိမ်းစ်ဘက်စ်ရဲ့ နှိုင်းယှဉ်ချက်ထဲမှာ ကယ်လိုရီ ၁၀၀ စားသုံးပါက ခန္ဓာကိုယ်မှာ ကယ်လိုရီ ၉၀ စတင်ပြီးတော့ အသားတင်ကျန်ရှိနေမှာဖြစ်ပါတယ်။
■ ဇီဝဖြစ်စဉ်က အစားအစာမှ ရရှိတဲ့ ကယ်လိုရီထက် ပိုမိုလောင်ကျွမ်းခြင်း မရှိတဲ့အတွက် အစားအသောက် စားသုံးခြင်းဟာ ခန္ဓာကိုယ်ထဲသို့ စွမ်းအင် အမြဲတမ်တိုးပွားစေရုံသာ ဖြစ်ပါတယ်။
■ ဒါကြောင့် မကြာခဏ သရေစာစားခြင်း၊ အစားစားခြင်းတို့က ပိုလျှံနေတဲ့ ကိုယ်အလေးချိန်များကို လောင်ကျွမ်းစေရန်အတွက် ထိရောက်တဲ့အထောက်အကူ မပေးနိုင်ပါဘူး။
■ စုစုပေါင်း စွမ်းအင်သုံးစွဲမှု အမှန်တကယ်တိုးမြှင့်ပြီး ကယ်လိုရီများကို ပိုမိုလောင်ကျွမ်းစေရန် အထိရောက်ဆုံး နည်းလမ်းမှာကိုယ်လက်လှုပ်ရှား ပိုမိုပြုလုပ်ပေးခြင်းဖြစ်ပါတယ်။
Source: The Guardian
Nay Pyi Tae- August3
The government announced today, August 3, that Mr. Arnaude de Baqque, the Resident Representative of the International Committee of the Red Cross (ICRC) to Myanmar, visited and met with Daw Aung San Suu Kyi this morning.


#World_Health
Published 03 August 2026
■ ပန်းသီး၊ ချယ်ရီသီး၊ မက်မွန်သီး စတဲ့သစ်သီးများရဲ့ အစေ့ထဲမှာ အေမစ်ဒါလင်လို့ခေါ်တဲ့ သဘာဝကာကွယ်ရေး ဓာတ်ပေါင်းတစ်မျိုးပါဝင်ပါတယ်။
■ ထိုအစေ့များကို ဝါးစားခြင်းဖြင့် အေမစ်ဒါလင် ထွက်လာစေပြီး ဆိုင်ယာနိုက်အဆိပ်အဖြစ် ပြောင်းလဲသွားကာဆဲလ်များရဲ့အောက်ဆီဂျင်သုံးစွဲမှု ရပ်တန့်သွားစေပါတယ်။
■ အစေ့တွေကို ဒီအတိုင်း မတော်တဆ မျိုချမိရင်တော့ အစာခြေစနစ်အတွင်း ပျက်စီးမှုမရှိဘဲ ဖြတ်သန်းသွားတာကြောင့် အဆိပ်အတောက်မဖြစ်စေပါဘူး။
■ အပရီကော့အစေ့တွေကိုတော့ ရည်ရွယ်ချက်ရှိရှိ ဝါးစားမျိုချမိပါက စိုးရိမ်ရတဲ့အန္တရာယ် ဖြစ်ပေါ်စေပါတယ်။
■ သစ်သီးအစေ့များ ဒါမှမဟုတ် အေမစ်ဒါလင်ဖြည့်စွက်ဆေးတွေဟာ ကင်ဆာရောဂါကို ပျောက်ကင်းစေခြင်းနဲ့ ခန္ဓာကိုယ်ကို သန့်စင်ပေးတယ်ဆိုတဲ့ ပြောကြားချက်တွေကတော့ ဆေးပညာအရအထောက်အထားမရှိဘဲ အန္တရာယ်များလှပါတယ်။
■ မိဘများအနေဖြင့် ကလေးများကို အစေ့များဝါးမစားရန် သင်ကြားပေးသင့်ပြီး အစာနင်ခြင်း၊ အဆိပ်အတောက်ဖြစ်ခြင်း အန္တရာယ်များကို ရှောင်ရှားနိုင်ရန် သစ်သီးမကျွေးမီ အစေ့များကို အရင်ဖယ်ရှားပေးသင့်ပါတယ်။
■ ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ အသက်ရှူရခက်ခဲခြင်းလိုမျိုး ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက ဆေးဝါးကုသမှု ဒါမှမဟုတ် အဆိပ်အတောက် ထိန်းချုပ်ရေးဌာနသို့ ချက်ချင်းဆက်သွယ်သင့်ပါတယ်။
Source: The Jerusalem Post
Page 20 of 2053