တောင်သူတွေအနေနဲ့ ယူရီးယားဓာတ်မြေဩဇာကို သက်သာတဲ့ဈေးနှုန်းနဲ့ ဝယ်ယူအသုံးပြုနိုင်ဖို့ ယူရီးယားမြေဩဇာတစ်အိတ်ကို ကျပ် ၁၂၀,၀၀၀ ရည်ညွှန်းဈေးသတ်မှတ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ ပူးပေါင်းကာ အမြတ်မယူဘဲ တိုက်ရိုက်ဖြန့်ဖြူးရောင်းချသွားမယ်လို့ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ အစည်းအဝေးကနေ သိရပါတယ်။
#Local_News
Published 05 August 2026
#ယူရီးယားမြေဩဇာ
#YMG/SW #Yangon_Times
#Local_News
Published 5 August 2026
■ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင် ကျင်းပသည့် (၅)နှစ်ပြည့် နိုင်ငံတကာပို့ဆောင်ရေး ထိပ်သီးအစည်းအဝေး-၂၀၂၆ (5th Anniversary International Transport Summit-2026) ၌ မြန်မာနိုင်ငံ၏ နေပြည်တော်နှင့် ရန်ကုန်မြို့အပါအဝင် နိုင်ငံတကာမြို့ ၁၉ မြို့သည် မော်စကိုမြို့နှင့် သယ်ယူပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လျှောက်ထားလွှာ (Application of Transport Cooperation) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
■ အဆိုပါ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၄ ရက် နံနက်ပိုင်းက မော်စကိုမြို့ရှိ The Carlton Hotel Ballroom တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးမျိုးမြင့်အောင်တို့က ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့အစိုးရ ဒုတိယမြို့တော်ဝန်နှင့် သယ်ယူပို့ဆောင်ရေးနှင့် လမ်းအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဌာန အကြီးအကဲ မစ္စတာ မက်စင်မ် လစ်ကဆူတော့နှင့်အတူ လက်မှတ်ရေးထိုးခဲ့ကြေကြာင်းသိရသည်။
■ ထို့ပြင် အိန္ဒိယ၊ ဂါနာ၊ တူရကီ၊ ဘရာဇီး၊ လက်ဘနွန်၊ ဆားဘီးယား၊ သီရိလင်္ကာ၊ တန်ဇန်းနီးယား၊ နီကာရာဂွာ၊ ဥရုဂွေး၊ အီကွေဒေါနှင့် ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့တို့အပါအဝင် နိုင်ငံတကာမြို့များလည်း မော်စကိုမြို့နှင့် သယ်ယူပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လျှောက်ထားလွှာကို အသီးသီးလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
■ (၅)နှစ်ပြည့် နိုင်ငံတကာပို့ဆောင်ရေး ထိပ်သီးအစည်းအဝေး-၂၀၂၆ ကို ဩဂုတ် ၂ ရက်မှ ၆ ရက်အထိ ကျင်းပလျက်ရှိပြီး ယင်းထိပ်သီးအစည်းအဝေးကို မိတ်ဖက်မြို့ပြများအကြား သယ်ယူပို့ဆောင်ရေးစနစ်များ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ ဒီဂျစ်တယ်နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုများ အပြန်အလှန်မျှဝေရေးနှင့် မြို့ပြသယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
■ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြကြောင်းသိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 05 August 2026
၁။ ရွှေတိဂုံစေတီတော်၌ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့တွင်ပန်းပေါင်း ၈၄,၀၀၀ ပါဝင်သည့် ပန်းစေတီကပ်လှူပူဇော်ပွဲကျင်းပမည်
၂။ ဒေသတွင်း ကော်ဖီပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်ဗီယက်နမ်နိုင်ငံကော်ဖီသုတေသနဌာနနှင့်ဆွေးနွေး
၃။ ဩဂုတ် ၈ ရက်အထိ နေရာကွက်မိုးကြီးနိုင်၍ ရေကြီး၊မြေပြိုမှုသတိပြုရန် မိုးဇလသတိပေး
၄။ စစ်ပွဲပဋိပက္ခများကြောင့်အီရန်လူနာများ ဆေးဝါးပြတ်လပ်မှုဆိုးဆိုးရွားရွားကြုံတွေ့... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 05 August 2026
■ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများသည် ဗီယက်နမ်နိုင်ငံရှိ မျိုးစေ့သန့်စင်စက်ရုံများ၊ စိုက်ခင်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို သွားရောက်လေ့လာခဲ့ကြပြီး နားလည်မှုစာချွန်လွှာ (MoU) များရေးထိုးခဲ့ကြောင်းသိရသည်။
■ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ Senior Project Consultant ဦးသက်ဇင်မောင်နှင့် Senior Advisor ဦးလွင်ဦးတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင် (၂၀) ဦးတို့သည် ဗီယက်နမ်နိုင်ငံသို့ ဆန်စပါး မျိုးစေ့ထုတ်လုပ်ငန်းများအား လေ့လာရန်နှင့်နှစ်ဖက်ပူးပေါင်း၍ မြန်မာနိုင်ငံတွင် မျိုးစေ့ထုတ်လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်ရေးအတွက် ဇူလိုင် (၂၅)ရက်နေ့မှ(၃၁) ရက်နေ့အထိ ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့ကြခြင်း ဖြစ်သည်။
■ အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် Loc Troi Seeds Joint Stock Company နှင့် Vietnam National Seed Group JSC (VINASEED) ကုမ္ပဏီတို့နှင့်သီးခြားစီသွားရောက်တွေ့ဆုံခြင်း၊ မျိုးစေ့သန့်စင်စက်ရုံများ၊ စိုက်ခင်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို သွားရောက်လေ့လာခဲ့ကြပြီး နားလည်မှုစာချွန်လွှာ (MoU) များ ရေးထိုးခဲ့ကြကြောင်း သိရသည်။
■ ယင်းခရီးစဉ်အတွင်း ဆန်စပါး မျိုးစေ့ထုတ်လုပ်ငန်းကို မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ၊ မျိုးစေ့နည်းပညာနှင့် မျိုးစပ်နည်းပညာများ ဖလှယ်ရေး၊ လေ့ကျင့်ပညာပေးရေးနှင့် စိုက်ပျိုးရေးနှင့် မျိုးစေ့ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့အတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြ ကြောင်း ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် နိုင်ငံတော်၏ လမ်းညွှန်ချက်ဖြစ်သည့် တန်းမြင့်ဆန်များ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချနိုင်ရေးအတွက် နိုင်ငံတကာစျေးကွက်တွင် စျေးကောင်းရသော အရည်အသွေး အနံ့အရသာ ကောင်းပြီး ရှည်သွယ်သော Aromatic, Long and Slender Grain မျိုးများကို ပြည်တွင်း၌ ထုတ်လုပ်ဖြန့်ဖြူးရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရ၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လမ်းညွှန်အကြံပြုချက်များနှင့်အညီ နိုင်ငံအတွင်း မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးရေးကို ပုဂ္ဂလိကကဏ္ဍမှ ဦးဆောင်မှုပြု၍ ကြိုးပမ်းဆောင်ရွက်နေပါကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 05 August 2026
■ အမေရိကန်တပ်ဟာ အီရန်နဲ့ ငါးလကြာ စစ်ပွဲအတွင်း ယင်းတို့ရဲ့ တာဝေးပစ် တိကျမှုမြင့်မားတဲ့ ဒုံးကျည်များ (ATACMS နဲ့ PrSM) အားလုံးနီးပါးကို အသုံးပြုခဲ့ပြီးဖြစ်ပါတယ်။
■ အမေရိကန် ဗဟိုစစ်ဌာနချုပ်က ဒေသတွင်းရှိ စတော့ပမာဏများ ကုန်သလောက် နီးပါး အသုံးပြုခဲ့ရသဖြင့် ကမ္ဘာတစ်ဝန်းရှိ အမေရိကန် အရန်လက်နက် သိုလှောင်ရုံများမှ ပစ္စည်းများကို ပြန်လည်ခွဲဝေ ထုတ်ယူခဲ့ရပါတယ်။
■ တိုက်စစ်ဆင်ရေး ခဲယမ်းများအပြင် Patriot ကြားဖြတ်ဒုံးများနဲ့ THAAD စနစ်များ ပါဝင်တဲ့ ခံစစ်လက်နက် လက်ကျန်များမှာလည်း သိသိသာသာ လျော့နည်းသွားခဲ့ပါတယ်။
■ လက်နက်လက်ကျန် ကုန်ခမ်းလာခြင်းက ရုရှား၊ တရုတ်ကဲ့သို့ အဓိက ပြိုင်ဘက်များနဲ့ ဖြစ်လာနိုင်တဲ့ ပဋိပက္ခများအတွက် အမေရိကန်ရဲ့ စစ်ရေးအသင့်ဖြစ်မှုကို ခြိမ်းခြောက်နေကြောင်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများနဲ့ ကျွမ်းကျင်သူများက စိုးရိမ်နေကြပါတယ်။
■ တာဝေးပစ် ဒုံးကျည်များ နည်းပါးသွားခြင်းကြောင့် အတိုင်းအတာကြီးမားတဲ့ စစ်ဆင်ရေးများ ဆက်လက်ဖြစ်ပွားပါက အမေရိကန်အနေဖြင့် အန္တရာယ်ပိုများတဲ့ လေကြောင်းဗုံးကြဲမစ်ရှင်များ ပိုမိုအားကိုးရဖွယ် ရှိပါတယ်။
■ ကာကွယ်ရေး စက်ရုံများက ထုတ်လုပ်မှု ပမာဏကို တိုးမြှင့်နေပေမယ့် ကုန်ကြမ်းသုံးစွဲထားတဲ့ လက်နက်များကို ချက်ချင်းအစားထိုးရန် ထုတ်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူများက သတိပေးထားပါတယ်။
■ အိမ်ဖြူတော်က လက်နက်လက်ကျန် စိုးရိမ်မှုများကို ပယ်ချခဲ့ပြီး အမေရိကန်မှာ လုံလောက်တဲ့ ခဲယမ်းမီးကျောက်များ ရှိနေသေးကြောင်းနဲ့ ပြည်တွင်း ကာကွယ်ရေး လက်နက်ထုတ်လုပ်မှုမှာ စံချိန်တင် အဆင့်သို့ ရောက်ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။
Source: Reuters
#Local_News
Published 5 August 2026
■ ၂၀၂၆ ခုနှစ် သြဂုတ် ၅ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့အနောက်ဘက်၌ အင်အား ၄ ဒသမ ၉ (Magnitude 4.9) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
■ အဆိုပါ မြေငလျင်သည် မြန်မာစံတော်ချိန် နံနက် ၆ နာရီ ၄၁ မိနစ် ၅၇ စက္ကန့်တွင် ညောင်ဦးမြေငလျင်စခန်း၏ မြောက်-အနောက်မြောက်ဘက် ၅၅ မိုင်ခန့်အကွာ၊ ပုလဲမြို့၏ အနောက်ဘက် ၂၂ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၁ ဒသမ ၉၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒသမ ၅၂ ဒီဂရီ၊ အနက် ၈၉ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 05 August 2026
■ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြိုနယ်အတွင်းရှိ ရေဝင်ဒေသများမှ တိရစ္ဆာန်များ အတွက်အစာဖြန့်ဖြူးပေးခြင်းနှင့်ဆေးကုသခြင်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှသိရသည်။
■ လေးမျက်နှာမြိုနယ်အတွင်းရှိ ရေဝင်ဒေသများမှ နီးစပ်ရာ ရေဘေးလွတ်ဒေသများသို့ ပြောင်းရွှေ့ရောက်ရှိနေသည့် တိရစ္ဆာန်များအတွက် တိရစ္ဆာန်အစာပံပိုးခြင်းနှင့် ကာကွယ်ကုသပေးခြင်းများကို မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ တိရစ္ဆာန်ကျန်းမာရေးလုပ်သားများက သြဂုတ်လ ၁ ရက်နေ့မှ စတင်ဆောင်ရွက်ပေးခဲ့ပြီး သြဂုတ်လ ၃ ရက်နေ့အထိ နွား ၁၆၄ ကောင်အား ကာကွယ်ဆေးထိုးပေး ခြင်းအပြင် နွား ၁၃၁ ကောင်၊ ဝက် ၁၄၁ ကောင်၊ ဆိတ် ၅၈ ကောင်နှင့် တိရစ္ဆာန်အစာ ၃၇၅ kg တို့ကို ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။
■ ထို့အပြင် တိရစ္ဆာန်အစာဖြန့်ဖြူးပေးခြင်းနှင့် ဆေးကုသခြင်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဆေးဝါးများ၊ တိရစ္ဆာန်အစာများကို ရေဝင်ဒေသများရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနများသို့ ဖြန့်ဝေပေးထားပါကြောင်းနှင့် သက်ဆိုင်ရာမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနများသို့ ဆက်သွယ်၍ အကူအညီများရယူနိုင်ပါကြောင်း အသိပေးထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 05 August 2026
■ ခြေဖနောင့်ကွဲခြင်းက ဇင့်နဲ့ အဆီဓာတ် လိုအပ်ချက်ကြောင့် ဖြစ်တယ်လို့ ဆိုရှယ်မီဒီယာပေါ်မှာ ပြောထားတာ ရှိပါတယ်။
■ ဒါပေမဲ့ ခြေဖနောင့်ကွဲခြင်းက ဇင့်၊ အဆီဓာတ် နည်းပါးခြင်းနဲ့ တိုက်ရိုက် သက်ဆိုင်တယ်ဆိုတဲ့ သိပ္ပံနည်းကျ အထောက်အထား အခိုင်အမာမရှိကြောင်း ဟော်မုန်းဆိုင်ရာ အထူးကုဆရာဝန်များ ပြောကြားထားပါတယ်။
■ အာဟာရချို့တဲ့မှု ဆိုးရွားလာတဲ့အခါ ခြေဖနောင့်တဝိုက် အက်ကွဲရုံမက တစ်ကိုယ်လုံးမှာ အခြားသောလက္ခဏာတွေပါ ပေါ်ပေါက်စေပါတယ်။
■ ခြေထောက်ဆိုတာက ခန္ဓာကိုယ်သွေးလည်ပတ်မှုရဲ့ နောက်ဆုံးမှာရှိပြီး အရေပြား တစ်စုံတစ်ရာ ပြောင်းလဲရုံဖြင့်တော့ အာဟာရချို့တဲ့ပြဿနာလို့ မဆိုနိုင်ပါဘူး။
■ ခြေဖနောင့်ကွဲခြင်းကတော့ အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ခြင်း၊ ခြေဗလာဖြင့် လမ်းလျှောက်ခြင်း၊ လေထုစိုထိုင်းဆ နည်းပါးခြင်းစတဲ့ နေ့စဉ်နေထိုင်မှုပုံစံတွေကြောင့်သာ အဖြစ်အများဆုံး ဖြစ်ပါတယ်။
■ ဒါ့အပြင် အရေပြား ရင့်ရော်လာခြင်း၊ နှင်းခူ၊ မှိုရောဂါပိုး ဝင်ရောက်ခြင်း စတဲ့ အခြေအနေတွေကြောင့်လည်း ခြေဖနောင့်ခြောက်သွေ့ကာ ကွဲအက်နိုင်ပါတယ်။
■ ဆီးချိုရောဂါနဲ့ လည်ပင်းကြီး ဟော်မုန်းနည်းပါးတဲ့ရောဂါစတဲ့ ရောဂါအခံများ ရှိပါကလည်း ခြေဖနောင့် အက်ကွဲကြောင်းများ ပိုမိုဖြစ်ပေါ်လာနိုင်ပါတယ်။
■ ဒါကြောင့် ခြေထောက်ရှိ အရေပြား အပြောင်းအလဲများကို ကြည့်ရုံမျှဖြင့် အာဟာရချို့တဲ့မှုကို ရောဂါအမည်တပ်လို့ မရနိုင်ကြောင်း ကျန်းမာရေးကျွမ်းကျင်သူများ အကြံပြုထားပါတယ်။
Source: Indian Express
#World_Science
Published 05 August 2026
■ ဩစတြေးလျ ဆန်းစစ်ချက်ထဲမှာ အမျိုးသမီး ၁၈,၀၀၀ ကျော်ကို လေ့လာခဲ့ရာ ခေတ်သစ် ဖန်ပြွန်သန္ဓေ IVF နည်းပညာဟာ ကိုယ်ဝန်အောင်မြင်မှုနှုန်း မထိခိုက်စေဘဲ အမွှာကိုယ်ဝန်ရရှိနိုင်ခြေ သိသိသာသာ လျှော့ချပေးနိုင်ကြောင်း ဖော်ပြထားပါတယ်။
■ ၉ နှစ်တာ လေ့လာမှုအတွင်း အမျိုးသမီး ၆၈ ရာခိုင်နှုန်းနီးပါးဟာ IVF စက်ဝန်း ၃ ကြိမ်အတွင်း အောင်မြင်စွာ ကလေးမွေးဖွားနိုင်ခဲ့ကြပါတယ်။
■ ကိုယ်ဝန် ၂.၉ ရာခိုင်နှုန်းက နှစ်မွှာ၊ သုံးမွှာပူးများ ဖြစ်ခဲ့ပြီး ယခင် IVF လုပ်ဆောင်နည်းများနဲ့ ယှဉ်ပါက သိသိသာသာ လျော့ကျသွားခြင်း ဖြစ်ပါတယ်။
■ သန္ဓေသားတစ်ခုတည်း ထည့်သွင်းတဲ့နည်းလမ်းကို ကုသမှုများရဲ့ ၉၅ ရာခိုင်နှုန်းအထိ အသုံးပြုခဲ့ပြီး ထိရောက်တဲ့ အောင်မြင်မှုနှုန်းကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
■ Blastocyst culture လိုမျိုး အဆင့်မြင့် နည်းပညာများကြောင့် ဆရာဝန်များဟာ ၅ ရက်မှ ၆ ရက်အထိ ဖွံ့ဖြိုးလာတဲ့ သန္ဓေသားတွေထဲမှ အသန်မာဆုံး သန္ဓေသားတစ်ခုတည်းကို ရွေးချယ်ခဲ့ကြပါတယ်။
■ Vitrification နည်းလမ်းဖြင့် ခေတ်မီအေးခဲသိမ်းဆည်းခြင်းက ကျန်ရှိတဲ့ သန္ဓေသားများကို လုံခြုံစွာ သိမ်းဆည်းပေးထားနိုင်သဖြင့် တစ်ကြိမ်တည်းဖြင့် သန္ဓေသားအများအပြား ထည့်သွင်းရန် မလိုတော့ပါဘူး။
■ ဒီနည်းလမ်းက မိခင်နဲ့ကလေး နှစ်ဦးစလုံးအတွက် ဖြစ်လာနိုင်တဲ့ ကိုယ်ဝန်ဆောင် နောက်ဆက်တွဲပြဿနာများကို သိသိသာသာ လျှော့ချပေးကြောင်း ကျန်းမာရေးကျွမ်းကျင်သူများ ထောက်ပြထားပါတယ်။
Source: Indian Express
တရုတ်အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသ ဥရွမ်ချီမြို့မှာ နိုင်ငံတော်အထူးရဲတပ်ဖွဲပြိုင်ပွဲရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဗုံးရှင်းလင်းရေးစက်ရုပ်ပြိုင်ပွဲကို အင်္ဂါနေ့က ကျင်းပခဲ့ပါတယ်။
#Asia_Technology
Published 04 August 2026
#တရုတ်ရှင်ကျန်း #ဗုံးရှင်းလင်းရေးစက်ရုပ်
#YMG #Yangon_Times #Yangon_Media_Group
ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာမြို့နယ်၌ ရေကျသွားပါက စိုက်ပျိုးမွေးမြူရေးကိစ္စများအပြင် ပြည်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ပြောပါတယ်။
#Local_News
Published 04 August 2026
#လေးမျက်နှာမြို့ #ဧရာဝတီတိုင်းဒေသကြီး
#YMG/NN #Yangon_Times
အင်အားပြင်းမန္တလေးငလျင်ဒဏ်သင့်ဒေသတွေ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံ့ဝန်ထမ်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ထုတ်ချေးပေးမယ့် ချေးငွေ ကျပ် ၆ ဒသမ ၈၆ ဘီလီယံကို ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီက အတည်ပြုလိုက်တယ်လို့ သိရပါတယ်။
#Local_News
Published 04 August 2026
#ငလျင် #မန္တလေးငလျင်
#YMG/SW #Yangon_Times
Page 19 of 2053