#World_News
Published 28 August 2025
▪️ ထရမ့်ရဲ့ အမေရိကန်အစိုးရက နိုင်ငံခြားကျောင်းသားများ၊ တာဝန်ကျ နိုင်ငံခြားဧည့်သည်များ၊ မီဒီယာအဖွဲ့ဝင်များရဲ့ ဗီဇာကာလကို တင်းကြပ်ရန် ရည်ရွယ်နေကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ အစိုးရဥပဒေကြမ်းအဆိုအရ သိရပါတယ်။
▪️ သမ္မတဒေါ်နယ်ထရမ့်ဟာ သမ္မတရာထူးပြန်လည်ရရှိပြီးနောက် လူဝင်မှုနှိမ်နင်းရေးတွေးကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
▪️ ယခုနောက်ဆုံးထုတ်ပြန်ချက်ကြောင့် အမေရိကန်မှာ သက်တမ်းတိုးနေထိုင်လိုတဲ့ နိုင်ငံခြားကျောင်းသားတွေ၊ တာဝန်ကျလုပ်သားတွေ၊ နိုင်ငံခြားသတင်းထောက်တွေအတွက် အခက်အခဲ ဖြစ်လာစေဦးမှာပါ။
▪️ အဆိုပြုဥပဒေကြမ်းအရ နိုင်ငံခြားကျောင်းသားများအတွက် F ဗီဇာ၊ အမေရိကန်မှာ တာဝန်ကျအလုပ်လုပ်ခွင့်ပြုတဲ့ J ဗီဇာ၊ မီဒီယာများအတွက် I ဗီဇာများကို အချိန်ကာလအတိအကျ သတ်မှတ်ပေးသွားမှာ ဖြစ်ပါတယ်။
▪️ ကျောင်းသားတွေနဲ့ တာဝန်ကျလုပ်သား ဗီဇာကာလတွေက ၄ နှစ်ထက်မပိုနိုင်ဘဲ သတင်းထောက်တွေအတွက် ဗီဇာကတော့ ရက်ပေါင်း ၂၄၀ အထိ ဖြစ်နိုင်ကာ တရုတ်မီဒီယာတွေဆိုရင်တော့ ရက် ၉၀ အထိသာ ဖြစ်နိုင်ပါတယ်။
▪️ ဒါဟာ ဗီဇာကိုင်ဆောင်ထားသူတွေ အမေရိကန်မှာ ရှိနေစဉ် သေချာစောင့်ကြည့်ကြီးကြပ်သွားဖို့ ဖြစ်တယ်လို့ အစိုးရကပြောပါတယ်။
▪️ ၂၀၂၀ တုန်းက အလားတူဆောင်ရွက်ချက်မျိုး အဆိုပြုစဉ်က နိုင်ငံရပ်ခြားပညာသင်များကို ကိုယ်စားပြုတဲ့ NAFSA အဖွဲ့အစည်းက ကန့်ကွက်ခဲ့ပါသေးတယ်။
▪️ ထရမ့်အစိုးရက တရားဝင်ရွှေ့ပြောင်းနေထိုင်မှုအပေါ် စိစစ်မှုကို တိုးမြှင့်ထားကာ တက္ကသိုလ်ကျောင်းသားတွေရဲ့ ဂရင်းကတ်တွေနဲ့ ကျောင်းသားဗီဇာများကို ရုပ်သိမ်းလိုက်ပါတယ်။
Source: Reuters
#Local_News
Published 28 August 2025
▪️ တရုတ်ပြည်သူ့သမ္မတနိုင်ငံယူနန်ပြည်နယ် ကူမင်းမြို့၌ကျင်းပမည့် ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းဒေသမီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်ကို ကူမင်းမြို့တွင် စက်တင်ဘာ ၄ ရက်မှ ၈ ရက်အထိကျင်းပမည်ဖြစ်ကြောင်းသိရသည်။
▪️ အဆိုပါ ကမ္ဘာလုံးဆိုင်ရာတောင်ပိုင်းဒေသမီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်ကို ဝန်ကြီးဌာနများမှ ၃၆ ဦးနှင့် ပြင်ပမီဒီယာနှင့်အဖွဲ့အစည်းများမှ ၁၇ ဦး စုစုပေါင်း ၅၃ ဦးတို့ ပါဝင်တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ ပါဝင်တက်ရောက်ကြမည့် ကိုယ်စားလှယ်အဖွဲ့ကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက သြဂုတ်လ ၂၇ ရက် က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံးရှေ့ ယာယီခန်းမ၌ တွေ့ဆုံ၍ ယင်းခရီးစဉ်သည် တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်ဖြစ်၍ အရေးကြီးကြောင်း ပြောကြားသည်။
▪️ ထို့အတူ ယခင်ရှိပြီး တရုတ်-မြန်မာ ချစ်ကြည်ရေး၊ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ခရီးစဉ်တွင်လိုက်ပါကြမည့် ကိုယ်စားလှယ်များအနေဖြင့် တစ်ဦးချင်း၊ အဖွဲ့လိုက်ကျရာတာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ကြစေလိုကြောင်းမှာကြားသည်။
▪️ ထို့ပြင် ယခုခရီးစဉ်တွင် မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအပြင် မြန်မာနိုင်ငံ၏ တောတောင်ရေမြေသဘာဝနှင့် မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ရိုးရာအကအလှနှင့် ရုပ်သေးအက၊ မြန်မာ့လက်မှုပညာများကို မိတ်ဆက်ပြသသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်၏ပုံရိပ်ကို မြှင့်တင်ပေးနိုင်သည့် အောင်မြင်သော ခရီးစဉ်တစ်ခုဖြစ်စေရေးအတွက် အားလုံးပူပေါင်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် တိုက်တွန်းပြောကြားခဲ့သည်။
▪️ ယင်းနောက် ကမ္ဘာလုံးဆိုင်ရာတောင်ပိုင်းဒေသမီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်ဖွင့်ပွဲအခမ်းအနား၊ တောင်ပိုင်းဒေသ ညချမ်းနှင့်ချည် Show ပိုးဖဲ အနီးအနားတဖွဲဖွဲ ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားတို့တွင် ဖျော်ဖြေမည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတို့မှ အကအဖွဲ့များက ဝတ်စုံပြည့်သရုပ်ပြကပြခြင်း၊ ရုပ်သေးအကများ ကပြခြင်းဆောင်ရွက်ကြသည်။
▪️ ထို့နောက် ခရီးစဉ်တွင် လိုက်ပါမည့်ကိုယ်စားလှယ်များက ဖိုရမ်တွင် ဆွေးနွေးပြောကြားမည့်အချက်များ၊ ဖျော်ဖြေတင်ဆက်မည့် အစီအစဉ်များနှင့် ခင်းကျင်းပြသမည့်အခြေအနေတို့ကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
▪️ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တောင်ပိုင်းဒေသ ညချမ်းနှင့် ချည် Show ပိုးဖဲ အနီးအနားတဖွဲဖွဲ ဈေးရောင်းပွဲတော်အခမ်းအနားတွင် သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ခင်းကျင်းပြသမည့် မြန်မာ့ရိုးရာလက်မှုအနုပညာပစ္စည်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
၂၈ ဩဂုတ် ၂၀၂၅- သမ္မတ ထရမ့်က Truth Social ပေါ်တွင် တစ်နိုင်ငံလုံးဆန္ဒပြပွဲများကို ထောက်ပံ့မှုအတွက် ဘီလျံနာ ဂျော့ဂ်ျဆိုရော့စ်နှင့် ၎င်း၏သားအား ဖက်ဒရယ် Racketeer Influenced and Corrupt Organizations (RICO) အယောင်ဆောင်လိမ်လည်အကျင့်ပျက်ခြာစား အဖွဲ့အစည်းများ အက်ဥပဒေဖြင့် တရားစွဲဆိုရန် ဗုဒ္ဓဟူးနေ့က တောင်းဆိုခဲ့သည်။
ဘာကြောင့် အရေးကြီးသလဲ- ဤစွပ်စွဲချက်များသည် သမ္မတထရမ့်၏ နိုင်ငံရေးဆန့်ကျင်သူများကို အပြစ်ပေးရန် သို့မဟုတ် ထောင်ချရန် တိုက်တွန်းတောင်းဆိုမှုကို ထင်ဟပ်လျက်ရှိပြီး၊ စည်းရုံးဦးဆောင် သူများသည် သမ္မတ၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများနှင့် အမေရိကန်မြို့များသို့ ဖက်ဒရယ်တပ်ဖွဲ့များ စေလွှတ်ရန် ခြိမ်းခြောက်မှုများကို ဆန့်ကျင်ကာ တစ်နိုင်ငံလုံးတွင် လှုပ်ရှားလျက်ရှိသည်။
သူတို့ဘာတွေပြောနေကြသလဲ- "ဂျော့ဂ်ျဆိုရော့စ်နှင့် အံ့အားသင့်စရာ အစွန်းရောက် လက်ဝဲသမား ဖြစ်သည့် သူ့သားတို့သည် အကြမ်းဖက်ဆန္ဒပြပွဲများနှင့် အခြားများစွာကို ထောက်ပံ့နေမှုကြောင့် RICO ဖြင့် တရားစွဲဆို ခံရသင့်သည်။" ဟု ထရမ့်က ရေးသားခဲ့သည်။
"ဆိုရော့စ်နှင့် ၎င်း၏ စိတ်ဝေနာရှင်အုပ်စုသည် ကျွန်တော်တို့နိုင်ငံအား ကြီးမားသောထိခိုက်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ယင်းတွင် အနောက်ကမ်းရိုးတန်းရှိ သူ၏ရူးသွပ်မိုက်မဲနေသည့်မိတ်ဆွေများလည်း ပါဝင်သည်။ သတိထားနေပါ၊ ကျွန်တော်တို့ ခင်ဗျားတို့ကို စောင့်ကြည့်နေသည်။ ဤကိစ္စအတွက် အာရုံ စိုက်ပေးသည့်အတွက် ကျေးဇူးတင်ပါသည်။" ဟုထရမ့်ကရေးခဲ့သည်။
တစ်ဖက်၏အမြင်- "ဤစွပ်စွဲချက်များသည် တရားလွန်ဖြစ်ပြီး မမှန်ကန်ပါ" ဟု Open Society Foundations ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Axiosမီဒီယာ သို့ ပြောကြားခဲ့ပြီး၊ ထိုအဖွဲ့အစည်းသည် "အကြမ်းဖက်ဆန္ဒပြပွဲများကို ထောက်ပံ့ခြင်း သို့မဟုတ် ရန်ပုံငွေထောက်ပံ့ခြင်း မပြုပါ" ဟု ရှင်း လင်းခဲ့သည်။
"ကျွန်တော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အာမခံထားသော အခြေခံလွတ်လပ်ခွင့်များကို ထောက်ခံပြီး၊ မည်သည့်တက်ကြွသောဒီမိုကရေစီတွင်မဆို အဓိကအချက်ဖြစ်သည့် လွတ်လပ်စွာ ပြောဆိုခွင့်နှင့် ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်များကို ထောက်ခံသည်။"ဟုသူကပြောသည်။
နောက်ခံအချက်အလက်- ဖက်ဒရယ် RICO ဥပဒေသည် စည်းရုံးဂိုဏ်းဖွဲ့ထားသော ရာဇဝတ်မှုဆိုင်ရာ လုပ်ရပ်များကို ပစ်မှတ်ထားပြီး၊ စည်းရုံးဂိုဏ်းဖွဲ့ထားသော ရာဇဝတ်လုပ်ငန်းတစ်ခု၏ တစ်စိတ်တစ်ပိုင်း အဖြစ် လုပ်ဆောင်သည့် လုပ်ရပ်များအတွက် ပြစ်ဒဏ်များကို တိုးမြှင့်၍ချနိုင်သည်။
RICO သည် သမိုင်းအရ မာဖီးယားအဖွဲ့ဝင်များကို ပစ်မှတ်ထားရန် အသုံးပြုခဲ့သော်လည်း၊ မကြာသေးမီက ရာဇဝတ်လုပ်ငန်းမျိုးစုံကို တရားစွဲဆိုရန် အသုံးပြုလျက်ရှိသည်။
အကျဉ်းချုပ်- ရှေးရိုးသမားများသည် ဆိုရော့စ်ကို နှစ်ပေါင်းများစွာ သရဲသဘက်သဖွယ် ပြောဆိုခဲ့ကြပြီး ၎င်း၏ လက်ဝဲ ယိမ်းယိုင်သော အကြောင်းကိစ္စအမျိုးမျိုးကို ထောက်ပံ့မှုကြောင့် ၎င်း၏အမည်သည် လက်ယာစွန်း ပူးပေါင်းကြံစည်မှုသီအိုရီများတွင် မကြာခဏ ထည့်သွင်းဖော်ပြခံရသည်။
Open Society Foundations သည် ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေး၊ နိုင်ငံသားပါဝင်ပတ်သက်မှုနှင့် မဲဆွယ်စည်းရုံးရေးဆိုင်ရာ လှုပ်ရှားမှုအဖွဲ့များအပါအဝင် လှုပ်ရှားမှုအဖွဲ့မျိုးစုံကို ထောက်ပံ့ပေးသည်။
ချဲ့ကားကြည့်ရန်- သမ္မတသည် ရာထူးပြန်လည်ရယူပြီးကတည်းက သူ၏နိုင်ငံရေးကို ဆန့်ကျင်သူများကို စုံစမ်းစစ်ဆေးမှုများစွာ စတင်ခဲ့ပြီး၊ ရာဇဝတ်မှုဆိုင်ရာ လွှဲပြောင်းမှုများအတွက် အိမ်ခြံမြေလိမ်လည်မှုကို ကိရိယာတစ်ခုအဖြစ် အသုံးပြုခဲ့သည်။
သူသည် "လက်ဝဲအစွန်းရောက်ရူးသွပ်သူများ" ကို ဆန့်ကျင်ရေးအတွက် စစ်တပ်ကို စစ်စည်းရုံးရန်လည်း အဆိုပြုခဲ့ပြီး၊ အစိုးရအတွင်းရှိ "အတွင်းရန်သူများ" ကို ဖယ်ရှားရန် ကတိပြုခဲ့သည်။
Source Axios
#World_Science
Published 28 August 2025
▪️ ကြယ်တံခွန်လို့ သတ်မှတ်ထားတဲ့ 3I/Atlas အာကာသပစ္စည်းဟာ ကမ္ဘာဂြိုဟ်နဲ့ နီးကပ်လာသဖြင့် စိတ်ဝင်စားမှုမြင့်တက်နေပါတယ်။
▪️ ဟားဗတ်ရူပဗေဒပညာရှင်ကြီး အေဗီလော့ဘ်ကတော့ ဒါဟာ သာမန်ကြယ်တံခွန်တစ်ခုထက် ပိုနိုင်တယ်ဆိုပြီး ထင်ကြေးပေးလာပါတယ်။
▪️ မန်ဟက်တန်လောက် အရွယ်အစားရှိတဲ့ အရာဝတ္ထုကြီးဟာ ထောက်လှမ်းရေးပြုလုပ်နေတဲ့ ဂြိုဟ်သားယာဉ်ဖြစ်နိုင်တယ်လို့ ယူဆနေပါတယ်။
▪️ ဒီအရာဟာ ဖန်တီးပြုလုပ်ထားတာ ဖြစ်နိုင်ပြီး ထောက်လှမ်းရေးတာဝန် လုပ်နေတာမှန်တယ်ဆိုရင် အန္တရာယ်ရှိတယ်လို့ ပြောပါတယ်။
▪️ အချက်အလက်များအရ ဒီအရာဟာ ၁၂ မိုင်ကျယ်ပြီး တစ်စက္ကန့်ကို ၃၇ မိုင်နှုန်းဖြင့် ရွေ့နေကာ အောက်တိုဘာ ၃၀ ရက်နေ့မှာ ကမ္ဘာဂြိုဟ်နဲ့ မိုင်ပေါင်းသန်း ၁၃၀ အတွင်းရောက်ရှိနိုင်တယ်လို့ နာဆာက ဖော်ပြထားပါတယ်။
▪️ ဒီအရာရဲ့ရှေ့မှာ မထင်ထားတဲ့ အလင်းလေးလင်းနေတာဟာ အံ့အားသင့်စရာဖြစ်တယ်လို့ လော့ဘ်က ပြောပါတယ်။
▪️ သာမန်ဆိုရင် ကြယ်တံခွန်တွေက အနောက်မှာ အမြီးတန်းကျန်ခဲ့ပေမယ့် ဒီအရာကတော့ အရှေ့မှာ လင်းနေတယ်လို့ ဆိုပါတယ်။
▪️ 3I/Atlas က မားစ်ဂြိုဟ်၊ ဗီးနပ်စ်ဂြိုဟ်၊ ဂျူပီတာဂြိုဟ်တို့အနီးကနေ ဖြတ်သန်းသွားနိုင်ပြီး ဦးတည်ချက်က အမျိုးမျိုးဖြစ်နိုင်ပါတယ်။
▪️ ဒါကြီးက နည်းပညာပိုင်းဆိုင်ရာပစ္စည်းသာဖြစ်ရင် အနာဂတ်လူသားမျိုးနွယ်အတွက် သက်ရောက်မှုကြီးမားလိမ့်မယ်လို့ လော့ဘ်က ပြောသွားပါတယ်။
Source: Hindustan Times
#World_Health
Published 28 August 2025
▪️ ဆီးချိုဒုတိယအမျိုးအစားရှိတဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် နှလုံးထိခိုက်နေတာကို မသိရှိတဲ့အခြေအနေ နှစ်ဆနီးပါးပိုများတယ်လို့ လက်စတာသုတေသီများ တွေ့ရှိထားပါတယ်။
▪️ နှလုံးသွေးကြောငယ်ပျက်ယွင်းခြင်း(CMD)အကြောင်း အသေးစိတ်အကျဆုံး စူးစမ်းလေ့လာထားကြတာ ဖြစ်ပါတယ်။
▪️ CMD က နှလုံးရဲ့ အသေးငယ်ဆုံးသွေးကြောတွေဆီ သွေးစီးဆင်းမှုချို့ယွင်းရာကနေ စောစီးစွာ အသံတိတ်နှလုံးထိခိုက်တဲ့အခြေအနေ ဖြစ်ပါတယ်။
▪️ NIHR လက်စတာဇီဝဆေးသုတေသနစင်တာမှာ လေ့လာချက် ၄ ခုပြုလုပ်ခဲ့ပြီး ဆီးချိုရှိသူ အမျိုးသမီး ၄၆ ရာခိုင်နှုန်းမှာ CMD လက္ခဏာတွေ့ခဲ့ပြီး အမျိုးသားတွေကတော့ ၂၆ ရာခိုင်နှုန်းဖြစ်ပါတယ်။
▪️ ပုံမှန်စစ်ဆေးရုံဖြင့် မတွေ့နိုင်တဲ့ နှလုံးရောဂါ အစောပိုင်းလက္ခဏာတွေကို တွေ့နေရပြီး အမျိုးသမီးတွေ အဖြစ်အများဆုံးလို့ လက်စတာတက္ကသိုလ်မှ NIHR သုတေသနပရော်ဖက်ဆာ ဂယ်ရီမက်ကန်းက ပြောပါတယ်။
▪️ စမ်းသပ်ခံသူအားလုံးမှာ ရောဂါလက္ခဏာမပြခြင်းက ဒီလေ့လာချက်မှာ အထင်ရှားဆုံးဖြစ်နေပါတယ်။
▪️ CMD ဖြစ်စေတဲ့ အကြောင်းအရင်းတွေက အမျိုးသမီးတွေမှာဆိုရင် BMI များခြင်းနဲ့ အသက်ဆိုင်ဆုံးဖြစ်ပြီး အမျိုးသားတွေမှာတော့ သွေးပေါင်ချိန်များခြင်းက ပိုမိုသက်ဆိုင်ပါတယ်။
▪️ ယခုလိုတွေ့ရှိချက်က အနာဂတ်မှာ ရောဂါကာကွယ်ရေးနည်းလမ်းများအတွက် အရေးကြီးလာနိုင်ပြီး အမျိုးသမီးတွေမှာ ကိုယ်အလေးချိန်ချခြင်း၊ အမျိုးသားတွေမှာ သွေးပေါင်ချိန်ချခြင်းတို့က စောစီးစွာ နှလုံးထိခိုက်ခြင်းမှ ကာကွယ်စေနိုင်မယ်လို့ NIHR မှ ညွှန်ကြားရေးမှူး မယ်လာနီဒေးဗီးစ်က ပြောသွားပါတယ်။
Source: ANI News.
ဂျာမနီ နှစ် (၈၀) ပြည့် သမိုင်းဝင်မှုခင်းအဖြစ်အပျက်များနေ့မှာ နူရမ်ဘတ်အထိမ်းအမှတ် တရားစီရင်ရေးပြခန်းသို ဧည့်ခရီးသွားအများအပြား လာရောက်ကာ အတိတ်အကြောင်းကို အမှတ်ရစေပြီး ပညာရေးကိုပုံဖော်ခဲ့တဲ့အကြောင်း သိရှိလိုကြတာဖြစ်ပါတယ်။
#World_History
Published 27 August 2025
#ဂျာမနီတရားစီရင်ရေးပြခန်း #နာဇီခေါင်းဆောင်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 27 August 2025
၁။ ယခုလအတွင်း ဓာတ်မြေဩဇာ(၂၅) ရာခိုင်နှုန်းလျှော့ဈေးဖြင့် ဖြန့်ဖြူးရန်ဆောင်ရွက်နေ
၂။ ရွှေဈေးနှုန်းများ ပြန်လည်မြင့်တက်လာ
၃။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပင်မစီမံကိန်း (၂၀၂၆-၂၀၃၀)ကို ခေတ်စနစ်နှင့်အညီရေးဆွဲမည်
၄။ နာဇီခေါင်းဆောင်များအားတရားစီရင်ခဲ့သည့်ဂျာမနီတရားစီရင်ရေးပြခန်းသို့ ခရီးသွားဧည့်သည်အများအပြားလာရောက်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
"ကမ္ဘာ့လျှပ်စစ်ကား ထုတ်လုပ်မှုလုပ်ငန်းများတွင် ဘက်ထရီနည်းပညာများက မည်မျှအကျိုးသက်ရောက် မှုရှိနေကြောင်းနှင့် လက်ရှိနှင့်နောင်လာမည့် ဘက်ထရီနည်းပညာများ အကြောင်းကို လေ့လာရေးသား ထားသည့် သုံးသပ်ချက်ဆောင်းပါး"
ဩဂုတ် ၂၅ (ရိုက်တာ) - ကမ္ဘာတစ်ဝန်းရှိ စွန့်ဦးတီထွင်ကုမ္ပဏီများသည် လျှပ်စစ်ကားများ (EVs) အတွက် ကုန်ကျစရိတ်များကို လျှော့ချရန်နှင့် အချို့သော အရေးကြီးသည့် သတ္တုတွင်းထွက်များအပေါ် မှီခိုမှုကို လျှော့ချရန် ရည်ရွယ်၍ ဆိုဒီယမ်နှင့် ဆာလဖာကဲ့သို့သော ပစ္စည်းများ သို့မဟုတ် အခြားသော ဆန်းသစ်သည့် ဓာတုဗေဒနည်းလမ်းများ အသုံးပြုထားသည့် ဘက်ထရီနည်းပညာသစ်များကို အပြိုင် အဆိုင် တီထွင်ထုတ်လုပ်နေကြသည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့ဘက်ထရီဆဲလ် ထုတ်လုပ်မှု၏ ၈၅% နှင့် ယနေ့ခေတ် EV ဈေးကွက်ကို လွှမ်းမိုးထားသော လီသီယမ်-အိုင်းယွန်း အမျိုးအစားနှစ်ခုတွင် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများ ကို ပြုပြင်ခြင်း၏ ၉၀% ကို ထိန်းချုပ်ထားသည်။
ဘက်ထရီနည်းပညာသည် လျင်မြန်စွာ တိုးတက်ပြောင်းလဲနေသော်လည်း အခြေခံနည်းစဉ်မှာမူ မပြောင်းလဲဘဲ - ကက်သုတ် (cathode)၊ အန်နုတ် (anode) နှင့် အီလက်ထရိုလိုက် (electrolyte) ဟူသော အဓိက အစိတ်အပိုင်း သုံးခုဖြင့် ဖွဲ့စည်းထားဆဲ ဖြစ်သည်။
ကားထုတ်လုပ်သူများက ရေရှည်အတွက် ရွေးချယ်စရာများကို ချိန်ဆနေကြသည်နှင့်အညီ၊ လက်ရှိ အသုံးပြုနေသော သို့မဟုတ် တီထွင်နေဆဲဖြစ်သော ဘက်ထရီအမျိုးအစားအမျိုးမျိုးကို အောက်တွင် လေ့လာနိုင်ပါသည်။
လိဒ် LEAD
ကားစက်နှိုးရန်အတွက် လက်ရှိအသုံးပြုနေသော ၆ ဗို့ သို့မဟုတ် ၁၂ ဗို့ ဘက်ထရီများတွင် အသုံးပြုသည်။
အားသာချက်များ- ဈေးသက်သာပြီး အစွန်းရောက် ရာသီဥတုအခြေအနေများတွင် အလုပ်လုပ်နိုင်သည်။
အားနည်းချက်များ- လေးလံပြီး စွမ်းအင်နည်းပါးသည်။
နီကယ်-ကက်မီယမ် (NI-CD)
အားပြန်သွင်းနိုင်သော ဘက်ထရီများ ဖြစ်သည်။
နီကယ်-မက်တယ် ဟိုက်ဒရိုက် (NI-MH)
၁၉၉၇ ခုနှစ်တွင် Toyota ၏ ပထမဆုံး Prius တွင် အသုံးပြုခဲ့သော နည်းပညာဖြစ်ပြီး ဟိုက်ဘရစ် ကားများ၏ ရှေ့ပြေးဘက်ထရီဖြစ်သည်။
ဆိုဒီယမ် နီကယ် ကလိုရိုက်
ပြင်သစ်စာတိုက်လုပ်ငန်း၏ Venturi ကားများတွင် အသုံးပြုခဲ့သည်။
အားသာချက်များ- ပိုမိုသေးငယ်ပြီး လက်ရှိကားများကို ပြောင်းလဲရန်မလိုဘဲ တပ်ဆင်နိုင်သည်။
အားနည်းချက်များ- အမြင့်ဆုံးအမြန်နှုန်း တစ်နာရီ ကီလိုမီတာ ၁၀၀ နှင့် သွားနိုင်သည့် အကွာအဝေး ကီလိုမီတာ ၁၀၀ သာ ကန့်သတ်ထားသည်။
လီသီယမ် မက်တယ် ပိုလီမာ (LMP)
ယခု ရပ်ဆိုင်းသွားပြီဖြစ်သော Bolloré Pininfarina BlueCar မော်ဒယ်နှင့် ပါရီမြို့၏ ကားအငှား ဝန်ဆောင်မှုလုပ်ငန်း Autolib တွင် အသုံးပြုခဲ့သည်။ ယခုအခါတွင် ယင်းနည်းပညာကို အများအားဖြင့် စွမ်းအင်သိုလှောင်မှု၊ ဘတ်စ်ကားများနှင့် ဓာတ်ရထားများတွင် အဓိကအသုံးပြုသည်။
အားသာချက်များ- ကက်ပစီတာ (capacitor) နိယာမပေါ် အခြေခံထားသော "ခြောက်သွေ့သည့်" နည်း ပညာဖြစ်ပြီး စက်မှုလုပ်ငန်းစဉ် ပိုမိုလွယ်ကူသည်။
အားနည်းချက်များ-ဘက်ထရီကို ကြိုတင်အပူပေးရန်နှင့် သတ်မှတ်အပူချိန်တစ်ခုတွင် ယင်းကိုထိန်းသိမ်း ထားရန် လိုအပ်သည်။
လီသီယမ်-အိုင်းယွန်း (LITHIUM-ION)
ယနေ့ခေတ်တွင် အတွင်ကျယ်ဆုံး နည်းပညာဖြစ်ပြီး ဖုန်းနှင့် လက်ပ်တော့ဘက်ထရီများ၊ လျှပ်စစ် ကားများနှင့် အခြားကိရိယာများတွင် အသုံးပြုသည်။ ၁၉၉၁ ခုနှစ်တွင် Sony မှ ပထမဆုံး စီးပွားဖြစ် ထုတ်လုပ်ခဲ့သည်။
အားသာချက်များ- လီသီယမ်သည် ယူရေနီယမ်ပြီးလျှင် ဒုတိယမြောက် စွမ်းအင်အပြည့်ဝဆုံး သတ္တု ဖြစ်သည်။ အမြင့်ဆုံးအမြန်နှုန်းနှင့် သွားနိုင်သည့် အကွာအဝေး တိုးတက်လာခြင်း၊ အားသွင်းမှတ်ဉာဏ် (charge memory) မရှိဘဲ အားအမြန်သွင်းခြင်းနှင့် အနှေးသွင်းခြင်း နှစ်မျိုးလုံး ပြုလုပ်နိုင်သည်။
အားနည်းချက်များ-အလေးချိန်နှင့် ပြင်ပအခြေအနေများ (အအေး၊ တုန်ခါမှု) ကို ခံနိုင်ရည်နည်းပါးခြင်း၊ အပူလွန်ကဲမှုအန္တရာယ်ကို အနီးကပ် ထိန်းချုပ်ရန် လိုအပ်သော "အရည်" ဘက်ထရီများဟု ခေါ်ဆိုနေ ကြသည့် အမျိုးအစားဖြစ်သည်။
EV ဈေးကွက်ကို လွှမ်းမိုးထားသော LI-ION နည်းပညာ မိသားစု နှစ်ခု
NMC (နီကယ် မန်းဂနိစ် ကိုဘော့)
စွမ်းအင်သိပ်သည်းဆ မြင့်မားသော်လည်း ဈေးနှုန်းမှာ ကြီးမားသော ယာဉ်ကြီးများအတွက် ပိုမို သင့်တော်သည်။ ကိုဘော့ကို အဓိကအားဖြင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှ ရရှိပြီး အဆိုပါသတ္တုကို ထုတ်ယူသည့် အခြေအနေများမှာ မဟာဗျူဟာမြောက်နှင့် ကျင့်ဝတ်ဆိုင်ရာ ပြဿနာများ ရှိနေသည်။
LFP (လီသီယမ် အိုင်ယွန်း ဖော့စဖိတ်)
အားသာချက်များ- ကိုဘော့ကို အသုံးပြုရန်မလိုအပ်ဘဲ၊ ဈေးနှုန်းပိုမိုသက်သာသောကြောင့် ယာဉ်ငယ်များ အတွက် သင့်တော်သည်။
အားနည်းချက်များ-NMC ထက် စွမ်းအင်သိပ်သည်းဆ နည်းပါးသည်။
ဆိုဒီယမ်-အိုင်းယွန်း (SODIUM-ION)
အားသာချက်များ- လက်ရှိတွင် ဝယ်လိုအားမြင့်မားနေသော လီသီယမ်၊ နီကယ် သို့မဟုတ် ကိုဘော့တို့ကို အသုံးပြုရန်မလိုအပ်ဘဲ အလူမီနီယမ်၊ သံနှင့် မန်းဂနိစ် manganese တို့ဖြင့် အစားထိုးထားသည်။ ဆိုဒီယမ်သည် လီသီယမ်ထက် ပိုမိုပေါများသောကြောင့် ထုတ်ယူခြင်းနှင့် ထောက်ပံ့ခြင်းတို့မှာ ပိုမို လွယ်ကူပြီး ကုန်ကျစရိတ်သက်သာသည်။
မီးမလောင်ကျွမ်းနိုင်၊ အားပြန်သွင်းသည့် အကြိမ်ရေ ၅၀,၀၀၀ အထိ ခံနိုင်ရည်ရှိပြီး လီသီယမ်-အိုင်းယွန်း ထက် ၅ ဆ မှ ၁၀ ဆ အထိ ပိုမိုခံနိုင်ရည်ရှိသည်။
LNMO (လီသီယမ် နီကယ် မန်းဂနိစ် အောက်ဆိုဒ်)
အားနည်းချက်များ- စွမ်းအင်သိပ်သည်းဆ နည်းပါးခြင်း၊ လက်ရှိတွင် ဤဘက်ထရီအမျိုးအစားကို ထောက်ပံ့မှု မရှိနီးပါးဖြစ်နေသည်။ လီသီယမ်ဈေးနှုန်းကို စိတ်ဝင်စားမှုရှိနေသည်။
အားသာချက်များ- ကိုဘော့ လိုအပ်မှုကို ဖယ်ရှားပေးသည်။ Renault ကုမ္ပဏီက ၂၀၂၈ ခုနှစ်တွင် ထုတ်လုပ်နိုင်မည်ဟု မျှော်လင့်ထားသော ဤနည်းပညာသည် NMC ၏ စွမ်းအင်သိပ်သည်းဆ၊ LFP ၏ ဈေးနှုန်းသက်သာမှုနှင့် ဘေးကင်းလုံခြုံမှု၊ နှင့် ၁၅ မိနစ်အောက် အားပြန်သွင်းနိုင်သည့်အချိန်တို့ကို ပေါင်းစပ်ထားသည်ဟု ဆိုသည်။
အားနည်းချက်များ- ဖန်တီးဆဲအဆင့်တွင်သာ ရှိသေးသည်။
လီသီယမ်-ဆာလဖာ (LITHIUM-SULFUR)
အားသာချက်များ- ဒေဝါလီခံသွားသော ဆွီဒင်ဘက်ထရီထုတ်လုပ်သူ Northvolt ၏ ပိုင်ဆိုင်မှုအများစုကို ဝယ်ယူခဲ့သည့် Stellantis ၏ ကျောထောက်နောက်ခံပြုထားသော အမေရိကန် စွန့်ဦးတီထွင်ကုမ္ပဏီ Lyten က ဤနည်းပညာသည် လီသီယမ်-အိုင်းယွန်းထက် စွမ်းအင်သိပ်သည်းဆ နှစ်ဆကျော် ပိုမိုများပြားသည်ဟု ဆိုသည်။ ၎င်းသည် နီကယ်၊ ကိုဘော့နှင့် မန်းဂနိစ်တို့ကို အသုံးပြုရန် မလိုအပ်ဘဲ ကုန်ကြမ်းပစ္စည်းအချို့ကို မြောက်အမေရိကနှင့် ဥရောပတွင် ပြည်တွင်း၌ ထုတ်လုပ်နိုင်သောကြောင့် ပိုမိုအမှီအခိုကင်းစွာ ရပ်တည်နိုင်မည် ဖြစ်သည်။
အားနည်းချက်များ- ၂၀၂၈ ခုနှစ်မတိုင်မီ အသုံးပြုနိုင်ဦးမည် မဟုတ်သေးပါ။
SOLID-STATE ဘက်ထရီများ
အစိုင်အခဲ အီလက်ထရိုလိုက် (ပိုလီမာ၊ ကြွေ)သည် လီသီယမ်-အိုင်းယွန်းနည်းပညာ၏ အရည် အီလက် ထရိုလိုက်နေရာတွင် အစားထိုးဝင်ရောက်သည့်နည်းပညာဖြစ်သည်။
အားသာချက်များ- စွမ်းအင်သိပ်သည်းဆ ပိုမိုမြင့်မားခြင်း၊ ပိုမိုပေါ့ပါးခြင်း၊ မီးမလောင်ကျွမ်းနိုင်ခြင်း။
အားနည်းချက်များ: ဖန်တီးဆဲအဆင့်တွင်သာ ရှိသေးပြီး အကြီးစားထုတ်လုပ်နိုင်မှု မရှိသေးပါ။
Sources: Reuters with futura-sciences.com, Plastec , Saft (TotalEnergies), Renault, Arkema, other companies.
၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များနှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ်များသို့ ဝင်ခွင့်ကိုစက်တင်ဘာလ(၂)ရက်မှစတင်ကာ လျှောက်ထားနိုင်ပြီဖြစ်တယ်လို့သိရပါတယ်။
#Local_News
Published 27 August 2025
#ဆေးဘက်ဆိုင်ရာတက္ကသိုလ် #တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ
#YMG/SW #Yangon_Times
မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပင်မစီမံကိန်း (၂၀၂၆-၂၀၃၀) ကို ခေတ်စနစ်နှင့်အညီ ပြန်လည်ပြင်ဆင်ရေးဆွဲနိုင်ရေး အစိုးရ-ပုဂ္ဂလိကကိုယ်စားလှယ်များပါဝင်သောလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ကြရေးအတွက်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တိုက်တွန်းပြောကြားခဲ့ပါတယ်။
#Local_News
Published 27 August 2025
#ဟိုတယ်နှင့်ခရီးသွားလာရေး #မြန်မာနိုင်ငံခရီးသွားလုပ်ငန်းပင်မစီမံကိန်း
#YMG/SW #Yangon_Times
အခုတစ်ပတ်အတွင်း ရည်ညွှန်းဈေးအနည်းငယ်နဲ့ ပြင်ပဈေး ကျပ်နှစ်သိန်းကျော်အထိ ပြန်လည်မြင့်တက်လာတယ်လို့ ရွှေဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 27 August 2025
#ရွှေ
#YMG/NN #Yangon_Times
အခုနှစ် ဩဂုတ်လကစပြီး နိုင်ငံတော်ရဲ့စီးပွားရေးအထောက်အကူပြုသီးနှံတွေ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေလိုအပ်တဲ့ ယူရီးယားဓာတ်မြေဩဇာ နဲ့ ၁၅ ပတ်လည်ကွန်ပေါင်းဓာတ်မြေဩဇာတွေကို
ဈေးကွက်ပေါက်ဈေးထက်၂၅ ရာခိုင်နှုန်း လျှော့ဈေးနဲ့ ဖြန့်ဖြူးဖို့ ဆောင်ရွက်နေတယ်လို့ စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ဖွံဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောကပြောပါတယ်။
#Local_News
Published 27 August 2025
#ယူရီးယားဓာတ်မြေဩဇာ #တောင်သူ
#YMG/NN #Yangon_Times
Page 18 of 1770