#Local_News
Published 06 August 2026
■ မန္တလေးငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) ကို အကြီးစားပြုပြင်တည်ဆောက်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။
■ မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) ရှေ့မျက်နှာစာအား Light Weight Block အုတ်စီခြင်း၊ အဆောက်အအုံ၏ ပင်မအတက်အဆင်း လှေကားအသစ်ပြုလုပ်ခြင်း၊ အမိုးသွပ်လဲလှယ်ခြင်း၊ မြေညီထပ်နှင့် ပထမထပ်များပြင်ဆင်ခြင်း၊ Basement ကြမ်းခင်းမြှင့်တင်ဆောင်ရွက်ခြင်း၊ Valt အခန်းများနှင့် ပြတိုက်အဝင်မုခ်ဦးတို့ကို မွမ်းမံပြင်ဆင်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
■ ထိုသို့ဆောင်ရွက်နေမှုများကို ယမန်နေ့နံနက်ပိုင်းတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ဒုတိယဝန်ကြီး ဦးခင်လတ်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးရာ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများနှင့် အဆောက်အဦတည်ဆောက်ရေးတာဝန်ခံအင်ဂျင်နီယာ၊ ဒီဇိုင်းအင်ဂျင်နီယာတို့က ဦးစားပေးအဆင့်လိုက် တည်ဆောက်ပြီးစီးနိုင်မှုအခြေအနေ၊ ပြခန်းအလိုက် နေရာချထားမည့်အခြေအနေများ ရှင်းလင်းတင်ပြမှုများအပေါ် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းနှင့်ကိုက်ညီရေး မှာကြားခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times