#WorldHealth
Published - 02 April 2022
American Heart Association ဂျာနယ်မှာဖော်ပြထားချက်အရ အပတ်တိုင်းထောပတ်သီးတစ်လုံးစာ စားသုံးခြင်းဖြင့် နှလုံးသွေးကြောပိတ်ခြင်းကို ရိုးရှင်းထိရောက်စွာကာကွယ်နိုင်ကြောင်း ဖော်ပြထားပါတယ်။
ထောပတ်သီးဟာ ဘယ်အချိန်စားစားအရသာရှိတဲ့ အစားအစာရှိပါတယ်။
ထောပတ်သီးမှာ အကျိုးပြုအဆီဓာတ်နဲ့ အာဟာရဓာတ်တွေပါဝင်နေပြီး အခုဆိုရင် ထောပတ်သီးကိုစားသုံးသင့်တဲ့အကြောင်းအရင်းတွေ ပိုမိုတွေ့ရှိလာပြီဖြစ်ပါတယ်။
တစ်ပတ်ကို ထောပတ်သီးတစ်လုံး ဒါမှမဟုတ် ထောပတ်သီးဖျော်ရည်တစ်ခွက် စားသုံးပေးခြင်းဖြင့် နှလုံးသွေးကြောပိတ်ဆို့ခြင်းကို ၂၁ ရာခိုင်နှုန်းလျှော့ချပေးနိုင်တယ်လို့ သုတေသီတွေက ထုတ်နှုတ်ဖော်ပြထားပါတယ်။
ထောပတ်၊ ချိစ်၊ အသင့်ထုတ်လုပ်ထားတဲ့အသားတွေအစား အကျိုးပြအဆီ ၈၀ ဂရမ်ပါဝင်တဲ့ထောပတ်သီးစားသုံးခြင်းဖြင့် အမျိုးသမီးတွေရော အမျိုးသားတွေမှာပါ နှလုံးရောဂါဖြစ်နိုင်ချေကို လျော့နည်းစေပါတယ်။
အမျိုးသမီး ၆၈,၀၀၀ နဲ့ အမျိုးသား ၄၁,၀၀၀ ကို နှစ် ၃၀ တိုင်အောင် လေ့လာစောင့်ကြည့်မှုများပြုလုပ်ကာ သုံးသပ်ခဲ့ကြပါတယ်။ သုတေသီတို့က သူတို့တစ်ဦးချင်းစီကို ဆယ်စုနှစ် ၃ ခုအတွင်း လေးနှစ်တစ်ကြိမ်ဖြင့် အစားအသောက်နဲ့ပတ်သက်ပြီး စစ်တမ်းမေးမြန်းကောက်ခံခဲ့ကြပါတယ်။
ထောပတ်သီး အလွယ်တကူမရရှိနိုင်တဲ့နေရာတွေမှာ ပဲ၊ ကုလားပဲ၊ ပဲနီကလေးတို့ အစားထိုးစားသုံးနိုင်ကြောင်း လူမှုဘဝကျန်းမာရေးဆရာဝန်'ဒေးဗစ်ကတ်ဇ်'က ပြောကြားလိုက်ပါတယ်။
နှလုံးရောဂါမဖြစ်အောင်ကာကွယ်ရာမှာ သကြားဓာတ်စားသုံးမှုလျှော့ချဖို့လိုအပ်သလို အသင့်ထုပ်ပိုးထားတဲ့အသားတွေနဲ့ ပြည့်ဝအဆီများစားသုံးခြင်းကို ရှောင်ရှားသင့်ပါတယ်။
ခွန်အားရရှိဖို့၊ ကိုယ်တွင်းအင်္ဂါများ ကောင်းမွန်စွာလည်ပတ်ဖို့အတွက် အကျိုးပြုအဆီများစားသုံးဖို့လိုအပ်ပါတယ်။
နှလုံးကိုကာကွယ်ပေးနိုင်တဲ့ အကျိုးပြုအဆီများမှာ သံလွင်ဆီ၊ ပဲဆီ၊ နှမ်းဆီ၊ ထောပတ်သီး၊ မြေပဲထောပတ်တို့ပါဝင်ပါတယ်။
Source: Martha Stewart
#Local_News
Published_ 2 April 2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တစ်နိုင်ငံလုံး၌ မှတ်ပုံတင် အရေအတွက် ၅၁ သန်းကျော် ထုတ်ပေးပြီးဖြစ်ကြောင်း နစကရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါ ထုတ်ပေးပြီးစာရင်းတွင် သေဆုံးသူများ၊ ပြည်ပသို့ထွက်ခွာသွားသူများ၊ ပျက်စီး၊ ပျောက်ဆုံးနှင့် နှစ်ကြိမ်၊ သုံးကြိမ်ထပ်သူများလည်း ပါဝင်နေမှာဖြစ်တယ်လို့ ဆိုပါတယ်။ လဝကမှ ဌာနလုပ်အားဖြင့် ကွန်ပျူတာ၌စာရင်းသွင်းရာတွင် ယခုထိ ၂၇ သန်း ကျော်ပြီးစီးခဲ့ပြီး စာရင်းရေးသွင်းရန် ၂၄ သန်းကျော် ကျန်နေသေးကြောင်း သိရပါတယ်။
ကွန်ပျူတာ၌ စာရင်းသွင်းမှုကို ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအတွက် အချိန်မီပြီးစီရန် ကြိုးပမ်းလျက်ရှိသဖြင့် အချိန်မီစာရင်းသွင်းနိုင်ရန် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် နယ်မြေအလိုက် ၂ လ အတွင်း အချိန်မီပြီးစီးနိုင်ရေး စီမံဆောင်ရွက်ရန် နစက ဒုတိယဥက္ကဌက ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ အစည်းအဝေးတွင် ပြောကြားခဲ့ပါတယ်။
နိုင်ငံသားစိစစ်ရေးကတ်နှင့် လဝက ပုံစံ ၆၆/၆ တို့၏ ကွန်ပျူတာစာရင်းသွင်းခြင်းလုပ်ငန်းပြီးဆုံးပါက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအဆင့်အထိ တစ်အိမ်တက် တစ်အိမ်ဆင်း တိုက်ဆိုင်စစ်ဆေးရမှာဖြစ်တယ်လို့ဆိုပါတယ်။
နိုင်ငံသား တစ်ဦးလျှင် နိုင်ငံသားစိစစ်ရေးကတ်တစ်ခုသာ တရားဝင်ကိုင်ဆောင်ခွင့်ရှိသဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ မှန်၊ မမှန် စိစစ်ဆောင်ရွက်ရမည်ဖြစ်ပြီး တရားမဝင်ကတ်များကို ပယ်ဖျက်ကြရမည်ဖြစ်ကာ ပုံစံ ၆၆/၆ များကိုလည်း စိစစ်ရမှာဖြစ်ပါတယ်၊ သို့မှသာ ဆန္ဒမဲပေးရာတွင် သန့်ရှင်းလွတ်လပ်၍ တရားမျှတမှာဖြစ်တယ်လို့ နစက ဒုဥက္ကဌက ဆိုပါတယ်။
ymg-mnn
#Yangon_Media_Group
#WorldHealth
Published - 02 April 2022
ဖိုင်ဇာ-ဘိုင်အိုတက်ခ် ကိုဗစ်ကာကွယ်ဆေးထိုးနှံထားတဲ့ အသက် ၅ နှစ်မှ ၁၁ နှစ်ကြားကလေးငယ်တွေဟာ ကာကွယ်ဆေးမထိုးထားတဲ့ကလေးတွေနဲ့နှိုင်းယှဉ်ပါက အမေရိကန်မှာအိုမီခရွန်ကူးစက်မှုလွှမ်းမိုးစဉ်ကာလအတွင်း ဆေးရုံတက်ကုသခံယူရမှုနှုန်း ၆၈ ရာခိုင်နှုန်းလျှော့ချပေးနိုင်ကြောင်း လေ့လာတွေ့ရှိချက်ကို ဗုဒ္ဓဟူးနေ့မှာဖော်ပြထားပါတယ်။
ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားတဲ့ အသက် ၁၂ နှစ်မှ ၁၈ နှစ်ကြားဆယ်ကျော်သက်တွေမှာတော့ အိုမီခရွန်မျိုးဗီဇကွဲကြောင့် ဆေးရုံတက်ကုသခံယူမှုကို ၄၀ ရာခိုင်နှုန်းလျှော့ချပေးနိုင်ကြောင်း အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC)နဲ့ ဘော့စတွန်ကလေးဆေးရုံတို့မှ သိပ္ပံပညာရှင်များဖော်ထုတ်နိုင်ခဲ့ကြပြီး နယူးအင်္ဂလန်ဆေးပညာဂျာနယ်မှာဖော်ပြခဲ့ပါတယ်။
အသက်ရှူကိရိယာလိုအပ်ခြင်းနဲ့ အသက်သေဆုံးခြင်းလိုဖြစ်စဉ်တွေကိုတော့ ၈၀ ရာခိုင်နှုန်းနီးပါးအထိ လျှော့ချပေးနိုင်ပါတယ်။ "ကိုဗစ်ရောဂါနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေဟာ ရောဂါပြင်းထန်ခြင်းအစားစားဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ရောဂါပြင်းထန်မှုကို ထိန်းချုပ်ကာကွယ်လို့ရပါတယ်" လို့ CDC မှ သုတေသီဒေါက်တာ'မန်နစ်ရှ်ပေတယ်လ်'က ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဒယ်လ်တာမျိုးဗီဇကွဲကူးစက်မှုလွှမ်းမိုးစဉ်ကာလအတွင်း ကာကွယ်ဆေးထိရောက်မှုက ပိုပြီးအားကောင်းနေခဲ့ပါတယ်။ ထိုစဉ်က ဆယ်ကျော်သက်တွေမှာ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ဆေးရုံတက်ကုသခံယူရမှုကို ၉၃ ရာခိုင်နှုန်းလျှော့ချနိုင်ခဲ့ပါတယ်။
၂၀၂၂ ဇန်နဝါရီလက ကာကွယ်ဆေးထိရောက်မှုက အသက်ငယ်ရွယ်သေးတဲ့ကလေးငယ်တွေမှာ ဆေးရုံတက်ရောက်ရမှုကို ၄၈ ရာခိုင်နှုန်းကာကွယ်ပေးနိုင်ပြီး ဆယ်ကျော်သက်တွေမှာတော့ ၇၃ ရာခိုင်နှုန်းလျှော့ချပေးနိုင်ပါတယ်။
"ရောဂါပြင်းထန်တဲ့ကလေးအများစုက ကာကွယ်ဆေးမထိုးထားကြပါဘူး။ ဒါကြောင့် ကာကွယ်ဖို့ အရိုးရှင်းဆုံးနည်းလမ်းက ကာကွယ်ဆေးထိုးဖို့ပါပဲ" လို့ 'ပေတယ်လ်'ကဆိုပါတယ်။
Source: The Jerusalem Post
#WorldArchitecture
Published 1 April 2022
ကမ္ဘာ့အကြီးမားဆုံး အားကစားပြတိုက်တွေထဲက ပြတိုက်တစ်ခုကို ကာတာနိုင်ငံမှာ ဗုဒ္ဓဟူးနေ့ကဖွင့်လှစ်ခဲ့ပါတယ်။
#Yangon_Media_Group
Published 1 April 2022
အမေရိကန်နိုင်ငံသားတွေထဲက လိင်ပြောင်းထားသူတွေဟာ ဧပြီ၁၁ရက်ကစပြီး နိုင်ငံကူးလက်မှတ်လျှောက်လွှာထဲက လိင်ရွေးချယ်မှု အပိုင်းမှာ ကျား၊မ အခြား X အမှတ်အသား ကို ရွေးချယ်ပေးနိုင်တော့မယ်လို့ အမေရိကန်အစိုးရက ကြာသပတေးနေ့က ကြေညာပါတယ်။
သူတို့ဟာ သူတို့ရဲ့ မွေးစာရင်းနှင့် အခြားတရားဝင်စာရွက်စာတမ်းတွေမှာ လိင်အမျိုးအစားနှင့်ပတ်သက်လို့ ဘယ်လိုပဲ ရေးထားထား အမှတ်ကို ရွေးချယ်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
ဒီလိုလုပ်ဆောင်တာဟာ လိင်ပြောင်းထားတဲ့၊ကျားလိင် မလိင်မဟုတ်တဲ့ အမေရိကန်နိုင်ငံသားတွေအတွက် တိကျတဲ့ အသိအမှတ်ပြုစာရွက်စာတမ်းတွေရရှိဖို့ သမ္မတရဲ့ ကတိကဝတ်အပေါ် လုပ်ဆောင်ရာမှာ အဓိကကျတဲ့ ခြေလှမ်းဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
Source AFP
#LocalNews
Published - 1 April 2022
ပုဂံဒေသသို့ ခရီးသွားဝင်ရောက်မှုက ယခုကာလမှာ ၇၀ ရာခိုင်နှုန်းအထိ ပြန်လည်မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 1 April 2022
တရုတ်နိုင်ငံကို ပြောင်းတင်ပို့လိုသူတွေအနေနဲ့ မနေ့က မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းနဲ့ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းနဲ့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့ကနေတစ်ဆင့် ဝန်ကြီးဌာနကို လျှောက်ထားဖို့ ကြေညာထားပါတယ်။
#Yangon_Media_Group
#LocalNews
Published_1 April 2022
မှန်လုံယာဉ်အောက်ပစ္စည်းထားသည့်အခန်းတွင်း သိုဝှက်တင်ဆောင်လာသော ဘင်္ဂါလီ (၁၀) ဦးအား ရခိုင်ပြည်နယ် အမ်းမြို့တွင် မတ်လ ၃၁ ရက်က ဖမ်းမိခဲ့ကြောင်း သိရသည်။
အမ်းမြို့နယ်၊ ကံမြင့်ကန်စစ်ဆေးရေးဂိတ်၌ ပူးပေါင်းအဖွဲ့ဝင်များမှ ယာဉ်အဝင်အထွက် စစ်ဆေးနေစဉ် စစ်တွေမြို့မှ ထွက်ခွာလာသည့် ကစ္စပနဒီ ခရီးသည်တင်ယာဉ်လိုင်းမှ ခရီးသည်တင်မှန်လုံယာဉ်၊ ယာဉ်ကို စစ်ဆေးစဉ် အထက်ပါ ဘင်္ဂါလီ (၁၀) ဦး သယ်ဆောင်လာသည်ကို တွေ့ရခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာက သိရသည်။
"ဘင်္ဂါလီတွေ ကျား ၄ ၊ မ ၆ တွေ့တာ ၊ စုစုပေါင်း ၁၀ ယောက်ပေါ့။သူတို့ကို ကားအောက်မှာရှိတဲ့ ကုန်ထားတဲ့ နေရာလေ။အဲဒီမှာ တွေ့တာ။ခိုးတင်လာတာ"ဟု အဆိုပါ သက်ဆိုင်ရာ တာဝန်ရှိသူက ပြောသည်။
အဆိုပါယာဉ်ကိုမောင်းလာသူမှာ မိတ္ထီလာမြို့နယ်၊ ချည်ဆက်ကျေးရွာနေ အသက် ၃၀ ကျော်အရွယ် ရှိ ထွန်းလင်းအောင် ဆိုသူ ဖြစ်ပြီး ယာဉ်နောက်လိုက်များမှာ မိတ္ထီလာမြို့နယ်၊ အိုင်ကြီးလယ်ကျေးရွာမှ အသက် ၁၉ နှစ်အရွယ် ထွန်းလင်း၊တောင်ငူမြို့၊ မင်းကြီးရပ်နေ အသက် ၂၅ နှစ်အရွယ်ဝေယံကျော် ၊သာကေတမြို့နယ်နေ အသက် ၂၈ နှစ်အရွယ် ကျော်ရဲအောင်တို့ ဖြစ်ကြကြောင်း သိရသည်။
ယခုအခါအဆိုပါ ဘင်္ဂါလီများအား လဝကအက်-၁၃(၁)ဖြင့် လည်းကောင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ရာဇသတ်ကြီးပုဒ်မ-၃၆၇ ဖြင့် လည်းကောင်း အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာက သိရသည်။
ymg/mt
Yangon_Media_Group
#LocalNews
Published - 1 April 2022
ကော့ကရိတ်-မြဝတီ အာရှလမ်းတွင် ယာဥ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ ဒီကနေ့ ဧပြီ ၁ ရက်၊ မွန်းလွဲပိုင်းအချိန်က ကော့ကရိတ်-မြဝတီ အာရှလမ်း တတန်ကူးဘုရားအတက်ကွေ့မှာ မြဝတီမှ ဆင်းလာတဲ့ မှန်လုံယာဉ်ငယ်က တစ်ဖက်ယာဉ်ကြောမှလာတဲ့ "VOXY" ကို ဝင်ရောက်တိုက်မိခဲ့တာဖြစ်တယ်လို့ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
အဆိုပါ ယာဥ်တိုက်မှုဖြစ်ပွားရာသို့ ဒေသခံပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ခရီးသည်တစ်ဦးကို ဘားအံဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

"ထိခိုက်ဒဏ်ရာရသူက ယာဉ်မောင်းမဟုတ်ပါဘူး။ခရီးသည်သာဖြစ်ပါတယ်။ သူ့ကို ဘားအံဆေးရုံသို့ သွားရောက်ပို့ဆောင်နေပါပြီ။"လို့ ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဓါတ်ပုံ - Ko Htaik
ymg/kg
#Yangon_Media_Group
#DailyNews
Published -1 April 2022
၁။ ပုဂံဒေသသို့ ခရီးသွားဝင်ရောက်မှု ၇၀ ရာခိုင်နှုန်းအထိ ပြန်လည်မြင့်တက်
၂။ မြန်မာပြောင်း တရုတ်နိုင်ငံကို တရားဝင်တင်ပို့ခွင့်ရလာတာကြောင့် နိုင်ငံတကာမှာ ရရှိနေသည့် ဈေးနှုန်းအတိုင်း ဈေးရရှိလာနိုင်
၃။ မိုးလေဝသ သတင်း
၄။ ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ရည်ရွယ်၍ ကြီးမားခမ်းနားလှသော အားကစားပြတိုက်ကြီး ကာတာတွင်ဖွင့်လှစ်...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 1 April 2022
စက်သုံးဆီတွေ စျေးနှုန်းကြီးမြင့်လာမှုကြောင့် ရန်ကုန်မြစ်ကူး သမ္ဗာန်စီးနင်းခနှုန်းထားတွေ မြင့်တက်လာခဲ့သည့်အတွက် ယခုကာလမှာ ရန်ကုန်(ပန်းဆိုးတန်း - ဒလ)ကူးတို့သင်္ဘောကို စီးနင်းသူခရီးသည်တွေ ပိုမိုများပြားလာခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့်လည်း ခရီးသွားပြည်သူများ အဆင်ပြေစေရန်အတွက် ရန်ကုန်(ပန်းဆိုးတန်း - ဒလ) ချယ်ရီသင်္ဘောခရီးစဥ်ကို နေ့စဥ်ပုံမှန်(၄၂) ခေါက်အထိ ပြေးဆွဲပေးနေတယ်လို့လည်း သိရပါတယ်။
"ဒီကာလ အားလုံးတက်တယ် မတက်တာ ဘာမှမရှိဘူး။ထူးခြားတာက သင်္ဘောစီးခ မတက်ဘူး။ ယခင်အတိုင်း တစ်ဦးကို ၁၀ဝ ကျပ်ပဲ။ သဲကုန်းဆိပ်ဘက်မှာက သမ္ဗာန်စီးခ ၃၀၀ ထိ ခုန်တက်သွားပြီးဆိုတော့ ဈေးမတက်သေးတဲ့ သင်္ဘောပြောင်းစီးရတယ်။"လို့ ဒလ ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။
ရန်ကုန်(ပန်းဆိုးတန်း - ဒလ) သင်္ဘောစီးခမှာ ယခင်အတိုင်း တစ်ဦး ၁၀ဝ ကျပ်ပဲဖြစ်ကာ သမ္ဗာန်စီးနင်းခကတော့ မူလ ၂၀၀ နှုန်းထားကနေ ကျပ် ၃၀ဝ အထိ စျေးနှုန်းမြင့်တက်လာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဓါတ်ပုံ - ကိုဂျိမ်း(ဒလ)
ymg/kg
#Yangon_Media_Group
#LocalNews
Published_1 April 2022
စစ်ဆေးခံရာမှ ပြန်ရောက်လာသော မြို့တော်ဝန် ဦးဗိုလ်ဌေး တာဝန်များ ဆက်လက်ထမ်းဆောင်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) ၏ အဆင့်မြင့်အရာရှိတစ်ဦးက YMG ကိုပြောသည်။
"မြို့တော်ဝန်ကြီးက မနေ့က မတ်လ ၃၁ ရက် ညနေ ၃ နာရီမှာ သူ့ရုံးကိုပြန်ရောက်လာပါပြီ။အခုဆိုရင် ပုံမှန်အစည်းအဝေးတွေ တက်နေပြီ။ဒီနေ့ ဧပြီလ တစ်ရက်နေ့ မနက်ကလည်း ရန်ကုန်မြို့ ရေစီးရေလာ လုပ်ငန်းတွေအပါအဝင် အခြားလုပ်ငန်းတွေကို လမ်းကြောင်းထွက်နေပါပြီ။တစ်နေကုန်လည်း စည်ပင်သာယာရေးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို ပုံမှန်အတိုင်း ပြန်ပြီးတော့ လုပ်နေပါပြီ"ဟု အဆိုပါ အရာရှိက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၄ ရက်က ရန်ကုန်တိုင်း စည်ပင်သာယာရေးဝန်ကြီးလည်းဖြစ်သည့် မြို့တော်ဝန် ဦးဗိုလ်ဌေးအား ခေါ်ယူမေးမြန်းရန်ရှိသည့်ကိစ္စများကို ခေါ်ယူမေးမြန်းခဲ့ခြင်းဖြစ်ပြီး တစ်ပတ်ခန့်အကြာတွင် ပြန်လည်ရောက်ရှိလာခြင်းလည်းဖြစ်ကြောင်း သိရသည်။
မြို့တော်ဝန် ပြန်လည်ရောက်ရှိလာသော်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီးပွားရေးရာဝန်ကြီး ၊ ယခင်က မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများအသင်း ဥက္ကဌဖြစ်ခဲ့သူ ဦးအောင်သန်းဦး အား လက်ရှိတွင်စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
ယင်းတို့ကို မည်သည့်အကြောင်းကြောင့် ခေါ်ယူစစ်ဆေးကြောင်း တိတိကျကျမသိရပေ။
သို့သော်လည်း လူမှုကွန်ရက်တွင် မြေလွတ်မြေရိုင်း လျှောက်ထားကြသည့်ကိစ္စနှင့် ပတ်သက်နေကြောင်း သတင်းများထွက်ပေါ်နေသည်။
ymg/mt
#Yangon_Media_Group
Page 1900 of 1996