#WorldHealth
Published - 6 February 2022
သာမန်ကိုဗစ်ရောဂါခံစားရမှုကနေ ကိုဗစ်ရောဂါအပြင်းအထန်ခံစားရပြီး ဆက်ဖ်တာဇီဒင်း သို့မဟုတ် ဆက်ဖာပင်းပိုးသတ်ဆေးတစ်မျိုးမျိုးနဲ့ စတီးရွိက် တွဲသောက်နေတဲ့လူနာတွေရဲ့ ရောဂါသက်သာလာဖို့ ကြာတဲ့အချိန်ဟာ သာမန်ကုသနည်းအတိုင်း ကုသနေတဲ့ကိုဗစ်လူနာတွေရဲ့ ရောဂါသက်သာလာဖို ကြာတဲ့အချိန်နဲ့ အတူတူနီးပါးဖြစ်ကြောင်း အီဂျစ်ဆေးရုံတစ်ခုမှ လေ့လာချက်အရ သိရှိရပါတယ်။
ဆေးဝါးတွေရဲ့ အခြေခံသဘောတရားအရ antibiotics ပိုးသတ်ဆေးတွေဟာ ဘက်တီးရီးယားကူးစက်မှုတွေအတွက်သာ အသုံးပြုရတာဖြစ်ပြီး ဗိုင်းရပ်စ်တွေကို ထိရောက်တဲ့ဆေးတွေ မဟုတ်ပါဘူး။
အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာရဲ့ ဝက်ဘ်ဆိုက်မှာ "Antibiotics ပိုးသတ်ဆေးတွေက အအေးမိဖျားနာရောဂါတွေနဲ့ ကိုဗစ်-၁၉ လိုရောဂါတွေကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေမှာ မထိရောက်နိုင်ပါဘူး" လို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ဘန်နီဆုဖ်တက္ကသိုလ်မှ ဒေါက်တာ'ရာဂေးအာမက်အိတ်'နဲ့ နာဒါတက္ကသိုလ်မှ ဒေါက်တာ'မာဝါအိုအယ်ဂန်ဒီ'တို ဦးဆောင်တဲ့သုတေသနအဖွဲ့က antibiotics ပိုးသတ်ဆေးတွေက ဗိုင်းရပ်စ်မျိုးပွားခြင်းအဆင့်မှာ ဝင်ရောက်တားဆီးနိုင်ပြီး ခန္ဓာကိုယ်ကနေ ဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်အောင် ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ကြောင်း သိရှိထားကြပါတယ်။
ဥပမာအားဖြင့် လွန်ခဲ့တဲ့ ၅ နှစ်က အမေရိကန်မှလေ့လာချက်တစ်ခုမှာ အဇီသရိုမိုင်ဆင်ပိုးသတ်ဆေးဟာ ကိုယ်ဝန်ထဲရှိသန္ဓေသားဦးနှောက်ထဲမှ ဇီကာဗိုင်းရပ်စ်ပုံတူပွားခြင်းကို ထိန်းချုပ်ကန့်သတ်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
၂၀၁၆ ခုနှစ်က ထိုင်းနိုင်ငံရဲ့လေ့လာချက်မှာလည်း မိုင်နိုဆိုက်ကလင်းပိုးသတ်ဆေးဟာ တုပ်ကွေးဗိုင်းရပ်စ်ဖွံဖြိုးမှုကို တားဆီးပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။
ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေမှာ ဆက်ဖ်တာဇီဒင်းနဲ့ ဆက်ဖာပင်းတိုလို ပိုးသတ်ဆေးတွေဟာ ကိုရိုနာဗိုင်းရပ်စ်ပွားခြင်းကို အနှောင့်အယှက်ဖြစ်စေကြောင်း တွေ့ရှိရပါတယ်။
ဘန်နီဆုဖ်တက္ကသိုလ်ဆေးရုံရဲ့ သီးသန့်ဌာနမှာပြုလုပ်ခဲ့တဲ့ စမ်းသပ်ချက်အရ ပုံမှန်ကုသနည်းအတိုင်း ကုသခံယူခဲ့တဲ့ ကိုဗစ်လူနာတွေရဲ့ ရောဂါသက်သာလာဖို့ ကြာတဲ့ပျှမ်းမျှအချိန်က ၁၉ ရက်ဖြစ်ပြီး ဆက်ဖ်တာဇီဒင်းအသုံးပြုတဲ့လူနာတွေရဲ့ ရောဂါသက်သာလာဖို့ ကြာတဲ့အချိန်က ၁၃ ရက်ဖြစ်ကာ ဆက်ဖာပင်းအသုံးပြုသူတွေကတော့ ၁၂ ရက်ဖြစ်ပါတယ်။
စမ်းသပ်တဲ့သူအားလုံး သေဆုံးသူမရှိဘဲ သက်သာပျောက်ကင်းလာခဲ့ပါတယ်။
antibiotics ပိုးသတ်ဆေးတွေက အဆုတ်ရောင်ရောဂါကဲ့သို့ ထပ်ဆင့်ရောဂါဖြစ်ပွားမှုတွေမှာ ဘယ်လောက်အထိ ထိရောက်နိုင်ကြောင်းနဲ့ ဗိုင်းရပ်စ်ပွားခြင်းကို ဘယ်လောက်အထိ တားဆီးနိုင်သလဲဆိုတာတွေကိုတော့ သေချာမသိရသေးပါဘူး။
၂၀၂၁ အောက်တိုဘာလအတွင်း Antibiotics ဂျာနယ်မှာ သုတေသီတို့ရဲ့ သုံးသပ်ထားချက်အရ ဆက်ဖ်တာဒင်းနဲ့ ဆက်ဖာပင်းတို့ဟာ ဘက်တီးရီးယားကို ဆန့်ကျင်ပေးနိုင်တဲ့စွမ်းရည်ရှိတဲ့အပြင် ကိုဗစ်ရောဂါလူနာတွေမှာလည်း အကျိုးအာနိသင်ပေးနိုင်ကြောင်း၊ ကိုဗစ်ရောဂါသာမန်နဲ့ အပြင်းအထန်ခံစားရတဲ့လူနာတွေမှာ ထိုဆေးတွေထဲမှတစ်မျိုးနဲ့ စတီးရွိက်ပေါင်းစပ်သုံးစွဲခြင်းက ပုံမှန်ကုသနည်းထက် ပိုမိုစိတ်ချရကြောင်း သုံးသပ်ပြောကြားထားပါတယ်။
Source: The Jerusalem Post
#LocalNews
Published -6 Feb 2022
နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၆,၆၀၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိကြောင်းမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ကသိရပါတယ်။
ဖြစ်စဥ်မှာမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၁၀ နာရီအချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ လားရှိး-မန္တလေးသွားကားလမ်း၊ အိုရီယမ်တယ် တိုးဂိတ်အနီးတွင် သီပေါမှ မန္တလေးဘက်သို့ စိုင်းမျိုးမင်းထွန်း(၃၈)နှစ် မောင်းနှင်ပြီး စိုင်းနန္ဒာအောင်(ခ)နန္ဒ(၃၆)နှစ် လိုက်ပါလာသည့် Wish မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၆,၆၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၄၄ ကီလို သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။
စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ ၂ ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိ တယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
Published 5 Feb 2022
အင်ဂျင်တစ်လုံးတပ် ဆက်စနာ၂၀၇ Cessna 207 လေယာဉ်ငယ်တစ်စီး သောကြာနေ့က ပီရူးနိုင်ငံရဲ့ နာမည်ကျော် နဇကာလိုင်းကို ရှုမျှော်လင်းကြည့်ဖို့အသွားလမ်းခရီးမှာ ပျက်ကျခဲ့တဲ့အတွက် ကမ္ဘာလှည့်ခရီးသည် (၅)ဦး နှင့် လေယာဉ်အမှုထမ်း(၂)ဦးတို့ သေဆုံးခဲ့ကြရပါတယ်။
Source AFP
#HealthMatter
Published - 5 Feb 2022
၁။ မြန်မာနိုင်ငံမှာ လက်ရှိအိုမီခရွန်ပြည်တွင်းကူးစက်မှုမြင့်တက်လာနေတာ ဘယ်လောက် စိုးရိမ်ရမယ့် အနေအထားရှိပါသလဲ??
၂။ အမြဲတမ်းလိုလိုပြည်တွင်းကူးစက်မှုတွေဟာ ရခိုင်နှင့်ချင်းဖက်ကနေ စကြတာဖြစ်နေပါတယ်။ယခုလည်းချင်းပြည်နယ် နယ်စပ်ကနေစတင်ပျံ့နှံလာတဲ့သဘောရှိပါတယ်။
ဘာကြောင့်သင်ခန်းစာမယူနိုင်ဖြစ်ရသလဲ ??
၃။ ဒယ်လ်တာတုန်းကလို တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ပျံ့နှံ့ မသွားအောင် တားဆီးလို့ရနိုင်ပါသေးသလား။ဘယ်လိုတားဆီးရပါမလဲ?? ဆိုတာတွေကို ကျန်းမာရေးပညာပေး ပညာရှင် ဆရာ ဒေါက်တာခင်မောင်လွင်က ဆွေးနွေးပြောကြားထားပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published -6 Feb 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ်နဲ့အတူ နိုင်ငံရေးသိပ္ပံ သုတေသနပညာရှင် ဒေါက်တာ မင်းညို တို့က "နိုင်ငံကြီးပွားတိုးတက်ဖို့ဆိုရာတွင် " ခေါင်းစဉ်အောက်မှာ နိုင်ငံကြီးပွားတိုးတက်ဖို့ဘာတွေလိုအပ်သလဲ၊ဘာတွေလုပ်သင့်သလဲဆိုတာတွေကို အတွေ့အကြုံတွေ ဝေမျှဆွေးနွေးထားကြပါတယ်။
#Yangon_Media_Group
#LocalNews
Published - 5 Feb 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိတဲ့ YBS ကားတွေ ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှစတင်ပြီး ယာဉ်လိုင်းနံပါတ်အသစ်နဲ့ ပြောင်းလဲပြေးဆွဲသွားမယ်လို့ YRTC က ထုတ်ပြန်ထားပါတယ်။
ယာဉ်လိုင်းနံပါတ် ပြောင်းလဲသတ်မှတ်ရတာဟာ နံပါတ်တူတစ်ခုတည်းကနေ ဂိတ်စ၊ ဂိတ်ဆုံး မတူဘဲ ပို့ဆောင်နေရတဲ့ ယာဉ်လိုင်းနံပါတ်တွေ ရှိနေပါတယ်။
ခရီးသွားတွေဟာ သွားလိုတဲ့နေရာကို တိုက်ရိုက်မရောက်ဘဲ ထပ်ဆင့်ပြန်ပြောင်းစီးရတာတွေ သက်သာစေဖို့အတွက် ယာဉ်လိုင်းနံပါတ်သစ်တွေနဲ့ ယခင် ပြေးဆွဲနေတဲ့ လိုင်းကြောင်းအတိုင်း ပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
YBS ယာဉ်လိုင်း ၁၅ လိုင်းကို နံပါတ်ပြောင်းလဲ သတ်မှတ်သွားမှာ ဖြစ်ပြီး ယာဉ်လိုင်းအရေအတွက်အားဖြင့် ၁၂၆ လိုင်းဖြစ်သွားမှာ ဖြစ်ပါတယ်။
ယခင် YBS-37 ကို YBS-104 , 105 , 106 , 107 အဖြစ်၊ YBS-87 ကို YBS-108 အဖြစ်၊ YBS-96 ကို YBS-109 အဖြစ်၊ YBS-3 ကို YBS-110 အဖြစ်၊ YBS-7 ကို YBS-111, 112 , 113 အဖြစ်၊ YBS-24 ကို YBS-114 အဖြစ်၊ YBS-36 တိုကို YBS-115 , 116 တိုအဖြစ် သတ်မှတ်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် YBS-30 ကို YBS-117 အဖြစ်၊ YBS -97 ကို YBS-118 အဖြစ် YBS-16 ကို YBS-119 အဖြစ်၊ YBS-80 မီနီဘတ်စ်တွေကို YBS-120 အဖြစ်၊ YBS-42 ကို YBS-121 အဖြစ်၊ YBS-90 ကို YBS-122 , 123 , 124 တိုအဖြစ်၊ YBS-6 ကို YBS-125 အဖြစ်နဲ့ YBS-22 အား YBS-126 တို့အဖြစ်ယာဉ်လိုင်းနံပါတ်အသစ်များဖြင့် ပြောင်းလဲပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။
ymg/ei
#LocalNews
Published- 5 Feb 2022
ဖေဖော်ဝါရီလ ၅ရက်နေ့ ယနေ့ တစ်ရက်ထဲ မြန်မာလုပ်သား၅၈၀ကျော်ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်အခြေစိုက်မြန်မာနိုင်ငံသားတွေဆီကနေသိရပါတယ်။
ထိုင်းနိုင်ငံနယ်စပ် နေရာနှစ်ခုတို့မှ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၅၈၆ ဦးတို့ကို နံနက်ပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းတပ်မတော် Army PR Center က ၎င်းတို့၏ လူမှုကွန်ရက်တွင် ထုတ်ပြန်ထား ပါတယ်။
အဆိုပါမြန်မာနိုင်ငံသား ၅၈၆ ဦးကို ထိုင်းနိုင်ငံ၊ ကန်ချဘုရီခရိုင်နှင့် ပရာကျွတ်ခီရီခန့်ခရိုင် အတွင်း တောလမ်းမှတစ်ဆင့် ဝင်ရောက်လာစဉ်ထိုင်း လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
အဆိုပါတရားမဝင် ဝင်ရောက်လာသူတွေဟာပဲခူးတိုင်း၊ မော်လမြိုင်၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ထားဝယ်ခရိုင်၊ မန္တလေးတိုင်းနဲ့ မြိတ်ခရိုင်တို့မှ ဖြစ်တယ်လို့သိရပါတယ်။
ဖေဖော်ဝါရီလ ၄ရက်နေ့ကလည်းမြန်မာနိုင်ငံမှတဆင့်ကန်ချနဘူရီနယ်စပ်မှတဆင့် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား၁၃၈ ဦးကို ထိုင်းအာဏာပိုင်တွေကဖမ်းဆီးရမိခဲ့ပြီး ထိုင်းနိုင်ငံကိုဝင်ရောက်ဖို့ ပွဲစားခတစ်ဦးလျင် ၂၅,၀၀၀ ဘတ်အထိပေးခဲ့ရတယ်လို့သိရပါတယ်။
တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာလုပ်သား ၁၃၈ ဦးကို နယ်ခြားစောင့်တပ်ကကန်ကျနဘူရီခရိုင်၊ ကန်ကျနဘူရီမြို့နယ်၊ ဘန့်ကောင်ကျေးရွာအုပ်စုမှာဖမ်းဆီးခဲ့ပီး ဖမ်းဆီးခံရသူများတွင် အမျိုးသား ၈၉ ဦး၊ အမျိုးသမီး ၄၉ ဦးပါဝင်တယ်လို့ သိရပါတယ်။
ygm/hm
#DailyNews
Published - 5 Feb 2022
၁။ ချေးငွေပြန်ဆပ်ကာလ ဖြေလျော့မှုကြောင့် တောင်သူတွေ ရက်ကျော်ဒဏ်ကြေး သက်သာမည်။
၂။ YBS ယာဉ်များ ကတ်စနစ်တပ်ဆင်ရေး ညှိနှိုင်းမှုများစတင်ပြုလုပ်။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ကျူးဘားနိုင်ငံတွင် နွားနို့ ရှားပါးပြတ်လတ်မှုကြုံတွေ့နေရ.... အစရှိတဲ့သတင်းတွေိကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
Page 1901 of 1907