#LocalNews
Published -31 Mar 2022

၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲများကို ယနေ့ မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ နိုင်ငံတစ်ဝန်းတွင် စတင်ဖြေဆိုနေပြီဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲရဲ့ ပထမနေ့ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုခြင်းဖြစ် ပြီး စာစစ်ဌာနများအနေဖြင့် နိုင်ငံခြားစာစစ်ဌာန ၂၀ ခုအပါအဝင် နိုင်ငံတစ်ဝန်းစာစစ်ဌာနပေါင်း ၁,၂၅၆ ခုထိရှိကာ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုရန်အတွက် ကျောင်းသား၊ကျောင်းသူဦးရေပေါင်း ၃၁၂,၁၅၃ ဦး စာရင်းသွင်းထားပါတယ်။

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းများ အရ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းတွင် မတ် ၃၁ ရက် ကြာသပတေးနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ မြန်မာစာ၊ ဧပြီ ၁ ရက် သောကြာနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ အင်္ဂလိပ်စာ၊ ဧပြီ ၂ ရက် စနေနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ သင်္ချာဘာသာဖြေဆိုမည်ဖြစ်ပြီး ဧပြီ ၃ ရက် တနင်္ဂနွေနေ့အား ပိတ်ရက်အဖြစ်သတ်မှတ်ကြောင်း၊ ဆက်လက်ပြီး ဧပြီ ၄ ရက် တနင်္လာနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ဓာတုဗေဒ၊ ဧပြီ ၅ ရက် အင်္ဂါနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ရူပဗေဒ၊ ဧပြီ ၆ ရက် ဗုဒ္ဓဘူးနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ဇီဝဗေဒ/ ဘောဂဗေဒ၊ ဧပြီ ၇ ရက် ကြာသပေးနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ပထဝီဝင်၊ ဧပြီ ၈ ရက် သောကြာနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ သမိုင်း၊ ဧပြီ ၉ ရက် စနေနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ စိတ်ကြိုက်မြန်မာစာ ဘာသာရပ်တွေကို ဖြေဆိုကြရမှာဖြစ်ပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published_31 March 2022
တည်ဆောက်ရေးကာလ ခြောက်လအတွင်း မဂ္ဂါဝပ် ၂၀ ရှိမည့် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံတစ်ခုတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့်လုပ်ငန်းအပါအဝင် လုပ်ငန်းသစ်ခုနစ်ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုလိုက်ကြောင်း သိရသည်။
မတ်လ ၃၀ ရက်က နေပြည်တော် ရုံးအမှတ်-၁၈ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးတွင် အထက်ပါအတိုင်း ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ယင်းကော်မရှင်၏ စာရင်းများတွင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၂ ခု၏ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတို့မှ လုပ်ငန်းသစ်ခုနှစ်ခုကိုခွင့်ပြုခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါလုပ်ငန်းများ၏ ရင်းနှီး မြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၈၅ ဒသမ ၇၅၉ သန်းနှင့် ငွေကျပ် ၄၃,၃၂၇ ဒသမ ၄၅၅ သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃,၅၅၃ နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၄၈ ခု မှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၈၄ ဒသမ ၆၈၆ သန်း ၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၃၈ ခု မှ စုစုပေါင်း ငွေကျပ် ၄၆၈,၃၉၃ ဒသမ ၅၂၈ သန်း ခွင့်ပြုခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၄၂,၈၈၀ ဖန်တီးပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#WorldHealth
Published - 31 March 2022
စမ်းသပ်ထုတ်လုပ်ဆဲဖြစ်တဲ့ နှာခေါင်းအစက်ချဆေးဟာ ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲအချို့ကို ကာကွယ်ပေးနိုင်သလို ကုသမှုလည်းပေးနိုင်ဖွယ်ရှိကြောင်း ကြွက်တွေမှာစမ်းသပ်တွေ့ရှိထားပါတယ်။
N-0385 ဆေးကို ရောဂါမကူးစက်ခင်အသုံးပြုပါက ဗိုင်းရပ်စ်ကို ခန္ဓာကိုယ်ဆဲလ်တွေထဲမဝင်အောင် တားဆီးပေးပါတယ်။ ရောဂါကူးစက်ခံရပြီး ၁၂ နာရီအတွင်း ထိုဆေးကိုအသုံးပြုပါက ရောဂါလက္ခဏာဆိုးရွားမလာအောင် ကာကွယ်ပေးကြောင်း နယူးယော့ခ်မြို့ ကော်နယ်လ်တက္ကသိုလ်မှသုတေသီများရဲ့လေ့လာချက်ကို Nature ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
N-0385 ဆေးဟာ TMPRSS2 အင်ဇိုင်းကိုတားဆီးပေးပါတယ်။
အချို့မျိုးဗီဇကွဲတွေက ဆဲလ်မျက်နှာပြင်မှာရှိတဲ့ TMPRSS2 နဲ့ ACE2 ပရိုတိန်းတို့ နဲ့ပေါင်းစပ်ကာ ဝင်ရောက်လာပြီး ဗိုင်းရပ်စ်မျိုးရိုးဗီဇပစ္စည်းေတွကို ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်တာဖြစ်ပါတယ်။
N-0385 ဆေးကို လွယ်ကူရိုးရှင်းစွာဖြင့်အကြိမ်အနည်းငယ်သာ အသုံးပြုပေးရပြီး အခြားကိုဗစ်ကုသဆေးတွေထက် အကုန်အကျသက်သာကြောင်း ဦးဆောင်သုတေသနပြုလုပ်သူ'ဟက်တာအဂွယ်လာကော်ရေနာ'က ဖော်ပြခဲ့ပါတယ်။
ဒီဆေးကိုလက်ရှိမှာ မူလကိုရိုနာဗိုင်းရပ်စ်နဲ့ ဒယ်လ်တာမျိုးဗီဇကွဲတို့ ဖြင့်စမ်းသပ်ထားပြီး အိုမီခရွန်နဲ့တော့ မစမ်းသပ်ရသေးပါဘူး။
N-0385 ဆေးဖော်စပ်ထုတ်လုပ်ခြင်း၊ လူသားများဖြင့်စမ်းသပ်ခြင်းများပြုလုပ်နိုင်ရန်အတွက် ကယ်လီဖိုးနီးယားအခြေစိုက် ဆေးဝါးထုတ်လုပ်ရေးအဖွဲ့ အစည်း EBVIA က ရန်ပုံငွေအစီအစဉ်များပြုလုပ်နေကြောင်း ဆိုပါတယ်။
N-0385 ဆေးကို လက်တွေ့စမ်းသပ်မှုများပြုလုပ်ပြီး ဘေးကင်းထိရောက်ကြောင်းအတည်ပြုနိုင်ပါက ဆေးယဉ်ပါးခြင်းနဲ့ ဗိုင်းရပ်စ်သန္ဓေပြောင်းလဲခြင်းတို့ မဖြစ်ပေါ်အောင် ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
Source: Reuters
#WorldInnovation
Published 30 March 2022
ဗီယက်နမ်မှ ကလေးအဖေတစ်ဦးဟာ သူ့သားအတွက် အချိန်ပေါင်းများစွာ ငွေကြေးအကုန်အကျများစွာခံပြီး ဗင်ကားအဟောင်းတစ်စီးကို သစ်သားတင့်ကားအဖြစ်ပြောင်းလဲတည်ဆောက်ပေးခဲ့ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 29 March 2022
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့လိုသူတွေအနေနဲ့ အခွင့်ပြုထားတဲ့ အသင်းအဖွဲ့တွေကနေတစ်ဆင့် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်းမြောင်းဝန်ကြီးဌာနကို လျှောက်ထားရမယ်လို့ ပြောင်းလုပ်ငန်းရှင်အသင်းမှ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_30 March 2022
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနားမှာနေသူတချို့မှာ ကိုဗစ်ပိုးတွေ့တာကြောင့် သူပါ ကွာရန်တင်းဝင်နေရတဲ့အတွက် မတ်လ ၂၈ ရက်နေ့က ရုံးချိန်းကို မလာခဲ့နိုင်ပါဘူး။
#Yangon_Media_Group
#LocalNews
Published - 30 March 2022
အိန္ဒိယ-မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ တမူးမြို့တွင် မိုဘိုင်းအင်တာနက်လိုင်း ပြတ်တောက် နေသည်မှာ တစ်လခန့်ရှိလာပြီး အခုလို အင်တာနက်လိုင်းများ ပြတ်တောက်နေမှုကြောင့် ဒေသခံများအနေနဲ့ အခက်တွေ့နေရတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 30 March 2022
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၃ ခုမှာ ညမထွက်ရအမိန့်ကို မတ်လ ၂၄ ရက်နေ့က စတင်ပြီး ည ၁၂ နာရီ မှ နံနက် ၄ နာရီအထိ အချိန်ပြောင်းလဲပြင်ဆင်ထုတ်ပြန်ထားပါတယ်။
ပဲခူးတိုင်းရှိ ပဲခူးမြို့နယ်၊ တောင်ငူမြို့နယ်နဲ့ ပြည်မြို့နယ်စတဲ့ မြို့နယ် သုံးမြို့နယ်တို့မှာ ယခင်က ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ အစား ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ အချိန်ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။
အခုလက်ရှိမှာ ပဲခူးတိုင်းအတွင်း တည်ငြိမ်အေးချမ်းမှုရှိပြီး တရားဥပဒေစိုးမိုးမှုရှိလာပြီဖြစ်တဲ့အပြင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကလည်း လျော့လာပြီဖြစ်တဲ့အတွက် အချိန်ပြောင်းလဲသတ်မှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
ymg/ei
#Yangon_Media_Group
#LocalNews
Published_30 March 2022
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊၈၄ လမ်း နှင့် လမ်း ၃၀ ထောင့်ရှိ ဇွဲထက်ရွှေဆိုင် ဆိုင်ခွဲ(၁၁)အတွင်း လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့ကြသောကြောင့် ဒဏ်ရာရရှိသူများအား အရေးပေါ်ဌာနသို့ ပို့ဆောင်ကုသနေကြောင်း သိရသည်။
"ဗုံးပေါက်တာ ဟုတ်တယ်။ဒဏ်ရာရတာတွေရှိတယ်ဗျ။ပွန်းတာ ပြဲတာမျိုးတွေပေါ့။ကျွန်တော်တို့ ကနေ ဆေးရုံအရေးပေါ်ဌနကို သွားပို့ခဲ့ရတယ်။အရေအတွက်တော့ မသိတော့ဘူး"ဟု လိုက်ပါကူညီပေးခဲ့ရသော မဏီစလ (လူမှုနာရေးကူညီမှုအသင်း) ၏ တာဝန်ရှိသူကပြောသည်။

အဆိုပါ ပေါက်ကွဲမှုမှာ မည်သည့်အဖွဲ့က ပြုလုပ်သည်ကို မသိရသေးကြောင်းနှင့် ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် အနည်းဆုံး အမျိုးသား ၅ ဦး ၊ အမျိုးသမီး တစ်ဦး ဒဏ်ရာ ရရှိခဲ့ကာ ရွှေဆိုင်သို့လာရောက်ခဲ့သော ဟိုက်ဂျက်ယာဉ်တစ်စီးလည်းပျက်စီးသွားကြောင်း ဒေသခံတစ်ဦးကပြောသည်။
ယခုအခါ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရွှေဆိုင်ကိုပိတ်ထားကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 30 March 2022
ကော့ကရိတ်မြို့အနီးက ကော့နွဲကွေ့အနီးမှာ(၂၂)ဘီးယာဥ်တစ်စီး တိမ်းမှောက်ခဲ့ပြီး ကားခေါင်းအတွင်းပိတ်မိနေသူတစ်ဦးကို ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့တွေက ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။
"မြဝတီတက်လာတဲ့ ၂၂ ဘီးယာဉ်တစ်စီး ကော့နွဲကွေ့မှာတိမ်းမှောက်ကြောင်း သတင်းရတာနဲ့ ကျွန်တော်တို့ ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့က ထွက်ခွာပြီး ခေါင်းထိခိုက်ထားသူတစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။ ကားခေါင်းအတွင်း ဝဲဘက်လက်ညှပ်ပိထားသူတစ်ဦးကိုလည်း ကရိန်းအကူအညီနဲ့ ကယ်ထုတ်နိုင်ခဲ့ပါတယ်။"လို့ ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့တာပါ။
အဆိုပါ ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်ဟာ ဒီကနေ့ မတ်လ ၃၀ ရက်၊ နံနက် ၁၁ နာရီ ၄၅ မိနစ် အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ နှစ်ဦးရှိခဲ့တာဖြစ်ပါတယ်။
ကော့ကရိတ် - မြဝတီ အာရှလမ်းမကြီးရှိ အဆိုပါ ကော့နွဲကွေ့ဟာ ယာဥ်တိမ်းမှောက်မှုတွေ အများဆုံးဖြစ်ပွားရာ ကွေ့တစ်ခုဖြစ်သည့်အတွက် မော်တော်ယာဥ်များ သွားလာရာမှာလည်း အထူးဂရုပြုသွားလာကြဖို့ကိုလည်း ဒေသခံလူမှုကူညီရေးအသင်းတွေက အသိပေးနှိုးဆော်ထားကြပါတယ်။
ဓါတ်ပုံ - ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့
ymg/kg
#Yangon_Media_Group
#LocalNews
Published - 30 March 2022
စစ်ကိုင်းတိုင်းအတွင်းက ပရဟိတအသင်းများအနေနဲ့ မြို့တွင်းလမ်းကြောင်းများကိုသာ အများဆုံးကူညီပို့ဆောင်ပေးနေပြီး နယ်ဝေးလမ်းကြောင်းပို့ဆောင်မှုများကိုတော့ အခြေအနေအရပ်ရပ် ကြောင့် လက်ရှိကာလမှာ ခေတ္တရပ်နားထားတယ်လို့ သိရပါတယ်။
အဆိုပါ နယ်ဝေးလမ်းကြောင်းပို့ဆောင်မှုများကို စက်သုံးဆီစျေးနှုန်းကြီးမြင့်လာမှုနှင့် နယ်မြေ ဒေသအခြေအနေများကြောင့် ရပ်နားထားရတာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းအတွင်းရှိ ပရဟိတလူမှုကူညီရေးအသင်းများထံမှ သိရပါတယ်။
"အခက်အခဲတွေကြားက လုပ်နေရတာပေါ့။ ပရဟိတလုပ်ရတဲ့ အခြေအနေက မြို့တွင်းလောက်ပဲ
ပို့ဆောင်ပေးနိုင်တယ်။ အဝေးတွေကျ မသွားနိုင်သလိုအဲ့ဒီနယ်ဝေးလမ်းကြောင်းတွေကျ မသွားရဲဘူးလေ။
တစ်ခါတစ် လေ အ ရေး ပေါ်လူနာ တွေ ဘာ တွေရှိလာရင် တော့ အသည်းအသန်ဆိုရင် တော့ လှည့်ပတ်လုပ်ရတာ ပေါ့။ အဆင် ပြေ အောင် တော့လုပ် ပေးရတာ ပေါ့။
ပြောရရင် နယ် မြေ ဒေသ အ ခြေအ နေက လုံခြုံမှုမရှိဘူး ပေါ့။"လို တမူးမြို ဒေသခံ ပရဟိတသမားတစ်ဦးက ပြောပါတယ်။
လက်ရှိကာလမှာလည်း အလှူရှင်ရှားပါးမှုနဲ့ စက်သုံးဆီစျေးနှုန်း ကြီးမြင့်လာမှုတွေကြောင့် ပရဟိတလူမှုကူညီရေးအသင်းတွေအနေနဲ့ ရပ်တည်ရန်ခက်ခဲလာကြပြီး အချို့လူမှုကူညီရေးအသင်းများအနေနဲ့ ကူညီလုပ်ဆောင်ပေးမှုတွေကို ရပ်နားထားရတယ်လို့လည်း သိရပါတယ်။
"နယ်မြေအခြေအနေ ဒေသအခြေအနေကိုပဲကြည့်ပြီး ပို့ဆောင်ပေးနေရတာပေါ့။ကျွန်တော်တို့က တော့ ကူညီပေးနိုင်သလောက် ဆက်လက်ကူညီပေးသွားမှာဖြစ်ပါတယ်။ ဒီကာလမှာ ပရဟိတအသင်းတွေအနေနဲ့ ရပ်တည်ဖို့ခက်ခဲတာအမှန်ပါပဲ ဒါပေမယ့် ပြည်သူတွေက အကူအညီ တောင်းခံလာတော့လည်း ကူညီပို့ပေးရမှာ ကျွန်တော်တို့တာဝန်ပါ။ ဘယ်လမ်းကြောင်းမဆို ပို့နိုင် အောင်ပဲ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားဆောင်ရွက်နေပါတယ်။"လို့ မုံရွာမြို့အခြေစိုက်ပရဟိတသမားတစ်ဦးက ပြောပြခဲ့ပါတယ်။
ymg/kg
#Yangon_Media_Group
#DailyNews
Published -30 Mar 2022
၁။ တမူးမြို့တွင် မိုဘိုင်းအင်တာနက်လိုင်းများ ပြတ်တောက်နေသည်မှာ တစ်လခန့်ရှိလာပြီဖြစ်
၂။ တရုတ်နိုင်ငံကို ပြောင်းတင်ပို့လိုသူများ မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားလျှောက်ထားရန်လို
၃။ မိုးလေဝသ သတင်း
၄။ ဗီယက်နမ်ဖခင်က သားဖြစ်သူအတွက် ဒေါ်လာထောင်ပေါင်းများစွာအကုန်အကျခံပြီး ဗင်ကားကို သစ်သားတင့်ကားပြောင်းလဲဖန်တီးပေး...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1903 of 1996