Published_ 7 June 2022

ဦးဖြိုးဇေယျာသော်၊ဦးကျော်မင်းယုနှင့် အခြားနှစ်ဦးတို့ကို သေဒဏ်အတည်ပြုခဲ့တဲ့အပေါ်  ပြင်သစ် ဥရောပနှင့်  နိုင်ငံခြားရေးဝန်ကြီးဌာန၊ရန်ကုန်မြို့ပြင်သစ်သံရုံး၊ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ချက်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနပြောရေးဆိုခွင့်ရှိသူရဲ့ထုတ်ပြန်ချက်တွေနှင့်ပတ်သက်လို့ နစက နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်စွာကန့်ကွက်ခဲ့ပါတယ်။

ဇွန်လ(၆)ရက် ယမန်နေ့က နစကနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ပြီး အဲသလိုကန့်ကွက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် အားလျော်စွာ လက်ရှိအစိုးရအနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှ အပ်နှင်းထားသည့် အခွင့်အာဏာများကို အပြည့်အဝ ကျင့်သုံးပိုင်ခွင့် ရှိသည်။ နိုင်ငံသားတိုင်းသည် တရားဥပဒေနှင့်အညီ တန်းတူ အခွင့်အရေးနှင့် အခြေခံလူ့အခွင့်အရေးဆိုင်ရာ အကာအကွယ်ပေးမှုများ ရရှိနိုင်မည်ဖြစ်သကဲ့သို တရားဥပဒေအရ စီရင်ဆုံးဖြတ်မှုကိုလည်း လက်ခံကြရမည်ဖြစ်သည်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်သည် လွတ်လပ်မှုရှိသကဲ့သို ပြည်ထောင်စု အတွင်း မှီတင်းနေထိုင်သူအားလုံးအပေါ် သာတူညီမျှရှိသည့် ဥပဒေများကို ကျင့်သုံး ဆောင်ရွက်လျက်ရှိသည်ကိုလည်း ထပ်လောင်း အတည်ပြုသည်လို့လည်းသတင်းထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

၎င်းတို့သည် အပြစ်မဲ့ပြည်သူများအား အကြောက်တရား ကြီးစိုးစေရန်နှင့် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေသည့် အကြမ်းဖက်မှုများ ကျူးလွန်ရာ တွင် အဓိကကြိုးကိုင်စီစဉ်သူများအဖြစ် ပြစ်မှုထင်ရှားသဖြင့် အမိန့်ချမှတ်ခံခဲ့ရခြင်းဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

သို့ဖြစ်၍ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ပြင်သစ်ဥရောပနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ရန်ကုန်မြို၊ ပြင်သစ်သံရုံး၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောရေးဆိုခွင့် ရှိသူရုံးနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတို၏ တာဝန်မဲ့ထုတ်ပြန် ပြောကြားချက် များသည် အကြမ်းဖက်မှုများကို အားပေးအားမြှောက်ပြုရာရောက်ပြီး အပြစ်မဲ့ပြည်သူ အများအပြား သေကြေဒဏ်ရာရစေပြီး အစိုးရနှင့် ပုဂ္ဂလိကပိုင် အဆောက်အဦနှင့် ပစ္စည်းများကို ပျက်စီးစေသည့် မတရားအသင်းနှင့် အကြမ်းဖက်အဖွဲများဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေး အဖွဲ (PDF) တို၏ ဆက်လက် ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်တိုက်ခိုက်မှုများကို လျစ်လျူရှုခြင်းဖြစ်တယ်လို့လည်းသတင်းထုတ်ပြန်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနသည် ပြင်သစ်ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်မြို၊ ပြင်သစ်သံရုံးကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတို၏ တာဝန်မဲ့ပြောဆိုချက်၊ ထုတ်ပြန်ချက်များအပေါ် ပြင်းထန်စွာ ကန့်ကွက်ပယ်ချပြီး ကန့်ကွက်စာများကို သံတမန်လမ်းကြောင်းမှတစ်ဆင့် ပေးပိုခဲ့ပြီးဖြစ်သည် လို့ရေးသားထားပါတယ်။

(သတင်းထုတ်ပြန်ချက်အပြည့်အစုံပူးတွဲ)