#Local_News
Published_ 7 June 2022

 

မြန်မာ-ကိုရီးယား နှစ်နိုင်ငံသဘောတူညီမှုအရ တောင်ကိုရီးယားနိုင်ငံသို့ မြန်မာအလုပ်သမားများကို တရားဝင်စေလွှတ်လျှက်ရှိရာ ဒီကနေ့ ဇွန် ၇ ရက်တွင် အလုပ်သမား ၁၃၀ ဦး အင်ချွန်းလေဆိပ်ကို ရောက်ရှိလာကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

 

ရောက်ရှိလာတဲ့ မြန်မာလုပ်သားများကို မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမား သံအရာရှိကကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့တယ်လို့ ဆိုပါတယ်။

 

ဧပြီလအတွင်း တောင်ကိုရီးယားနိုင်ငံက မြန်မာလုပ်သား ၃၁၀ ကျော်နှင့် မေလအတွင်း မြန်မာလုပ်သား ၆၂၀ ကျော်တို့ခေါ်ယူခဲ့ကြောင်း မြန်မာသံရုံးမှ ထုတ်ပြန်ထားသောစာရင်းများအရ သိရပါတယ်။

 

ymg-mnn
#Yangon_Media_Group