#LocalNews
Published _ 7 June 2022

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကမ်းနားလမ်းပေါ်ရှိ မြို့မတံတားအနီးတွင် ဇွန်လ ၇ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က ကားနှင့်ဆိုင်ကယ်တိုက်မိသည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း ရာမညအရေးပေါ် လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

 

အဆိုပါဖြစ်စဉ်ကြောင့် ဆိုင်ကယ်မှာ (၂) ပိုင်းပြတ်ထွက်သွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်လာသော အမျိုးသား (၂) ဦးမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသား (၂) ဦးအား ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲနှင့် ရွှေတောင်အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

 

ymg/NN
#Yangon_Media_Group