#LocalNews
Published_7 June 2022

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ တန့်ကြည့်တောင်ပေါ်ရှိ တန့်ကြည့်တောင်စေတီသို့ ဘုရားဖူးလာသော မော်တော်ယာဉ်တစ်စီး ယနေ့ ဇွန်လ ၇ ရက်နံနက်ပိုင်းက ပစ်ခတ်ခံရသောကြောင့် အသက် ၈၀ ခန့်အရွယ် အဖိုးအိုတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။

 

"ပုဂံညောင်ဦးကနေ တန့်ကြည့်တောင်ဘက်ကို ဟိုက်ဂျက်ကားနဲ့ ဘုရားဖူးသွားတဲ့အဖွဲ့ပါ၊ ဒေသတွင်းလက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ ပစ်ခဲ့လို ကားရှေ့ခန်းမှာလိုက်ပါလာတဲ့ အသက် ၈၀ လောက်အဖိုးကို သေနတ်ကျည်ဆံမှန်ခဲ့ပါတယ်။ အဖိုးမှာ ရင်ဘတ်နဲ့တင်ပါးမှာ သေနတ်ထိတဲ့ဒဏ်ရာရတာ။ ဒဏ်ရာက စိုးရိမ်ရတဲ့အခြေအနေရှိပါတယ်။ အခုတော့ ဆိက္ခဝကျေးရွာက တစ်ဆင့် စက်လှေနဲ့ ညောင်ဦးဆေးရုံကိုတော့ ပို့ပြီးပါပြီ" ဟု အဆိုပါ အခင်းဖြစ်စဉ်ကို ကူညီခဲ့သည့်အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

 

အဆိုပါ အဖြူရောင် ဟိုက်ဂျက်မော်တော်ယာဉ်သည် ဘုရားဖူးခရီးသည် လူကြီး(၇)ဦး၊ ကလေး (၁)ဦး တင်ဆောင်၍ တန့်ကြည့်တောင်ဘုရားကုန်းပေါ်သို့ မောင်းနှင်ပို့ဆောင်စဉ် လမ်းခရီးတစ်ဝက် အန္တရာယ်ကွေ့ အရောက်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ချောင်းမြောင်းပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group