#World_Science
Published 07 January 2026
■ ပန်ဆယ်ဗေးနီးယားတက္ကသိုလ်နဲ့ မီချီဂန်တက္ကသိုလ်တို့မှ သိပ္ပံပညာရှင်များ ပူးပေါင်းကာ ပရိုဂရမ်ထည့်သွင်းလို့ရတဲ့ ကမ္ဘာ့အသေးငယ်ဆုံး စက်ရုပ်တွေ ထုတ်လုပ်လိုက်ပါတယ်။
■ အရွယ်အစားက (၀.၂ x ၀.၂ x ၀.၀၅ မီလီမီတာ)ခန့်သာရှိကာ ရွေ့လျားခြင်း၊ ပတ်ဝန်းကျင်ကို အာရုံခံနိုင်ခြင်း၊ တုံ့ပြန်ပြောင်းလဲနိုင်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
■ အလွန်သေးငယ်သော ဦးနှောက်ဖြင့် အားဖြည့်လမ်းညွှန်ပေးထားပြီး ဆေးပညာပိုင်းမှာ များစွာသက်ရောက်စေနိုင်သလို သေးငယ်သော ပစ္စည်များထုတ်လုပ်ရာမှာလည်း အကူအညီဖြစ်နိုင်ပါတယ်။
■ စက်ရုပ်တွေက ရှုပ်ထွေးတဲ့ပုံစံတွေဖြင့် လှုပ်ရှားနိုင်ကာ ငါးတွေလိုမျိုး ပူးပေါင်းသွားလာနိုင်ပါတယ်။
■ အလွန်ကြံ့ခိုင်ရည်ရှိပြီး လွှဲပြောင်းရလွယ်ကူကာ လနဲ့ချီအောင် ကူးလူးသွားလာနိုင်ပါတယ်။
■ စက်ရုပ်ထုတ်လုပ်မှုတွေက ဆယ်စုနှစ်များအတွင်း တဖြည်းဖြည်း သေးငယ်လာကာ မီချီဂန်တက္ကသိုလ်မှ ပရော်ဖက်ဆာ ဒေးဗစ်ဘလောနဲ့ ဒင်းနစ်ဆေးလ်ဗက်စတားတို့က မီလီမီတာအရွယ်အစားရှိတဲ့ ကွန်ပျူတာများ ထုတ်လုပ်လာနိုင်ပါတယ်။
■ ပန်ဆယ်ဗေးနီးယား အင်ဂျင်နီယာပညာရဲ့ တွန်းကန်စနစ်နဲ့ ယင်းတို့ရဲ့ သေးငယ်တဲ့ ကွန်ပျူတာတွေက အလိုက်သင့် ပေါင်းစပ်နိုင်ခဲ့တယ်လို့ ဘလောက ပြောသွားပါတယ်။
■ စက်ရုပ်ငယ်တွေက လျှပ်စစ်စက်ကွင်းဖန်တီးပြီး အိုင်းယွန်းတွေကနေ အနီးနားက ရေမော်လီကျူးများကို တွန်းပို့ကာ စက်ရုပ်ရွေ့လျားစေတာ ဖြစ်ပါတယ်။
■ စက်ရုပ်ပရိုဂရမ် လည်ပတ်နိုင်ဖို့ ဓာတ်အား ၇၅ နာနိုဝပ်သာ လိုအပ်ပြီး စမတ်နာရီတစ်လုံး လိုအပ်ချက်ထက် အဆတစ်သိန်းလောက် ပိုနည်းပါတယ်။
■ စက်ရုပ်တွေကို အလင်းခုန်နှုန်းတွေဖြင့် ပရိုဂရမ်ပေးထားပြီး တစ်ခုချင်းစီအတွက် ပရိုဂရမ်ဆွဲထားကာ စက်ရုပ်အဖွဲ့လိုက်အနေဖြင့် မတူညီတဲ့တာဝန်တွေ ပြုလုပ်နိုင်စေမှာ ဖြစ်ပါတယ်။
Source: NDTV
#World_Health
Published 07 January 2026
■ အာဟာရဓာတ် ချို့တဲ့လာကြတဲ့ သက်ကြီးရွယ်အိုတွေဟာ ဗိုက်တာမင်အားဆေးများ မှီခိုနေရပါတယ်။
■ ဘော့စ်တွန် မတ်စ်ဂျန်နရယ်ဘရစ်ဂမ်မှ သုတေသနတစ်ခုမှာ ဗိုက်တာမင်မျိုးစုံ ဖြည့်စွက်ဆေးများ ရေရှည်အသုံးပြုပါက သွေးဖိအားများခြင်းနဲ့ သွေးတိုးနိုင်ခြေတို့ကို လျှော့ချပေးနိုင်တယ်လို့ ယူဆရပါတယ်။
■ မဂ္ဂနီဆီယံ၊ ပိုတက်ဆီယံ၊ ဗိုက်တာမင်တို့လို သတ္တုဓာတ်တွေ ချို့တဲ့ခြင်းကို ဖြည့်စွက်စားသုံးခြင်းဖြင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးတာ ဖြစ်ပါတယ်။
■ အသက် ၆၀ အထက် အမျိုးသမီး ၈,၉၀၀ ခန့်ကို ခေါ်ယူပြီး ဗိုက်တာမင်အမျိုးမျိုး ဖြည့်စွက်ဆေးများ အသုံးပြုစေရာမှာ သွေးပေါင်ချိန် အတိုင်းအတာတွေနဲ့ ပတ်သက်ပြီး တိုးတက်မှုတွေ ရှိခဲ့တာ တွေ့ရပါတယ်။
■ ဒါပေမဲ့ Max Healthcare မှ နှလုံးသိပ္ပံဥက္ကဌ ဒေါက်တာ ဘာဘီယာဆင်းက ဗိုက်တာမင်ဖြည့်စွက်ဆေးတွေဟာ ခန္ဓာကိုယ်အတွက် သိပ်ပြီးသက်ရောက်မှုမရှိဘဲ အရင်ဆုံး အစားအစာဖြင့်သာ ကြိုးစားကြည့်သင့်ပြီး မလုံလောက်မှသာ ဖြည့်စွက်ဆေးအားကိုးသင့်တယ်လို့ ဆိုပါတယ်။
■ သွေးပေါင်ချိန် ထိန်းသိမ်းဖို့အတွက် အရေးကြီးတဲ့ အာဟာရဓာတ်တွေက ဗိုက်တာမင်-ဘီ၆ ဘီ၉ ဘီ၁၂၊ ပိုတက်ဆီယံ၊ မဂ္ဂနီဆီယံတို့ ပါဝင်ပြီး ကယ်စီယံ၊ ဗိုက်တာမင်-ဒီနဲ့ စီတို့လည်း အရေးကြီးပါတယ်။
■ အသက်ကြီးသူတွေမှာ အာဟာရဓာတ်စုပ်ယူမှု အားနည်းသလို လှုပ်ရှားမှုတွေ ကြွက်သားတွေလည်း လျော့နည်းသွားတာကြောင့် အာဟာရလိုအပ်ချက် ဖြစ်တတ်ကြပါတယ်။
■ သက်ကြီးရွယ်အိုတွေမှာ နေ့စဉ် ဗိုက်တာမင်-ဘီ ၁၀-၁၂ မိုက်ခရိုဂရမ် လိုအပ်နိုင်ပြီး ငါး၊ ဥ၊ နို့ထွက်ပစ္စည်းများ၊ အစိမ်းရောင်ဟင်းရွက်များ၊ ဆန်ဂျုံပြောင်း၊ ပဲအမျိုးမျိုး၊ အခွံမာသီးများကနေ ရရှိနိုင်ပါတယ်။
■ ဖြည့်စွက်ဆေးတစ်ခုတည်းနဲ့တော့ သွေးပေါင်ချိန်တိုးတာကို အလိုအလျောက် ချပေးနိုင်မှာမဟုတ်ဘဲ ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Source: Indian Express
စနေနေ့က အမေရိကန် တိုက်ခိုက်မှုတွေကြောင့် ဗင်နီဇွဲလား ရေနံချက်ထုတ်လုပ်မှု ထိခိုက်ခြင်းမရှိဘူးလို ဖော်ပြနေကြပေမယ့် ရေနံတင်ပိုနိုင်ငံများအဖွဲအစည်း OPEC ကတော့ ရေနံကဏ္ဍအပြောင်းအလဲနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။
#World_News
Published 06 January 2026
#ဗင်နီဇွဲလားရေနံစက်ရုံ #အမေရိကန်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 06 January 2026
၁။ သီတဂူ မျက်စိအလင်းအလှူတော်၌ လူဦးရေ(၁၅၀၀)ကို ကုသပေးမည်
၂။ ကလော- ရွှေညောင်-ကလော ရှုခင်းကြည့် အထူးရထား စင်းလုံးငှားရမ်းနိုင်
၃။ မော်တော်ယာဉ် ဖောင်းကြွနံပါတ်ပြားဈေးနှုန်းများ တိုးမြှင့်ပြောင်းလဲကောက်ခံမည်
၄။ ဗင်နီဇွဲလားရေနံစက်ရုံတွေကိုအမေရိကန်ထိန်းချုပ်မည့်အပေါ် OPECအခက်တွေ့... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စကာ မော်တော်ယာဉ် ဖောင်းကြွနံပါတ်ပြားဈေးနှုန်းတွေကို တိုးမြှင့်ပြောင်းလဲကောက်ခံလျှက်ရှိတယ်လို့ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနမှသိရပါတယ်။
#Local_News
Published 06 January 2026
#မော်တော်ယာဉ် #ဖောင်းကြွနံပါတ်ပြား
#YMG/SW #Yangon_Times
ကလော- ရွှေညောင်-ကလောရှုခင်းကြည့် Sightseeing အထူးရထားပြေးဆွဲပေးနေရာ ခရီးသွားကုမ္ပဏီနဲ့အေဂျင်စီတွေ ၊ ပုဂ္ဂလိကကျောင်းတွေအနေနဲ့ စိတ်ပါဝင်စားပါက ရထားအဆိုင်းလိုက်(စင်းလုံး)ငှားရမ်းနိုင်တယ်လို့ မြန်မာ့ မီးရထားကသိရပါတယ်။
#Local_News
Published 06 January 2026
#ကလော_ရွှေညောင်_ကလော
#YMG/NN #Yangon_Times
#Local_News
Published 06 January 2026
#သီတဂူမျက်စိအလင်း #ရန်ကုန်မြို့
#YMG/NN #Yangon_Times
ယခုတစ်ပတ်အတွင်း ဆက်လက်တိုးဝင်နေတဲ့ လေအေးတွေကြောင့် မနက်အစောပိုင်းတွေ အေးနေဦးမယ်လို့ မိုးဇလပညာရှင်ဦးဝင်းနိုင်က သုံးသပ်ပြောကြားထားပါတယ်။
#Local_News
Published 06 January 2026
#လေအေး
#YMG/SW #Yangon_Times
#Local_News
Published 06 January 2026
▪️ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအတွက် ဆောင်ရွက်ပေးလျှက်ရှိသည့် မည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity CI) ထုတ်ေပးခြင်းကို ဒုတိယအကြိမ်ထပ်မံရက်တိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်းအလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
▪️ ပထမအကြိမ်ရက်တိုးမြှင့်ဆောင်ရွက်ပေးခဲ့ရာ ဒီဇင်ဘာလ ၃၁ ရက်တွင် ပြီးဆုံးပြီဖြစ်သော်လည်း အလုပ်အကိုင်အခွင့် အလမ်းများ နစ်နာဆုံး ရှုံးမှုမရှိစေရေးအတွက် Cl သက်တမ်းတိုးခြင်းကို ထပ်မံရက်တိုး၍ ယခုလ ၁၆ ရက်အထိ တိုးမြှင့်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုင်းနိုင်ငံတွင် CI သက်တမ်းတိုး ထုတ်ပေးခြင်းလုပ်ငန်းစဉ်များကို CIထုတ်ပေး ရေးစခန်း ၄ ခုဖြစ်သည့် စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ဆူရတ်ဌာနီမြို့များ နှင့် Mobile Unit ၁ ခုကို ကရာဘီမြို့တွင် ဖွင့်လှစ် ဆောင်ရွက်ပေးခဲ့ပြီး ဒီဇင်ဘာလ(၂၁)ရက်တွင် ပြီးစီးခဲ့ရာ ဒီဇင်ဘာလ၃၁ရက်အထိ ထပ်တိုးဆောင်ရွက်ပေးသော်လည်း လက်ရှိတွင် Cl သက်တမ်းတိုးပြုလုပ်ရန် 7-Eleven ဆိုင်များတွင် ငွေပေးသွင်းပြီးသူများ ကျန်ရှိနေသည့်အတွက် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်းများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် လုပ်ငန်းဆောင်ရွက်မှုကာလကို ဇန်နဝါရီလ ၁၆ ရက်အထိ ထပ်မံတိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားချက်အရ သိရသည်။
▪️ CI သက်တမ်းတိုး ရန်ကျန်ရှိနေသည့် မြန်မာအလုပ်သမားများအနေဖြင့် သတ်မှတ် ကာလအမီ CI သက်တမ်းတိုး အမြန်ဆုံးသွားရောက်လျှောက်ထားရန်လည်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနကနှိုးဆော်တိုက်တွန်းထားသည်။
#YMG/SW #Yangon_Times
#Local_News
Published 06 January 2025
▪️ နိုင်ငံတည်ဆောက်ရေးတွင် အရည်အသွေးမြင့်မားသည့် လူငယ်များရရှိစေရန်လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကျင်းပမည်ဖြစ်ကြောင်း လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ကပြောသည်။
▪️ ယမာန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ကျင်းပသည့်
လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကျင်းပရေး ဦးစီးကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ၎င်းကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ အစည်းအဝေးတွင် ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ငြိမ်းချမ်းရေးတွင် လူငယ်ကဏ္ဍသည် အရေးကြီးသည်ကို ယခုကျင်းပမည့် လူငယ်ငြိမ်းချမ်းရေးဖိုရမ်ဖြင့် ပုံဖော်မည်ဖြစ်ကြောင်း၊ နိုင်ငံတည်ဆောက်ရေးတွင် အရည်အသွေးမြင့်မားသည့် လူငယ်များရရှိစေရန် ယခုကျင်းပမည့် ဖိုရမ်မှဖော်ထုတ်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် လူငယ်များ၏ အခန်းကဏ္ဍအား ဆက်နွှယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းမှသာ လူငယ်များ၏ အနာဂတ်ကောင်းမွန်မည်ဖြစ်ပြီး လူငယ်များအား ပြုစုပျိုးထောင်ပေးမှသာ ငြိမ်းချမ်းသည့် ပတ်ဝန်းကျင်တစ်ခုကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ သဟဇာတဖြစ်သည့် ပတ်ဝန်းကျင်တစ်ခုဖြစ်အောင်၊ လူငယ်များအား ကိုယ်ကျင့်တရားကောင်းမွန်သည့် လူငယ်များဖြစ်အောင် ဆွေးနွေးဖော်ထုတ်မည်ဖြစ်ကြောင်း၊ ယခုဖိုရမ်မှတစ်ဆင့် တီထွင်ဖန်တီးနိုင်စွမ်းရှိသော လူငယ်များကို ဖော်ထုတ်နိုင်ရန်၊ အနာဂတ်နိုင်ငံတော်အတွက် စွမ်းရည်မြင့်မားသည့် လူငယ်များပေါ်ထွက်လာစေရန် မျှော်လင့်ပါကြောင်း ပြောကြားသည်။
▪️ ထို့နောက် ဦးစီးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ယနေ့အစည်းအဝေးတွင် သက်ဆိုင်ရာကော်မတီအလိုက် အဆုံးအဖြတ်ပေးရမည့် အချက်များအား အတည်ပြုချက်ရယူမည်ဖြစ်ကြောင်း၊ ကျင်းပမည့် ဖိုရမ်သည် ယခင်ငြိမ်းချမ်းရေးဖိုရမ်များနှင့်မတူဘဲ လူငယ်များအနေဖြင့် သီးသန့်ဆောင်ရွက်သည့် ဆွေးနွေးမှုအခင်းအကျင်းဖြစ်ကြောင်း၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ်သည် အနာဂတ်အတွက် အရေးပါသည့် လူငယ်များ၏အခန်းကဏ္ဍအား ရည်ရွယ်၍ ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်းပြောကြားပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကျင်းပရေး လုပ်ငန်းကိစ္စရပ်များ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအခြေအနေ၊ ပူးပေါင်းညှိနှိုင်းရေးလုပ်ငန်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။
▪️ ယင်းနောက် ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးရာဝန်ကြီးများက လုပ်ငန်းကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။
▪️ ဆက်လက်၍ ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယခုလူငယ်ငြိမ်းချမ်းရေးဖိုရမ်သည် နိုင်ငံအတွက် အနှစ်သာရရှိသည့် ဖိုရမ်တစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်က လူငယ်များကို အလေးထားကြောင်း၊ လုံခြုံပျော်ရွှင်တည်ငြိမ်သည့် အသိုက်အဝန်းရရှိနိုင်မည့် သတင်းစကားကို ယခုဖိုရမ်တွင် လူငယ်များကို ပေးရမည်ဖြစ်ကြောင်း၊ လူငယ်နှင့်အစိုးရ၊ ပြည်သူနှင့် အစိုးရယုံကြည်မှုတည်ဆောက်ရမည်ဖြစ်ကြောင်း၊ ယခုလူငယ်ငြိမ်းချမ်းရေးဖိုရမ်တွင် လူငယ်များသည် နိုင်ငံတည်ဆောက်ရေးအတွက် အရေးပါသည်ဆိုသည့် သတင်းစကားကိုပေးနိုင်ရမည်ဖြစ်ကြောင်း ဖြည့်စွက်ဆွေးနွေးသည်။
▪️ ယင်းနောက် ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
▪️ အဆိုပါ အစည်းအဝေးသို့ လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကော်မတီဝင်များ၊ ဦးစီးကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးရာဝန်ကြီးများက Video Conferencing ဖြင့် ပါဝင်တက်ရောက်ကြသည်။
▪️ ဖိုရမ်သည် နိုင်ငံတည်ဆောက်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍပါဝင်မှုကို အလေးပေးဆောင်ရွက်ခြင်းဖြစ်ပြီး လူငယ်များ၏ စိတ်ဓာတ်နှင့် စွမ်းအားများကို အကောင်းဆုံးသော ပုံစံများဖြင့် နိုင်ငံ၏ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်များအတွင်း ပေါင်းစပ်ထည့်သွင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 06 January 2025
▪️ ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးကားဝင်းတွင် Expressကား(၁)စီး မီးလောင်မှု ယနေ့မနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ ဇန်နဝါရီ၆ ရက်နေ့၊ မနက်၃နာရီ ၄၄ မိနစ်အချိန်ခန့်ကရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းတွင် Expressကား(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက်၃ နာရီ ၅၈မိနစ်အချိန်၌မီးငြိမ်းခဲ့ကြောင်းသိရသည်၊၊
#YMG/NN #Yangon_Times
#World_Health
Published 06 January 2026
■ အယ်ကိုဟော အနည်းငယ်သောက်သုံးခြင်းက နှလုံးအတွက် ကောင်းမွန်တယ်လို့ ဆိုကြပြန်ပြီး ကင်ဆာဖြစ်စေတယ်လို့ သတိပေးထားတာတွေကို စိန်ခေါ်လာပါတယ်။
■ အမေရိကန် နှလုံးအဖွဲ့အစည်းရဲ့ ဒီအကြံပြုချက်က အယ်ကိုဟော သောက်သုံးမှုနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ ဖြစ်လာပါတယ်။
■ တစ်နေ့ကို တစ်ခွက်နှစ်ခွက်ခန့် သောက်ခြင်းဖြင့် နှလုံးသွေးကြောရောဂါ၊ လေဖြတ်ခြင်း၊ ရုတ်တရက်သေဆုံးခြင်း၊ နှလုံးရပ်ခြင်းတို့ကို အန္တရာယ်မဖြစ်စေဘဲ ဒီလိုရောဂါတွေ ဖြစ်နိုင်ခြေကိုပင် လျှော့ချနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
■ အခြားသော ကျန်းမာရေးအဖွဲ့အစည်းတွေကတော့ အယ်ကိုဟောကို အနည်းငယ်မျှ သောက်သုံးလျှင်ပင် နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်ခြေများစေကြောင်း သတိပေးထားပါတယ်။
■ အယ်ကိုဟောသောက်ခြင်းနဲ့ အချို့သောကင်ဆာများ ဖြစ်နိုင်ခြင်း ဆက်စပ်မှုတွေအကြောင်း ဖော်ပြထားတဲ့ တင်ပြချက်တစ်ခုကို အမေရိကန်အစိုးရက စက်တင်ဘာလမှာ ရုပ်သိမ်းခဲ့ပါတယ်။
■ ဒါဟာ အစိုးရက ဒီလိုအကြံပြုထားတဲ့ တင်ပြချက်ကိုပဲ အမှီပြုထားတာကြောင့်ဖြစ်ပြီး မသောက်သူတွေထက် အသက်အန္တရာယ်ဆုံးပါးနိုင်ခြေ လျော့နည်းတယ်လို့လည်း ပါဝင်ပါတယ်။
■ ဒီသုံးသပ်ချက်တွေဟာ နှလုံးသွေးကြောရောဂါတစ်ခုကိုပဲ အာရုံစိုက်ထားတာဖြစ်ပြီး လမ်းညွှန်ချက်အနေနဲ့ မဟုတ်ကြောင်း၊ ဒါကြောင့် အရင်ကမသောက်ရင် စပြီးမသောက်စေလိုကြောင်း နှလုံးအဖွဲ့အစည်းမှ ဒေါက်တာ မာရီယဲဂျေဆပ်စ်က ပြောပါတယ်။
■ အယ်ကိုဟော အနည်းငယ်သောက်လို့ နှလုံးသွေးကြောရောဂါအတွက် အကျိုးရှိစေနိုင်တယ်ဆိုတဲ့ အကြောင်းအရာတွေက ဘေးအန္တရာယ်များပြီး အယ်ကိုဟောနဲ့ ဆက်စပ်တဲ့ ကျန်းမာရေးအန္တရာယ်တွေ ဖြစ်လာနိုင်တယ်လို့ ဝေဖန်သူတွေ သတိပေးနေကြပါတယ်။
Source: SeattleTimes
Page 189 of 2055