ဆေးပေါင်းခပွဲကို တန်ဆောင်မုန်းလပြည့်နေ့မှာ ရန်ကုန်_မန္တလေး အမြန်လမ်း ၉၈မိုင်ရှိ နဂါးညီနောင်ကျောင်းတိုက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 05 November 2025
#ဆေးပေါင်းခပွဲတော် #တန်ဆောင်မုန်းလပြည့်နေ့
#YMG/NN #Yangon_Times
ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေးမှာတစ်အောင်စကို ဒေါ်လာ၄၀၀၀အောက်ကျဆင်းလာပြီး မြန်မာ့ရွှေဈေးလည်းလိုက်ကျလာတယ်လို့ ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။
#Local_News
Published 05 November 2025
#ရွှေ
#YMG/SW #Yangon_Times
ပြည်တွင်းမှထွက်ရှိတဲ့ ဒူးရင်းသီးတွေကို GACC မှာ မှတ်ပုံတင်ပြီး တရုတ်ဈေးကွက်သို ထိုးဖောက်သွားမယ်လို့ မြန်မာနိုင်ငံဒူးရင်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
#Local_News
Published 05 November 2025
#ဒူးရင်းသီး #GACC
#YMG/SW #Yangon_Times
အားကောင်းသောလေဖိအားနည်းရပ်ဝန်းဟာ နောက်(၆) နာရီအတွင်း မြောက်ဘက်ကန အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းဒေသများကို ဖြတ်ကျော်နိုင်တယ်လို့ မိုးဇလက ယနေ့ အသိပေးထုတ်ပြန်ထားပါတယ်။
#World_News
Published 05 November 2025
#ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်း
#YMG/NN #Yangon_Times
#Daily_News
Published 05 November 2025
၁။ မြန်မာ့ဒူးရင်းသီးကို GACCတွင် မှတ်ပုံတင်ကာ တရုတ်ဈေးကွက်သို့ ထိုးဖောက်မည်
၂။ ကမ္ဘာ့ရွှေဈေးကျဆင်းလာပြီး မြန်မာ့ရွှေဈေးလည်းလိုက်ကျ
၃။ ဆေးပေါင်းခပွဲတော် တန်ဆောင်မုန်းလပြည့်နေ့၌ပြုလုပ်
၄။ Tencentနှင့်ကွမ်ကျိုးဆေးတက္ကသိုလ်တို့ပူးပေါင်းကာ အဆုတ်ကင်ဆာမျိုးဗီဇပြောင်းလဲမှုရှာဖွေရေးဉာဏ်ရည်တုစနစ်ထုတ်လုပ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 05 November 2025
■ အမေရိကန် ကန်တက်ကီ လူဝီဗီလ်မှာ UPS ကုန်တင်လေယာဉ်တစ်စီး ပျက်ကျခဲ့ရာ အနည်းဆုံး ၃ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။
■ လေယာဉ်ထွက်ခါနီး ခဏအကြာမှာပဲ ပျက်ကျခဲ့တာဖြစ်ကာ မီးတွေထွက်လာတယ်လို့ ကန်တက်ကီအုပ်ချုပ်ရေးမှူး အန်ဒီဘက်ရှီယာက အင်္ဂါနေ့မှာ ပြောသွားပါတယ်။
■ အချို့လူတွေ ဒဏ်ရာပြင်းထန်ပြီး မီးငြိမ်းသတ်နေစဉ်မှာ နောက်ထပ်ထိခိုက်သူတိုးလာနိုင်တယ်လို့ ဆိုပါတယ်။
■ WLKY ရုပ်သံမှ ပြသရာမှာ လေယာဉ်ထွက်ခွာရာမှာ တောင်ပံတစ်ဖက် မီးစွဲနေတာ မြင်ရပြီး မြေပြင်ကိုထိတဲ့အခါ မီးလုံးကြီးပေါက်ထွက်သွားခဲ့ပါတယ်။
■ ပျက်ကျပြီးနောက် လေယာဉ်ပြေးလမ်းအပေါ် စက်မှုနေရာမှာ အဆောက်အအုံ အများအပြား မီးစွဲခဲ့ပြီး မီးခိုးငွေ့တွေ ထွက်လာခဲ့ပါတယ်။
■ ပျက်ကျမှုမဖြစ်ခင် အင်ဂျင်သီးခြားထွက်သွားလားဆိုတာကို စစ်ဆေးရေးတွေ အဓိကရှာဖွေရမှာ ဖြစ်တယ်လို့ သိရှိသူတစ်ဦးက ပြောပါတယ်။
■ အင်ဂျင်တစ်ခု လောင်ကျွမ်းသွားရင် ကျန်တဲ့နှစ်ခုဖြင့် ပျံသန်းနိုင်သင့်တယ်လို့ အမေရိကန်လေကြောင်းဘေးကင်းရေးပညာရှင်နဲ့ လေယာဉ်မှူးဖြစ်သူ ဂျွန်ကော့စ်က ပြောပါတယ်။
■ လေယာဉ်ထိုးမဆင်းသွားခင်မှာ အမြင့်ပေ ၁၇၅ ပေသို့ တက်သွားခဲ့ပါတယ်။
■ ဒီဖြစ်ရပ်ထဲမှာ သက်တမ်း ၃၄ နှစ်ရှိတဲ့ MD-11 ကုန်တင်လေယာဉ်တစ်စီး ပါဝင်ခဲ့တာလည်း တွေ့ရပါတယ်။
■ UPS ကတော့ မတော်တဆမှုကြောင့် ထိခိုက်ပျက်စီးမှုတွေကို အတည်မပြုနိုင်သေးပါဘူး။
■ ဒီနောက် လေယာဉ်ကွင်း ပိတ်ထားခဲ့ရကာ ပို့ဆောင်ရေးပစ္စည်းတွေ အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။
Source: Reuters
#World_Health
Published 05 November 2025
■ ဆီးချိုရောဂါဖြစ်နိုင်ခြေ လျှော့ချဖို့အတွက်ဆိုရင် ခန္ဓာကိုယ်ထဲ အဆီတွေစုနေတဲ့နေရာကို အဆီချဖို့က တစ်ကိုယ်လုံးဝိတ်ချတာထက် ပိုပြီးအရေးကြီးတယ်လို့ လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
■ သွေးတွင်းသကြားဓာတ် မြင့်တက်နေပေမယ့် ဆီးချိုလို့သတ်မှတ်ရလောက်အောင် မဖြစ်သေးတဲ့အခြေအနေကို ဆီးချိုဖြစ်နိုင်ခြေရှိတယ်လို့ သတ်မှတ်ပါတယ်။
■ ဒီလိုလူတွေမှာ တစ်ကိုယ်လုံးဝိတ်ချတာထက် ဝမ်းဗိုက်အဆီတွေကို အရင်လျှော့ချခြင်းက များစွာပိုပြီး သက်ရောက်မှုရှိနေပါတယ်။
■ ဆီးချိုဖြစ်မလာအောင် ကာကွယ်နိုင်မှ ဆီးချိုနဲ့ဆက်စပ်တဲ့ အခြားသောရောဂါတွေဆီကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
■ အဖွဲ့နှစ်ဖွဲ့ဖြင့် စမ်းသပ်ရာမှာ ဝမ်းဗိုက်အဆီတွေကို တစ်နှစ်အကြာမှာ သိသိသာသာ လျှော့ချနိုင်သူတွေက သွေးတွင်းဂလူးကို့စ်ပမာဏ မထိန်းနိုင်တဲ့သူတွေထက် ဆီးချိုဖြစ်နိုင်ခြေရှိခြင်းကို ပြောင်းပြန်လှန်နိုင်ခဲ့ကြတာ တွေ့ရပါတယ်။
■ နေထိုင်စားသောက်မှုပုံစံထိန်းသိမ်းခြင်းဖြင့် ကိုယ်အလေးချိန် သိပ်ပြီးချစရာမလိုဘဲ ဆီးချိုဖြစ်နိုင်ခြေရှိခြင်းကနေ သက်သာစေနိုင်တယ်လို့ ဂျာမနီ တူဘင်ဂန်တက္ကသိုလ်ဆေးရုံမှ သုတေသနပြုစုသူများ တွေ့ရှိခဲ့ကြပါတယ်။
■ ဝမ်းဗိုက်အဆီတွေဖြစ်တဲ့ ဝမ်းတွင်းအဆီ၊ ကိုယ်တွင်းအင်္ဂါအဆီတို့ဟာ ရောင်ရမ်းစေတဲ့ပစ္စည်းတွေ ထုတ်လွှတ်ပြီး အင်ဆူလင်ချို့ယွင်းစေကာ သကြားတွေကို သွေးထဲကနေ ဆဲလ်တွေထဲ ရွေ့စေပါတယ်။
■ ပိုလျှံတဲ့ သကြားတွေက အဆီအဖြစ်ပြောင်းလဲသွားကာ ဝမ်းဗိုက်တဝိုက်မှာ အထပ်လိုက်စုစည်းလာစေပြီး ဗိုက်ထွက်နေတဲ့သူတွေက ဆီးချိုဖြစ်နိုင်ခြေ များစေတာဖြစ်ပါတယ်။
■ အစားအသောက်ကလည်း အရေးပါကာ ကာဗိုဟိုက်ဒရိတ်နည်းနည်း၊ ပရိုတိန်းများများ၊ မပြည့်ဝဆီများများစားခြင်းက ဆီးချိုဖြစ်နိုင်ခြေရှိခြင်းကို သက်သာစေနိုင်ပါတယ်။
■ ဒီအတွက် ဂျုံပြောင်းဆန်၊ အသီးအနှံ၊ ဟင်းရွက်များ၊ ပဲအမျိုးမျိုး၊ အခွံမာသီးများ၊ အစေ့အဆန်၊ သံလွင်ဆီ၊ အဆီပါသောငါးတို့က ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။
■ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများပြုလုပ်ခြင်းကလည်း ဝမ်းတွင်းအဆီကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
Source: Indian Express
#World_Health
Published 05 November 2025
■ လူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အား၊ အရေပြားတင်းရင်းနိုင်စွမ်း၊ မျိုးပွားနိုင်စွမ်းတို့က ငယ်ရွယ်ချိန်မှာ အကောင်းဆုံးလို့ ပြောနိုင်ပေမယ့် သုတေသနအသစ်မှာတော့ ဦးနှောက်အတွက် အကောင်းဆုံးအချိန်တွေက ဘဝအသက်အရွယ်နောက်ပိုင်းမှာ ဖြစ်တယ်လို့ ထောက်ပြလာပါတယ်။
■ ဒီလေ့လာချက်ဟာ အသက်အရွယ်နဲ့ ဆင်ခြင်နိုင်စွမ်း၊ ဆုံးဖြတ်တွေးတောမြန်ဆန်နှုန်း၊ အသိဉာဏ်ပညာနဲ့ စိတ်ခံစားချက်ဉာဏ်ရည်တို့လို စွမ်းရည်တို့ကို တိုင်းတာသုံးသပ်ထားတာ ဖြစ်ပါတယ်။
■ တကယ်တမ်းတော့ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေဟာ အသက် ၅၅ နှစ်မှ နှစ် ၆၀ ကြား အမြင့်ဆုံးဖြစ်တယ်လို့ ဩစတြေးလျအနောက်ပိုင်းတက္ကသိုလ်မှ စိတ်ကျန်းမာရေး တွဲဖက်ပရော်ဖက်ဆာ ဂျီလက်စ်ဂစ်ညက်က ပြောပါတယ်။
■ အသက် ၆၅ နှစ်မတိုင်ခင်အထိ စတင်ကျဆင်းခြင်းမရှိသလို ၇၅ နှစ်နောက်ပိုင်းမှာတော့ သိသိသာသာ ကျဆင်းလာပါတယ်။
■ စရိုက်သွင်ပြင်တွေကလည်း နောက်ပိုင်းမှာမှ အမြင့်ဆုံးရောက်ရှိပြီး တာဝန်သိရှိနိုင်စွမ်းကလည်း ၆၅ နှစ်အရွယ်မှာ အမြင့်ဆုံးဖြစ်ကာ ၇၅ နှစ်မှာ စိတ်ခံစားချက်တည်ငြိမ်မှု အမြင့်ဆုံးဖြစ်နေပါတယ်။
■ ဒီတွေ့ရှိချက်တွေအရ စီးပွားရေး၊ နိုင်ငံရေး၊ လူနေမှုဘဝတို့ရဲ့ ဦးဆောင်သူအပိုင်းတွေမှာ အသက် ၅၀ ကျော် ၆၀ တွေ ဦးစီးနေရတဲ့အကြောင်းအရင်း ဖြစ်နေနိုင်တယ်လို့ ဆိုပါတယ်။
■ အသက်အရွယ်နဲ့ စိတ်ပိုင်းဆိုင်ရာခွန်အားတို့ကြား အပြုသဘောဆောင် ပတ်သက်မှုတွေ တွေ့ရပေမယ့် လုပ်ငန်းခွင်တွေမှာ အသက်ကြီးသူတွေကို ခွဲခြားဆက်ဆံတာတွေ မြင်နေရဆဲဖြစ်ပါတယ်။
■ အချို့သောအလုပ်ရှင်တွေက အသက် ၅၀ ဝန်းကျင်ဝန်ထမ်းတွေကို ရေရှည်မှာ ကောင်းမွန်တဲ့ရင်းနှီးမှုအဖြစ် မမြင်ကြတော့သလို မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုမြင့်မားဖို့လိုတဲ့ လေယာဉ်မှူး၊ လေကြောင်းထိန်းချုပ်ရေးအလုပ်တွေဆိုရင် အသက် ၆၅ နှစ်နဲ့အောက်ကို မဖြစ်မနေ ပင်စင်ယူခိုင်းပါတယ်။
■ ဦးနှောက်စွမ်းရည်တွေက အသက်အရွယ်တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့မရဘဲ အကဲဖြတ်မှုတွေကလည်း အလုပ်အကိုင်ရနိုင်စွမ်းကို သက်ရောက်နိုင်ပါတယ်။
■ ဦးနှောက်အမြင့်ဆုံးစွမ်းရည် အခြေအနေကနေ ကျဆင်းခြင်းမှ ကာကွယ်ဖို့အတွက် ဟင်းရွက်များ၊ အသီးအနှံများ၊ အခွံမာသီးများ၊ ငါးများပါဝင်တဲ့ မက်ဒီတာရေးနီးယန်း စားသောက်ပုံစံက ဦးနှောက်ကို ကျန်းမာနေစေမှာ ဖြစ်ပါတယ်။
Source: New York
တောင်ကိုရီးယားနိုင်ငံ ဂျောင်ဂျူမှာ သောကြာနေ့ကပြုလုပ်တဲ့ ၃၂ ကြိမ်မြောက် APEC စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးပထမအပိုင်းကို တရုတ်သမ္မတရှီကျင့်ဖျင် တက်ရောက်ခဲ့ပါတယ်။
#Asia_News
Published 03 November 2025
#APEC #တရုတ်သမ္မတရှီကျင့်ဖျင်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 03 November 2025
၁။ ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်းရောင်း/ငှား ဈေးများမြင့်တက်နေသော်လည်း ဈေးကွက်လည်ပတ်နေ
၂။ ဒေါ်လာငါးသန်းကျော်တန်ဖိုးရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၄)ခုကို ခွင့်ပြုပေး
၃။ သကြားအထွက်နှုန်းကောင်းမွန်ရန် ကြံမျိုးကောင်းနှင့်နည်းပညာများပေးနေ
၄။ (၃၂)ကြိမ်မြောက်APECစီးပွားရေးခေါင်းဆောင်များအစည်းအဝေး၌ ရှီကျင့်ဖျင်မိန့်ခွန်းပြော... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
သကြားအထွက်နှုန်းကောင်းမွန်စေဖို့ တောင်သူတွေကို အရည်အသွေးကောင်းတဲ့ ကြံမျိုးတွေအပြင် စိုက်ပျိုးရိတ်သိမ်းချိန်လွန်နည်းပညာပေး တာ တွေ ဆောင်ရွက်နေတယ်လို့ စိုက်ပျိုးရေးဦးစီးဌာနကသိရပါတယ်။
#Local_News
Published 03 November 2025
#သကြား #ကြံ
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းဒေသကြီး၌မတည်တန်ဖိုး အမေရိကန်ဒေါ်လာငါးသန်းကျော်တန်ဖိုးရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၄)ခုကိုခွင့်ပြုပေးခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီကနေသိရပါတယ် ။
#Local_News
Published 03 November 2025
#ရန်ကုန်တိုင်းဒေသကြီး
#YMG/NN #Yangon_Times
Page 187 of 2002