#World_Health
Published 30 October 2025
■ အသက်အရွယ် မအိုသေးခင်မှာပဲ ဆံပင်ဖြူထွက်လာတတ်ကြပါတယ်။
■ ဆံပင်တွေက ဆက်လက်ရှည်ထွက်နေဆဲ ဖြစ်ပေမယ့် ဆံကေသာမွေးညင်းပေါက်ထဲက ဆဲလ်တွေကြောင့် ဆံပင်အရောင်ဖျော့လာတာ ဖြစ်ပါတယ်။
■ မွေးညင်းပေါက်တွေထဲက ရောင်ခြယ်ဆဲလ်တွေကြောင့် ဆံပင်အရောင် စတင်ဖြစ်ပေါ်ပါတယ်။
■ Melanocyte stem cells လို့ခေါ်တဲ့ ဆဲလ်တွေက မရွေ့တော့တဲ့အခါ အရောင်မဖြစ်ပေါ်တော့ဘဲ ဆံပင်ကတော့ ဆက်လက်ရှည်နေပါတယ်။
■ ဒါကြောင့် မရွေ့တော့တဲ့ဆဲလ်တွေကို နောက်တစ်ခါရွေ့လျားအောင် ပြုလုပ်ခြင်းဖြင့် ဆံပင်ဖြူကာကွယ်ခြင်းနဲ့ ဖြူပြီးသားကိုတောင် အရောင်ပြန်ဖြစ်စေနိုင်မယ့် နည်းလမ်းတစ်ခုကို NYU Langone Health မှ ဦးဆောင်သုတေသီ ကျိစွန်းက ပြောပါတယ်။
■ လေ့လာမှုပြုလုပ်ရာမှာ ကြွက်တွေထဲက RNA ဖြစ်စဉ်နဲ့ တိုက်ရိုက်ပုံရိပ်တွေ အသုံးပြုပြီး ဆဲလ်ရွေ့လျားပုံတွေနဲ့ အမျှင်အရောင်အပေါ် သက်ရောက်ပုံများကို စောင့်ကြည့်ခဲ့ကြပါတယ်။
■ ထိုအခါမှာ အသက်အရွယ်တစ်ခုတည်းထက်စာရင် အချိန်ကိုက်ဖြစ်ခြင်းနဲ့ ဆဲလ်ရွေ့လျားမှုတို့ကပါ အမွှေးအရောင်ဆုံးရှုံးခြင်းရဲ့ အဓိကအကြောင်းအရင်းတွေ ဖြစ်နေပါတယ်။
■ သိပ္ပံပညာရှင်တွေက ပင်မဆဲလ်ရွေ့လျားမှု ပြန်လည်ရှင်သန်စေပြီး မွေးညင်းပေါက်များ ပြန်လည်အလုပ်လုပ်စေမယ့် နည်းလမ်းတွေကို ဖန်တီးဖို့ ရည်ရွယ်ထားပါတယ်။
■ လက်ရှိမှာတော့ ကုသနည်းတွေ မရသေးပေမယ့် ယခုသုတေသနအရဆိုရင် အနာဂတ်မှာ ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေအတွက် လမ်းစဖြစ်လာနိုင်ပါတယ်။
Source: Earth.
၂၉ အောက်တိုဘာ ၂၀၂၅
ခေတ်သမိုင်းကို ဒုန်းဆိုင်းမည့်သူများ ရွေးကောက်ပွဲ အသိပညာပေးဇာတ်လမ်း၊ ဧရာဝတီမြစ်ကူး ရတနာသိင်္ခတံတားကို အကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးခဲ့မှု၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်တို့နှင့်ပတ်သက်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကရှင်းလင်းပြောကြားခဲ့ရာ ပြောကြားချက်အပြည့်အစုံရုပ်သံကိုဖော်ပြပေးပါတယ်။
တောင်အာဖရိကမှ နှစ်ရာချီသက်တမ်းရှိတဲ့ ရထားလမ်းကြောင်းစနစ်ကို တရုတ်ကုမ္ပဏီတစ်ခုရဲ့ AI နည်းပညာများဖြင့် အသွင်ပြောင်းလဲပေးလိုက်ပြီဖြစ်ပါတယ်။
#World_Development
Published 29 October 2025
#AI #တရုတ်ကုမ္ပဏီ
#YMG #Yangon_Times #Yangon_Media_Group
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့ကို အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဆုယှဉ်ပြိုင်နိုင်ဖို့အတွက်လုပ်ငန်းညှိနှိင်းအစည်းအဝေးကို ယမန်နေ့ကပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမဆောင်မှာ ကျင်းပခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 29 October 2025
#ပြင်ဦးလွင်မြို့ #ဆေးလိပ်
#YMG/SW #Yangon_Times
ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ကမ္ဘာအေးစေတီတော်မြတ်ကြီးရဲ့ (၂၅)ကြိမ်မြောက် မသိုးသင်္ကန်း ယှဉ်ပြိုင်ရက်လုပ်ကပ်လှူပူဇော်ပွဲနဲ့ ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲကို ကျင်းပသွားမယ်လို့သိရပါတယ်။
#Local_News
Published 29 October 2025
#ကမ္ဘာအေးစေတီတော် #မသိုးသင်္ကန်း
#YMG/NN #Yangon_Times
ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်မှာ တန်ဆောင်တိုင်ဈေးရောင်းပွဲတော်ကို လေးရက်ကြာကျင်းပသွားမယ်လို့ Yangon Zoo က သိရပါတယ်။
#Local_News
Published 29 October 2025
#ရန်ကုန်တိရိစ္ဆာန်ဥယျာဉ် #Yangon_Zoo
#YMG/NN #Yangon_Times
မြန်မာ-အီဂျစ်နှစ်နိုင်ငံအကြား လယ်ယာကဏ္ဍပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ယမန်နေ့က အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့၊ အုပ်ချုပ်ရေးမြို့တော်သစ်ရှိ အီဂျစ်နိုင်ငံ စိုက်ပျိုးရေးနှင့်မြေယာပြုပြင်ပြောင်းလဲရေးဝန်ကြီးဌာနမှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 29 October 2025
#မြန်မာ_အီဂျစ်
#YMG/SW #Yangon_Times
#Daily_News
Published 29 October 2025
၁။ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်၌ တန်ဆောင်တိုင်ဈေးရောင်းပွဲတော် လေးရက်ကြာကျင်းပမည်
၂။ ကမ္ဘာအေးစေတီတော်၌ မသိုးသင်္ကန်းနှင့်ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲကျင်းပမည်
၃။ အာဆီယံ ဆေးလိပ်ငွေ့ကင်းစင်ဒေသဆုအတွက် ပြင်ဦးလွင်မြို့ဝင်ရောက်ယှဉ်ပြိုင်မည်
၄။ တရုတ်နည်းပညာ AIစနစ်အကူအညီဖြင့် တောင်အာဖရိကသက်တမ်းရင့်ရထားလမ်းကြောင်းအသွင်ပြောင်းလဲ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 29 October 2025
▪️ အိန္ဒိယ-မြန်မာ ကမ်းရိုးတန်းသွားသင်္ဘောများဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုပြီးပါက ကုန်သွယ်မှုလမ်းကြောင်းသစ်များ ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး ဒေသတွင်းဆက်သွယ်မှု ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက အိန္ဒိယနိုင်ငံမွမ်ဘိုင်းမြို့ရှိ NESCO Exhibition Center ၌ အောက်တိုဘာ (၂၇) ရက်မှ (၃၁) ရက်အထိ ကျင်းပသည့် အိန္ဒိယရေကြောင်းဆိုင်ရာ ရက်သတ္တပတ်-၂၀၂၅ (INDIA MARITIME WEEK - 2025) အခမ်းအနားသို့ တက်ရောက်စဉ်ပြောကြားခဲ့ကြောင်း သိရသည်။
▪️ ဒုတိယဝန်ကြီးက BIMSTEC Coastal Shipping Agreement အရ ဘင်္ဂလားပင်လယ်အော်တစ်လျှောက်အဆင်ပြေသော ရေကြောင်းဆက်သွယ်မှုများကို ဖန်တီးပေးနိုင်မည်ဖြစ်သည့်အပြင် ကမ်းရိုးတန်းနိုင်ငံအားလုံးအတွက် ပူးတွဲအပြာရောင်စီးပွားရေးကိုလည်း ထောက်ပံ့ကူညီပေးနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ပင်လယ်ရေကြောင်းကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ASEAN၊ BIMSTEC စသည့် ဒေသတွင်းနိုင်ငံများနှင့်အတူ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
▪️ ဆက်လက်ပြီးမြန်မာနိုင်ငံသည် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တစ်လျှောက် ကမ်းရိုးတန်း ကီလိုမီတာ ၂၃၀၀ ကျော်ရှိသည့် တောင်နှင့်အရှေ့တောင်အာရှကို ဆက်သွယ်ထားသော မဟာဗျူဟာကျသည့်နေရာတွင်တည်ရှိနေပြီး မြန်မာနိုင်ငံ၏ ဆိပ်ကမ်းများဖြစ်သော ရန်ကုန်၊ သီလဝါနှင့် ကျောက်ဖြူတို့သည် မြန်မာနိုင်ငံကို ဒေသတွင်းနှင့် ကမ္ဘာ့ဈေးကွက်များသို့ ချိတ်ဆက်ပေးနေကြောင်း၊ မြန်မာနိုင်ငံသည် IMO ၏ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုရှိစေရေး ရေကြောင်းကျွမ်းကျင်ပညာရှင်များနှင့် သင်္ဘောသားများအတွက် သင်တန်းပေးခြင်းတို့ကိုလည်း ခေတ်နှင့်အညီဆောင်ရွက်လျက်ရှိကြောင်းပြောကြားခဲ့သည်။
▪️ အဆိုပါအခမ်းအနားကို အိန္ဒိယနိုင်ငံဆိပ်ကမ်း၊ သင်္ဘောပို့ဆောင်ရေးနှင့် ရေကြောင်းဝန်ကြီးဌာနက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ပင်လယ်ဆိပ်ကမ်း အခြေခံအဆောက်အအုံမြှင့်တင်ရန်၊ ဆိပ်ကမ်းစီမံခန့်ခွဲမှုလုပ်ငန်းများခေတ်မီရေး အဆင့်မြှင့်တင်ရန်နှင့် ရေကြောင်းပို့ဆောင်ရေးကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရန်စသည့်အခွင့်အလမ်းများကို ရှာဖွေဖော်ထုတ်သွားနိုင်စေရေးအတွက် ရည်ရွယ်၍ကျင်းပခြင်းဖြစ်ပြီးလိုက်ဘေးရီးယား၊ မော်ရစ်ရှ၊ မြန်မာ၊ နယ်သာလန်၊ နော်ဝေ၊ သီရိလင်္ကာ၊ ဆော်ဒီ အာရေဗျ၊ တောင်ကိုရီးယားနိုင်ငံ၊ အင်တီဂွါနှင့်ဘာဘူဒါနိုင်ငံတို့မှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ တက်ရောက်ကြကြောင်းသိရသည်။
#YMG/SW #Yangon_Times
#World_News
Published 29 October 2025
■ ၁၉၁၆ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့စွဲပါ ခဲတံဖြင့်ရေးသားထားသော စာတစ်စောင်ကို အနောက်ဩစတြေးလျတောင်ပိုင်း၊ Wharton ကမ်းခြေတွင် ပုလင်းတစ်လုံးထဲ၌ တွေ့ရှိခဲ့သည်။
■ အဆိုပါစာကို တပ်သား မဲလ်ကွန် အလက်ဇန္ဒား နဗီးလ် ကရေးသားခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါစာအားတွေ့ရှိသူကို တောင်ဩစတြေးလျပြည်နယ်၊ Wilkawatt ရှိ သူ၏မိခင်ထံပေးပို့ပေးရန် တောင်းဆိုထားသည်။
■ တပ်သား မဲလ်ကွန်သည် ၁၉၁၇ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၌ အသက် ၂၈ နှစ်အရွယ်တွင် တိုက်ပွဲဝင်ရင်းကျဆုံးခဲ့သည်။
■ Esperance အနီးရှိ Wharton ကမ်းခြေတွင် အမှိုက်ကောက်နေသည့် မိသားစုတစ်စုက ထိုပုလင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
■ "ပင်လယ်ထဲတစ်နေရာ" တွင်ရေးသားခဲ့သည့် ထိုစာ၌ HMAS Ballarat သင်္ဘောပေါ်တွင် အစားအသောက်ကောင်းမွန်ကြောင်း၊ သို့သော် အစားအစာတစ်နပ်စာကိုမူ "ပင်လယ်ထဲတွင် မြှုပ်နှံခဲ့ရကြောင်း" ဖော်ပြထားသည်။
■ သူက နောက်ပြောင်သောလေသံဖြင့် ရေးသားထားသည်မှာ-
"သင်္ဘောကတော့ လှုပ်ရမ်းနေတာပဲ၊ ဒါပေမဲ့ ကျွန်တော်တို့ကတော့ အရမ်းပျော်နေပါတယ်။ အမေရဲ့ ချစ်ရတဲ့သား၊ မဲလ်ကွန်။"
■ Esperance ဒေသခံ ဒက်ဘရာ ဘရောင်း က သူမ၏သမီး ဖယ်လီစီတီ သည် ပုံမှန်ကမ်းခြေသန့်ရှင်းရေးလုပ်နေစဉ် ထိုပုလင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
■ ဆောင်းရာသီမုန်တိုင်းများကြောင့် မြေတိုက်စားမှုဖြစ်ပြီး ပုလင်းပေါ်လာခြင်းဖြစ်နိုင်သည်ဟု သူတို့ကယူဆထားသည်။
■ ရက်အနည်းငယ် ခြောက်သွေ့အောင်ထားပြီးနောက်၊သူတို့သည် ခွဲစိတ်ခန်းသုံးကတ်ကြေးကို အသုံးပြု၍ ကြေမွလွယ်သော စက္ကူစကို ဂရုတစိုက် ထုတ်ယူခဲ့ကြသည်။
■ ထို့နောက် ဩစတြေးလျ စစ်သတိရအောက်မေ့ဖွယ် (Australian War Memorial) ဝက်ဘ်ဆိုက်တွင် စစ်သား၏ သမိုင်းကြောင်းကို ခြေရာခံခဲ့ပြီး သူ၏ မျိုးဆက်များကို အွန်လိုင်းမှတစ်ဆင့်ရှာဖွေတွေ့ရှိခဲ့သည်။
■ ပုလင်းထဲတွင် တပ်သား ဝီလျံ ကာ့ခ်ဟာလီ ထံမှ နောက်ထပ်စာတစ်စောင်ကိုလည်း တွေ့ရှိခဲ့သည်။
■ ထိုစာသည်လည်း ၁၉၁၆ ခုနှစ်၊ သြဂုတ်လ ၁၅ ရက် နေ့စွဲဖြင့်ပင်ဖြစ်ပြီး "ပင်လယ်အော်ထဲ တစ်နေရာတွင် ရေးသားခဲ့ခြင်းဖြစ်သည်။
■ တပ်သား ဟာလီ သည်စစ်အတွင်းမှ အသက်ရှင်ကျန်ရစ်ခဲ့ပြီး နောက်ပိုင်းတွင် သားသမီးများ ထွန်းကားခဲ့သည်။
■ ယခုအခါ သူ၏ မြေးမများနှင့် အဆက်အသွယ်ရရှိပြီဖြစ်သည်။
■ "ကျွန်မတို့ ပုလင်းကိုရော၊ တွေ့ရှိသူဆီ လိပ်မူထားတဲ့ မဲလ်ကွန်ရဲ့ အပေါ်က စာကိုပါ သိမ်းထားခွင့် ရခဲ့တယ်" ဟု မစ္စဘရောင်း ကပြောသည်။
"ဒါဟာ တကယ်ကို အံ့သြစရာပါပဲ။"
■ ၂၀၁၈ ခုနှစ်တွင် Esperance အနီး၌ ၁၈၈၆ ခုနှစ်က ရေးသားခဲ့သော အခြား ပုလင်းထဲမှ စာဟောင်းတစ်စောင်ကို တွေ့ရှိခဲ့ဖူးပြီး၊ ယင်းသည် ယခုအချိန်အထိ သိရှိသမျှတွင် ရှေးအကျဆုံးတွေ့ရှိမှုဟု ယူဆရသည်။
Source ABC.
#World_News
Published 29 October 2025
■ အင်္ဂါနေ့က ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုမြို့မှာ အသေအပျောက်အများဆုံး ရဲတပ်ဖွဲ့စစ်ဆင်ရေးကြီး ဆောင်ရွက်ခဲ့ရာ အနည်းဆုံး ၆၄ ဦး သေဆုံးခဲ့ပါတယ်။
■ COP30 လို့ခေါ်တဲ့ ကုလသမဂ္ဂ ရာသီဥတုထိပ်သီးအစည်းအဝေးဆိုင်ရာပွဲများ မပြုလုပ်ခင် ရက်ပိုင်းအလိုမှာ အဓိကဂိုဏ်းကြီးတစ်ခုကို ပစ်မှတ်ထားခဲ့ကြတာ ဖြစ်ပါတယ်။
■ ရီယိုမှာ ၂၀၁၆ အိုလံပစ်၊ ၂၀၂၄ G20 အစည်းအဝေး၊ ဇူလိုင်လကပြုလုပ်တဲ့ BRICS အစည်းအဝေးတို့ ပြုလုပ်ခါနီးတွေမှာလည်း ရဲတွေက ဒုစရိုက်ဂိုဏ်းအဖွဲ့တွေကို စစ်ဆင်ရေးများ ပြုလုပ်လေ့ရှိပါတယ်။
■ လာမယ့်သီတင်းပတ်အတွင်း ရီယိုမှာ C40 မြို့တော်ဝန်ကမ္ဘာ့ထိပ်သီးအစည်းအဝေး ပြုလုပ်မှာဖြစ်ကာ ရာသီဥတုဖောက်ပြန်ခြင်း တိုက်ဖျက်ဖို့အကြောင်းနဲ့ မင်းသားဝီလျံရဲ့ Earthshot ဆုတို့ ပါဝင်လာမှာဖြစ်ပါတယ်။
■ ရီယိုအုပ်ချုပ်ရေးမှူး ကလော်ဒီယိုကက်စထရိုက အသေအပျောက်စာရင်းကို အတည်ပြုခဲ့ပြီး ရဲအရာရှိ ၄ ဦးပါဝင်ခဲ့ကာ ယခင်စစ်ဆင်ရေးထက် နှစ်ဆနီးပါးကျော် ပိုများနေပါတယ်။
■ အင်္ဂါနေ့အစောပိုင်းမှာ မီးခိုးငွေ့တွေထွက်လာခဲ့ပြီး ဂိုဏ်းတွေက ကားတွေကိုမီးရှို့ကာ သံချပ်ကာယာဉ်များ နှောင့်နှေးအောင်ပြုလုပ်ခဲ့ပါတယ်။
■ ဗီဒီယိုတွေထဲမှာ တရားခံတွေက ရဲတွေကို လက်ပစ်ဗုံးတပ်ဆင်ထားတဲ့ ဒရုန်းတွေ အသုံးပြုခဲ့ပါတယ်။
■ အပြင်းအထန် တိုက်ခိုက်ကြပြီးနောက်မှာ အထူးစစ်ဆင်ရေးအဖွဲ့မှ ရဲတွေက လူဒါဇင်ခန့်ကို ဝိုင်းရံခဲ့ကြတာကို ရိုက်တာသတင်းထောက်တစ်ဦး မြင်တွေ့ခဲ့ရပါတယ်။
■ ဒီဖြစ်ရပ်တွေကြောင့် စာသင်ကျောင်းတွေ၊ ဆေးကုသမှုလုပ်ငန်းတွေ နှောင့်နှေးခဲ့ပြီး ကားလမ်းတွေပိတ်ဆို့ခဲ့ပါတယ်။
■ ဒီစစ်ဆင်ရေးက ဂိုဏ်းတွေရဲ့ မူးယစ်ဆေးတွေနဲ့ ငွေဖြူပြောင်းလဲရေးတို့ကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး ၈၁ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ကက်စထရိုက အတည်ပြုခဲ့ပါတယ်။
■ အရပ်ဖက်အဖွဲ့အချို့ကတော့ ဒီစစ်ဆင်ရေးဟာ လုံးဝအောင်မြင်မှုမရဘဲ မူးယစ်ဆေးကွင်းဆက်တွေကို တကယ်တမ်း ဖျက်ဆီးနိုင်ခြင်းမရှိခဲ့ဘူးလို့ ဝေဖန်ကြပါတယ်။
Source: Reuters
#Local_News
Published 29 October 2025
▪️ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈) ကိုချမှတ်ဆောင်ရွက်နေကြောင်း သိရသည်။
▪️ အဆိုပါ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီအစည်းအဝေးကို ယမာန်နေ့ မနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်၊၊
▪️ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီလက်အောက်ရှိ လုပ်ငန်းကော်မတီ (၈) ရပ်အနက် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီအနေဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈) အရ ကျူးလွန်သူကို တရားစွဲဆို ခြင်း၊ ကလေးသူငယ်ကို အကာအကွယ်ပေးခြင်း၊ လိုအပ်သောထောက်ပံ့မှုများပေးခြင်းတို့ကို အလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးလုပ်သားစစ်တမ်း ၂၀၂၄-၂၀၂၅ အစီရင်ခံစာအရ တိုင်းဒေသကြီး၊ ပြည်နယ် ၁၀ ခုရှိ အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ကလေးသူငယ် ၈၂ ဦးတို့အား လူမှုဖြစ်ရပ်စီမံခန့်ခွဲမှု နည်းလမ်းများနှင့် အညီ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်မှုအခြေအနေ နှစ်ဝက်အစီရင်ခံစာများ၊ လစဉ်အစီရင်ခံစာများကို အမျိုးသားကော်မတီသို့ ပုံမှန်ပေးပို့တင်ပြလျက်ရှိပါကြောင်း၊ အရည်အသွေးပြည့်ဝသော လုပ်သားကောင်းများ ရရှိစေရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ လူငယ်သင်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများအတွက် သက်မွေးပညာသင်တန်းများကို သင်ကြားလေ့ကျင့်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဒုတိယငါးနှစ်စီမံချက်သည် ၂၀၂၄ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိဖြစ်ပြီး လုပ်ငန်းကော်မတီအနေဖြင့် ဒုတိယငါးနှစ်လုပ်ငန်းစီမံချက်တွင် ပါရှိသောလုပ်ငန်းစဉ်များကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးမှာကြားသည်။
▪️ ထို့နောက် တာဝန်ရှိသူများက လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းတင်ပြကြရာ ဒုတိယဝန်ကြီးက အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေသည့်အလုပ်ရှင်များအား ဥပဒေပိုင်းဆိုင်ရာ အသိပညာများပေးရန်၊ အဆိုးရွားဆုံး ပုံစံခိုင်းစေခံရသည့် ကလေးအလုပ်သမားများတွေ့ရှိပါက လူမှုဝန်ထမ်းဦးစီးဌာန၏ Help Line Phone No. 1566 သို့ သတင်းပို့ရန်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့်အညီ ကလေးအားအကောင်းဆုံးအကျိုးစီးပွားရရှိရေးအတွက် ဆောင်ရွက်ပေးရန်တို့ကို မှာကြားခဲ့ကြောင်းသိရသည်၊၊
#YMG/NN #Yangon_Times
Page 191 of 2002