#Local_News
Published 28 October 2025
▪️ တရားမဝင်စက်သုံးဆီ သယ်ယူဖြန့် ဖြူးရောင်းချမှုများကို စစ်ဆေးဖမ်းဆီးကာ ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပ ဒေနှင့်အညီ အရေးယူဆောင်ရွက်နေကြောင်း သိရသည်။
▪️ ထို့သို့ဆောင်ရွက်လျှက်ရှိရာတွင်စွမ်းအင်ဝန်ကြီးဌာန၊ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် ရေနံနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတို့သည်၂၀၂၄ ခုနှစ်၊ ဧပြီ ၁ ရက်မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်အထိ တိုင်းနှင့်ပြည်နယ်များတွင် တရားမဝင်စက်သုံးဆီ သယ်ယူဖြန့် ဖြူးရောင်းချမှု(၅၅၃)ကြိမ်မှ ငွေကျပ်(၁၈,၉၂၂)သန်းကျော်တန်ဖိုးရှိ စက်သုံးဆီတန်ချိန်(၃,၀၃၇)တန်ခန့်ကို သိမ်းဆည်းရမိခဲ့သဖြင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။
▪️ လက်ရှိတွင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် ရေနံနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတို့သည် တရားမဝင် စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရောင်းချမှုမရှိစေရေးနှင့် လျော့နည်းပပျောက်စေရေးကို ဥပဒေနှင့်အညီ ထိန်းကြောင်းဆောင်ရွက်လျက်ရှိကာ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ စစ်ဆေးကြပ်မတ်ခြင်းနှင့် တရားမဝင်စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်းမရှိစေရန် အသိပညာပေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း၊ထို့ကြောင့်စက်သုံးဆီများ သယ်ယူဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်လိုပါက ဥပဒေနှင့်အညီ သက်ဆိုင်ရာလုပ်ငန်းလိုင်စင်များရယူဆောင်ရွက်ကြရန်လိုကြောင်း သိရသည်။
▪️ တရားဝင်လုပ်ငန်းလိုင်စင်ရယူ၍ လုပ်ငန်းများလုပ်ကိုင်ရာတွင်လည်း ဥပဒေပြဋ္ဌာန်းချက်များ၊ လမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်ရမည်ဖြစ်ပြီးထိုသို့ဆောင်ရွက် ခြင်းမရှိပါက ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပြဋ္ဌာန်းချက်အရ စီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 28 October 2025
▪️ လာမည့် ဆောင်းရာသီကာလအတွင်း ဧရာဝတီအပါအဝင် ဒေသအစုံမှ မြစ် ရေများကျဆင်းလာမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ ဆောင်းရာသီကာလဖြစ်သည့် နိုဝင်ဘာလမှ ဖေဖော်ဝါရီလအတွင်း
ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် ၅ ပေမှ ၁၀ ပေခန့်၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၁၅ ပေမှ ၁၉ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ကြောင်း သိရသည်။
▪️ ထို့အပြင် ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၈ ပေမှ ၁၅ ပေခွဲခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ကြောင်းသိရသည်။
▪️ ထို့အပြင် မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ၇ ပေခွဲခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့တွင် ၁ ပေခွဲခန့်၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ၇ ပေမှ ၉ ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့ တို့တွင် ၆ ပေမှ ၉ ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ၃ ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် ၄ ပေမှ ၅ ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၇ ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ၃ ပေခွဲခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ၁၃ ပေခွဲခန့်၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် ၃ ပေမှ ၅ ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် ၄ ပေခွဲခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ၃ ပေခွဲခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_News
Published 28 October 2025
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အင်္ဂါနေ့က တိုကျိုမှာ ဂျပန်ဝန်ကြီးချုပ်သစ် ဖြစ်လာတဲ့ ဆာနဲတာကိုင်ချီနဲ့ တွေ့ဆုံခဲ့ပြီး ကုန်သွယ်ရေးနဲ့ လုံခြုံရေးအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
■ ဂျပန်ရဲ့ ပထမဆုံး အမျိုးသမီးခေါင်းဆောင် ဖြစ်လာခြင်းနဲ့ စစ်ရေးမြှင့်တင်ဖို့ ကတိပြုခဲ့တဲ့အပေါ် ထရမ့်က ချီးကျူးလိုက်ပါတယ်။
■ တာကိုင်ချီက ယခုနှစ်အတွင်း ဒေါ်လာ ၅၅၀ ဘီလီယံသဘောတူညီချက်ဖြစ်တဲ့ အမေရိကန် ရင်းနှီးမြှုပ်နှံမှုကြီးကို ကမ်းလှမ်းသွားဖို့ ရှိပါတယ်။
■ ဒါ့အပြင် အမေရိကန် ပဲပိစပ်များ၊ သဘာဝဓာတ်ငွေ့နဲ့ ပစ်ကပ်ကုန်တင်ကားများ တိုးမြှင့်ဝယ်ယူသွားဖို့ရှိကြောင်း သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။
■ ထရမ့်ကို နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် ထောက်ခံပေးဖို့ ပြင်ဆင်နေကြောင်းကိုလည်း အသိပေးဖို့ရှိပါတယ်။
■ တရုတ်ရန်ကြီးထွားလာခြင်းကို ကာကွယ်ဖို့ ထရမ့်က ဂျပန်ကို စစ်ရေးစရိတ်တိုးမြှင့်စေလိုပြီး တာကိုင်ချီက တိုင်းပြည်ဂျီဒီပီရဲ့ ၂ ရာခိုင်နှုန်းကို ကာကွယ်ရေးစရိတ် ထားရှိဖို့ကတိပြုထားပါတယ်။
■ ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေနဲ့ ပြောဆိုထားသမျှအရဆိုရင် တာကိုင်ချီဟာ ဝန်ကြီးချုပ်ကောင်းတစ်ယောက် ဖြစ်လာနိုင်ကြောင်း၊ ဂျပန်ရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာခြင်းကို ဂုဏ်ပြုလိုကြောင်း ထရမ့်က တာကိုင်ချီကို ပြောပြပါတယ်။
■ ဒါ့အပြင် စစ်ရေးမြှင့်တင်မှုများ ပြုလုပ်ပြီး အမေရိကန်လက်နက်များ ပိုမိုဝယ်ယူဖို့ ကြိုးပမ်းလာခြင်းကိုလည်း ထရမ့်က သဘောကျနေပါတယ်။
■ ကမ္ဘောဒီးယားနဲ့ ထိုင်း၊ အစ္စရေးလ်နဲ့ ပါလက်စတိုင်းတို့ကြား အပစ်အခတ်ရပ်စဲရေးတို့မှာ ထရမ့်ရဲ့ အရေးပါပုံတွေကို တာကိုင်ချီက အသိအမှတ်ပြုလိုက်ပါတယ်။
Source: Reuter
#World_Health
Published 28 October 2025
■ အဆင့်ဆင့်ထုတ်လုပ်ထုပ်ပိုးထားတဲ့ အစားအစာတွေ(UPF)က ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေတယ်လို့ သုတေသနမှာ တွေ့ရှိထားပါတယ်။
■ ဒိန်းမတ် ကိုပင်ဟေဂင်မှ သုတေသီအဖွဲ့က ဒီလိုအဆင့်ဆင့်ထုတ်လုပ်စားစရာတွေဟာ လူတွေအပေါ် ဘယ်လိုသက်ရောက်စေလဲဆိုတာကို လေ့လာခဲ့ကြပါတယ်။
■ UPF အစားအစာတွေဆိုတာက ထုပ်ပိုးထားတဲ့ စားစရာတွေ၊ သောက်စရာတွေ၊ အသင့်စားသုံးပစ္စည်းတွေဖြစ်ပြီး အရောင်အနံ့၊ ကြာရှည်ခံဆေးများနဲ့ ဆိုးဆေးများ ပါဝင်ကာ သကြား၊ ပြည့်ဝဆီ၊ ဆားများ မြင့်မားစွာပါဝင်ပြီး ဗိုက်တာမင်နဲ့ အမျှင်ဓာတ်တော့ မပါဝင်ပါဘူး။
■ UPF တွေရဲ့ ပါဝင်ပစ္စည်းတွေက ထုတ်လုပ်ထားတဲ့အရာတွေဖြစ်ပြီး ဘေးအန္တရာယ်ဖြစ်စေနိုင်ပါတယ်။
■ UPF ကြောင့် နှလုံးသွေးကြောရောဂါ၊ ကင်ဆာ၊ ဇီဝဖြစ်စဉ်ရောဂါ၊ အဝလွန်ခြင်း၊ အသည်းအဆီဖုံးရောဂါ၊ ဆီးချို၊ စိတ်ဓာတ်ကျဝေဒနာ၊ ဒီမန်ရှာနဲ့ အရွယ်မတိုင်ခင် သေဆုံးခြင်းအထိပင် ဖြစ်စေနိုင်ပါတယ်။
■ ဒီအစားအစာတွေကြောင့် ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေ ပျက်ယွင်းပုံတွေကို အံ့အားသင့်ဖွယ်တွေ့ရှိထားပြီး ရေရှည်သက်ရောက်မှုတွေက သတိထားစရာဖြစ်လာကာ နာတာရှည်ရောဂါများ မဖြစ်စေရန် လမ်းညွှန်ဖို့တွေ လိုလာတယ်လို့ ကိုပင်ဟေဂင်တက္ကသိုလ်မှ မော်လီကျူးဇီဝပညာရှင် ရိုမန်ဘာရက်စ်က ပြောပါတယ်။
■ UPF တွေက အမျိုးသားတွေမှာ တက်စတိုစတီရုန်းပမာဏနဲ့ သုတ်ပိုးထုတ်လုပ်မှု ကျဆင်းတာနဲ့လည်း ဆက်စပ်နေပါတယ်။
■ လေ့လာချက်ရလဒ်များအရ အဆင့်ဆင့်ထုတ်လုပ်စားစရာတွေဟာ မျိုးပွားကျန်းမာရေးနဲ့ ဇီဝဖြစ်စဉ်ကျန်းမာရေးတို့ကို အန္တရာယ်ဖြစ်စေနိုင်ပြီး အဆင့်ဆင့်ထုတ်လုပ်ရတဲ့ ဖြစ်စဉ်ကိုက ဘေးအန္တရာယ်ဖြစ်စေတယ်လို့ အာဟာရသိပ္ပံပညာရှင် ဂျက်စီကာပရက်စ်တန်က ပြောပါတယ်။
■ အမေရိကန်စားသောက်ကုန်ကွင်းဆက်မှာ ၇၃ ရာခိုင်နှုန်းက UFP စားစရာတွေ ဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။
Source: New York Post
#World_Health
Published 28 October 2025
■ ဆံပင်အလှပြင်ဆိုင်တွေမှာ ခေါင်းသွားလျှော်ရင်း လေဖြတ်ခြင်း ခံစားခဲ့ရတဲ့သူ ဒါဇင်ခန့်ကို သုတေသီတွေ တွေ့ရှိခဲ့ကြပါတယ်။
■ ဆယ်စုနှစ် ၅ ခုအတွင်း အလှပြင်ဆိုင်လေဖြတ်ရောဂါ ဖြစ်ပွားမှုပေါင်း ၅၄ ခုကို လေ့လာချက် ၂၂ ခုဖြင့် စစ်ဆေးကာ ဖော်ပြခဲ့ကြပါတယ်။
■ ဒီရောဂါလက္ခဏာက လူတစ်ယောက်ဟာ ခေါင်းလျှော်ဘေစင်ထဲ ပက်လက်လှန်နေရင်း လည်ပင်းအဆန့်လွန်တဲ့အခါ ဖြစ်ပွားတာ ဖြစ်ပါတယ်။
■ လည်ပင်းထဲက ကျောရိုးမသွေးကြောတွေကို ဖိမိဖြဲမိသလိုဖြစ်ပြီး ဦးနှောက်ထဲသို့ သွေးလည်ပတ်မှု ပြတ်တောက်ကာ လေဖြတ်ခြင်းအထိ ဖြစ်နိုင်ပါတယ်။
■ လေဖြတ်ခြင်းအပြင် မူးဝေခြင်း၊ အမြင်ဝါးခြင်း၊ ဟန်ချက်မညီမျှခြင်း၊ ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်း၊ အာလေးခြင်း၊ အကြောသေခြင်း၊ ခန္ဓာကိုယ်တစ်ဖက်ဖက် အားနည်းခြင်းတို့လည်း ဖြစ်နိုင်ပါတယ်။
■ အလှပြင်ဆိုင်သွားပြီးနောက် ရက်တွေအပတ်တွေကြာတဲ့အထိ ဒီလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။
■ ဒီလိုဖြစ်ပွားသူတွေထဲက ၈၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ပြီး အသက်အရွယ်ကန့်သတ်ချက် မရှိပါဘူး။
■ အလှပြင်ဆိုင်လေဖြတ်ရောဂါက အလွန်ကို ရှားပါးပေမယ့် လက္ခဏာတစ်ခုခု ခံစားရတယ်ဆိုရင် ချက်ချင်းအသိပေးသင့်တယ်လို့ သုတေသီတွေ အလေးပေးပြောထားပါတယ်။
Source: Local12
အစ္စရေးလ်-ဟားမတ်စ် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုပထမအဆင့် ၂ ပတ်ထဲသို့ ဝင်လာပြီဖြစ်ရာ ဂါဇာမြောက်ပိုင်းမှာ အခြေခံထောက်ပံ့ရေးပစ္စည်းများ အတော်လေးပြတ်လပ်နေဆဲဖြစ်ပြီး နောက်ဆုံးကျန်ရှိတဲ့ မုန့်ဖုတ်ဆိုင်ဆိုရင် ပါဝင်ပစ္စည်း၊ လောင်စာ၊ ကိရိယာ ရှားပါးမှုများကြောင့် လည်ပတ်ဖို့ ခက်ခဲနေပါတယ်။
#World_Crisis
Published 27 October 2025
#အစ္စရေးလ်_ဟားမတ်စ် #ဂါဇာ
#YMG #Yangon_Times #Yangon_Media_Group
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများ တတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေကို အောက်တိုဘာလ(၂၆)ရက် နေ့စွဲနဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်လိုက်ရာ အဆိုပါပြင်ဆင်သည့် နည်းဥပဒေမှာ နိုင်ငံရေးပါတီများအတွက် ရွေးကောက်ပွဲအသုံးစရိတ်များ တိုးမြင့် ပြင်ဆင်သတ်မှတ်ပေးခြင်းဖြစ်တယ်လို့သိရပါတယ်။
#Local_News
Published 27 October 2025
#နိုင်ငံရေးပါတီ #ရွေးကောက်ပွဲ
#YMG/SW #Yangon_Times
ယခုနှစ်ထောပတ်သီးရာသီမှာ အေးခဲထောပတ်သီး တန် ၂၀၀ ခန့် အိန္ဒိယနိုင်ငံသို့ တင်ပို့သွားဖို့စီစဉ်နေတယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရပါတယ်။
#Local_News
Published 27 October 2025
#ထောပတ်သီး #အိန္ဒိယနိုင်ငံ
#YMG/SW #Yangon_Times
#Local_News
Published 27 October 2025
▪️ အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်လိုသူများအတွက် အခြေခံမော်တာစက်ချုပ်သင်တန်းအမှတ်စဉ် (၂၆၂)ကိုဖွင့်လှစ်ေပးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ သင်တန်းကိုမြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) မှ ကြီးမှူးပြီး နိုဝင်ဘာလ ၅ ရက်မှ ၂၁ ရက်ထိ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းလူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးစင်တာ (MGHRDC) တွင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊သင်တန်းကာလ (၃) ပတ်
အတွင်း စာတွေ့၊ လက်တွေ့ ( တစ်ချောင်းချုပ်စက်နှင့်အထူးစက်အမျိုးအစား ၅မျိုး ချုပ်နည်း)သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊သင်တန်းပြီးဆုံးပါက ၁၅ဝဝဝကျပ် ထောက်ပံ့သွားမည်ဖြစ်ပြီး အလုပ်အကိုင်အတွက် အထည်ချုပ်စက်ရုံများနှင့်ချိတ်ဆက်ပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ သင်တန်းတွင် အထည်ချုပ်လုပ်ခြင်းဆိုင်ရာ သိသင့်သိထိုက်
သည့် ဗဟုသုတများ၊ချုပ်နည်းအဆင့်ဆင့်များကို လက်တွေ့သင်ကြားမှုများ၊အလုပ်သမားဥပဒေဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားပေးသွားမည်ဖြစ်ပြီးအဆိုပါသင်တန်းကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်ကာ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းပြီးဆုံးပါက အထည်ချုပ်စက်ရုံများဖြင့် ချိတ်ဆက်ကာ အလုပ်ရရှိရန် ကူညီပေးသွားမည်ဖြစ်ကြောင်း၊တက်ရောက်လိုသူများအနေဖြင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းလူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးစင်တာ (MGHRDC) အမှတ် ၄၀၀ /ဘီ၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ စဥ့်ငူရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း -၀၉ ၉၄၀၈၅၈၃၅၀, ၀၉ ၄၅၀၇၂၃၂၆၂,
၀၉ ၇၈၄၀၈၅၇၉၄, ၀၉ ၇၇၇၃၆၇၇၇၁သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ပြင်ဦးလွင်- လားရှိုးကားလမ်းမကြီးအနီးရှိ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်သူ ဧည့်သည် ၂ ဒသမ ၅ သန်းအထိရှိလာပြီဖြစ်ပြီး ၎င်းကိုအမှတ်တရ လက်ဆောင်တွေပေးအပ်ခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 27 October 2025
#ပြင်ဦးလွင်_လားရှိုး #ပွဲကောက်ရေတံခွန်
#YMG/NN #Yangon_Times
ငွေဆောင်ကို ဆေးလိပ်ငွေ့ကင်းစင်ဒေသအဖြစ်ဆောင်ရွက်သွားမယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကသိရပါတယ်။
#Local_News
Published 27 October 2025
#ငွေဆောင် #ဆေးလိပ်ငွေ့ကင်းစင်ဒေသ
#YMG/NN #Yangon_Times
#Daily_News
Published 27 OCtober 2025
၁။ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်သူ ဧည့်သည် ၂ ဒသမ ၅ သန်းအထိရှိလာ
၂။ ယခုနှစ်ထောပတ်သီးရာသီတွင် အေးခဲထောပတ်သီး တန်(၂၀၀)ခန့် အိန္ဒိယနိုင်ငံသို့တင်ပို့မည်
၃။ ရွေးကောက်ပွဲ အသုံးစရိတ်များတိုးမြင့်ပြင်ဆင်သတ်မှတ်
၄။ အပစ်အခတ်ရပ်စဲရေးရရှိထားသော်လည်း ဂါဇာ၌လူနေမှုဘဝချို့တဲ့နေဆဲ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 193 of 2002