စက်သုံးဆီနဲ့စားသုံးဆီလုပ်ငန်းတွေကို နိုင်ငံခြားငွေသန်းချီပြီး ဆက်
တိုက်ထုတ်ရောင်းပေးနေတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရဲ့ကြေညာချက်တွေအရသိရပါတယ်။
#Local_News
Published 24 October 2025
#စက်သုံးဆီ #စားသုံးဆီ
#YMG/NN #Yangon_Times
#Daily_News
Published 24 OCtober 2025
၁။ YBS စီးနင်းသည့် ခရီးသည်များအဆင်ပြေစေရေးစစ်တမ်းကောက်မည်
၂။ အစားအသောက်တွင် ဖော်မလင်ထည့်ပါကအရေးယူမည်
၃။ 𝐌𝐂𝐄𝐅 နှင့်𝐂𝐁 𝐁𝐚𝐧𝐤 တို့ဆောက်လုပ်ရေးနှင့်ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များပူးပေါင်းဆောင်ရွက်မည်
၄။ဝန်ကြီးချုပ်သစ်ဖြစ်လာသည့် LDPခေါင်းဆောင်အပေါ် ဂျပန်ပြည်သူများမျှော်လင့်ချက်ထုတ်ဖော်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 24 October 2025
▪️ ထိုင်းနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် ဖြစ်နိုင်ခြေအရှိဆုံးနေ့မှာ မတ်လ ၂၉ ရက်နေ့ဖြစ်ကြောင်း၊ ဝန်ကြီးချုပ် (အနုတင် ချန်ဗီရာ ကွန်း)နှင့် နိုင်ငံ၏ရွေးကောက်ပွဲကော်မရှင်တို့ ယင်းကိစ္စကိုဆွေးနွေးပြီးနောက် အစိုးရအရာရှိကြီးတစ်ဦး က သောကြာနေ့တွင် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
▪️ ဝန်ကြီးချုပ်က ဇန်နဝါရီလကုန်တွင် ပါလီမန်ကို ဖျက်သိမ်းရန် စီစဉ်ထားပြီး မတ်လ သို့မဟုတ် ဧပြီလအစောပိုင်းတွင် အထွေထွေရွေးကောက်ပွဲကျင်းပမည်ဟု ယခင်ကပြောကြားထားသည်။
▪️ "အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ ရွေးကောက်ပွဲကျင်းပမယ့် အချိန်ကာလကို ဆွေးနွေးခဲ့ကြပါတယ်" ဟု ဝန်ကြီးချုပ်ရုံးဝန်ကြီးတစ်ဦးဖြစ်သူ ပရာဒွန် ပရစ်ဆာနာနန်တာကွန်း ကပြောကြားခဲ့သည်။
▪️ "ဖြစ်နိုင်ခြေအရှိဆုံးရက်ကတော့ မတ်လ ၂၉ ရက်နေ့ပါ" ဟု သူက ပြောသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ဆိုင်ရာ ပြည်သူ့ဆန္ဒခံယူပွဲနှင့် ကမ္ဘောဒီးယားနိုင်ငံနှင့် နယ်နိမိတ်သတ်မှတ်ရေးဆိုင်ရာ သဘောတူညီချက်နှစ်ခုကို ပြန်လည်ရုပ်သိမ်းရန် ဆုံးဖြတ်မည့်ဆန္ဒခံယူပွဲတစ်ခုကိုလည်း အထွေထွေရွေးကောက်ပွဲနှင့်အတူ ကျင်းပဖွယ်ရှိကြောင်း ပရာဒွန်ကပြောကြားခဲ့သည်။
▪️ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပမည့်နေ့ကို တရားဝင် မသတ်မှတ်ရသေးသော်လည်း ဥက္ကဋ္ဌဖြစ်သူ အီတီပေါင်ဘွန်ပရာကောင် က တစ်နေ့တည်းတွင် ကျင်းပဖွယ်ရှိသည့်မဲပေးပွဲနှင့်ဆန္ဒခံယူပွဲနှစ်ခုစလုံးအတွက် အသေးစိတ်လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
▪️ ရွေးကောက်ပွဲနှင့် ဆန္ဒခံယူပွဲများအတွက် ခန့်မှန်းခြေဘတ်ဂျက်ငွေမှာ ဘတ်ငွေ ၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၇၄.၈၁ သန်း) ရှိမည်ဖြစ်ပြီး ထိုင်းနိုင်ငံသား ၅၃ သန်းခန့် ပါဝင်မဲပေးခွင့်ရှိကြောင်း အီတီပေါင်က ပြောကြားခဲ့သည်။
▪️ အနုတင်သည် သူ၏ ဘွန်မ်ဂျိုင်း ထိုင်းပါတီကို ဖွေ့ထိုင်း (Pheu Thai) ပါတီဦးဆောင်သော အာဏာရ ညွန့်ပေါင်းအဖွဲ့မှ နုတ်ထွက်ပြီးနောက်၊ ၂၀၂၃ ခုနှစ် ဩဂုတ်လနောက်ပိုင်းတွင် ထိုင်းနိုင်ငံ၏ တတိယမြောက်ဝန်ကြီးချုပ်ဖြစ်လာရေးအတွက် စက်တင်ဘာလအစောပိုင်းတွင် ပါလီမန်မဲခွဲဆုံးဖြတ်မှု၌ အနိုင်ရရှိခဲ့သည်။
▪️ အာဏာရရှိရန်အတွက် အနုတင်သည် ပါလီမန်အတွင်း အကြီးဆုံးအုပ်စုဖြစ်သည့် အတိုက်အခံပြည်သူ့ပါတီ (People’s Party) ၏ ထောက်ခံမှုကို ရယူခဲ့သော်လည်း ရာထူးလက်ခံပြီး လေးလအတွင်း ရွေးကောက်ပွဲခေါ်ယူပေးရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်အတွက် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပပေးရန်အခြေအနေနှစ်ရပ်ဖြင့် ထောက်ခံမှုရယူခဲ့ရခြင်းဖြစ်သည်။
#YMG/KNL #Yangon_Times
#Local_News
Published 24 October 2025
▪️ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည်
ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် ရန်ကုန် - မန္တလေး အမြန်လမ်း (ရန်ကုန် - နေပြည်တော်ပိုင်း) ပြုပြင်ရေးလုပ်ငန်းများနှင့် မွန်ပြည်နယ်ရှိ လမ်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
▪️ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီဦးမျိုးမြင့်သည်မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင်နှင့်အတူ ယမန်နေ့က မွန်ပြည်နယ်အတွင်း တည်ဆောက်လျက်ရှိသည့် လမ်းလုပ်ငန်းများနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းတို့အား ကြည့်ရှုစစ်ဆေးသည်။
▪️ ဦးစွာဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လမ်းဦးစီးဌာန မော်လမြိုင်မြို့နယ် လုပ်ငန်းခွင်ရှင်းလင်းဆောင်သို့ရောက်ရှိရာ မော်လမြိုင် (ဟင်္သာအဝိုင်း)-ကျိုက်မရောလမ်းတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို တာဝန်ခံအင်ဂျင်နီယာ၊ ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက အုတ်စီရေမြောင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေစီးရေလာကောင်းမွန်စေရေး စနစ်တကျဆောင်ရွက်သွားရန်၊ လမ်းဘေးဝဲ/ယာ သစ်ပင်များ စိုက်ပျိုးထားရန်၊ လမ်းဆုံနေရာများအတွက် Design အား ရုံးချုပ်သို့ တင်ပြသွားရန်၊ လုပ်ငန်းများအား စီမံချက်အတိုင်းပြီးစီးအောင် ဆောင်ရွက်သွားရန်မှာကြားကာ လမ်းတစ်လျှောက် အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးသည်။
▪️ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကလိုင်းကနိုင် - ကျောက်တလုံးလမ်းတစ်လျှောက်အား ကြည့်ရှုစစ်ဆေးပြီး အေးကိုကုမ္ပဏီက B.O.T စနစ်ဖြင့်ဆောင်ရွက်နေသော မော်လမြိုင်-သံဖြူဇရပ်လမ်းပိုင်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တာဝန်ခံက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဆောင်ရွက် လျက်ရှိသည့် ၂၄ ပေ အကျယ် နိုင်လွန်ကတ္တရာလမ်းအား ၃၆ ပေ အကျယ်ပြည့်မီရန် ကတ္တရာလမ်း ချဲ့ခင်းခြင်း၊ Box Culvert တံတား သုံးစင်းအား ၄၈ ပေ အကျယ် ပြည့်မီရန် တိုးချဲ့တည်ဆောက်ခြင်း၊ တံတားများ ပြုပြင်ထိန်းသိမ်းခြင်း၊ ရေနုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းပြီးစီးမှုနှင့် ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက AADT သတ်မှတ်ချက်နှင့်အညီ သတ်မှတ်လမ်းအကျယ်ရရှိအောင် ဆောင်ရွက်ရန်၊ လမ်းပေါက်များမရှိစေရေး လမ်းညွှန်အမှတ်အသား ဆိုင်းဘုတ်များ သတ်မှတ်ချက်များနှင့်အညီ စိုက်ထူဆောင်ရွက်ထားရန် မှာကြားပြီး လမ်းအသုံးပြုခကောက်ခံနေသည့် တိုးလ်ဂိတ်နှင့် ယာဉ်သွားလာမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
▪️ ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော ရန်ကုန် - မန္တလေး အမြန်လမ်း (ရန်ကုန် - နေပြည်တော်ပိုင်း) မိုင်တိုင် ၁၆၇/ ၁ မှ ၁၇၆/၂ ကြား မြေသားလုပ်ငန်းဆောင်ရွက်နေမှု၊ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း လမ်းအန္တရာယ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အသိပေး/သတိပေး ဆိုင်းဘုတ်များ ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 24 October 2025
▪️ ခွေးရူးရောဂါကာကွယ်ဆေး စမ်းသပ်ထုတ်လုပ်ရာတွင် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH) က သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ရန်လိုအပ်ကြောင်း ပြည်ထောင်စုနယ်မြေနေပြည်တော် ရုံးအမှတ်(၃၆) အစည်းဝေးခန်းမ၌ ကျင်းပသည့် ခွေးရူးရောဂါကာကွယ်ဆေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲမှသိရသည်။
▪️ အဆိုပါအစည်းအဝေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာကောင်စီမှ တာဝန်ရှိသူများ၊ ပညာရှင်များ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
▪️ ဒုတိယဝန်ကြီးက ခွေးရူးရောဂါသည် လူနှင့်တိရစ္ဆာန် နှစ်ဖက်လုံးအတွက် အလွန်အန္တရာယ်ရှိကြောင်း၊ WHO အစီရင်ခံစာအရ နှစ်စဉ်ကမ္ဘာတစ်ဝန်းတွင် လူပေါင်း ၅၉၀၀၀ ခန့် အသက်ဆုံးရှုံးနေပြီး ၉၉ ရာခိုင်နှုန်မှာ ခွေးများမှ ကူးစက်ကြောင်း၊ ခွေးရူးရောဂါကာကွယ်ဆေးကို ၁၉၅၆ ခုနှစ်မှစတင်၍ P.V. 10 strain ဗိုင်းရပ်စ်အမျိုးအစားကို သိုး၏ဦးနှောက်တွင် ထိုးနှံ၍ ပွားများစေပြီး အားပျော့စေကာ ကြက်ဥသန္ဓေသားတွင် အားဖျော့ထားသော ဗိုင်းရပ်စ်အမျိုးအစား Flury, Low Egg Passage Strain ကိုပေါက်ပွားစေပြီး သန္ဓေသားလောင်းကို အမှုန့်ကြိတ်၍ အခြောက်ခံထားသောဆေးကို အသုံးပြုခဲ့ကြောင်း၊ ထိုသို့ထုတ်လုပ်ရာတွင် ခွေးရူးရောဂါပိုးသည် လူကို ကူးစက်စေနိုင်သည့်အပြင် အန္တရာယ်ဖြစ်နိုင်ခြေမြင့်မားခြင်း၊ ကာကွယ်ဆေးထုတ်လုပ်သူများ၏ အာရုံကြောဆိုင်ရာကျန်းမာရေးထိခိုက်မှုရှိနိုင်သဖြင့် ဆေးထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ရပါကြောင်းပြောကြားသည်။
▪️ ထို့အပြင် ပြည်တွင်း၌ ခွေးရူးရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင်ပါက ပြည်ပမှတင်သွင်းရမှု လျော့နည်းစေမည်ဖြစ်ပြီး ဆေးလိုအပ်အချိန်တွင် အချိန်မီပံ့ပိုးနိုင်မည်ဖြစ်ကြောင်း၊ ခွေးရူးရောဂါကာကွယ်ဆေး စမ်းသပ်ထုတ်လုပ်ရာတွင် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH) က သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ရန်နှင့် ကာကွယ်ဆေးထုတ်လုပ်သူများ၏ ဘေးအန္တရာယ် ကင်းရှင်းရေးကိုလည်း ထည့်သွင်းစီမံရန်ဖြစ်ကြောင်း၊ ခွေးရူးရောဂါကာကွယ်ဆေးသည် လူ့အသက်ပေါင်းများစွာ ကယ်တင်ပေးနိုင်သည့် အရေးပါဆုံးလုပ်ငန်းဖြစ်သည်နှင့်အညီ ခွေးရူးရောဂါ ကာကွယ်ဆေးထုတ်လုပ်ရာ၌ လိုအပ်သည့်နည်းပညာပိုင်းဆိုင်ရာများ၊ အားသာချက်၊ အားနည်းချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြပါရန် မှာကြားသည်။
▪️ ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ခွေးရူးရောဂါကာကွယ်ဆေးထုတ်လုပ်ခဲ့မှုအခြေအနေနှင့် ခွေးရူးရောဂါကာကွယ်ဆေး အရည်အသွေးစစ်ဆေးခြင်းလုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသည့် ပညာရှင်များ၊ ကုမ္ပဏီများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 24 October 2025
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အာရှခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ နောက်အပတ်မှာ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။
■ ထရမ့်က သောကြာနေ့ညမှာ မလေးရှားသို့ ထွက်ခွာမှာဖြစ်ပြီး အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းရေး(APEC) စီအီးအိုထိပ်သီးအစည်းအဝေး တက်ရောက်ပြီးနောက် ဂျပန်နဲ့ တောင်ကိုရီးယားသို့ သွားရောက်ကာ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့ အိမ်ဖြူတော် မီဒီယာရှင်းလင်းရေး အတွင်းရေးမှူး ကယ်ရိုလင်းလီဗစ်က သတင်းထောက်တွေကို ပြောသွားပါတယ်။
■ ကြာသပတေးနေ့ နံနက်ပိုင်းမှာ အမေရိကန်သို့ မပြန်ခင် ထရမ့်က တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ နှစ်နိုင်ငံအစည်းအဝေး ပြုလုပ်သွားမယ်လို့ လီဗစ်က ပြောပါတယ်။
■ တနင်္ဂနွေနေ့မှာတော့ ထရမ့်က အာဆီယံခေါင်းဆောင်များ ညစာစားပွဲသို့ တက်ရောက်ကာ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ တွေ့ဆုံပြီးနောက် တနင်္လာနေ့မှာ တိုကျိုသို့သွားကာ ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
■ ဗုဒ္ဓဟူးနေ့မှာတော့ တောင်ကိုရီးယားသို့ သွားရောက်ကာ သမ္မတလီဂျယ်မြောင်နဲ့ တွေ့ဆုံမှာဖြစ်ပြီး စီအီးအိုတွေအတွက် မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။
■ တင်ပို့ကုန်တွေ၊ အခွန်စည်းကြပ်မှုတွေနဲ့ ပတ်သက်ပြီး တရုတ်နဲ့ အမေရိကန်တို့ တင်းမာနေခဲ့ရာကနေ ပြန်လည်ညှိနှိုင်းဖို့ ကြိုးစားလာကြပါတယ်။
Source: Reuters
#World_Health
Published 24 October 2025
■ လူသုံးများတဲ့ အကိုက်အခဲပျောက်ဆေးတစ်မျိုးဟာ နာကျင်ကိုက်ခဲတာကို ကောင်းစွာမပြေလျော့သလို နှလုံးရောဂါလိုမျိုး ဘေးထွက်ဆိုးကျိုးတွေပါ များစေနိုင်ဖွယ်ရှိတယ်လို့ သိပ္ပံပညာရှင်တွေ ပြောနေကြပါတယ်။
■ Tramadol က ခွဲစိတ်ခြင်းနဲ့ ပြင်းထန်တဲ့ဒဏ်ရာလိုမျိုး ပြင်းထန်တဲ့ နာကျင်မှုတွေကို ကုသတဲ့နေရာမှာ အသုံးများပါတယ်။
■ အားပျော့တဲ့ အကိုက်အခဲပျောက်ဆေးတွေ မတိုးတော့တဲ့အခါ ဒီဆေးကို ပေးကြပါတယ်။
■ Tramadol က နာကျင်မှုကို လုံးဝပျောက်ကင်းစေတာ မဟုတ်ဘဲ နာကျင်ခြင်းခံစားရမှုကိုတော့ ရပ်တန့်ပေးနိုင်ပါတယ်။
■ ဒီဆေးက ဘေးကင်းစိတ်ချရပြီး အခြားဆေးတွေလောက် မစွဲလမ်းစေဘူးလို့ ယူဆခဲ့ကြတာကြောင့် အသုံးများခဲ့ပါတယ်။
■ BMJ မှာဖော်ပြတဲ့ လေ့လာချက်မှာတော့ ဒီဆေးဟာ နာတာရှည်နာကျင်ကိုက်ခဲမှုကို ထိရောက်စွာ သက်သာစေခြင်း မရှိဘူးလို့ တွေ့ရှိထားပါတယ်။
■ သူ့ရဲ့ဘေးအန္တရာယ်တွေက အကျိုးကျေးဇူးထက် ပိုများနိုင်ပြီး ကန့်သတ်ပြီးတော့သာ သုံးစွဲသင့်တယ်လို့ ပြောထားပါတယ်။
■ သုတေသီတွေက နာတာရှည်နာကျင်ကိုက်ခဲမှု ခံစားနေရတဲ့လူပေါင်း ၆၅၀၆ ဦးဖြင့် လက်တွေ့စမ်းသပ်မှု ၁၉ ခုပြုလုပ်ခဲ့ပါတယ်။
■ ထိုအခါမှ Tramadol က နာကျင်မှု ပြေလျော့စေပေမယ့် အနည်းငယ်မျှသာဖြစ်ပြီး ထိရောက်မှုဆိုတာထက် အောက်ရောက်နေပါတယ်။
■ ဒါ့အပြင် Tramadol အသုံးပြုတဲ့ စမ်းသပ်သူတွေမှာ နှလုံးနဲ့သက်ဆိုင်တဲ့ဖြစ်ရပ်တွေ အဖြစ်ပိုများတာ တွေ့ရပါတယ်။
Source: The Sun.
#World_Health
Published 24 October 2025
■ မျက်ကပ်မှန်တွေ မျက်မှန်တွေ မလိုအပ်တော့ဘဲ မြင်ကွင်းကြည်လင်ပြတ်သားစေမယ့် နောက်ဆုံးပေါ်ကုသနည်းကတော့ SILK လို့ခေါ်တဲ့ နည်းပညာဖြစ်ပါတယ်။
■ ဒါက အဆင့်မြင့်လေဆာကုသနည်းဖြစ်ပြီး မျက်ကြည်လွှာမှ အဝိုင်းပုံသဏ္ဍာန်တစ်ရှူးကို ဖယ်ပြီး အမြင်အာရုံတိုးတက်စေတာ ဖြစ်ပါတယ်။
■ SILK နည်းပညာဖြင့် မျက်ကြည်လွှာမှ တစ်ရှူးကိုဖယ်ရှားပေးပြီး မျက်မှန်မလိုအပ်တော့ဘူးလို့ ဆာဂန်ဂရန်ဆေးရုံမှ ဒေါက်တာ အိုက်ကီဒါလယ်က ပြောပါတယ်။
■ ဖယ်ရှားဖို့လိုအပ်တဲ့ တစ်ရှူးပမာဏကတော့ မျက်မှန်ပါဝါပေါ် မူတည်ပါတယ်။
■ နောက်ထပ်လေဆာခွဲစိတ်နည်းတစ်ခုကတော့ LASIK ဖြစ်ပြီး အနည်းငယ်ဈေးပိုသက်သာကာ မျက်ကြည်လွှာသားကို ဖြတ်တောက်ပြီး အောက်ကတစ်ရှူးပေါ်လာအောင် မ'တင်ပေးတာ ဖြစ်ပါတယ်။
■ LASIK နည်းလမ်းကတော့ အလင်းယိုင်လွဲခြင်းများအားလုံးမှာ အသုံးပြုနိုင်ပြီး လူနာပြန်လည်သက်သာချိန်ကလည်း SILK ထက် ပိုမြန်ပါတယ်။
■ မျက်မှန်မတပ်ချင်သူတွေအတွက် မှန်ကန်တဲ့နည်းလမ်းရွေးချယ်ခြင်းက အရေးပါကြောင်း ဒေါက်တာက ပြောပါတယ်။
■ ဒီနည်းလမ်းတွေကတော့ အတော်လေးဘေးကင်းစိတ်ချရပြီး အချို့ကတော့ မျက်လုံးခြောက်သွေ့ခြင်းမျိုး ခံစားရနိုင်ပါတယ်။
■ SILK ခွဲစိတ်ခြင်းက အနည်းငယ်ပိုပြီး ဈေးကြီးပေမယ့် ပိုပြီးကောင်းမွန်တဲ့ ရွေးချယ်မှု ဖြစ်ပါတယ်။
■ ဘေးကင်းစိတ်ချရပြီး နည်းပညာပိုင်း အဆင့်မြင့်ပေမယ့် နေရာအနှံ့ မရောက်ရှိသေးသလို ဈေးနှုန်းကလည်း အခက်အခဲ ဖြစ်နိုင်ပါတယ်။
Source: Indian Express
ဂျပန်မှာ ငွေကြေးအရှုပ်တော်ပုံကြီးတစ်ခုကြောင့် အများပြည်သူရဲ့ ယုံကြည်မှု ပျက်စီးသွားပြီးနောက် ဂျပန်အာဏာရညွန့်ပေါင်းအစိုးရသစ်အနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။
#Asia_Politics
Published 23 October 2025
#ဂျပန် #ငွေကြေးအရှုပ်တော်ပုံကြီး
#YMG #Yangon_Times #Yangon_Media_Group
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် အခွန်စည်းကြပ်မှုခံယူပြီးဖြစ်တဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေအနေနဲ့ အ
ခွန်ပေးဆောင်ပြီးကြောင်းကိုအလုပ်သမားဝန်ကြီးဌာနသို့ အီးမေးလ်ပြန်လည်ပေးပို့ရမယ်လို့ Safe Migration Channel က ထုတ်ပြန်ထားပါတယ်။
#Local_News
Published 23 October 2025
#Safe_Migration_Channel # အေဂျင်စီ
#YMG/SW #Yangon_Times
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂ဝ၂၅)ဖြင့် မြန်မာနိုင်ငံတွင် စားသုံးဆီနှင့်ပဲပုပ်ကြိတ်ဖတ်ဖူလုံရေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 23 October 2025
#မဲခေါင်_လန်ချန်း #စားသုံးဆီ
#YMG/SW #Yangon_Times
ပြည်ပနိုင်ငံတွေကိုတင်ပို့နေတဲ့ ရော်ဘာပို့ကုန်ဝင်ငွေတိုးမြှင့်ရရှိရေးနဲ့ စိုက်ပျိုးရာမှာလည်း တစ်ဧကအထွက်နှုန်းတိုးနိုင်ရေးကို စီမံချက်ရေးဆွဲဆောင်ရွက်နေတယ်လို့ စိုက်ပျိုးရေးဦးစီးဌာနက သိရပါတယ်။
#Local_News
Published 23 October 2025
#ရော်ဘာ #
#YMG/NN #Yangon_Times
Page 196 of 2002