#Local_News
Published 28 March 2026

■ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၌ ယနေ့မနက်အစောပိုင်းတွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။

■ မတ်လ ၂၈ ရက်နေ့၊ မနက်၂ နာရီ၁၈မိနစ် အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ နယ်မြေ(၁၃)တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

■ အဆိုပါ သတင်းရရှိသဖြင့် မြင်းခြံခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၃)စီး၊ မြင်းခြံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီး၊ မြင်းခြံနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊စက်မှုဇုန်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ OK Group မှ ရေသယ်ယဉ်(၁)စီး၊ နတ်ကြီးပင်ပရဟိတအသင်းမှ ရသယ်ယာဉ်(၁)စီး၊ အဖြူရောင်လက်များပရဟိတအသင်းမှ ရေသယ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၂နာရီ ၃၆မိနစ် အချိန် မီးငြိမ်းခဲ့ကြောင်းသိရသည်။

■ မီးလောင်မှု ဖြစ်စဉ်နှင့်ပျက်စီးဆုံးရှုံးမှု တန်ဖိုးများနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းနေကြောင်း သိရသည်။

#YMG/NN #Yangon_Times