#Local_News
Published 28 March 2026
▪️ ဧပြီလအတွင်း ဧရာဝတီအပါအဝင် မြစ်ရေများလက်ရှိ ရေမှတ်များထက် အနည်းဆုံးပေဝက် ခန့်မှ အများဆုံး ၇ပေ အထိ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧပြီလ လပတ်အတွက် မိုးလေ၀သနှင့် ဇလဗေဒခန့်မှန်းချက်အရ သိရသည်။
▪️ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့တို့တွင် ၃ ပေမှ ၅ ပေခန့် လက်ရှိရေမှတ်များအထက်မြင့်တက်လာနိုင်ကြောင်းသိရသည်။
▪️ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၃ ပေမှ ၅ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက် လာနိုင်ပြီး မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ပေဝက်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့တွင် ပေဝက်ခန့်၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ၃ ပေခန့်စီ၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ၂ ပေခန့်နှင့် မဒေါက်မြို့တွင် ပေဝက်ခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ပေဝက်ခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် ပေဝက်မှ ၁ ပေခွဲခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၂ ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ပေဝက်ခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်း မြို့နှင့် ပုသိမ်မြို့တို့တွင် ပေဝက်မှ ၁ ပေခွဲခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် ၃ ပေခန့်နှင့် ဘီးလင်း မြစ်ရေသည် ဘီးလင်းမြို့တွင် ပေဝက်ခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်းသိရသည်။
#YMG/NN #Yangon_Times