#Local_News
Published 29 October 2025
▪️ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေတွင် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ရုံး၊ ကျောင်း၊ ဆေးရုံစသည့် အဆောက်အဦများ၊ အိမ်ရာများ ပြန်လည်ပြုပြင်ထိန်းသိမ်းရမည့်ကိစ္စရပ်များ၊ ပြန်လည်ထူထောင်ရေး ကိစ္စရပ်များအတွက် အသုံးစရိတ်များနှင့် နိုင်ငံဖွံ့ဖြိုးမှုနှင့် ပြည်သူအကျိုးပြုလုပ်ငန်းများဖြစ်သည့် လမ်း၊ တံ တား၊ ကျောင်း၊ ဆေးရုံစသည့် အခြေခံအဆောက်အအုံလုပ်ငန်းများအတွက် အဓိကထားခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောသည်။
▪️ အောက်တိုဘာလ ၂၈ ရက် က နေပြည်တော်၌ကျင်းပပြုလုပ်သော ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးတွင် ယင်းကအထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
▪️ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုများကို အမြန်ဆုံးပြင်ဆင်နိုင်ရေး ဆောင်ရွက်သည့်နေရာတွင် ဖြည့်စွက်ခွင့်ပြုငွေရရှိမည့်ကာလနှင့် ဆောင်ရွက်နိုင်မည့် လုပ်ငန်းပမာဏကို ချင့်ချိန်ဆောင်ရွက်ရန်လိုကြောင်းလည်း ယင်းကပြောသည်။
▪️ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ဆုံးရှုံးမှုများအတွက် နိုင်ငံတော်ပိုင် အခြေခံအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရန် အသစ်ဆောက်လုပ်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် သုံးစွဲနိုင်ရန် ပြည်ထောင်စုအ ဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လျာထားခွင့်ပြုထားသည့် အသုံးစရိတ်များအနက်မှ “အထွေထွေပိုလျှံရန်ပုံငွေ” (GRF) သို့ ပြန်လည်အပ်နှံငွေ ကျပ် ၂၀၆၉ ဒသမ ၃၃၆ ဘီလီယံကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေထဲကို လွှဲပြောင်းထည့်ပေးခဲ့ပြီးလည်းဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။
▪️ ၎င်းအပြင် အစိုးရကချမှတ်ထားသည့် ဦးတည်ချက်များကို ဖော်ဆောင်နိုင်ရန်အတွက် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ကဏ္ဍအလိုက်၊ ဒေသအလိုက်ဦးစားပေးအစီအစဉ်များ ချမှတ်ပြီး အသုံးစရိတ်များကို စနစ်တကျစိစစ်သုံးစွဲကြရန် လိုအပ်ကြောင်းလည်းပြောကြားခဲ့သည်။
▪️ အလားတူဌာန၊ အဖွဲ့အစည်းများအနေဖြင့် မလွှဲမရှောင်သာသည့်အခြေအနေများကြောင့် မူလရည်မှန်းချက်အတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် ဖြစ်ပေါ်လာသည့် ပိုလျှံငွေများကို ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်မှ နောက်ကျပြီးအပ်နှံခြင်းမပြုဘဲ တတ်နိုင်သမျှဆောလျင်စွာပြန်လည်အပ်နှံကြရန်လည်း ယာယီသမ္မတကပြောကြားခဲ့သည်။
#YMG/PP #Yangon_Times
#World_Health
Published 29 October 2025
■ တရုတ်ခွဲစိတ်ဆရာဝန်တွေက မျိုးဗီဇပြုပြင်ထားတဲ့ဝက်ရဲ့အသည်းကို လူသားတစ်ဦးထံ အောင်မြင်စွာ အစားထိုးခွဲစိတ်နိုင်ခဲ့ပြီး အင်္ဂါအစားထိုးကဏ္ဍမှာ အောင်မြင်မှုကြီးတစ်ခု ဖြစ်လာပါတယ်။
■ ၂၀၂၄ မေလ ၁၇ ရက်နေ့က အသက် ၇၁ နှစ်အရွယ်လူနာကို အန်ဟွေ့ဆေးတက္ကသိုလ်ဆေးရုံမှာ ခွဲစိတ်ခဲ့ပြီးနောက် ၁၇၁ ရက်ကြာအောင် အသက်ရှင်သန်နိုင်ခဲ့ပါတယ်။
■ ဝက်အသည်းက လူနာရဲ့ကိုယ်ပိုင်အသည်းကို ထောက်ပံ့တဲ့သဘောဖြင့် အစားထိုးခဲ့တာ ဖြစ်ပါတယ်။
■ လူနာက အသည်းညာဘက်ခြမ်းမှာ အကျိတ်ဖြစ်နေပြီး ပုံမှန်လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပါဘူး။
■ ခွဲစိတ်ပြီးနောက် ပထမဆုံး ၃၁ ရက်အတွင်း ဝက်အသည်းက ထိရောက်စွာ လည်ပတ်နိုင်ခဲ့ပြီး သည်းခြေရည်နဲ့ သွေးခဲပစ္စည်းများ ထုတ်လုပ်နိုင်ခဲ့ကာ အင်္ဂါလက်မခံတာမျိုး မရှိခဲ့ပါဘူး။
■ ဒါပေမဲ့ ၃၈ ရက်မြောက်နေ့မှာ အစားထိုးထားတဲ့အသည်းရဲ့ သွေးကြောငယ်လေးတွေထဲမှာ သွေးခဲများ ဖြစ်ပေါ်လာပြီး ဖယ်ရှားရဖို့ ဖြစ်လာပါတယ်။
■ ဒီနောက် အစာအိမ်အူတို့ကနေ သွေးပြန်ယိုလာပြီး ၁၇၁ ရက်မြောက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။
■ ဒါပေမဲ့လည်း မျိုးဗီဇပြုပြင်ထားတဲ့ဝက်ရဲ့ အသည်းက အချိန်ကာလတစ်ခုအထိ လူသားခန္ဓာကိုယ်ထဲမှာ လုပ်ဆောင်နိုင်တဲ့ သက်သေဖြစ်တယ်လို့ ဆရာဝန်တွေ ဂုဏ်ယူနေကြပါတယ်။
■ အဆိုပါဝက်ကို ယူနန်စိုက်ပျိုးရေးတက္ကသိုလ်မှ သုတေသီတွေက မျိုးဗီဇပြုပြင်ခြင်းဖြစ်စဉ် ၁၀ ခုဖြင့် ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
■ အသည်းအစားထိုးကုသလိုတဲ့ လူနာများအတွက် ဒီအောင်မြင်မှုက မျှော်လင့်ချက် ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူများ ဆိုထားပါတယ်။
■ ကိုယ်ခံအားတုံ့ပြန်မှုနဲ့ သွေးခဲခြင်းတို့က ပြဿနာဖြစ်နေပေမယ့် ကမ္ဘာတဝှမ်း လူသားအင်္ဂါရှားပါးနေတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ မှတ်ကျောက်တစ်ခု ဖြစ်လာပါတယ်။
Source: India Today
#Local_News
Published 29 October 2025
▪️ ရွေးကောက်ပွဲနေ့ရက်များအတွက် ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာသမားများ၏ သတင်းရယူခွင့် သက်သေခံကတ်ပြားများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက် နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က အသိပေးကြေညာထားသည်။
▪️ သတင်းရယူလိုသည့် ပြည်တွင်းမီဒီယာများကို အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် ခရိုင်တစ်ခုချင်းစီအတွင်းရှိ သက်ဆိုင်ရာမြို့နယ်များတွင် မီဒီယာတစ်ခုလျှင် (၄) ဦးနှုန်းဖြင့် သတင်းရယူခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရ သည်။
▪️ သတင်းရယူခွင့် သက်သေခံကတ်ပြားများ လျှောက်ထားရာတွင် မိမိကိုယ်စားပြုသည့် ပြည်တွင်းသတင်းမီဒီယာအဖွဲ့အစည်းမှ ရွေးကောက်ပွဲ သတင်းရယူရန် တာဝန်ပေးစေလွှတ်ထားသူဖြစ်ကြောင်း အထောက်အထားစာကို တင်ပြ၍ သက်ဆိုင်ရာခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံတွင် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
▪️ ပြည်တွင်း ပုဂ္ဂလိကသတင်းမီဒီယာသမားများအနေဖြင့် ကိုယ်တိုင်ရေးလျှောက်လွှာတွင် မိမိနှင့်ဆက်သွယ်ဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းသတင်းမီဒီယာအဖွဲ့အစည်း၏ ထောက်ခံချက်စာကိုတင်ပြ၍ သက်ဆိုင်ရာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် လျှောက်ထားရမည်ဖြစ်ပြီး ခရိုင်တစ်ခုထက်ပို၍ သတင်းရယူလိုပါက သတင်းရယူလိုသည့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံတွင် ထပ်မံလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
▪️ နိုင်ငံတကာသတင်းမီဒီယာများအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနသို့ လျှောက်ထားရမည်ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနက စိစစ်ထောက်ခံပေးသည့် နိုင်ငံတကာသတင်း မီဒီယာအဖွဲ့အစည်း၊ ပုဂ္ဂိုလ်များကိုသာ ခွင့်ပြု၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိအမှတ်ပြုကတ်ပြားများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ လာမည့်ဒီဇင်ဘာလ ၂၈ ရက်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို စတင်မည်ဖြစ်ကြောင်းသိရသည်။
#YMG/PP #Yangon_Times
#World_Health
Published 29 October 2025
■ အသီးအရွက်များများစားရတဲ့ မက်ဒီတာရေးနီးယန်း စားသောက်ပုံစံက သွားဖုံးကျန်းမာစေပြီး ရောင်ရမ်းမှုလျော့နည်းစေနိုင်ပါတယ်။
■ အသားကြီးငါးကြီး မကြာခဏစားသုံးသူတွေဟာ သွားဖုံးကျန်းမာရေး ပိုမိုဆိုးရွားကြပြီး အသီးအနှံ၊ ဟင်းရွက်၊ သံလွင်ဆီတို့ စားသုံးသူတွေက သွားဖုံးကျန်းမာရေး ကောင်းမွန်ကြတာကို သုတေသီများ တွေ့ရှိခဲ့ကြပါတယ်။
■ ကင်းစ်ကောလိပ်လန်ဒန် သုတေသနအရဆိုရင် မက်ဒီတာရေးနီးယန်း စားသောက်ပုံစံနဲ့ အနီးစပ်ဆုံး စားသုံးသူတွေက သွားဖုံးပိုမိုကျန်းမာစေပြီး မကြာခဏ သားကြီးငါးကြီး စားသူတွေကတော့ သွားဖုံးပြဿနာများ ခံစားရလေ့ရှိပါတယ်။
■ ဟင်းရွက်များ၊ ပဲအမျိုးမျိုး၊ အသီးအနှံများ၊ သံလွင်ဆီတို့ ပိုမိုစားသုံးသူတွေမှာ ရောင်ရမ်းပစ္စည်းတွေ နည်းပါးတာကိုလည်း တွေ့ရပါတယ်။
■ ကင်းစ်ကောလိပ်လန်ဒန်၊ ခံတွင်းနဲ့ သွားဇီဝဘဏ်မှ လူနာ ၂၀၀ ကို သွားစစ်ဆေးမှုများ ပြုလုပ်ပြီး သွေးနမူနာများ ရယူကာ စားသောက်ပုံစံနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ကြပါတယ်။
■ မက်ဒီတာရေးနီးယန်း စားသောက်ပုံစံဟာ ရောဂါကြီးများ ဖြစ်နိုင်ခြေနည်းခြင်း၊ နှလုံးရောဂါ၊ အာရုံကြောချို့ယွင်းရောဂါများ၊ ကင်ဆာဖြစ်နိုင်ခြေနည်းခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။
■ သုတေသီနဲ့ စာတမ်းပြုစုသူ ဒေါက်တာ ဂူဆက်ပီမိုင်နက်စ်က သူတို့ရဲ့တွေ့ရှိချက်များအရ မက်ဒီတာရေးနီးယန်း စားသောက်ပုံစံလိုမျိုး မျှတတဲ့စားစရာတွေ စားခြင်းဖြင့် သွားဖုံးရောဂါနဲ့ ရောင်ရမ်းခြင်းလက္ခဏာများ လျော့ကျနိုင်ကြောင်း ယူဆရပါတယ်။
■ ဒါကြောင့် သွားဖုံးရောဂါအခြေအနေနဲ့ အစားအသောက်တို့ကြား ဆက်စပ်မှုရှိနိုင်တယ်ဆိုတာကို လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။
Source: SciTechDaily.
တရုတ်တောင်ပိုင်းမှ တံတား-ဥမင်လိုဏ်ခေါင်းစီမံကိန်းကြီးဖြစ်တဲ့ အနောက်ဘက်လူလုပ်ကျွန်း ရှင်ကျင်-ကျုံရှန် ဆက်သွယ်လမ်းကြောင်းကို အခုဆိုရင် အများပြည်သူခရီးစဉ်အတွက် ခွင့်ပြုလိုက်ပြီဖြစ်ပြီး အဆင့်မြင့်လှတဲ့ အင်ဂျင်နီယာရှုခင်းတွေနဲ့ လှပတဲ့ကမ်းရိုးတန်းရှုခင်းတွေ ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။
#Asia_Development
Published 28 October 2025
#တရုတ်နိုင်ငံ #တံတား_ဥမင်လိုဏ်ခေါင်း
#YMG #Yangon_Times #Yangon_Media_Group
အခုနှစ် ဆောင်းရာသီအတွင်းဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းငယ်သုံးကြိမ်ဖြစ်ပေါ်နိုင်ပြီး ဒေသအများစုမှာလည်း ဆောင်းမိုးတွေရွာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ဒီကနေ့မနက်ပိုင်းထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 28 October 2025
#ဆောင်းရာသီ #မုန်တိုင်း
#YMG/NN #Yangon_Times
ဆီစက်လုပ်ငန်းများကို ကျပ်သိန်းငါးထောင်ကနေ တစ်သောင်းအထိတိုးမြှင့်ထုတ်ချေးရေးဆွေးနွေးနေတယ်လို့ ဆီစက်လုပ်ငန်းများဖွံဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုအဖွဲ့ရဲ့အစည်းအဝေး ဆွေးနွေးချက်အရသိရပါတယ်။
#Local_News
Published 28 October 2025
#ဆီစက်
#YMG/NN #Yangon_Times
ယခုတစ်ပတ်အတွင်းကမ္ဘာ့ရွှေဈေးပြန်လည်ကျဆင်းလာတာနဲ့အတူ မြန်မာ့ရွှေဈေးလည်းလိုက်ပါ ကျဆင်းလာပြီး ဈေးကွက်တွင်း ရွှေအတုံးအခဲဝယ်ယူသူနည်းပါးနေတယ်လို့ ရွှေဈေးကွက်မှ စုံစမ်းသိရှိရပါတယ်။
#Local_News
Published 28 October 2025
#ကမ္ဘာ့ရွှေဈေး #မြန်မာ့ရွှေဈေး
#YMG/SW #Yangon_Times
#Local_News
Published 28 October 2025
▪️ မြို့နယ်များအတွင်း တရားမဝင် ဓာတ်အားရယူသုံးစွဲမှုများမရှိစေရေး ပုံမှန်စစ်ဆေးခြင်းအပြင် ရှောင်တခင်စစ်ဆေးရေးအဖွဲ့များဖြင့် Spot Check, Cross Check, Counter Check နှင့် Surprise Check စစ်ဆေးခြင်းများကို အဖွဲ့ဖွဲ့၍ စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန်အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက လမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။
▪️ ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့်ပတ်သက်၍ ဝန်ထမ်းများတွေ့ဆုံပွဲကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်မှုကို တိုးချဲ့တည်ဆောက်နိုင်ရန် စီစဉ်ဆောင်ရွက်နေသကဲ့သို့ ထုတ်လုပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို ပိုမိုသယ်ဆောင်နိုင်ရန်ကိုလည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ မကြာမီအချိန်တွင်လည်း လက်ရှိထုတ်လုပ်နေမှုများမှ ထပ်မံတိုးချဲ့ထုတ်လုပ်နိုင်ရန် နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားပို့လွှတ်မှုနှင့် ဖြန့်ဖြူးမှုအပိုင်းတွင်လည်း တည်ငြိမ်ပြည့်ဝသည့် ဓာတ်အားစနစ်ရရှိရေးတို့ကို ဟန်ချက်ညီတိုးတက်ကောင်းမွန်စေရန် စီမံဆောင်ရွက်မှုများအပေါ် အားလုံးမှတက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။
▪️ ထို့နောက်ဓာတ်အားခကောက်ခံရာတွင်လည်း ရရှိသင့်သော နိုင်ငံတော်၏ဘဏ္ဍာငွေကို အလေအလွင့် မရှိစေရေး စနစ်တကျကောက်ခံသွားရန်နှင့် ဓာတ်အားခကြွေးကျန်များကိုလည်း ရာနှုန်းပြည့်ကောက်ခံရရှိရေး တွန်းအားပေးဆောင်ရွက်သွားရန် နှင့် ဓာတ်အားခကောက်ခံရငွေများ အလွဲသုံးစားမှုများ မဖြစ်စေရေး၊ မီတာဖတ်ရှုမှုအား မှန်ကန်စွာဖတ်ရှုသွား နိုင်ရေးတာဝန်ရှိသူအဆင့်ဆင့်က စစ်ဆေးကြပ်မတ်သွားရန်မှာကြားခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
လက်ကားပွဲရုံများ၊ ဆန်စက်များနှင့် ကုန်စည်ဒိုင်များထံမှ သတ်မှတ်ရည်ညွှန်းဈေးများဖြင့် ကုန်စည်ရရှိမှုမရှိခြင်း၊ အရည်အသွေးလျော့နည်းသော ပစ္စည်းများသာဝယ်ယူရရှိပါက စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သို့ ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 28 October 2025
#ဆန်စက် #ကုန်စည်ဒိုင်
#YMG/SW #Yangon_Times
#Daily_News
Published 28 OCtober 2025
၁။ ကမ္ဘာ့ရွှေဈေးနှင့်အတူ မြန်မာ့ရွှေဈေးပြန်ကျလာပြီး ဈေးကွက်တွင်းအဝယ်နည်း
၂။ ဆီစက်လုပ်ငန်းများကို ကျပ်သိန်းငါးထောင်မှ တစ်သောင်းအထိတိုးမြှင့်ထုတ်ချေးရေးဆွေးနွေးနေ
၃။ ဆောင်းရာသီအတွင်းဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းငယ်သုံးကြိမ်ဖြစ်ပေါ်နိုင်ပြီး ဆောင်းမိုးများရွာနိုင်
၄။ တရုတ်နိုင်ငံက လူလုပ်ကျွန်းများတွင် ခရီးသွားလုပ်ငန်းများမြှင့်တင်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 28 October 2025
▪️ လာမည့်ဒီဇင်ဘာတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ၏ ဟောပြောစည်းရုံးမှုများကို MRTV နှင့် ဆက်စပ်ရုပ်သံလိုင်းများတွင် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်းသိရသည်။
▪️ အဆိုပါ ရွေးကောက်ပွဲ ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ၂၈ ရက်တွင်ကျင်းပသွားမည်ဖြစ်ပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ၏ ဟောပြောစည်းရုံးမှုများကို အောက်တိုဘာ ၂၈ ရက် ည ၇ နာရီမှစတင်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV HD ၊ MRTV Parliament နှင့် ဆက်စပ်ရုပ်သံလိုင်းများဖြစ်ကြသည့် MWD HD ၊ MWD Variety HD တို့မှလည်းကောင်း၊ မြန်မာ့အသံရေဒီယို၊ သပြေရေဒီယို၊ သဇင် FM တို့နှင့် MRTV App: ၊ Radio App: အပါအဝင် MRTV Online Platform တို့မှလည်းကောင်း ထုတ်လွှင့်ပြသပေးမည်ဖြစ်သည်။
▪️ အဆိုပါနိုင်ငံရေးပါတီများ၏ ဟောပြောစည်းရုံးမှုများကို အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၂၄ ရက်အထိ နေ့စဉ် ည ၇ နာရီ တွင် ပထမအကြိမ်အဖြစ် စတင်ထုတ်လွှင့်ပြသပေးမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 192 of 2002