#Local_News
Published 01 April 2026

■ မြန်မာနိုင်ငံတွင် သုံးစွဲရန် တားမြစ်ပိတ်ပင်သည့် ပိုးသတ်ဆေးများစာရင်းကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ကထုတ်ပြန်ထားပြီး အဆိုပါစာရင်းအရ ပိုးသတ်ဆေး၅၅မျိုးကို မသုံးစွဲရန် တားမြစ်ချက်သည်ယနေ့ဧပြီလ၁ရက်တွင်စတင်အသက်ဝင်ကြောင်း သိရသည်။

■ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့သည် ပိုးသတ်ဆေးဥပဒေပုဒ်မ၄၇၊ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ယခုစာရင်းကိုထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

■ အဆိုပါ ပိုးသတ်ဆေး၅၅မျိုးသည် လူ၊တိရိစ္ဆာန်၊သီးနှံ သဘာဝပတ်ဝန်းကျင်တို့ကို ဘေးအန္တရာယ်မြင့်မားစေနိုင်ပြီး အဆိပ်အတောက်ပြင်းထန်သာကြောင့် ပိုးသတ်ဆေးဥပဒေပုဒ်မ၈အရ မြန်မာနိုင်ငံအတွင်းသုံးစွဲရန် တားမြစ်ပိတ်ပင်သည့် ပိုးသတ်ဆေးများအဖြစ်သတ်မှတ်လိုက်ကြောင်းသိရသည်။

■ ထို့ကြောင့် အမည်စာရင်းပါ ပိုးသတ်ဆေး၅၅မျိုးကို မြန်မာနိုင်ငံအတွင်း မည်သည့်အစိုးရဌာန၊အဖွဲ့အစည်း၊ပုဂ္ဂိုလ်ကမျှ မည်သည့်အကြောင်းနှင့်မျှ မှတ်ပုံတင်ခြင်း၊တင်သွင်းခြင်း၊ဖော်စပ်ခြင်း၊ပြန်လည်ထုပ်ပိုးခြင်း၊ရောင်းချခြင်း၊သုံးစွဲခြင်းကို ခွင့်မပြုကြောင်းအသိ‌ေပးထုတ်ပြန်ထားသိရသည်။

#YMG/SW #Yangon_Times