#World_Science
Published 06 January 2026
■ နှစ်ပေါင်းဘီလီယံကျော် ကြာလာတာတဲ့အခါ ကမ္ဘာ့လေထုမှ အမှုန်ငယ်လေးတွေက လမြေကြီးပေါ်သို့ ကျရောက်ပြီး အာကာသယာဉ်မှူးတွေအတွက် သက်ရှိထောက်ပံ့နိုင်တဲ့ အရာတွေ ဖြစ်လာနိုင်ပါတယ်။
■ သိပ္ပံပညာရှင်တွေက ကမ္ဘာပေါ်က အမှုန်တွေ လပေါ်သို့ ဘယ်လိုရောက်လဲဆိုတာကို အခုမှ စတင်သိရှိလာကြပါတယ်။
■ ကမ္ဘာ့သံလိုက်စက်ကွင်းနဲ့အတူ ဆိုလာလေက လေထုအမှုန်များကို လမျက်နှာပြင်သို့ သယ်ဆောင်သွားပြီး လမြေကြီးပေါ်မှာ အမှုန်တွေ ကျန်ခဲ့တယ်လို့ ရိုချက်စတာတက္ကသိုလ်က လေ့လာဖော်ပြထားပါတယ်။
■ လမြေကြီးထဲမှာ ရေ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ဟီလီယံ၊ အာဂွန်၊ နိုက်ထရိုဂျင်တို့လို အငွေ့ပျံလွယ်တဲ့ အရာတွေပါဝင်ကာ ကမ္ဘာ့လေထုကနေ အစပြုခဲ့ဖွယ် ရှိပါတယ်။
■ သုတေသနအရ ကမ္ဘာ့သံလိုက်စက်ကွင်းက ယနေ့ခေတ် အခြေအနေမှာပင် လပေါ်ကို အမှုန်တွေ ပို့ဆောင်ခြင်းကို ထောက်ပံ့ပေးနိုင်ပါတယ်။
■ လမြေကြီးထဲမှာ ကမ္ဘာ့လေထုအရာဝတ္ထုတွေ ရှိနေတဲ့ နှစ်ရှည်လများ အခြေအနေကို မှတ်တမ်းတင်နိုင်ပြီး ကမ္ဘာ့ရာသီဥတုတွေ၊ သမုဒ္ဒရာတွေ၊ သက်ရှိဆင့်ကဲပြောင်းလဲမှုတွေအကြောင်း ပိုမိုသိရှိစေရန် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
■ လမြေကြီးက အနာဂတ်မှာ လစူးစမ်းသူတွေအတွက် ရင်းမြစ်ကြီးတစ်ခု ဖြစ်လာနိုင်ပြီး ကမ္ဘာပေါ်က ထောက်ပံ့ပစ္စည်းတွေ ပို့ဆောင်နိုင်ရန် လိုအပ်ချက်တွေ လျော့ကျလာနိုင်ဖွယ် ရှိပါတယ်။
■ ဒီလေ့လာချက်ကနေ မားစ်ဂြိုဟ်လိုမျိုး အခြားဂြိုဟ်တွေမှာ အသက်ရှင်နေထိုင်နိုင်တဲ့ အခြေအနေတွေနဲ့ လေထုထွက်ပေါက်များအကြောင်း သိရှိလာအောင် ကူညီပေးနိုင်ဖွယ် ရှိပါတယ်။
Source: Phys.
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA)ရေတပ်ဟာ ၂၀၂၆ နှစ်စမှာ Type 052D ပဲ့ထိန်းဒုံးကျည်ခွင်းသင်္ဘောအသစ်ကို နေရာချတာဝန်ပေးလိုက်ပြီ ဖြစ်ပါတယ်။
#Asia_Military
Published 05 January 2026
#ဒုံးကျည်ဖျက်သင်္ဘော #PLA
#YMG #Yangon_Times #Yangon_Media_Group
ပြည်တွင်းမှာတည်ဆောက်ထားတဲ့ ဘတ္တရီလျှပ်စစ်စက်ခေါင်းနဲ့နေပြည်တော်-တောင်ငူ ရထားလမ်းပိုင်းကိုပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။
#Local_News
Published 05 January 2026
#လျှပ်စစ်စက်ခေါင်း #နေပြည်တော်_တောင်ငူ
#YMG/SW #Yangon_Times
ရွှေတိဂုံစေတီတော်ကြီးရဲ့ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်းလုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့ ရွှေဆိုင်းတွေဝယ်ယူသွားမယ်လို့ဂေါပကအဖွဲ့မှသိရပါတယ်။
#Local_News
Published 05 January 2026
#ရွှေတိဂုံစေတီတော်ကြီး #ရွှေသင်္ကန်း
#YMG/SW #Yangon_Times
#Daily_News
Published 05 January 2026
၁။ မဟာမုနိဘုရားကြီးထုပိကာကို ရွှေစင်ရွှေပြားအသစ်ကပ်လှူရန်အလှူရှင်များကိုဖိတ်ခေါ်နေ
၂။ ရွှေတိဂုံစေတီတော်ကြီး၏ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းများအတွက် ရွှေဆိုင်းများဝယ်ယူမည်
၃။ ပြည်တွင်း၌တည်ဆောက်ခဲ့သည့် လျှပ်စစ်စက်ခေါင်းဖြင့်နေပြည်တော်-တောင်ငူ ပြေးဆွဲမည်
၄။ တရုတ်ရေတပ်၏ဒုံးကျည်ဖျက်သင်္ဘောအမျိုးအစားသစ် (၂၀၂၆)၌စတင်တာဝန်ထမ်းဆောင်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အင်အားပြင်းထန်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျ-က်စီးခဲ့တဲ့ မဟာမုနိဘုရားကြီးကိန်း၀ပ်စံပါယ်တော်မူရာ ရွှေကျောင်းတော်ကြီးပေါ်ရှိ ထုပိကာကို ရွှေစင်ရွှေပြားအသစ်ကပ်လှူမှာဖြစ်ရာ ပါဝင်လှူဒါန်းလိုသူတွေကို ဖိတ်ခေါ်ထားတယ်လို့ ဂေါပကအဖွဲ့ကနေသိရပါတယ်။
#Local_News
Published 05 January 2026
#မဟာမုနိဘုရားကြီး #မန္တလေးငလျင်ကြီး
#YMG/NN #Yangon_Times
သီရိမဂ်လာကမ္ဘာအေးစေတီတော်၌ ထမနဲထိုးပွဲနဲ့ စတုဒိသာလှူဒါန်းပွဲကို အခုလအတွင်း ကျင်းပသွားမယ်လို့ စေတီတော်ဂေါပကအဖွဲ့က သိရပါတယ်။
#Local_News
Published 05 January 2026
#ကမ္ဘာအေးစေတီ #ထမနဲထိုးပွဲ
#YMG/NN #Yangon_Times
#Local_News
Published 05 January 2025
▪️ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပလျက်ရှိသည့် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် MSME စျေးရောင်းပွဲတော် ၌ စျေးဆိုင်ခန်းပေါင်း ၃၅၀ကျော်ကိုပါဝင်ပြသခဲ့ကြောင်းသိရသည်။
▪️ အဆိုပါပြပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ဆိုင်ခန်းများ၊ စာအုပ်အရောင်းဆိုင်များနှင့် စားသောက်ဆိုင်ခန်းများအပါအဝင် ဆိုင်ခန်းပေါင်း ၃၅၀ ကျော် ပါဝင်ပြသရောင်းချကြကြောင်း သိရသည်။
▪️ ဒေသအသီးသီးမှ ထွက်ကုန်ပစ္စည်းများကို စျေးနှုန်းသက်သာစွာ ရောင်းချနေမှု၊ ပြည်သူများ ဝယ်ယူအားပေးနေမှုကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမာန်နေ့ကကြည့်ရှုအားပေးပြီး ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။
▪️ ထို့ပြင် ပြည်သူ့ရင်ပြင်အလယ်ရှိ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂီတဖျော်ဖြေရေးမဏ္ဍပ်၌လည်း တေးသံရှင်များ၊ DJ အနုပညာရှင်များ၊ တိုင်းရင်းသားရိုးရာအကအဖွဲ့များနှင့် မျိုးဆက်သစ်တေးသံရှင်များစွာတို့က ပွဲတော်လာပရိသတ်အကြိုက် မြူးကြွစွာသီဆိုဖျော်ဖြေပေးကြပြီး ပြည်သူများပွဲတော်သို့လာရောက်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် မော်တော်ယာဉ်များ ပို့ဆောင်ပြေးဆွဲပေးလျက်ရှိသည့်အပြင် သန့်ရှင်းပြီး စည်းကမ်းရှိသည့် ပွဲတော်ဖြစ်စေရေးအတွက် အမှိုက်များ စနစ်တကျစွန့်ပစ်ရန် အမှိုက်ပုံးများ၊ Mobile Toilet များကိုလည်း စီစဉ်ဆောင်ရွက်ပေးခဲ့ကာ ယနေ့ညပိုင်းတွင်လည်း ပွဲတော်ကျင်းပရာ ပြည်သူ့ရင်ပြင်၌ ၂၀၂၆ခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများလည်း ပစ်ဖောက်ခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_News
Published 05 January 2026
■ ဒိန်းမတ်နဲ့ ဂရင်းလန်းခေါင်းဆောင်တွေက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဂရင်းလန်းကို သိမ်းယူရန် ခြိမ်းခြောက်နေတာတွေကို ရပ်တန့်ဖို့ တနင်္ဂနွေနေ့က တိုက်တွန်းလိုက်ပါတယ်။
■ ထရမ့်က The Atlantic မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ဂရင်းလန်းကို ထိန်းချုပ်လိုကြောင်း ထပ်မံပြောကြားခဲ့တာ ဖြစ်ပါတယ်။
■ အမေရိကန်က ဂရင်းလန်းကို ထိန်းချုပ်ဖို့ဆိုတာက အဓိပ္ပာယ်မရှိကြောင်း၊ ဒိန်းမတ်ပြည်ထောင်စု ၃ နိုင်ငံကို အမေရိကန် သိမ်းပိုက်ခွင့်မရှိကြောင်း ဒိန်းမတ်ဝန်ကြီးချုပ် မတ်ဖရက်ဒရစ်ဆန်က ပြောကြားသွားပါတယ်။
■ အမေရိကန်က ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မဒူရိုကို ဖမ်းဆီးပြီးနောက်တစ်နေ့မှာ ထရမ့်က ဂရင်းလန်းကို ထိန်းချုပ်ဖို့လိုအပ်ကြောင်း ပြောသွားပါတယ်။
■ နီးစပ်တဲ့ မဟာမိတ်တွေကို သိမ်းပိုက်ဖို့ ခြိမ်းခြောက်နေတာတွေ မပြုလုပ်တော့ဖို့ အမေရိကန်ကို တိုက်တွန်းလိုတယ်လို့ ဖရက်ဒရစ်ဆန်က ပြောပါတယ်။
■ အမေရိကန်သမ္မတက ဂဪင်းလန်းကို လိုအပ်တယ်ဆိုပြီး ဗင်နီဇွဲလားလိုမျိုး ပြုမူတာဟာ မလေးစားရာကျတယ်လို့ ဂရင်းလန်းဝန်ကြီးချုပ် ယန်းစ်ဖရက်ဒရစ်နီလ်ဆန်ကလည်း ပြောသွားပါတယ်။
■ ဒီဇင်ဘာ ၂၁ ရက်နေ့က ထရမ့်ဟာလူဝီစီယာနာအုပ်ချုပ်ရေးမှူး ဂျက်ဖ်လန်ဒရီကို ဂရင်းလန်းအထူးသံတမန်အဖြစ် ခန့်အပ်ခဲ့ပါသေးတယ်။
■ ဂရင်းခန်းက ဥရောပနဲ့ မြောက်အမေရိကကြား တည်ရှိကာ ဒုံးကျည်ကာကွယ်ရေးစနစ်များအတွက် အဓိကကျတဲ့ ဗျူဟာမြောက်နေရာ ဖြစ်နေသလို သတ္တုတွင်းကြွယ်ဝတာကလည်း ဆွဲဆောင်ချင်စရာ ဖြစ်နေပါတယ်။
Source: Reuters
#Local_News
Published 05 January 2025
■ ရွှေဂုံတိုင်တံတားအောက်တွင် ယနေ့မနက် အစောပိုင်းက ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။
■ ဖြစ်စဉ်မှာ ဇန်နဝါရီ ၅ ရက်နေ့၊မနက် ၁ နာရီ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချို(၂)ရပ်ကွက်၊ ကမ္ဘအေးဘုရားလမ်း၊ ရွှေဂုံတိုင်တံတားအောက်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညှပ်နေကြောင်း သိရသည်။
■ အဆိုပါ သတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာယင်း
ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၁)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)အား တာမွေကွန်ယက် ပရဟိတ လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 05 January 2025
▪️ ယနေ့ ဇန်နဝါရီလ ၅ရက်နံနက်အစောပိုင်းက ရပ်ထားသော ခရီးသည်ယာဉ်အား ကုန်တင်ယာဉ်မှအရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
▪️ ၅.၁.၂၀၂၆ရက်နေ့၊နံနက် ၀၅နာရီ ၃၀မိနစ် အချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၇၀/၅နှင့် ၇၀/၆ ကြားတွင် ရပ်ထားသော ခရီးသည်ယာဉ်အား ကုန်တင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အုတ်ရှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
▪️ အဆိုပါယာဉ်တိုက်မှုကြောင့် ခရီးသည်တင်ယာဉ်မှ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိ
သော်လည်း ကုန်တင်ယာဉ်မှ ယာဉ်မောင်းထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့ရာ အဆိုပါလူနာအား သုခဝေစည်လူမှုကူညီရေးအသင်းယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_Science
Published 05 January 2026
■ ကမ္ဘာပေါ်မှာ နှစ်စဉ် ရေခဲတောင်တန်များ အရည်ပျော်လာခြင်းက ၂၀၅၀ ဝန်းကျင်မှာ သိသိသာသာ မြင့်တက်လာနိုင်တယ်လို့ လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
■ ရာသီဥတုပူနွေးမှုတွေအောက် ရေခဲတောင်တန်းပေါင်း ၂ သိန်းကျော်ကို သုတေသီများ ဆန်းစစ်ခဲ့ကြရာ ထိုသက္ကရာဇ်ဝန်းကျင်မှာ ရေခဲတောင်အများအပြား ပျောက်ကွယ်လိမ့်မယ်လို့ ETH ဇူးရစ်မှ ရေခဲတောင်ပညာရှင် လန်ဒါဗန်ထရစ်ချ်က ပြောပါတယ်။
■ ၁.၅ ဒီဂရီဆဲလ်စီးယပ်စ် ပူနွေးလာခြင်းနဲ့အတူ ၂၀၄၁ ခုနှစ်မှာ တစ်နှစ်ကို ရေခဲတောင်ပေါင်း ၂ ထောင်ခန့် ဆုံးရှုံးရနိုင်ပါတယ်။
■ ၂၀၅၀ ရာစုနှစ်ဝက်ခန့်မှာတော့ ဆုံးရှုံးမှုပိုကြီးမားလာကာ ရေခဲတောင်ပေါင်း ၄ ထောင်ခန့်အထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
■ ဥရောပအဲ့လ်စ်တောင်တန်း၊ သမပိုင်းအန်ဒက်စ်တောင်တန်းတို့လို ဒေသတွေမှာတော့ လာမယ့် ဆယ်စုနှစ် ၂ ခုအတွင်း ပျောက်ကွယ်လာနိုင်ပါတယ်။
■ ဂရင်းလန်း၊ အန္တာတိကတို့လို ရေခဲတောင်တန်းကြီးတွေကတော့ ရာစုနှစ်နောက်ပိုင်းလောက်မှ ပျောက်ကွယ်ဖို့ များပါတယ်။
■ ၂၀၀၀ ခုနှစ်မှ ၂၀၂၃ အတွင်း ကမ္ဘာတဝှမ်းမှာ ရေခဲတန်ချိန်ပေါင်း ၇၂၁၁ ဘီလီယံခန့် ဆုံးရှုံးထားတယ်လို့ ခန့်မှန်းထားပါတယ်။
■ ကမ္ဘာကြီးပူနွေးမှုကို ၁.၅ ဒီဂရီဆဲလ်စီးယပ်စ်မှာ ကန့်သတ်ထားရှိပါက ၂၁၀၀ ခုနှစ်မှာ ကျန်ရှိနိုင်တဲ့ ရေခဲတောင်အရေအတွက်ကို နှစ်ဆများစေနိုင်ပါတယ်။
■ ဒီလေ့လာချက်တွေအရ ရေခဲတောင်တန်းတွေရဲ့ ဂေဟစနစ် အရေးကြီးပုံကို သိရှိစေပြီး ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေ လျှော့ချဖို့ အရေးတကြီး လိုအပ်နေပါတယ်။
Source: ABC News.
Page 190 of 2055