#World_News
Published 03 April 2026
■ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီ့တ်ဟက်ဆက်က ကြည်းတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရန်ဒီဂျော့ချ်ကို ချက်ချင်းရာထူးမှဆင်းပြီး အငြိမ်းစားယူရန် မှာကြားလိုက်ပါတယ်။
■ ဖော်ပြချက်များအရ ဟက်ဆက်ဟာ သမ္မတထရမ့်နဲ့ ဟက်ဆက်ရဲ့ ရည်မှန်းချက်အမြင်အတိုင်း စစ်တပ် ကို ဦးစီးနိုင်မယ့် ခေါင်းဆောင်မျိုး အလိုရှိနေပါတယ်။
■ ဂျော့ချ်ဟာ ဂျိုးဘိုင်ဒင်အစိုးရအဖွဲ့အောက် ၂၀၂၁ မှ ၂၀၂၂ အတွင်း ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ရဲ့ စစ်ရေးလက်ထောက်အဖြစ် အမှုထမ်းခဲ့ပါတယ်။
■ ပထမပင်လယ်ကွေ့စစ်ပွဲ၊ အီရတ်နဲ့ အာဖဂန်နစ္စတန် ပဋိပက္ခတွေမှာလည်း ပါဝင်ထမ်းဆောင်ခဲ့ပါတယ်။
■ ပုံမှန်အားဖြင့် စစ်ဦးစီးချုပ်တစ်ယောက်ဟာ ၄ နှစ်တာ တာဝန်ထမ်းဆောင်ရပြီး ၂၀၂၃ ခုနှစ်က အထက်လွှတ်တော်ကနေ အတည်ပြုခန့်အပ်ခဲ့တာကြောင့် ၂၀၂၇ အထိ ရှိနေရမှာပါ။
■ ဟက်ဆက်ရဲ့ စစ်ရေးလက်ထောက် ဖြစ်ခဲ့ဖူးတဲ့ လက်ရှိ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ခရစ္စတိုဖာလာနက်ဗေက ဂျော့ချ်ရဲ့နေရာကို ဆက်ခံနိုင်ခြေ များနေပါတယ်။
■ လာနက်ဗေကတော့ ၂၀၂၂ မှ ၂၀၂၃ အထိ လေကြောင်းတိုက်ခိုက်ရေးတပ်ဖွဲ့ ၈၂ မှာ ဗိုလ်ချုပ်ကြီးအဖြစ် ထမ်းဆောင်ခဲ့ပါတယ်။
■ ဂျော့ချ်က စစ်ဦးစီးချုပ်ဖြစ်မလာခင်မှာ ၂၀၂၂ မှ ၂၀၂၃ အထိ ဒုစစ်ဦးစီးချုပ်အဖြစ်လည်း ထမ်းဆောင်ခဲ့ပါတယ်။
■ ဟက်ဆက်ဟာ စစ်ရေးခေါင်းဆောင် တစ်ဒါဇင်ကျော်ကိုလည်း ရာထူးမှ အသီးသီး ဖယ်ရှားထားပြီး ဖြစ်ပါတယ်။
■ ဒီမှာကြားချက်ဟာ ပြစ်ဒဏ်တွေ စုံစမ်းစစ်ဆေးမှုတွေနဲ့ မသက်ဆိုင်ဘဲ စီမံခန့်ခွဲရေးရှုထောင့်သာ ဖြစ်တယ်လို့ X ဆိုရှယ်မီဒီယာမှာ ဟက်ဆက်က ဖော်ပြထားပါတယ်။
Source: WION