#World_Health
Published 03 April 2026

■ ပင်ပန်းနွမ်းနယ်မှု ခံစားရသူတွေမှာ ဗိုက်တာမင်-ဘီ၁၂ ဖြည့်စွက်ဆေးတွေ အသုံးပြုကြပါတယ်။

■ ဘီ၁၂ က သွေးနီဥဆဲလ် ဖွဲ့စည်းမှု၊ အာရုံကြောလုပ်ဆောင်ချက်၊ စွမ်းအင်ထုတ်လုပ်ခြင်းတို့မှာ အရေးပါတဲ့ကဏ္ဍမှ ပါဝင်နေပါတယ်။

■ ဒီဖြည့်စွက်ဆေးတွေ အသုံးပြုပြီး ပင်ပန်းနွမ်းနယ်မှု ခံစားရသူတွေမှာ အခြားအကြောင်းအရင်းတွေကို စူးစမ်းသင့်ပါတယ်။

■ ဒါဟာ သွေးအားနည်းခြင်း၊ သိုင်းရွိုက်မညီမျှခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ ကော်တီဆောလ်မြင့်မားခြင်း စတဲ့ရောဂါအခြေအနေတွေကြောင့် ဖြစ်နိုင်တယ်လို့ ဂူရူဂရမ်မှ ဒေါက်တာ ဒူတာက ပြောပါတယ်။

■ ခန္ဓာကိုယ်က အာဟာရဓာတ်တစ်ခုခု ချို့တဲ့နေရင်တောင် ဇီဝကမ္မဖြစ်စဉ်တွေကို ချိန်ညှိလုပ်ဆောင်ရတဲ့အတွက် ငိုက်မျဉ်းခြင်းကို ဖြစ်စေတယ်လို့ ရှင်းပြပါတယ်။

■ အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်းက ဗိုက်တာမင်-ဘီ၁၂ ချို့တဲ့ခြင်းလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

■ ဘီ၁၂ ချို့တဲ့ခြင်း အဓိကလက္ခဏာတွေက နွမ်းနယ်ခြင်းအပြင် အသားအရေပျော့ခြင်း၊ အသက်ရှူကြပ်ခြင်း၊ အာရုံစူးစိုက်မှု ချို့တဲ့ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ မှတ်ဉာဏ်ပြဿနာများပင် ဖြစ်လာနိုင်ပါတယ်။

■ ဘီ၁၂ က သွေးနီဥဆဲလ်များ ဖြစ်ပေါ်ခြင်းအတွက် အရေးပါပြီး အောက်ဆီဂျင်နည်းတဲ့အခါ တစ်ရှူးတွေသို့ အောက်ဆီဂျင်ရောက်ရှိနိုင်စွမ်း နည်းပါးသွားပြီး အလွန်အမင်း ငိုက်မျဉ်းခြင်းအထိ ဖြစ်နိုင်ပါတယ်။

■ အချို့သော အခြေအနေတွေမှာ လက်တွေ ခြေထောက်တွေမှာ အာရုံကြောစနစ်လုပ်ဆောင်ချက် နိမ့်ပါးတာကြောင့် စူးရှထုံကြဉ်တဲ့ ခံစားမှုမျိုး ခံစားရနိုင်ပြီး အမြဲတမ်း ဒီလိုဆက်ဖြစ်နေရင်တော့ စိတ်အခြေအနေ ပြောင်းလဲခြင်းအထိ ဖြစ်ပေါ်နိုင်ပါတယ်။

Source: Indian Express