နေပြည်တော်-ဧပြီ ၃၊၂၀၂၆

တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲကို ဧပြီ ၃ရက် မနက် က နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြီး နိုင်ငံတော်သမ္မတ အဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထောက်ခံမဲ ဆန္ဒမဲအများဆုံးဖြင့် ရွေးချယ်တင်မြှောက်လိုက်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ထောက်ခံဆန္ဒမဲ ( ၄၂၉ )မဲဖြင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရခြင်းဖြစ်ပြီး ဦးညိုစောသည် ထောက်ခံဆန္ဒမဲ (၁၂၆ )မဲဖြင့် ဒုတိယထောက်ခံမဲ အများဆုံး ရရှိကာ ဒုတိယသမ္မတ(၁) အဖြစ်လည်းကောင်း၊  ဒေါ်နန်းနီနီအေးသည် ထောက်ခံဆန္ဒမဲ (၂၉ )မဲဖြင့် ဒုတိယသမ္မတ(၂) အဖြစ်လည်းကောင်း ပြည်ထောင်စုလွှတ်တော်က အသီးသီးရွေးချယ်တင်မြှောက် လိုက်ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်မှ မကြာသေးမီက အငြိမ်းစားယူခဲ့ပြီး လက်ရှိတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ အဖြစ်တာဝန်ထမ်းဆောင် နေသူဖြစ်သည်။ ဦးညိုစောသည် လက်ရှိတွင် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်  နေသူဖြစ်ပြီးဒေါ်နန်းနီနီအေးသည်ကရင်ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပြည်နယ် ဥက္ကဋ္ဌဖြစ်ပြီး ပြည်နယ်အဆင့်ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်  သည်။

#ymg/knl

president and vice presidents