#World_Science
Published 12 January 2026
■ ကော်နယ်တက္ကသိုလ်မှ သုတေသီတွေက ဓာတ်ခွဲခန်းထဲက ကြွက် ၄၄ ကောင်ကို အပြင်ဘက်အလုံပိတ်နေရာကြီးတစ်ခုထဲ လွှတ်ပေးကာ လွတ်လပ်စွာ သွားလာနေထိုင်ခိုင်းခဲ့ပါတယ်။
■ တစ်ပတ်ပြီးတဲ့နောက်မှာပဲ ကြွက်တွေရဲ့ စိုးရိမ်စိတ်တွေက ပုံမှန်ပြန်ဖြစ်သွားတာ တွေ့ခဲ့ကြတယ်လို့ ဇီဝပညာရှင် မက်သရူးဇစ်ပယ်က ပြောပါတယ်။
■ ဒီလိုမျိုး သဘာဝကျတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ခြင်းဖြင့် ကြောက်ရွံ့စိတ်ဖြစ်ပေါ်မှုကို ပိတ်ပင်ပေးကာ ဓာတ်ခွဲခန်းထဲမှာတုန်းက ဖြစ်ပေါ်ခဲ့တဲ့ ကြောက်ရွံ့စိတ်ကိုလည်း ပြန်လျှော့ချနိုင်ခဲ့ပါတယ်။
■ ကြွက်တွေရဲ့ စိုးရိမ်မှုကို တိုင်းတာတဲ့ EPM ဝင်္ကပါကိရိယာဖြင့် စမ်းသပ်ခဲ့ကာ ပိတ်ထားတဲ့ဘက်မှာဆိုရင် ကြွက်တွေက ပိုမိုလုံခြုံသလို ခံစားရစေကာ ဖွင့်ထားတဲ့ဘက်ကတော့ ပိုပြီးလွတ်လပ်တဲ့နေရာ ဖြစ်ပါတယ်။
■ ကြွက်တွေက ဝင်္ကပါရဲ့ ဖွင့်ထားတဲ့ဘက်မှာဆိုရင် ရှောင်ရှားကြပြီး အလုံပိတ်တဲ့ဘက်ကို ပိုမိုကြိုက်နှစ်သက်ကြပါတယ်။
■ လွတ်လပ်စွာ နေထိုင်ခွင့်ပေးထားတဲ့ ကြွက်တွေကတော့ နှစ်ဖက်စလုံးကို စူးစမ်းကြပါတယ်။
■ သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့တဲ့အခါ ကြွက်တွေရဲ့ စိုးရိမ်မှုအတိုင်းအတာ သိသိသာသာ ကျဆင်းသွားပြီး ယခင်က ပူပန်စိတ်တွေကိုပင် ကျော်လွှားသွားနိုင်ပါတယ်။
■ မတူညီတဲ့အရာတွေများစွာကို ကြုံတွေ့ရတဲ့အခါ ဘယ်ဟာက ကြောက်စရာကောင်းလဲဆိုတာကို ချင့်ချိန်သွားနိုင်တယ်လို့ အာရုံကြောဇီဝပညာရှင် မိုက်ကယ်ရှီဟန်က ပြောပါတယ်။
■ ဇီဝအချက်အလက်တွေထက် ပတ်ဝန်းကျင် အခြေအနေတွေက စိုးရိမ်စိတ်ကို ပုံဖော်ရာမှာ ပိုပြီးပါဝင်ပတ်သက်နေနိုင်တယ်လို့ ယူဆရပါတယ်။
■ မစိုးရိမ်သင့်တာကို သေချာမသိတဲ့အခါ မလိုလားအပ်ဘဲ ပူပန်မှုဖြစ်စေတယ်လို့ ရှီဟန်က သုံးသပ်ထားပါတယ်။
Source: NDTV
#World_Health
Published 12 January 2026
■ သွေးပေါင်ချိန်ကို ခဏခဏတိုင်းခြင်းက သင့်လျော်ရဲ့လားဆိုတာကို ဒေါက်တာ အာမစ်ဆာရက်ဖ်က ပြောပြပါတယ်။
■ သွေးပေါင်ချိန်ကို ပုံမှန်တိုင်းတာခြင်းက ဘေးအန္တရာယ်မရှိဘဲ ဘာအကြောင်းကြောင့် ဘယ်လိုတိုင်းလဲဆိုတာက အရေးကြီးပါတယ်။
■ အချို့တွေကတော့ မကြာခဏ တိုင်းခြင်းဖြင့် စိတ်ချရမှုခံစားကြပြီး အချို့ကတော့ မလိုလားအပ်တဲ့ စိုးရိမ်ပူပန်စိတ်တွေ ခံစားရတတ်ပါတယ်။
■ စိတ်ဖိစီးမှုဖြစ်တိုင်း၊ အစားစားပြီးတိုင်း၊ တစ်ခုခုခံစားရတိုင်း ခဏခဏတိုင်းနေတာကတော့ အသုံးမဝင်စေဘဲ ယာယီသွေးပေါင်ချိန်မြင့်တက်တာကိုကြည့်ပြီး စိုးရိမ်စိတ်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
■ ဒါဟာ တကယ့်သွေးပေါင်ချိန် တက်တာမဟုတ်ဘဲ စိတ်ခံစားချက်ကြောင့်သာ ဖြစ်ပါတယ်။
■ အိမ်မှာ သွေးပေါင်ချိန် ပုံမှန်တိုင်းတာသင့်တဲ့ သူတွေက သွေးတိုးရောဂါရှိသူ၊ သွေးထိန်းဆေး သုံးစွဲနေသူ၊ ဆီးချို ကျောက်ကပ် နှလုံးရောဂါဝေဒနာသည်တွေ ဖြစ်ပြီး သွေးတိုးမရှိသူတွေက နေ့စဉ် တိုင်းတာနေစရာ မလိုဘူးလို့ ပြောပါတယ်။
■ သွေးတိုးရှိသူတွေအနေနဲ့ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် တိုင်းတာသွားနိုင်ပြီး ရေရှည်မှာတော့ တစ်ပတ်ကို အကြိမ်ရေအနည်းငယ် တိုင်းတာနိုင်ပါတယ်။
■ ဆက်တိုက်ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ရင်ဘတ်မအီမသာဖြစ်ခြင်း၊ နွမ်းနယ်ခြင်း၊ နှလုံးတုန်ခြင်းစတဲ့ လက္ခဏာများ ခံစားရတဲ့အခါလည်း တိုင်းတာသင့်ပါတယ်။
■ အိမ်မှာ သွေးပေါင်ချိန်တိုင်းတဲ့အခါ မတိုင်းခင် ၅ မိနစ်ခန့် ငြိမ်သက်စွာထိုင်ခြင်း၊ ကဖင်းရှောင်ရှားခြင်း၊ လက်မောင်းကို နှလုံးနဲ့တစ်တန်းတည်းထားခြင်း၊ အသိအမှတ်ပြု သွေးပေါင်ချိန်စက် အသုံးပြုခြင်း၊ နှစ်ခါတိုင်းပြီး ပျမ်းမျှယူခြင်းတို့က အရေးကြီးပါတယ်။
Source: Indian Express
ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားသို့ သုံးလကျော်ကာလအတွင်းခရီးသွားခုနှစ်သိန်းခုနှစ်သောင်းကျော် ဝင်ရောက်ထားတယ်လို့ ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ကသိရပါတယ်။
#Local_News
Published 10 January 2026
#ကျိုက်ထီးရိုး
#YMG/NN #Yangon_Times
#World_Health
Published 11 January 2026
■ ကိုယ်ခံအားမြှင့်တင်ချင်တဲ့အခါ ဗိုက်တာမင်-စီနဲ့ ဇင့်တို့ကို အများဆုံးသောက်သုံးကြပြီး ရောဂါကာကွယ်ရေးအတွက် တစ်ခုနဲ့တစ်ခု ဖြည့်စွက်ထောက်ပံ့ပေးကြပါတယ်။
■ ဗိုက်တာမင်-စီက ကိုယ်ခံအားနစ် နိုးကြားနေအောင် ထိန်းသိမ်းပေးပြီး ရောဂါပိုးမွှားတွေကို တိုက်ခိုက်ပေးသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ်လည်း ဆောင်ရွက်ပေးပါတယ်။
■ ဇင့်ကတော့ ကိုယ်ခံအားဆဲလ်တွေ ပုံမှန်လုပ်ဆောင်စေပြီး နား၊ လည်ချောင်း၊ အဆုတ်နံရံတို့မှာ ရောဂါပိုးမွှားများကို တားဆီးပေးပါတယ်။
■ ဇင့်နဲ့ ဗိုက်တာမင်-စီတို့ကို အတူတကွ သောက်သုံးလျှင် ကိုယ်ခံအားကို ညီတူမျှတူ ထောက်ပံ့ပေးပြီး ကိုယ်ခံအားစနစ် လျင်မြန်စွာတုံ့ပြန်စေပါတယ်။
■ ဇင့်ကို ရေရှည်မှာ ပမာဏများများ မှီဝဲရင်တော့ အခြားသတ္တုဓာတ်တွေ စုပ်ယူမှုကို နှောင့်ယှက်စေပြီး ရောဂါခုခံအား ကျဆင်းသွားစေပါတယ်။
■ ဗိုက်တာမင်-စီ များလွန်းရင် အချို့လူတွေမှာ အစာအိမ်ပြဿနာ ဖြစ်နိုင်ပါတယ်။
■ ဒါကြောင့် ကျန်းမာရေးပညာရှင်များရဲ့ အကြံပြုချက်ဖြင့်သာ ချင့်ချိန်သောက်သုံးသင့်ပါတယ်။
■ အချို့သော ပဋိဇီဝဆေးများ၊ ဆီးရွှင်ဆေးများက ဇင့်၊ ဗိုက်တာမင်-စီတို့နဲ့ အပြန်အလှန်သက်ရောက်စေနိုင်ပါတယ်။
■ နှစ်မျိုးစလုံးက သင့်တင့်တဲ့ပမာဏဆိုရင် စိတ်ချရပေမယ့် များလွန်းရင်တော့ ဘေးထွက်ဆိုးကျိုးများ ဖြစ်တတ်ပါတယ်။
■ လုံလောက်စွာ အိပ်စက်ခြင်း၊ မျှတစွာ စားသုံးခြင်း၊ ပုံမှန်လှုပ်ရှားခြင်း၊ ဖိစီးမှုထိန်းချုပ်ခြင်းတို့က ကိုယ်ခံအားအတွက် အရေးကြီးပြီး လိုအပ်တဲ့ပမာဏအတိုင်းသာ ဖြည့်စွက်သုံးစွဲသင့်ပါတယ်။
Source: Indian Express
#World_Health
Published 11 January 2026
■ တစ်နေ့ကို စီးကရက် ၂ လိပ်သောက်ခြင်းက တစ်လအတွင်း သက်ရောက်မှုတွေ သိသာလာတယ်လို့ အက်စတာအာရ်ဗီဆေးရုံမှ အဆုတ်အထူးကု ဒေါက်တာ ပူဂျာတီက ပြောပါတယ်။
■ နီကိုတင်းက လျင်မြန်စွာ လုပ်ဆောင်ပြီး ပမာဏအနည်းငယ်မျှကို ပုံမှန်သုံးစွဲသွားရင်တောင် စွဲလမ်းသွားစေတယ်လို့ ပြောပါတယ်။
■ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်တို့ကို ယာယီမြင့်တက်စေပြီး နှလုံးသွေးကြောစနစ်အပေါ် ဖိစီးမှုဖြစ်စေကာ သွေးခဲနိုင်ခြေလည်း မြင့်မားလာပါတယ်။
■ ထိခိုက်တဲ့အထဲမှာ အဆုတ်လည်း မဖြစ်မနေပါဝင်ပြီး လေလမ်းကြောင်းနံရံတွေ ရောင်ရမ်းကာ ချွဲပိုထစေပါတယ်။
■ ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကြပ်ခြင်းတို့ ဖြစ်လာတတ်ပါတယ်။
■ ဆေးလိပ်မီးခိုးကို အနည်းငယ်မျှ ရှူမိရင်တောင် အဆုတ်စွမ်းဆောင်ရည် ကျဆင်းစေတာ ဖြစ်ပါတယ်။
■ ဒါ့အပြင် စီးကရက်ငွေ့ထဲက အဆိပ်သင့်ဓာတုပစ္စည်းတွေနဲ့ ထိတွေ့တဲ့အခါမှာလည်း ဓာတ်တိုးဖိစီးမှုတွေ ဖြစ်စေကာ ကိုယ်ခံအားနည်းခြင်း၊ ဒဏ်ရာသက်သာမှုနှုန်းနှေးခြင်း၊ ကြံ့ခိုင်ရည်နည်းခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
■ ဆေးလိပ်ကို အနည်းငယ်မျှ သောက်ရင် ပိုပြီးစိတ်ချရတယ်ဆိုတာဟာ လွဲမှားနေပြီး ပုံမှန်သောက်သူတွေလိုပဲ အန္တရာယ်သင့်ဓာတုတွေ ရောက်ရှိနိုင်ပါတယ်။
■ ဆေးလိပ်စသောက်သူတွေက မူးဝေအော့အန်ခြင်းလို ခဏတာလက္ခဏာတွေ ခံစားရနိုင်ပြီး ရေရှည်သောက်သူတွေကတော့ ကျန်းမာရေးအန္တရာယ်တွေ ဖြစ်နိုင်ပါတယ်။
■ ဆေးလိပ်စောစောဖြတ်ရင် အစပိုင်းကျန်းမာရေးသက်ရောက်မှုတွေကို ပြန်လည်ချေဖျက်နိုင်ပေမယ့် ဆဲလ်တွေကတော့ ခဏတာသောက်မိတာနဲ့ ထိခိုက်ပျက်စီးစေပါတယ်။
Source: Indian Express.
ဗင်နီဇွဲလားမြို့တော် ကရာကက်စ်မှာ ဆန္ဒပြသူတွေ ဗုဒ္ဓဟူးနေ့က လမ်းပေါ်ထွက်လာကြပြီး နိုင်ငံ့အချုပ်အခြာအာဏာကိုလေးစားဖို့နဲ့ သမ္မတနီကိုလတ်စ်မဒူရို၊ ဇနီးဖြစ်သူ စီလီယာဖလော်ရက်စ်တို့ကို အမေရိကန်အစိုးရ ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။
#World_News
Published 10 January 2026
#ဗင်နီဇွဲလားမြို့တော် #ကရာကက်စ်
#YMG #Yangon_Times #Yangon_Media_Group
စားအုန်းဆီဈေးအနည်းငယ်ပြန်တက်လာတယ်လို့ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်တဲ့ဈေးနှုန်းတွေအရ သိရပါတယ်။
#Local_News
Published 10 January 2026
#စားအုန်းဆီ #စားသုံးဆီ
#YMG/SW #Yangon_Times
နေပြည်တော် ကောင်စီနယ်မြေအတွင်း အဆင့်မြင့်အိမ်ရာစီမံကိန်းသုံးခုကိုအကောင်အထည်ဖော်တည်ဆောက်သွားမယ်လို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှသိရပါတယ်။
#Local_News
Published 10 January 2026
#နေပြည်တော် #စည်ပင်သာယာရေးကော်မတီ
#YMG/SW #Yangon_Times
ပြည်ပနိုင်ငံတွေကို ၂၀၂၅ခုနှစ် ဒီဇင်ဘာလအတွင်း ဆန်နဲ့ဆန်ကွဲတန်ချိန် သုံးသိန်းကျော်နဲ့ စံချိန်တင် တင်ပိုနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ
ဆန်စပါးအသင်းချုပ်ကသိရပါတယ်။
#Local_News
Published 10 January 2026
#ဆန် #ဆန်ကွဲ
#YMG/NN #Yangon_Times
#Daily_News
Published 10 January 2026
၁။ ပြည်ပသို့ဆန်နှင့်ဆန်ကွဲတန်ချိန် သုံးသိန်းကျော်ဖြင့်စံချိန်တင် တင်ပို့နိုင်ခဲ့
၂။ နေပြည်တော်တွင် အဆင့်မြင့်အိမ်ရာစီမံကိန်းသုံးခုတည်ဆောက်မည်
၃။ စားအုန်းဆီ ဈေးအနည်းငယ်ပြန်တက်လာ
၄။ သမ္မတနီကိုလတ်စ်မဒူရိုနှင့်ဇနီးအားအမေရိကန်ပြန်လွှတ်ပေးရန် ဗင်နီဇွဲလားပြည်သူများဆန္ဒပြ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 10 January 2025
▪️ ရန်ကုန်-ပုသိမ်လမ်း၌ Toyota Mark II အမျိူးအစား(အဖြူရောင်)ယာဉ်မှ သစ်ပင်ဝင်တိုက်ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
▪️ အောက်တိုဘာ(၁၀)ရက်နေ့၊ မနက်၃နာရီ ၄၀မိနစ်အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ သဲကုန်ကျေးရွာအုပ်စု၊ သဲကုန်ကျေးရွာအနီး၊ မိုင်တိုင်အမှတ်(၇၇/၃) နှင့် (၇၇/၄)ကြားတွင် ရန်ကုန်မှ-ပုသိမ်သို့ မောင်းနှင်လာသော Toyota Mark II အမျိူးအစား(အဖြူရောင်)ယာဉ်သည် လမ်းချော်၍ အရှိန်မထိန်းနိုင်ပဲ လမ်းဘေးတွင်ရှိသော မလေးရှား ပိတောက်ပင်အား ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည် ။
▪️ အဆိုပါ သတင်းရရှိသဖြင့် ကျောင်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ မနက်၄ နာရီ ၃၅မိနစ်အချိန်တွင်ပြီးစီးခဲ့ကြောင်းသိရသည်။
▪️ ယင်းဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၁)ဦး (ထိခိုက်ဒဏ်ရာ)မစိုးရိမ်ရနှင့် မ(၁)ဦး (ထိခိုက်ဒဏ်ရာ)မစိုးရိမ်ရတို့အား ကျောင်းကုန်းလူငယ်များ လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 10 January 2025
▪️ မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် လှေ ၁ စင်းပေါ်မှ လူ ၁၀၀ ကျော်အား တပ်မတော်(ရေ)နှင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
▪️ ယနေ့ ဇန်နဝါရီ ၁၀ ရက်၊ နံနက်အစောပိုင်းက မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် လှေတစ်စင်းပေါ်မှ လိုက်ပါလာသူများအနက် လူ ၁၁၈ ဦးကို တပ်မတော်(ရေ)နှင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသက်ရှင်လျှက်ကူညီကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါလှေတစ်စင်းသည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၏ တောင်ဘက် ရေမိုင် ၁၅၆ မိုင်ခန့် အကွာရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေကြောင်း ဇောတိကရေနံစင်၏ အထောက်အကူပြု ရေယာဉ်များ၏ သတင်းပေးပို့မှုအရ သိရှိခဲ့ခြင်းဖြစ်သည်။
▪️ ထို့နောက် ပင်လယ်ပြင်အတွင်း လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှ စစ်ရေယာဉ် ၁ စီးနှင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ ရေယာဉ် ၁ စီးတို့က ဇောတိကရေနံစင်၏ အထောက်အကူပြု ရေယာဉ်များနှင့်ပူးပေါင်းကာ သွားရောက်၍ လူ ၁၁၈ ဦးတို့ကို စစ်ရေယာဉ်ပေါ်သို့ ကူညီကယ်တင်ပြီး လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
▪️ အဆိုပါ ရေဝင်နစ်မြုပ်ခဲ့သည့် လှေပေါ်မှ ကူညီကယ်ဆယ်ထားရှိသူများကို သက်ဆိုင်ရာသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်လွှဲပြောင်းပို့ဆောင်နိုင်ရေးအတွက် တာဝန်ရှိသူများက လိုအပ်သည့် စိစစ်ဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ကောင်းမွန်စွာ စနစ်တကျ စောင့်ရှောက်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 185 of 2055