#World_News
Published 12 November 2025
▪️ ဗင်နီဇွဲလားက ဆယ်စုနှစ်သက်တမ်းရှိပြီဖြစ်တဲ့ ရုရှားထုတ်လက်နက်ပစ္စည်းများ အပါအဝင် စစ်လက်နက်များ ပြင်ဆင်နေပြီး အမေရိကန်ရဲ့ လေကြောင်း ဒါမှမဟုတ် မြေပြင်တိုက်ခိုက်မှုဖြစ်လာပါက ပြောက်ကျားပုံစံဖြင့် ခုခံသွားရန် စီစဉ်နေတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
▪️ ဒီနည်းလမ်းက ဗင်နီဇွဲလားမှာ စစ်အင်အားနဲ့ လက်နက်ကိရိယာ ရှားပါးတဲ့သဘောကို ဝန်ခံရာရောက်နေပါတယ်။
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကာရစ်ဘီယံမှာ မူးယစ်ဆေးတိုက်ဖျက်ရေး သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဗင်နီဇွဲလားဟာ နောက်ထပ် စစ်ဆင်ရေးပြုလုပ်သွားနိုင်တဲ့ နေရာဖြစ်ကြောင်းနဲ့ အမေရိကန် စစ်ရေးအခြေစိုက်ရာနေရာကြီး ဖြစ်လာနိုင်ကြောင်း စဉ်းစားနေပေမယ့် နောက်ပိုင်းမှာတော့ ဗင်နီဇွဲလားနိုင်ငံထဲမှာ တိုက်ခိုက်မယ်ဆိုတာတွေကို ငြင်းဆိုသွားပါတယ်။
▪️ ၂၀၁၃ မှာ အာဏာရလာတဲ့ ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မဒူရိုက ထရမ့်ဟာ သူ့ကိုဖယ်ရှားဖို့ ကြိုးပမ်းနေပြီး ဗင်နီဇွဲလားပြည်သူတွေနဲ့ စစ်တပ်တို့က ဒါတွေကို ခုခံသွားမယ်လို့ ဆိုပါတယ်။
▪️ အစိုးရထောက်ပံ့မှု ရှားပါးနေသဖြင့် အချို့သော တပ်ဖွဲ့မှူးတွေက တပ်သားများရဲ့ အစာရေစာအတွက် ဒေသတွင်း စားသောက်ကုန်ထုတ်လုပ်သူများနဲ့ အတင်းအကြပ် ညှိနှိုင်းဖို့ ပြောကြားခံရပါတယ်။
▪️ ဒါတွေက မဒူရိုအစိုးရအနေနဲ့ ပြောက်ကျားပုံစံကို လူသိရှင်ကြား အသိပေးထားပေမယ့် ရာထူးကြီးအရာရှိတွေက အစီအစဉ်အတိအကျကို မသိရှိထားပါဘူး။
▪️ အရပ်သားတွေ စစ်ရေးလေ့ကျင့်နေပေမယ့် ကာကွယ်ရေးထဲ ပါဝင်နိုင်တဲ့အရေအတွက်ကတော့ သိပ်မရှိပါဘူး။
▪️ အစိုးရက မူးယစ်ဆေးကိစ္စတွေမှာ ပတ်သက်တယ်ဆိုတာကို ငြင်းဆန်နေပေမယ့် အတိုက်အခံတွေ နိုင်ငံတကာတို့ကနေ စွပ်စွဲနေကြပါတယ်။
▪️ ရုရှားက ဗင်နီဇွဲလားကို ထောက်ခံမှုပြထားကာ စစ်ရေးကိရိယာများဖြင့် ထောက်ပံ့နေပါတယ်။
▪️ မဒူရိုက ရုပ်သံလွှင့်ဌာနတွေကနေ စစ်ရေးပြင်ဆင်မှုတွေ၊ အမျိုးသားစည်းလုံးညီညွတ်မှုတွေကို ပြသထားပါတယ်။
Source: Reuters
ဆေးတက္ကသိုလ်များနဲ့ ဆေးပညာနှီးနွယ်တက္ကသိုလ်တွေရဲ့ ပထမနှစ်သင်တန်းတွေယခုနိုဝင်ဘာလလ၂၄ရက်မှာစတင်ဖွင့်လှစ်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှသိရပါတယ်။
#Local_News
Published 12 November 2025
#ဆေးတက္ကသိုလ် #ဆေးပညာနှီးနွယ်တက္ကသိုလ်
#YMG/SW #Yangon_Times
#Daily_News
Published 12 November 2025
၁။ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင်များစွာဖြင့်ရွေးကောက်ပွဲ အသိပညာပေးနှိးဆော်မှုရိုက်ကူး
၂။ သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းများပါဝင်ခြင်းသည် ဈေးကွက်ဆုံးရှုံးမှုကိုဖြစ်ပေါ်စေနိုင်
၃။ ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည် ၂၇,၀၀၀ ကျော်လာရောက်
၄။ ခရီးသည်သက်တောင့်သက်သာဖြစ်မှုကိုဦးစားပေးထားသည့် Pony.ai၏စက်ရုပ်တက္ကစီအသစ်များ တရုတ်၌စတင်ပြေးဆွဲ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 12 November 2025
▪️ အိန္ဒိယနိုင်ငံ NISG မှ နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့နှင့် မြန်မာ လဝက ဝန်ကြီးဌာနမှ နည်းပညာဆိုင်ရာ အရာရှိများပူးပေါင်းကာ မြန်မာနိုင်ငံ၏ Digital ID ရှေ့ပြေးစီမံကိန်းအတွက် နည်းပညာဆိုင်ရာလိုအပ်သည့် စမ်းသပ်ချိတ်ဆက်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
▪️ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အိန္ဒိယသမ္မတနိုင်ငံ National Institute for Smart Government (NISG) မှ နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့သည် MoU အရ မြန်မာနိုင်ငံ၏ Digital ID ရှေ့ပြေးစီမံကိန်းပူးပေါင်းဆောင်ရွက်မှုအဖြစ် နိုဝင်ဘာ ၁၁ ရက်မှ ၁၉ ရက်အထိ နည်းပညာဆိုင်ရာလိုအပ်သည့် စမ်းသပ်ချိတ်ဆက်မှုများကို ဝန်ကြီးဌာနမှ နည်းပညာဆိုင်ရာ အရာရှိများနှင့်ပူးပေါင်းကာ အတွေ့အကြုံဖလှယ်ဆောင်ရွက်သွားမည်ဖြစ်သည်။
▪️ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် အဆိုပါ အိန္ဒိယသမ္မတနိုင်ငံ National Institute for Smart Government (NISG) မှ Advisor Technology & Consulting Mr. Sanjeev Bhatia နှင့်အဖွဲ့ကို နိုဝင်ဘာ ၁၁ ရက်၊ မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
▪️ ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ Digital Identity အတွက် ရှေ့ပြေးစီမံကိန်းပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများကို ဆွေးနွေးခဲ့ကြသလို အိန္ဒိယနိုင်ငံ၏ နည်းပညာဆိုင်ရာအတွေ့အကြုံကောင်းများ ပံ့ပိုးကူညီဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်ရှိကြောင်းပြောကြားသည်။
▪️ အလားတူ မြန်မာနိုင်ငံ၌ လက်ရှိဆောင်ရွက်နေသည့် e-ID စနစ်နှင့် အိန္ဒိယနိုင်ငံ၌ဆောင်ရွက်နေသည့် MOSIP Platform တို့ ပေါင်းစပ်အသုံးပြုကာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရေးအခြေအနေနှင့် မြန်မာနိုင်ငံ၏ e-ID စနစ်သည် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်နေသည့် e-Government စနစ်၏ အခြေခံအကျဆုံးဖြစ်သည့် ရှေ့ပြေးစီမံကိန်းလုပ်ငန်းများ အောင်မြင်ရေးဆက်လက်ပူးပေါင်းကူညီဆောင်ရွက်နိုင်ရေး အခြေအနေများကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 12 November 2025
■ မဂ္ဂနီဆီယံဓာတ်က ခန္ဓာကိုယ်ထဲက ဓာတုဓာတ်ပြုမှုများစွာကို ထောက်ပံ့ပေးကာ အသက်ကြီးလာတဲ့အခါ မဂ္ဂနီဆီယံချို့တဲ့ခြင်း အဖြစ်များကြပါတယ်။
■ ခန္ဓာကိုယ်ထဲမှာ မဂ္ဂနီဆီယံပမာဏ မလုံလောက်ပါက လက္ခဏာများ ပေါ်လာတတ်ပြီး စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့ကို သက်ရောက်လာနိုင်ပါတယ်။
■ (၁) စိုးရိမ်ပူပန်စိတ်ဖြစ်စေနိုင်ခြင်း မဂ္ဂနီဆီယံက အာရုံကြောစနစ်တလျှောက် သတင်းတွေပေးပို့တဲ့ အာရုံကြောလွှတ်ပို့ဟော်မုန်းတွေ ထိန်းညှိရာမှာ ပါဝင်နေပြီး မဂ္ဂနီဆီယံနည်းတဲ့အခါ ဒါတွေကို မညီမမျှ ဖြစ်စေပါတယ်။
■ ထိုအခါမှာ စိုးရိမ်စိတ်ပမာဏ မြင့်တက်လာသလို ဖိစီးမှုတွေ မအီမသာခံစားရတာတွေ ဖြစ်လာစေပါတယ်။
■ (၂) အိပ်ရေးမဝခြင်း မဂ္ဂနီဆီယံက စိတ်ကိုပြေလျော့စေတဲ့ GABA ပမာဏကို ပုံမှန်ထိန်းသိမ်းပေးကာ အိပ်စက်မှုစက်ဝန်းကို ထိန်းညှိပေးပါတယ်။
■ မဂ္ဂနီဆီယံချို့တဲ့တဲ့အခါ GABA လှုပ်ရှားမှုလျော့နည်းသွားပြီး အိပ်ပျော်ဖို့ခက်ခဲခြင်း၊ ဆက်တိုက်အိပ်ပျော်ရန် ခက်ခဲခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
■ (၃) အစဉ်အမြဲနွမ်းနယ်ခြင်း မဂ္ဂနီဆီယံနည်းတဲ့အခါ စွမ်းအင်ထုတ်လုပ်မှုကို သက်ရောက်စေပြီး ပင်ပန်းနွမ်းနယ်စေပါတယ်။
■ ဆဲလ်ဖြစ်စဉ်တွေအတွက် စွမ်းအင်ထုတ်လုပ်ပေးတဲ့ ATP ဖွဲ့စည်းမှုမှာ ပါဝင်နေတာကြောင့် မဂ္ဂနီဆီယံချို့တဲ့တဲ့အခါ စွမ်းအင်လျော့ကျစေပြီး ပင်ပန်းနွမ်းနယ်ခြင်း ခံစားရစေပါတယ်။
■ မဂ္ဂနီဆီယံက အရိုးကျန်းမာရေး၊ နှလုံးလုပ်ဆောင်ချက်၊ ကြွက်သားလုပ်ဆောင်ချက်တို့ ထိန်းသိမ်းရာမှာ အရေးပါသလို သွေးတွင်းဂလူးကို့စ် ထိန်းချုပ်ခြင်း၊ ပရိုတိန်းထုတ်လုပ်ခြင်း၊ DNA RNA ထုတ်လုပ်ခြင်းတို့မှာလည်း ကူညီပေးပါတယ်။
■ ဟင်းနုနွယ်၊ ကိုက်လံ၊ ဖရုံစေ့၊ ဗာဒံစေ့၊ သီဟိုစေ့၊ ပဲနီလေး၊ ထောပတ်သီး၊ အဆီပါသောငါး၊ ငှက်ပျောသီးတို့မှာ မဂ္ဂနီဆီယံကြွယ်ဝစွာ ပါဝင်ပါတယ်။
Source: NDTV
#World_Health
Published 12November 2025
■ ကိုယ်ခံအားစနစ်ကုသမှု ခံယူနေတဲ့ ကင်ဆာလူနာတွေမှာ ကုသမှုစတင်တဲ့ ရက် ၁၀၀ အတွင်း mRNA ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးပါက အသက်ရှင်နှုန်း သိသိသာသာ များပြားစေနိုင်တာနဲ့ ဆက်စပ်နေတယ်လို့ သုတေသီများ တွေ့ရှိထားပါတယ်။
■ ဖလော်ရီဒါနဲ့ တက္ကဆပ်တက္ကသိုလ် MD အန်ဒါဆန်ကင်ဆာဌာနမှ သုတေသီများက ကင်ဆာလူနာပေါင်း တစ်ထောင်ကျော်ထံမှ အချက်အလက်များ ဆန်းစစ်ခဲ့ကြပါတယ်။
■ ကာကွယ်ဆေးရော ကိုယ်ခံအားစနစ်ကုသမှုခံယူတဲ့ လူနာတွေဟာ သိသိသာသာ အသက်ရှည်နေထိုင်ခဲ့ရတယ်လို့ သုတေသီတွေ တွေ့ရှိခဲ့ကြပါတယ်။
■ ကာကွယ်ဆေးထိုးတဲ့သူတွေက တခြားသူတွေ အသက်ရှင်သန်တဲ့ ၂၀.၆ လနဲ့ယှဉ်ရင် ၃၇.၃ လခန့် ရှင်သန်နိုင်ကြပါတယ်။
■ ကိုယ်ခံအားစနစ်ကုသမှုနဲ့ အလုပ်မဖြစ်တဲ့လူနာတွေမှာ အသက်ရှင်သန်မှုအကျိုးကျေးဇူး အများဆုံးဖြစ်နေပါတယ်။
■ ထိုလူနာတွေထဲမှာ ကိုဗစ်-၁၉ mRNA ကာကွယ်ဆေးထိုးခြင်းက ၃ နှစ်အတွင်း အသက်ရှင်သန်နှုန်း ၅ ဆနီးပါး များပြားလာခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။
■ ကြွက်တွေနဲ့လည်း အလားတူစမ်းသပ်ရာမှာ ကိုယ်ခံအားကုသဆေးတွေနဲ့ mRNA ကာကွယ်ဆေး ပေါင်းစပ်ရရှိတဲ့ကြွက်တွေမှာ ကင်ဆာအကျိတ်တွေက ကုသမှုပိုင်းကို ပိုမိုတုံ့ပြန်လာတာ တွေ့ရပါတယ်။
■ ဒီတွေ့ရှိချက်က အလွန်ထူးခြားပြီး ကင်ဆာစောင့်ရှောက်မှုကဏ္ဍတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်တယ်လို့ UF Health ကင်ဆာအထူးကုသုတေသီ အယ်လီယက်စ်ဆေယာက ပြောပါတယ်။
■ လက်တွေ့စမ်းသပ်မှုတွေ ပြုလုပ်ပြီး တွေ့ရှိချက်တွေကို အတည်ပြုဖို့ လိုအပ်ကြောင်းလည်း သုတေသီတွေ ပြောထားပါတယ်။
■ ၅-၁၀ ရာခိုင်နှုန်းလောက် အသက်ရှင်နှုန်း မြှင့်တင်ပေးနိုင်ရင်တောင် လူနာတွေအတွက် များစွာအကျိုးရှိစေတာကြောင့် နှစ်ဆလောက် မြှင့်တင်နိုင်ပါက ကင်ဆာလူနာတွေမှာ အကျိုးရှိစေမှာဖြစ်ပါတယ်။
Source: Fox News.
တရုတ်တောင်ပိုင်း ဟိုင်နန်ပြည်နယ်မှ လျှပ်စစ်သံလိုက်ပင့်တင်ကိရိယာတပ်ဆင်ထားတဲ့ တရုတ်ပြည်ရဲ့ ပထမဆုံး လေယာဉ်တင်သင်္ဘောဖူကျန်ကို သမ္မတရှီကျင့်ဖျင်က ဗုဒ္ဓဟူးနေ့မှာ စစ်ဆေးကြည့်ရှုခဲ့ပါတယ်။
#Asia_Military
Published 11 November 2025
#တရုတ်တောင်ပိုင်းဟိုင်နန်ပြည်နယ် #ဖူကျန်
#YMG #Yangon_Times #Yangon_Media_Group
ကမ္ဘာ့ရွှေဈေးသုံးရက်အတွင်း (၁၃၀)ဒေါ်လာ နီးပါးအထိမြင့်တက်လာပြီး ပြည်တွင်းရွှေပြင်ပဈေးတွေပါ လိုက်ပါမြင့်တက်လာတယ်လို့ ရွှေဈေးကွက်ကသိရပါတယ်။
#Local_News
Published 11 November 2025
#ရွှေ
#YMG/NN #Yangon_Times
အောက်တိုဘာလအတွက် စေလွှတ်လချုပ်ပေးပို့ဖို့ကျန်ရှိတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ(၄၀)ရှိတယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ Safe Migration Channel က ထုတ်ပြန်ပါတယ်။
#Local_News
Published 11 November 2025
#အောက်တိုဘာလ #Safe_Migration_Channel
#YMG/SW #Yangon_Times
ကျောင်းပြင်ပမိန်းကလေးငယ်များကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးများထိုးနှံပေးသွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကပြောပါတယ်။
#Local_News
Published 11 November 2025
#သားအိမ်ခေါင်းကင်ဆာရောဂါ #ဒေါက်တာသက်ခိုင်ဝင်း
#YMG/NN #Yangon_Times
#Daily_News
Published 11 November 2025
၁။ ကျောင်းပြင်ပမိန်းကလေးငယ်များကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးများထိုးနှံပေးမည်
၂။ အောက်တိုဘာလအတွက် စေလွှတ်လချုပ်ပေးရန်ကျန်အေဂျင်စီ(၄၀)သာရှိ
၃။ ကမ္ဘာ့ရွှေဈေးရက်ဆက်မြင့်တက်လာပြီး ရွှေပြင်ပဈေးတွေပါခုန်တက်နေ
၄။ လျှပ်စစ်သံလိုက်ပင့်တင်ကိရိယာတပ်ဆင်သည့်ပထမဆုံးလေယာဉ်သင်္ဘောဖူကျန်အား ရှီကျင့်ဖျင်ကြည့်ရှုစစ်ဆေး... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
နိုင်ငံရဲ့ကုန်သွယ်ရေးလိုငွေပြမှုကို နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရမည်ဖြစ်ရာပြည်ပပိုကုန် တိုးမြှင့်တင်ပို့နိုင်ရေးဆောင်ရွက်ရမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်ကပြောပါတယ်။
#Local_News
Published 11 November 2025
#ကုန်သွယ်ရေး #ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်
#YMG/SW #Yangon_Times
Page 183 of 2002